Thursday, October 5, 2023

ကလေးက စကားကို နားမထောင်ဘူး။

 

ဆရာမရေ
ကလေးက စကားကို နားမထောင်ဘူး။
ကလေးကို မိဘစကားနားထောင်အောင် သင်ပေးပါအုန်း။
ကလေးကိုမသင်လိုပါ။
မိဘကိုပဲ သင်ပေးချင်တာပါ။
ကလေးက မသိလို့ လုပ်နေတာဖြစ်ပြီး
ကလေးဆိုတာ နမူနာပြသင်ပေးရင် တတ်ပါတယ်။
ကလေးဆိုတာ ပြုပြင်ပေးသမျှ ပြောင်းလဲနိုင်ပါတယ်။
လူကြီးတွေက ကလေးပျိုးထောင်နည်း သိပြီးမလုပ်တာက ပိုခက်ပါတယ်။
မလေ့လာရင် ပိုတောင်ခက်ပါတယ်။
အရာရာကို ငွေပေးကာ ကလေးထိန်းနဲ့ ဖြေရှင်းလို့ရမယ်ထင်ရင် မိဘဆိုတာ ဘာအတွက်လဲ။
ကလေးထိန်းနဲ့ထားလို့ ကလေးတွေ ကောင်းမယ်ထင်ရရင်
မိဘဆိုတာ ကလေးထိန်းခန့်နိုင်ဖို့ပဲလား။
ကလေးထ်ိန်းဆိုတာ ကလေးကို အန္တရာယ်မဖြစ်အောင်ပဲ ကြည့်ပေးနိုင်မယ်။ မိမိရင်သွေး ယဉ်ကျေးလိမ်မာ သိမ်မွေ့သော လူကောင်းသူမြတ်ဖြစ်ဖို့ ကလေးထိန်းတာဝန်မဟုတ်ပါ။
ကလေးပျိုးထောင်ခြင်းဆိုတာ ဖခင်နဲ့ မိခင် နှစ်ယောက်လုံးရဲ့တာဝန်ပါ။ ခန့်ထားတဲ့ ကလေးထိန်းတွေ တာဝန်မဟုတ်ပါ။
နန်းမေသဲအေး
Smart Kids College (Headquarter)
ပြုစုပျိုးထောင်၊ စွမ်းရည်ဖော်ထုတ်၊ လူ့ဘောင်မြှင့်တင်။
NURTURE CHILDREN, DISCOVER POTENTIAL, DEVELOP PEOPLENo photo description available.

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...