Tuesday, February 18, 2025

သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ Food for Thought 896

May be a graphic of text that says 'Evaluate Engage Elaborate Explore Explain'

ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ

ဘယ်လိုပုံစံပါလဲ။

ဒီ (5E) ပုံစံမှာ ဆရာများအတွက် ဆန်းသစ်ဖန်တီးနိုင်ဖို့၊ ထိရောက်စွာသင်ကြားပေးနိင်ဖို့၊ သင်ခန်းစာများကို ပြန်လည်သုံးသပ်နိုင်ဖို့တို့အတွက်အထောက်အကူပြုရန်ဖြစ်ပါတယ်။ (5E) တွင် အီး (၅) လုံး ကကိုယ်စားပြုမှုမှာ အောက်ပါတို့ဖြစ်ပါတယ်။
1. Engage = ကျောင်းသားများတက်ကြွစွာပါဝင်သင်ယူနိုင်စေခြင်း
2. Explore = ကျောင်းသားများ စူးစမ်းလေ့လာစေခြင်း
3. Explain = ကျောင်းသားများလွယ်ကူစွာနားလည်အောင် ရှင်းလင်းပြခြင်း
4. Elaborate -=ဘဝနှင့် ဆက်စပ်ပြီးကျယ်ပြန့်စွာတိုးချဲ့ရှင်းပြခြင်း
5. Evaluate =အကဲဖြတ်သုံးသပ်ခြင်း တို့ဖြစ်ပါတယ်။

ဖော်ပြပါအပိုင်း (၅)ခုမှာ သင်ကြားရေးလုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်စေနိုင်တဲ့ နယ်ပယ်များ ဖြစ်ကြပါတယ်။ နယ်ပယ်တစ်ခုချင်းစီမှာ သီးခြားဦးတည်ချက်ရှိပြီး ထိုဦး တည်ချက်က သင်ကြားရေးမှာ ဘယ်အလေ့အကျင့်များကို အလေးထားလုပ်ဆောင်ရမှာ ကိုညွှန်ပြနေပါတယ်။ ဖေါ်ပြပါအပိုင်း (၅) ခု တို့မှာ သင်ခန်းစာတစ်ခုအတွက်ဖြစ်စေ၊ သင်ယူစရာယူနစ်တစ်ခုအတွက်ဖြစ်စေ၊ လုပ်ငန်းအစီအစဥ်တစ်ခုလုံး အတွက်ဖြစ်စေ ပေါင်းစပ်အလုပ်လုပ်ကြပါတယ်။ သင်ခန်းစာတစ်ခုသင်မယ်ဆိုရင်ဖေါ်ပြပါအပိုင်း (၅) ခုလုံးငုံမိအောင် သုံးရန် လိုအပ်ပါတယ်။

ဒီ (၅) ခုကိုပေါင်းစပ်သုံးခြင်းဖြင့် ဆရာအနေဖြင့် ကျောင်းသားများနှင့်အပြန်အလှန်ဆက် သွယ် ပြောဆိုရာတွင်လွယ်ကူစေခြင်း၊ ဆွေးနွေးစရာများကိုဆွေးနွေးရာတွင် ဘာတွေကို တော့ ဆွေးနွေးမယ်ဆိုတာ ဆုံးဖြတ်နိုင်စေခြင်းနှင့် ဘာတွေကိုတော့ ပိုသိနားလည်အောင် မျှဝေမယ်၊ သင်ကြားရေးတိုးတက်အောင် ဘာတွေလုပ်ဆောင်မယ်ဆိုတာကို ဆုံးဖြတ် ရာမှာ အထောက်အကူများစွာဖြစ်စေပါတယ်။

၁။ Engage = ကျောင်းသားများသင်ယူမှုကိုတက်ကြွစွာပါဝင်သင်ယူနိုင်စေခြင်း

ဒီအပိုင်းမှာလှုံ့ဆော်မှုအားကောင်းတဲ့သင်ယူးမှုအတွေ့အကြုံများကို ဖန်တီးပေးရန်ဖြစ် ပါတယ်။ ဒီအပိုင်း ရဲ့ဦးတည်ချက်ကတော့ ကျောင်းသားများသင်ယူမှုမှာစိတ်အား တက် ကြွစေရန်ဖြစ်ပြီ သူတို့သင်ယူမှုအတွက်သူတို့ကိုယ်တိုင်တာဝန်ယူတတ်လာစေရန်ဖြစ် ပါ တယ်။

ကျောင်းသားများသင်ယူမှုကိုတက်ကြွစွာပါဝင်သင်ယူနိုင်စေခြင်းအပိုင်းကိုကြည့်ရင်အောက်ပါလက္ခဏာ များကိုတွေ့နိုင်မှာဖြစ်ပါတယ်။
• ကောင်းစွာဖန်တီးပေးထားတဲ့အပိုင်းမှာကျောင်းသားများက တက်ကြွစွာပါဝင် သင်ယူနေကြပါ တယ်။
• ဆရာက လှုံ့ဆော်အားကောင်းတဲ့သင်ယူမှုပတ်ဝန်းကျင်ကိုဖန်တီးပေးနေပါတယ်။ ကျောင်းသားများအတွက် သုံးရန် လိုအပ်တဲ့ရင်းမြစ်များကို လည်း ကျောင်းသား တိုင်းသုံးနိုင်အောင် စီစဥ်ပေးထားပါတယ်။
• ဆရာက ကျောင်းသားများအပေါ် လွှမ်းမိုးမှုအားကောင်းတဲ့သင်ကြားနည်းဗျူဟာ များဖြစ်တဲ့သင်ယူမှုဦးတည်ချက်ချမှတ်ခြင်း၊ သင်ခန်းစာကိုအဆက်အစပ်မိအောင် ပြင်ဆင်တည် ဆောက်ထားခြင်း၊ မေးခွန်းများမေးခြင်းနှင့် သင်ယူသူများသင်ယူ နေမှုမတူသည့်အချက်များ ကိုသိနားလည်အောင် လေ့လာခြင်းတို့ကိုပြုလုပ် နေပါ တယ်။

စူးစမ်းလေ့လာခြင်းသင်ခန်းစာ မိမိကိုယ်တိုင် စူးစမ်းလေ့လာမှုကိုရွေးပါ (သမိုင်းဘာသာ, စတုတ္ထနှစ်) တွင်သင်ကြားသင်ယူရေးမှာ ဘာတွေမျှော်လင့်ထားကြောင်း ကျောင်းသား များသိနေအောင် အောက် ပါအတိုင်း ပြောပြထားပါတယ်။ သားတို့သမီးတို့အနေနဲ့စူးစမ်းလေ့လာရမှာက အရေးကြီးတဲ့ခရီးတစ်ခု အ ကြောင်းကို သုတေသနပြုလုပ်ကြမှာဖြစ်ပါတယ်။ မေးတဲ့မေးခွန်းတွေအတွက် အဖြတွေသိအောင် ကြိုးစားဖြေကြရပါမယ်။” လို့ပြောလိုက်ခြင်းက သင်ယူမှုမှာဘာဦးတည်ချက်ထားရမယ် ဆိုတာကိုဖေါ် ပြနေပါတယ်။
အဲဒီနောက်ကျောင်းသားများက သုံးဘက်မြင်လှုပ်ရှားနေတဲ့ဗီဒီယိုကိုကြည့်ကြရပါတယ်။ သမိုင်းမှာအ ရေးပါတဲ့စူးစမ်းလေ့လာခြင်းအကြောင်း မှတ်တမ်းတင်ထားတဲ့ဗီဒီယို ဖြစ်ပါ တယ်။ ဗီဒီယိုကကျောင်း သားတွေစိတ်ဝင်စားမှုနဲ့စူးစမ်းလေ့လာလိုမှုဖြစ်လာအောင် လှုံ့ ဆော်ပေးပါတယ်။

အသုံးပြုတဲ့နည်းဗျူဟာကတော့ကျောင်းသားများစဥ်းစားမှုကို အားပေးတဲ့နည်းလမ်း များသုံးပြီးလေ့လာတဲ့နည်း လမ်းတွေအနက် ဘယ်နည်းလမ်းကို ကျောင်းသားတို့အနေ ဖြင့်ရွေးချယ်သုံးလိုကြောင်း၊ သူတို့ပြုလုပ် ရမဲ့သုတေသနလုပ်ငန်းအတွက် ဘယ်လို စူး စမ်းရှာဖွေတဲ့နည်းလမ်းကိုသုံးလိုကြောင်း အချင်းချင်း ဥာဏ် ဖွင့်ဆွေးနွေးပြီး အဖြေရှာရ ပါတယ်။ သူတို့ပြုလုပ်မဲ့သုတေသနလုပ်ငန်းအတွက် ကြုံလာနိုင် တဲ့မေးခွန်းများကိုဉာဏ် ဖွင့်ဆွေးနွေးရှာကြရပါတယ်။
သင်ခန်းစာခေါင်းစဥ် - သင်တို့ကိုယ်တိုင်သုံးမဲ့စူးစမ်းလေ့လာနည်းကိုရွေးချယ်ပါ။
Lesson: Choose Your Own Explorer

၂။ Explore = ကျောင်းသားများကို စူးစမ်းလေ့လာစေခြင်း

ကျောင်းသားများကို စူးစမ်းလေ့လာစေခြင်းအပိုင်းမှာကျောင်းသားများကို မေးခွန်းများ ထုတ်နိုင်ရန်အခွင့် အလမ်း ဖန်တီးပေးတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းရဲ့ရည်ရွယ်ချက်မှာ ကျောင်းသားများသူတို့သိ ထား တဲ့အသိအမြင် ဗ ဟုသုတများကိုတိုးချဲ့ခြင်း၊ သူတို့မှာ အရင်ကရှိနေတဲ့ကြိုတင်မှန်ဆအမြင်များကို စိန်ခေါ် မှုပြုလုပ်စေခြင်းအခွင့် အလမ်းများ ဖန်တီးပေးခြင်းဖြစ်ပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင် မိမိတို့သင်ယူမှုအတွက် တာဝန် ယူမှုပိုပြုလုပ်လာစေရန်ဖန်တီးပေးခြင်းဖြစ်ပါတယ်။

ကျောင်းသားများကို စူးစမ်းလေ့လာစေခြင်းအပိုင်းမှာကြည့်လိုက်ရင် အောက်ပါလက္ခ ဏာများကိုတွေ့ မှာ ဖြစ်ပါ တယ်။
• ဆရာကစိန်ခေါ်တဲ့လုပ်ငန်းများကို ကျောင်းသားများသိအောင် ချပြနေပါတယ်။
• ကျောင်းသားများက စူးစမ်းလေ့လာပြီးသိချင်တာတွေအတွက်မေးခွန်းများ ထုတ် ရန်အခွင့်အလမ်းတွေ ရနေကြပါတယ်။
• ဆရာက ကျောင်းသားများလိုအပ်တဲ့သတင်းအချက်အလက်များနှင့်စိတ်ကူးများ ဖော်ထုတ်နိုင်စေရန် လမ်း ပြပေးပါတယ်။
• ကျောင်းသားများက သူတို့ရဲ့ရှုထောင့်အမြင်များနှင့် တိုးတက်လာစေရန်ဆရာပေး တဲ့ လုပ်ငန်းတွေမှာ တက်ကြွ စွာပါဝင်လုပ် ဆောင် ကြပါတယ်။
• ကျောင်းသားများလုပ်ဆောင်ရမဲ့လုပ်ငန်းများကို ကောင်းစွာနားလည်စေရန် ဆရာ က ကူညီလမ်းပြပေးပါတယ်။
• လွှမ်းမိုးမှုအားကောင်းတဲ့နည်းဗျူဟာများဖြစ်တဲ့ ပူပေါင်းသင်ယူနည်း၊ ခွဲခြားလေ့ လာကြည့်နည်း၊ နားထောင်ပြီးသဘောထားမှတ်ချက်ပေးခြင်းနည်း၊ မိမိကိုယ်တိုင် ဘာတွေသိထားပြီလဲဆိုတာကို ပြန်လည်သုံးသပ်တဲ့နည်း၊မေးခွန်းများမေးတဲ့နည်း၊ သင်ယူမှုဦးတည်ချက်ချမှတ်နည်း စတာတွေကို ဆရာက သုံးပါတယ်။

စူးစမ်းလေ့လာစရာ ကမ္ဘာမြေပုံ သင်ခန်းစာ (ပထဝီဝင်ဘာသာ၊ ပဥ္စမနှင့်ဆဌမနှစ်) တွင် ကမ္ဘာမြေပုံကိုစူးစမ်း လေ့လာရာတွင်အထောက်အကူဖြစ်စေမဲ့ လမ်းညွှန်မေး ခွန်းများပါပါတယ်။

သင်ခန်းစာမှာမူရင်း စူးစမ်းလေ့လာနိုင်ရန် eBook ပါပြီး အဲဒီ eBook ထဲမှာ ပထဝီ ဝင် ဆိုင်ရာနေရာများကို ဖော်ပြထားမှုနှင့်ပတ်သက်တဲ့သတင်းအချက်အလက် များပါ ပါတယ်။ သေသေချာချာ ဖွဲ့စည်းထားတဲ့ ပုံစံ ဖြင့် ထို eBookတွင်ဖေါ်ပြထားပါတယ်။ သင်ခန်းစာကို အနှစ်ချုပ်ကို ရှင်းလင်းစွာဖေါ်ပြထားပါတယ်။လုပ်ဆောင် စရာလုပ် ငန်းများကိုလည်း ကျိုးကြောင်းဆီလျော်စွာအစီအစဥ်ကျကျဖေါ်ပြထားပါတယ်။ သင်ခန်းစာကို တိုးချဲ့လေ့လာနိုင်ရန် အနက်ရောင်စိန်တုံးဖြင့် ဖော်ပြထားတဲ့လုပ်ငန်း လည်းပါပါတယ်။ အဲဒီတိုးချဲ့လုပ်ဆောင်ရန် လုပ်ငန်း မှာ the Mercator and Gall-Peters’ maps အကြောင်းဖြစ်ပါတယ်။

လက်တွေ့ဘဝမှာ ပြန်လည်သုံးနိုင်ရန် ပထဝီဝင်ဆိုင်ရာနေရာများနှင့် ကမ္ဘာပေါ်မှ အံဖွယ်(၇) ခုအ ကြောင်းကိုလည်း သတင်းအချက်အလက်များ၊ ပုံများဖြင့်ဖော်ပြ ထားပါတယ်။
သင်ခန်းစာ - ကမ္ဘာမြေပုံသင်ခန်းစာ

၃။ Explain = ကျောင်းသားများလွယ်ကူစွာနားလည်အောင် ရှင်းလင်းပြခြင်း

ကျောင်းသားများလွယ်ကူစွာနားလည်အောင် ရှင်းလင်းပြခြင်းအပိုင်းမှာသင်ခန်းစာနှင့် ပတ်သက်တဲ့အသိဗဟုသုတများ၊ အယူအဆသဘောတရားများ၊ ကျွမ်းကျင်မှုများကို နည်းလမ်းအမျိုးမျိုးဖြင့် သင်ကြားပေးတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဦးတည်ရည်ရွယ်ချက်မှာ ကျောင်းသားတွေမှာသိထားပြီးအသိအမြင်များနှင့် အသိအမြင်အသစ်များဆက်စပ်ပေး ရန်နှင့်ကျောင်းသားများအနေဖြင့် တတ်လာတဲ့ကျွမ်းကျင်မှုအသစ်များကို လက်တွေ့အ သုံးချစေရန်စီစဥ်ပေးရန်ဖြစ်ပါတယ်။

ကျောင်းသားများလွယ်ကူစွာနားလည်အောင် ရှင်းလင်းပြခြင်းအပိုင်းမှာအောက်ပါ လက္ခ ဏာများကိုတွေ့ရမှာ ဖြစ်ပါတယ်။
• ဆရာကသင်ခန်းစာနှင့်ပတ်သက်တဲ့ဆီလျော်တဲ့အသိအမြင်များ။ သဘောတရား များနှင့် ကျွမ်းကျင်မှု များကို ရှင်းလင်းစွာရှင်းပြပါတယ်။
• ကျောင်းသားတွေသိထားတဲ့အသိဗဟုသုတနှင့် ဗဟုသုတအသစ်များဆက်စပ်မှု ရှိအောင်နည်းလမ်း အမျိုးမျိုးသုံးပြီး ကူညီပါတယ်။ အသိအမြင်အ‌ဟောင်းနှင့် အသစ်တို့ဆက်စပ်မိအောင် ဆက်သွယ်ရေးအသိအမြင်တံတားခင်းပေးပါတယ်။
• ဆရာကကျောင်းသားများရဲ့သင်ယူမှုဖြစ်စဥ်ကိုအနီးကပ်စောင့် ကြည့်ပြီးအခြား လိုအပ်တဲ့သင်ယူးမှု အခွင့်အလမ်းများဖန်တီးပေးပါတယ်။
• ဆရာက လွှမ်းမိုးမှု အားကောင်းတဲ့နည်းဗျူဟာဖြစ်တဲ့ ပူးပေါင်းသင်ယူနည်း၊ အမျိုးမျိုးခွဲခြား လေ့လာကြည့်ခြင်းနည်း၊ ထင်သာမြင်သာအောင် သင်ကြား ပေးတဲ့နည်းတို့ကို သုံပြီးနမူနာများ၊ အတွေ့အကြုံ များအပေါ်အခြေခံလျက် သင်ပေးပါတယ်။

စူးစမ်းလေ့လာခြင်းသင်ခန်းစာမှာ , Built Features (Geography, Year 1), ဖြစ်ပြီး အမြင်အကြားပေါ်မှာ အခြေခံလျက် သူတို့နားလည်ထားမှုကို သရုပ်ဖော်ပြနိုင်ရန် ဆရာ ကအခွင့်အလမ်းများပေးပါတယ်။ ဗီဒီ ယိုဂိမ်းတွင် ကျောင်းသားများကိုယ်တိုင်ပါဝင် ကစားတဲ့အတွေ့အကြုံပေါ်မူတည်လျက် သဘာဝတွေ့ မြင် နေရတာတွေနှင့် လူတို့ဖန်တီး တည်ဆောက်ထားမှုများကိုကြည့်ရှုလေ့လာဖော်ပြစေပါတယ်။

ဆရာမှာလိုအပ်တဲ့သင်ကြားမှုအထောက်အကူပြုပစ္စည်းများရှိနေပြီး သင်ယူမှုအ သစ် များ ကိုကောင်းစွာရယူနိုင်စေရန် သင်ကြားနည်းအမျိုးမျိုးသုံးသင်ပေးပါတယ်။ ကျောင်း သားများ အနေဖြင့် မူရင်း eBook ကိုသုံးပြီး သဘာဝဖြစ်နေတာတွေနှင့် လူတို့ဖန်တီး တည်‌ ဆောက်ထားတာ တွေကို လေ့လာ တဲ့အခါမှာ ကျောင်းသားများစဥ်းစားသင်ယူ နိုင်စေရန် နည်းလမ်းအမျိုးမျိုးသုံးသင် ပေးပါတယ်။

သင်ပေးတဲ့သင်ခန်းစာမှာ ပါတဲ့အကြောင်းအရာများကို ခွဲခြားသိအောင်လုပ်ပေးပါတယ်။ ပင်မလုပ်ဆောင်ရန်လုပ်ငန်းများ (အစိမ်းရောင်ဖြင့် ဝိုင်းပြထားပါတယ်။)မှ ပိုလေးနက်တဲ့ စဥ်းစားမှုလုပ်ရန်လိုအပ်တဲ့လုပ်ငန်းများ (အပြာရောင်လေးထောင့်ကွက်ဖြင့်ပြထားပါ တယ်) ကျောင်းသားများအနေဖြင့် သူတို့ကျောင်းတွငလက်တွေ့ကျကျပြန်လည်အသုံးချ ရန်လိုအပ်ပါတယ်။ ကျောင်းသားများလုပ်ဆောင်ရန်စိန်ခေါ်တဲ့လုပ်ငန်း ( အနက်ရောင် စိန်ပွင့်ပုံစံဖြင့် ပြထားပါတယ်)ပေးထားပါတယ်။ အဲဒီလုပ်ငန်းကိုလုပ်ဆောင်နိုင်ရန်အ တွက် ဆိုရင် ခွဲခြမ်းစိတ်ဖြာဝေဖန်ပိုင်းခြားစဥ်းစားတတ်ရန်လိုအပ်ပါတယ်။ အဲဒီအတွက် ဂါဇာမှာရှိတဲ့ ကြီးမားတဲ့ပိရမစ်အကြောင်းသုတေသနပြုလုပ်ရန်လမ်းညွှန်မှုနှင့်တကွပေး ထားပါတယ်။

သင်ခန်းစာတစ်လျောက်မှာ ပထဝီဝင်နှင့်ပတ်သက်တဲ့မေးခွန်းများမေးပြီး ကျောင်းသား များမှာ တိကျတဲ့ကျွမ်းကျင်မှုများအားကောင်းလာစေရန်အခွင့်အလမ်းများကိုလည်းပေး ထားပါတယ်။
သင်ခန်းစာ- လူတွေတည်ဆောက်ထားတဲ့ပုံစံအမျိုးမျိုး (Built Features)

၄။ Elaborate -=ဘဝနှင့် ဆက်စပ်ပြီးကျယ်ပြန့်စွာတိုးချဲ့ရှင်းပြခြင်း

ဘဝနှင့် ဆက်စပ်ပြီးကျယ်ပြန့်စွာတိုးချဲ့ရှင်းပြခြင်းအပိုင်းမှာတော့ ကျောင်းသားများကို ပိုစိန်ခေါ်မှုရှိတဲ့ သင်ယူးရန်အခွင့်အလမ်းများဖန်တီးပေးခြင်းဖြစ်ပါတယ်။ ဒီအပိုင်းလုပ် ဆောင်တဲ့ဦးတည်ရည်မှန်းချက်မှာအပေါ်ယံရှပ်ပြီးသိနားလည်မှုအဆင့်များကို လေးနက် တဲ့ နားလည်မှုများနှင့်ထိုးထွင်းသိမြင်မှုများဖြစ်လာအောင်ကူးပြောင်းပေးဖို့ဖြစ်ပါတယ်။

ဘဝနှင့် ဆက်စပ်ပြီးကျယ်ပြန့်စွာတိုးချဲ့ရှင်းပြခြင်းအပိုင်းမှာ အောက်ပါလက္ခဏာများ ကိုတွေ့နိုင်မှာဖြစ်ပါတယ်။

• ကျောင်းသားများအရင်ကသင်ယူတတ်မြောက်ထားမှုများမှာ ပိုမိုကျယ်ပြန့်တဲ့ လေးနက်မှုနှင့်အသုံးပြုနိုင်မှုရှိကြောင်း သိနားလည်လာအောင် ဆရာများက လိုအပ်တဲ့အခွင့်အလမ်းများဖန်တီးပေးခြင်း၊
• ကျောင်းသားများအနေဖြင့်မိမိကိုယ်မိမိ ပြန်လည်အကဲဖြတ်သုံးသပ်ခြင်း၊ ပြန်
• လည် ထင်ဟပ်စဥ်းစားခြင်းနည်းလမ်းများသုံးပြီးမိမိကိုယ်မိမိပြန်လည်သုံးသပ်နိုင် အောင် လိုအပ်တဲ့ကူညီမှုများရကြပါတယ်။
• ဆရာများကထိရောက်လွှမ်းမိုးမှုအားကောင်းတဲ့ချဥ်းကပ်နည်းများဖြစ်တဲ့ပူးပေါင်း သင်ယူနည်း၊ သုံးသပ်ချက်ပေးနည်း၊ မိမိနားလည်မှုကို ပြန်လည်ပြောပြတဲ့နည်း၊ ထိတွေ့မှုအမျိုးမျိုးပေးတဲ့နည်းများနှင့် လက်တွေ့ဘဝမှနမူနာကောင်းများကို ပြ ပေးခြင်းတို့ကိုသုံးပြီးသင်ပေး။ လမ်းပြပေးပါတယ်။
စူးစမ်းလေ့လာတဲ့သင်ခန်းစာ ကမ္ဘာ့ပထမလူ (ပထဝီဝင်ဘာသာရပ်၊ ဆဌမနှစ်) က ကျောင်းသားများကိုစိန်ခေါ်တဲ့လုပ်ငန်းများပေးပါတယ်။ ကျောင်းသားများကို သူတို့ ကိုယ်တိုင်လုပ်ဆောင်တဲ့သုတေသနလုပ်ငန်းနှင့် ပတ်သက်ပြီးအဓိပ္ပါယ်သတ်မှတ် ချက်ဖေါ်ထုတ်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် လေ့လာတွေ့ရှိချက်များကိုအစီရင်ခံ ခြင်းတို့ကိုပြုလုပ်ရန်တာဝန်များပေးပါတယ်။
ဒီသင်ခန်းစာမှာကျောင်းသားအားလုံးပါဝင်တဲ့နည်းဗျူဟာများသုံးပါတယ်။ ကျောင်း သားများအချင်းချင်းစိတ်ကူးများကိုမျှဝေလာစေရန် ဆရာက လိုအပ်သလိုကူညီ လမ်း ပြပေးပါတယ်။ ကျောင်းသားများနှစ်ယောက်တစ်တွဲတွဲလျက် သူတို့ကြိုးစားအားထုတ် ထားတဲ့သုတေသနလုပ်ငန်းကို ဗင်းပုံများ (Venn diagrams) ဖြင့်ပူးပေါင်းဖန်တီးပြသ စေပါတယ်။

ဒီသင်ခန်းစာကကျောင်းသားများအား စဥ်းစားတဲ့လက်နှက်ကိရိယာများကိုပေးပါတယ်။ ပေးတဲ့စဥ်းစားတဲ့လက်နှက်ကိရိယာများတွင် မြင်ခြင်း၊ စဥ်းစားခြင်း၊ စူးစမ်းလေ့လာခြင်း နှင့် ဝေဖန်ပိုင်းခြားစဥ်းစားနည်းတွေပါပါတယ်။ စဥ်းစားခိုင်းတဲ့အကြောင်းအရာမှာ အမေ ဇုံမှာနေကြတဲ့အဆက်အသွယ်မရှိတဲ့ မျိုးနွယ်များအကြောင်းဖြစ်ပါတယ်။ မြင်ခြင်း၊ စဥ်း စားခြင်း၊ စူးစမ်းလေ့လာခြင်း နှင့် ဝေဖန်ပိုင်းခြားစဥ်းစားတဲ့အခါ စဥ်းစားတဲ့ပုံကိုဖေါ်ပြ တဲ့ လမ်းကြောင်းကို ပုံဆွဲပေးရန်ဖြစ်ပါတယ်။

သင်ခန်းစာ -ကမ္ဘာပေါ်မှအရင်ဆုံးလူသား (The World’s First People)

၅။ Evaluate =အကဲဖြတ်သုံးသပ်ခြင်း တို့ဖြစ်ပါတယ်။

အကဲဖြတ်သုံးသပ်ခြင်းအပိုင်းကတော့ ကျောင်းသားများလုပ်ဆောင်မှုများကိုပုံစံ အမျိုး မျိုး သုံးပြီးတိုင်းတာစစ်ဆေးခြင်းနှင့် တွေ့ရှိချက်အပေါ်အခြေခံလျက် ပိုတိုးတက်လာ အောင် အခြေအနေကို ဖော်ပြပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဒီအပိုင်းလုပ်ဆောင်ရတဲ့ ဦးတည်ရည်ရွယ်ချက်မှာ လိုအပ်တဲ့အချက်အလက်များကိုအချိန်မှီရစေရန်နှင့် လိုအပ် ချက်များအလိုက် ကျောင်းသားများပိုတိုးတက်လာအောင် သင်ပေးတဲ့နည်းလမ်း၊ ချဥ်း ကပ်နည်းများကို ပြောင်းလဲပေးရန်ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ပေးခြင်းဖြင့် ကျောင်း သားများအနေဖြင့် ဘယ်နယ်ပယ်မှာ တိုးတက်အောင်လုပ်နိုင်ကြောင်းသိနားလည်လာ စေရန်ဖြစ်ပါတယ်။

အကဲဖြတ်သုံးသပ်ခြင်းအပိုင်းမှာ အောက်ပါလက္ခဏာများပါတာကိုတွေ့မြင်နိုင်ပါတယ်။
• ဆရာကနည်းလမ်းအမျိုးမျိုးကိုသုံးပြီး ကျောင်းသားများတတ်မြောက်မှုကိုစစ် ဆေးပြီး ပိုတိုးတက်အောင် လုပ်ဆောင်နိုင်ရန်လေ့လာတွေ့ရှိချက်အခြေအနေကို ကျောင်းသားများအားပြောပြပါတယ်။
• ကျောင်းသားများရဲ့တတ်မြောက်မှုကိုစစ်ဆေးတဲ့အပိုင်းမှာ ကျောင်းသားများကိုယ် တိုင် ပါဝင်နိုင်ရန် ဆရာများကအခွင့်အလမ်းများဖန်တီးပေးပါတယ်။
• စစ်ဆေးအကဲဖြတ်ချက်မှ ရလာတဲ့အချက်အလက်သတင်းများကိုအခြေပြုပြီး ကျောင်းသားတို့ရဲ့လိုအပ်ချက်များနှင့်အညီသင်ယူရန် လုပ်ငန်းများကို ဆရာ များက စီစဥ်ပေးပါတယ်။
• လွှမ်းမိုးမှုအားကောင်းတဲ့သင်နည်းဗျူဟာများဖြစ်တဲ့အခြေအနေကို သိအောင် ပြောပြနည်း၊ မိမိအ‌ခြေအနေကိုမိမိကိုယ်တိုင်သုံးသပ်ပြီးသိနားလည် စေ တဲ့နည်း၊ ရှေ့လုပ်ငန်းအတွက်ဦးတည်ချက်များချမှတ်ခြင်းစတာတွေကို ဆရာများက သုံးကြပါ တယ်။

စူးစမ်းလေ့လာခြင်းယူနစ်တစ်ခုချင်းမှာ စစ်ဆေးတိုးတက်တဲ့ပုံစံများပေါင်းစပ်သုံး ပါတယ်။ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုစေတဲ့ပုံစံများမှာအောက် ပါတို့ဖြစ်ပါ တယ်။
• Rubric ရူဘရစ် စစ်ဆေးမှု
• Differentiated assessments မတူကွဲပြားခြားနားမှုများကို ပြုလုပ်နိုင်မှုစွမ်းရည် စစ်ဆေးခြင်း
• Self-assessment ကျောင်းသားများအနေဖြင့်မိမိကိုယ်တိုင် ပြန်လည်စစ်ဆေး မှုပုံစံ

Rubric ရူဘရစ် စစ်ဆေးမှု

ပထမစစ်ဆေးမှုမှာ Rubric ရူဘရစ် စစ်ဆေးမှုဖြစ်ပါတယ်။ အဲဒီစစ်ဆေးမှုအရ ကျောင်း သားများရဲ့တိုးတက်မှုအနေအထားကို သင်ယူမှုရည်မှန်းချက်များနှင့်ချိန်ထိုးပြီးဆရာများ ကကျောင်းသားများသိအောင်ဆက်သွယ်ပြောပေးနိုင်ကြပါတယ်။

စစ်ဆေးအကြဲဖတ်မှု - ပထဝီဝင်အခြေခံဖောင်ဒေးရှင်းကိုစစ်ဆေးမှု (Foundation Geography Assessments)

အသုံးပြုတဲ့ရူးဗရစ်မှာ အထက်မှအောက်သို့ အဆင့်လိုက်စီစဥ်ထားတဲ့ စံသတ်မှတ်တဲ့ အဆင့် (၄)ဆင့်ပါဝင်ပါတယ်။ ထိုအဆင့် (၄)ဆင့် တို့မှာ အောက်ပါအတိုင်းဖြစ်ကြပါ တယ်။

သတ်မှတ်စံ အဆင့် (၁) ဘယ်နေရာဆိုတာကိုနားလည်ပြီး ဆက်စပ်နေတဲ့နေရာများကို သတ်မှတ်ဖော်ထုတ်နိုင်ခြင်း (အသိ) (Knowledge) ယူနစ် (၁) အတွက်
သတ်မှတ်စံ အဆင့် (၂) အထူးပြုနေရာများကိုသတ်မှတ်ဖေါ်ထုတ်နိုင်ပြီးဘာကြောင့် ထိုနေရာများကို ရှာရကြောင်းဘယ်လိုရှာရကြောင်းတို့ကိုရှင်းပြနိုင်ခြင်း (အသိ) (Knowledge) ယူနစ် (၁) အတွက်

သတ်မှတ်စံ အဆင့် (၃) ကနဦးအစရှေးဦးနေထိုင်ခဲ့ကြတဲ့လူမျိုးများဖြစ်တဲ့ Aboriginal and Torres Strait Islander တွေမှာ သူတို့အတွက်အထူးသီးသန့်နေရာရှိကြတာကိုနား လည် ခြင်း။ (အသိ) (Knowledge) ယူနစ် (၃) အတွက်
သတ်မှတ်စံ အဆင့် (၄)နေရာတစ်ခုနှင့်ထိုနေရာအတွင်းအကျုံးဝင်တဲ့နေရာများကိုကိုယ် စားပြုပြသနိုင်တဲ့ရိုး ရှင်းတဲ့မြေပုံတစ်ခုကိုရေးဆွဲနိုင်ခြင်း (ကျွမ်းကျင်မှု S) ယူနစ် (၄)အတွက်

အသုံးပြုတဲ့ရူဗရစ်မှာ အလျားလိုက်အကွက် (၅)ကွက်ပါပါတယ်။
• ပထမအကွက် (အားထုတ်ခြင်းမရှိ)
• ဒုတိယအကွက် (တိုးတက်မှုရှိနေပါတယ်)
• တတိယအကွက် (စွမ်းဆောင်နေပါတယ်)
• စတုတ္ထအကွက် (ပိုတိုးတက်မှုရှိနေပါတယ်)
• စတုတ္ထအကွက် (အဆင့်မြင့်တဲ့စဥ်းစားမှုပြုလုပ်နိုင်ပါတယ်)
• ပဥ္စမအကွက် (သဘောထားမှတ်ချက်များ) လို့ဖော်ပြထားပါတယ်

မတူကွဲပြားခြားနားမှုများကို ပြုလုပ်နိုင်မှုစွမ်းရည်စစ်ဆေးခြင်း (Differentiated assessments)

ဒုတိယစစ်ဆေးတဲ့ပုံစံမှာဆရာများအနေဖြင့်ကျောင်းသားများရဲ့စွမ်းဆောင်နိုင်မှုကို အစစ်ဆေးအကဲဖြတ်နိုင်ပါတယ်။ အဲဒီလိုစစ်ဆေးတဲ့အခါ တစ်ခုလုံးကိုခြုံငုံပုံဖော်ခြင်း စွမ်းရည် (big picture) နှင့် နားလည်မှုအဆင့်တို့ကို စစ်ဆေးတိုင်းတာပါတယ်။

စစ်ဆေးမှု - နေထိုင်သူများကနေထိုင်တဲ့နေရာများနှင့်ဆက်သွယ်မှု People’s Connection to Places)

တစ်ခုလုံးကိုခြုံငုံပုံဖော်ခြင်း စွမ်းရည် (big picture) နှင့် နားလည်မှုအဆင့်တို့ကို စစ်ဆေးပုံစံ
အမည် ----------------------အတန်း------------------ရက်စွဲ -------------
လုပ်ငန်း - သင်နေထိုင်တဲ့လမ်းမြေပုံကိုရေးဆွဲပြီး မြေပုံပေါ်မှ သင်နေထိုင်တဲ့အိမ်က ဘယ်နေရာမှာရှိကြောင်းဖောါ်ပြပေးပါ။

စစ်ဆေးတဲ့ပုံစံထိပ်ဘက်မှာ အဆင့်မြင့်တဲ့စဥ်းစားမှု လို့ဖော်ပြထားပါတယ်။
အောက်ဘက်ဘယ်ဘက်တစ်ခြမ်းမှာ ရေးစရာများရေးရန်မျဥ်းကြောင်း (၅)ကြောင်း ထည့်ပေးထားပြီး ညာဘက်အခြမ်းမှာတော့ လမ်းမြေပုံကိုရေးဆွဲရန် ကွက်လပ် ထား ပေးပါတယ်။

ကျောင်းသားများအနေဖြင့်မိမိကိုယ်တိုင် ပြန်လည်စစ်ဆေးမှုပုံစံ(Self-assessment)
တတိယစစ်ဆေးတဲ့ပုံစံမှာမိမိကိုယ်မိမိပြန်လည်သုံးသပ်စစ်ဆေးတဲ့ပုံစံဖြစ်ပါတယ်။ မိမိတို့ရဲ့ လုပ်ဆောင်ခဲ့တဲ့ယူနစ်တိုင်းမှာ စွမ်းဆောင်ခဲ့မှုများကို ပြန်လည်ထင်ဟပ် သုံး သပ်ပြီး အကဲဖြတ်ရန်ဖြစ်ပါတယ်။
စစ်ဆေးမှု - နေအခြေပြုအဖွဲ့အစည်းစနစ်မှာ ကမ္ဘာမြေရဲ့နေရာ (Earth’s Place in the Solar System )
မိမိကိုယ်မိမိပြန်လည်စစ်ဆေးသုံးသပ်တဲ့ပုံစံမှာ အောက်ပါမေးခွန်းကိုမေးပါတယ်။
အမည် -------------------- အတန်း------------------- ရက်စွဲ --------------
• နေရာများနှင့်ပတ်သက်ပြီးသင့်လုပ်ဆောင်ချက်များအပေါ် ဘယ်လို သိမြင်ခံစား ရပါသလဲ။ သင်ခံစားရမှုနှင့် ကိုက်ညီတဲ့အဆင့်ကို ရွေးချယ်ပြီး အရောင်ခြယ်ပေး ပါ။ အဆင့် (၄)ဆင့်ပါတဲ့လှေခါးပုံလေးမှာ အောက်ပါအတိုင်းအထက်မှ အောက် သို့ သတ်မှတ်ချက်များရေးထားပါတယ်။
• ကျွန်ုပ်နားလည်ခံစားရတာကတော့
o (၄) ကျွန်ုပ်လုပ်နိုင်စွမ်းပါတယ်။
o (၃) ကျွန်ုပ် အများစုကိုလုပ်နိုင်စွမ်းပါတယ်။
o (၂) ကျွန်ုပ် တစ်ချို့ကိုလုပ်နိုင်စွမ်းပါတယ်။
o (၁) ကျွန်ုပ် ဘာမှမလုပ်နိုင်စွမ်းပါ။

မိတ်ဆွေများ အခုမျှဝေခဲ့တဲ့သင်ကြားမှုပုံစံကို အသုံးပြုခြင်းဖြင့် ကျောင်းသားများတွင် စဥ်းစားနိုင်မှုစွမ်းရည်။ ခြုံငုံကြည့်မြင်နိုင်မှုစွမ်းရည်။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်တဲ့စွမ်းရည်များတိုးတက်လာအောင် ကူညီလမ်းပြနိုင် ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...