ဒီနေ့” ကျောင်းသားများစဥ်းစားလာအောင်စောင့်ဆိုင်းပေးတဲ့အချိန်”အကြောင်းကို Food for Thought 897 အဖြစ်မျှဝေ ပေးလိုပါတယ်။
ကျောင်းသားများစဥ်းစားလာအောင်စောင့်ဆိုင်းပေးတဲ့အချိန်
စောင့်ဆိုင်းပေးတဲ့အချိန်ဆိုတာ
သင်ကြားပေးနေသူက ရည်ရွယ်ချက်ရှိရှိ သင်ကြားပေး
နေတာကိုခဏရပ်ပေးတဲ့အလေ့အကျင့် (၂)မျိုးကိုဆိုလိုတာဖြစ်ပါတယ်။
1.
ပထမစောင့်ဆိုင်းပေးတဲ့အချိန်မှာကျောင်းသားများကိုမေးခွန်းမေးပြီး ကျောင်း
သားများကစဥ်းစားပြီးပြန်ဖြေရန်တောင်းခံတဲ့အနေဖြင့်အချိန်အားဖြင့်(၃-၅)စက္ကန့်
ကြာအောင်စောင့်ဆိုင်းပေးတဲ့အချိန်ဖြစ်ပါတယ်။
2.
ဒုတိယစောင့်ဆိုင်းပေးတဲ့အချိန်မှာ ကျောင်းသားတစ်ယောက်ဖြေဆိုပြီးတဲ့အခါ
အချိန်အားဖြင့် (၃-၅)စက္ကန့်ကြာအောင်စောင့်ဆိုင်းပေးတဲ့အချိန်ဖြစ်ပါတယ်။
စောင့်ဆိုင်းချိန်အတွင်းမှာ
ကျောင်းသားများအနေဖြင့်ဆရာမေးတဲ့မေးခွန်း သို့မဟုတ်
ကျောင်းသားအချင်းချင်းမေးလိုက်တဲ့မေးခွန်းကို စဥ်းစားဖြေဆိုပေးနိုင်ဖို့
အချိန်ပေး ခြင်းဖြစ်ပါတယ်။
သို့မဟုတ်ပထမကျောင်းသားရဲ့ဖြေဆိုချက်ကိုစဥ်းစားပြီး နောက် ကျောင်းသားတွေက
မေးခွန်း မေးခြင်း၊သို့မဟုတ်သဘောထားမှတ်ချက်ပေးခြင်းများ
ကိုစဥ်းစားပြုလုပ်နိုင်ရန်အချိန်ပေးခြင်းဖြစ်ပါတယ်။
အဲဒီလိုစဥ်းစားချိန်ပေးထားတဲ့အတွက်
ကျောင်းသားအများကမေးခွန်းပိုမေးလာစေပါ
တယ်။ပြီးတော့ဖြေဆိုချက်များကစဥ်းစားပြီးဖြေဆိုချက်များဖြစ်လာစေပါတယ်။ စဥ်း
စားဖြေဆိုခြင်း စဥ်းစားမေးမြန်းခြင်းပို ပြုလုပ်လာစေရန်
တမင်စောင့်ဆိုင်းပေး တဲ့အ ချိန် သုံးဖို့ဆိုတာ
ကြည့်လိုက်ရင်အကောင်အထည်ဖေါ်ရာတာ လွယ်မယ်ထင်စရာဖြစ် ပါ တယ်။
ဒါပေမဲ့ဆရာအများစုမှာ ထိုစောင့်ဆိုင်းချိန်ကို လက်တွေ့အကောင် အထည်
ဖေါ်ရန်ခက်ခဲနေတတ်ကြပါတယ်။ ခက်ခဲနေမှုမှာအံ့သြလောက်အောင်ပင် ခက်ခဲ
နေတတ်ကြပါတယ်။ ဆရာအများစုက စောင့်ဆိုင်းချိန်သုံးရန် သူတို့အကျင့်ပါနေတဲ့
အလေ့အကျင့်ကခုခံနေတတ်ကြပါတယ်။
စောင့်ဆိုင်းချိန်ကိုသုံးရန်လိုအပ်ခြင်း
စာရေးခြင်းနှင့်စာဖတ်ခြင်းကိုသင်ပေးတဲ့အခါ
ပြောဆိုနေမှုတွေကအလွန်များပါတယ်။ တက်ကြွစွာသင်ယူမှုလုပ်ငန်းမှာ
ဆရာနှင့်ကျောင်းသားများကြားအပြန်အလှန် ခြေခြေ မြစ်မြစ်အပြန်အလှန်
ဆက်သွယ်ပြောဆိုမှုများရှိရန် လိုအပ်ပါတယ်။ အလားတူပင်
ကျောင်းသားများအချင်းချင်းလည်း အပြန်အလှန် စဥ်းစားဆက်သွယ်မေးမြန်းပြောဆို
မှု များမှာအရေးကြီးပါတယ်။ ဒါပေမဲ့(၂) နှစ်ကြာအောင် ဘာသာစကားနှင့်အနုလက်မှု
စာသင်ခန်းပေါင်း (၄၅၀) ကို ကြည့်ရှု့လေ့လာမှုများပြုလုပ်ခဲ့ရာမှာ Martin
Nystrand နှင့် သူ့အဖွဲ့သားများရဲ့လေ့လာတွေ့ရှိချက်အရ “အများအားဖြင့်
ကျောင်းတွေမှာစာသင် ပေးတယ်ဆိုတာ သတင်းအချက်အလက်များကိုပေးနေပြီး
ကျောင်းသားများက လိုက်
ဆိုတဲ့အလေ့အကျင့်တွေသာဖြစ်နေပါတယ်”လို့ဖော်ပြခဲ့ပါတယ်။ ဆရာတွေကပြောနေ ပြီး
ကျောင်းသားများကနားထောင်နေကြပါတယ်။ ဆရာတွေမေးတဲ့မေးခွန်းအများစုမှာ လည်း
ကျောင်းသားတွေရထားတဲ့မှတ်မိမှုတွေကိုသာသုံးပြီးပြန်ဖြေရတာမျိုးတွေဖြစ်နေ
ပါတယ်။ သုံးသပ်ခြင်း၊ စဥ်းစားခြင်း။ အကျယ်ဆက်စပ်စဥ်းစားခြင်း၊
မိမိတို့စဥ်းစားခဲ့တာ ကို ပြန်လည်သုံးသပ်ခြင်းမျိုးတွေပြုလုပ်စရာ
မလိုဘဲဖြေရတာများပါတယ်။
အခြား သော
သုတေသီများကတော့ အတန်းထဲမှာအဲဒီလိုပုံစံဖြင့် သင်ကြားပေးတဲ့ပုံစံကို IRE
ပုံစံလို့သတ်မှတ်ကြပါတယ်။ IRE ဆိုတာ ဆရာကအတန်းထဲမှာမေးခွန်းမေးလိုက်ပါ တယ်။
(Interrogate by posting a question) ကျောင်းသားတွေကပြန်ဖြေဆိုရပါတယ်။
(Respond) ပြီးတော့ ဆရာကကျောင်းသားတွေဖြေလိုက်တာကိုပြန်လည်အကဲဖြတ် ပါ တယ်။
(Evaluate) ပြီးတော့အထက်ပါအစီအစဥ်အတိုင်းနောက်မေးခွန်းတစ်ခုကိုဆရာက
မေးပြန်ပါတယ်။ အဲဒီလိုနဲ့ အတန်းတွင်းလုပ်ဆောင်မှုပုံစံက
တစ်ပတ်ပြန်လည်ပါတော့ တယ်။ IRE
လွှမ်းမိုးတဲ့စာသင်ခန်းမှာဆိုရင်ဆရာကပြောဆိုတာများပါတယ်။ ဒါ့အပြင်
ကျောင်းသားတွေကိုမေးခွန်းမေးပြီးဆရာကကျောင်းသားထံမှအဖြေကိုစောင့်တဲ့အချိန်ဟာ
၁.၅ စက္ကန့်ထက် ပိုကြာတာရှားပါတယ်။
ဆရာများကစောင့်ဆိုင်းတဲ့အချိန်နည်းခြင်း က ဘာကိုပြနေသလဲဆိုရင်
ဆရာတွေမေးတဲ့မေးခွန်းတွေဟာစဥ်းစားဖြေဆိုရန် လိုအပ် တဲ့
မေးခွန်းတွေမဟုတ်ကြောင်းပြသနေပါတယ်။
ဆရာတွေဟာစောင့်ဆိုင်းတဲ့အချိန်ကို
မေးခွန်းမေးပြီးတဲ့အချိန်နဲ့ ပြန်လည်ဖြေကြားပြီးတဲ့ အချိန်တို့ကို
(၃)စက္ကန့်သို့မဟုတ်ထိုထက် ပိုကြာအောင် တိုးမြှင့်ပေးမယ်ဆိုရင် (အထူးဖြင့်
ကျောင်းသားတွေပြန်ဖြေပြီးတဲ့ ဒုတိယစောင့်ဆိုင်းချိန်မှာကျင့်သုံးမယ်ဆိုရင်)
ကျောင်း သား များသုံးတဲ့ဘာသာစကားနှင့် ကျိုးကြောင်းဆက်စပ်
စဥ်းစားမှုအပိုင်းတို့တွင် သိသာ တဲ့တိုးတက်ပြောင်းလဲမှုများရှိလာနိုင်ပြီး
ကျောင်းသားနှင့် ဆရာတို့ရဲ့မျှော်မှန်းချက်များ ထားမှုနဲ့စိတ်နေ
သဘောထားတို့တွင် တိုးတက်ပြောင်းလဲမှု များရှိပါတယ်လို့ သုတေသီ Mary Budd
Rowe ကသူ၏လေ့ လာချက်တွင်ဖော်ပြခဲ့ပါတယ်။ ထိုက်သင့်တဲ့ စောင့်ဆိုင်းချိန်ကို
ပေးတဲ့အလေ့အကျင့် ပြုလုပ်မယ်ဆိုရင် ကျောင်းသူကျောင်းသားများ တွင်
အောက်ပါတိုးတက်ပြောင်းလဲမှု များရှိလာကြောင်း Rowe ကဖော်ပြခဲ့ပါတယ်။
• ကျောင်းသားများရဲ့တုံ့ပြန်ဖြေဆိုတဲ့အချိန်က ပိုကြာလာပါတယ်။
• ကျောင်းသားများဖြေတဲ့အဖြေမှာ သင့်တော်ဆီလျော်တဲ့အဖြေတွေပိုတိုးများလာ ပါတယ်။
• စိတ်ကူးစဥ်းစားပြီးမှန်းဆဖြေတဲ့အဖြေတွေတိုးများလာစေပါတယ်။
• ကျောင်းသားများအနေဖြင့် တုံ့ပြန်ဖြေဆိုမှုမလုပ်တာတွေလျော့နည်းကျဆင်း လာ ပါတယ်။
• သင်ယူမှုမှာနှေးကွေးတယ်လို့ဆရာကသတ်မှတ်ထားတဲ့ကျောင်းသားများထံမှ ဖြေ ဆိုမှုများတိုးတက်များပြားလာပါတယ်။
• ကျောင်းသားများပညာရပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများတွင်ရတဲ့ရမှတ်များတိုးတက်လာပါတယ်။
အခြားသုတေသီဖြစ်တဲ့
Stahl ကလည်း ထိုက်သင့်တဲ့စောင့်ဆိုင်းတဲ့အချိန်ပေးတဲ့အလေ့ အကျင့်ကို
ကျင့်သုံးခြင်းဖြင့် ဆရာများရဲ့ အပြုအမူမှာလည်း အပြုသဘောဆောင်တဲ့
အောက်ပါအပြောင်းအလဲများကို ဖြစ်လာစေကြောင်းဖော်ပြထားပါတယ်။
• ဆရာများသုံးတဲ့မေးခွန်းမေးတဲ့နည်းဗျူဟာများမှာ အမျိုးမျိုးပြောင်းလာပြီး အခြေ အနေနှင့် ကိုက်ညီစွာပြောင်းလဲလာပါတယ်။
• အရေအတွက်မေးတာတွေလျော့လာပြီးအရည်အသွေးမေးတဲ့မေးခွန်းအမျိုးအစားတွေများလာပါတယ်။
•
သတင်းအချက်အလက်များကို ပိုဆက်စပ်စဥ်းစားရပြီး အဆင့်မြင့်တဲ့စဥ်းစားမှု
များကို ကျောင်းသားများပြုလုပ်လာစေတဲ့မေးခွန်းများမေးလာကြပါတယ်။
အပြုသဘောဆောင်တဲ့ပြောင်းလဲမှုကြောင့်
ကျောင်းသားများက အပြန်အလှန်ပြောဆို မှုမှာ ပိုထိန်းချုပ်လာနိုင်စေပြီး
ဆရာနှင့်ကျောင်းသားများကြားမေးလိုက်ဖြေဆိုလိုက်
အပြန်အလှန်ပြောဆိုမှုပိုများလာပါတယ်။
ကျောင်းသားများဘက်မှဦးဆောင်တဲ့အပြန်အလှန်မေးဖြေဆွေးနွေးမှုမှာ
ကျောင်းသား များ အာလုံးလွတ်လပ်စွာပြောဆိုနေခြင်းတော့မဟုတ်ပါ။
ထိုက်သင့်တဲ့စောင့် ဆိုင်းချိန် ပေးတဲ့အလေ့အကျင့်ကိုကျင့်သုံးတဲ့အခါ
ဆရာ့တာဝန်မှာ သင်ပေးတဲ့လုပ်ငန်းမှာ ဆရာ ကဗဟိုပြုပြီးဖြေဆိုနေတဲ့တာဝန်မှ
အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့်
ကျောင်းသားများအတွက်အကျိုးပြုနိုင်မှုများကို
တုံ့ပြန်ဖြေဆိုပေးသူဖြစ်လာစေပါတယ်။
• စဥ်းစားမှုကိုအားပေးတဲ့အပြန်အလှန်ပြောဆိုဆက်သွယ်မှုကို လမ်းပြပေးခြင်း၊
• မေးလာတဲ့အချက်အလက်များကို ဖြေဆိုပေးခြင်းဖြင့် လွဲမှားတဲ့အဓိပ္ပါယ်ကောက် မှုများကိုရှင်းလင်းသွားစေခြင်း။
• ဆွေးနွေးမှုတွင် ပါဝင်ရန် အားနည်းနေတဲ့ကျောင်းသားများကို ဆွေးနွေးမှုတွင် ပါဝင်လာရန်နေရာဖန်တီးပေးခြင်း၊
စောင့်ဆိုင်းချိန်သုံးတဲ့အလေ့အကျင့်ကိုအကောင်အထည်ဖော်ခြင်း
ကျောင်းသားများဦးဆောင်တဲ့စာသင်ခန်းမှာ
ထိုက်သင့်တဲ့ စောင့်ဆိုင်းချိန်ကျင့်သုံးတဲ့ အလေ့အကျင့်ကိုစတင်စမှာ
ဆရာအနေဖြင့် စောင့်ဆိုင်းတဲ့အခါ (၃-၅) စက္ကန့်ထက် ကြာ နိုင်ပါတယ်။
အဲဒီလိုအချိန် ပိုကြာရတာကတော့ ကျောင်းသားများပါဝင်ဆွေးနွေးမှုကို အမှန်တကယ်
လိုလားအားပေးလိုကြောင်း ပြသလိုတာဖြစ်ပါတယ်။ ကျောင်းသားများ ကစောင့်
ဆိုင်းတဲ့အလေ့အကျင့်နှင့်မရင်းနှီးသေးဘဲအရင်းကအတိုင်း သူတို့ဖြေတဲ့အ ဖြေ
အပေါ်ဆရာကအကဲဖြတ်သုံးသပ်လိမ့်မယ်လို့မျှော်လင့်နေနိုင်ပါတယ်။ အဲဒီလို ဘာမှမ
ပြောဘဲ စောင့်ဆိုင်းရင်းတိတ်ဆိတ်နေတဲ့အချိန်ဟာ ဆရာရောကျောင်းသားများအတွက်
စိတ်မှာမသက်မသာဖြစ်လာစေတတ်ပါတယ်။ အဲဒီလိုဖြစ်နေတာကို ကာကွယ်ရန် ဆရာ က
ကျောင်းသားများနှင့် မျက်လုံးချင်းဆုံကြည့်တာမျိုးမပြုလုပ်ဘဲ
စာအုပ်ကိုကြည့်နေ ခြင်း၊ ကျောင်းသားများထံမှအဖြေကိုစောင့်နေ
စဥ်မှတ်စုရေးခြင်းစတာမျိုးတွေပြုလုပ်နိုင် ပါတယ်။
စောင့်ဆိုင်းချိန်သုံးရန်အောက်ပါတို့ကို ပြင်ဆင်ရန် လိုအပ်ပါတယ်။
၁။
လူတိုင်းမျက်လုံးချင်းတွေ့ဆုံနိုင်အောင် စာသင်ခန်းအနေအထားကို ပြင်ဆင်ပါ။
ပုမှန်တွေ့နေကျစာသင်ခန်း IRE လွှမ်းမိုးတဲ့ပုံစံမှာဆိုရင်
ကျောင်းသားတိုင်းရဲ့ပြောဆိုဆွေး နွေးမှုကိုပြေလည်မှုရအောင်
ဆရာကသာတုံ့ပြန်နေပါတယ်။ ကျောင်းသားတိုင်းက ဆရာ ကိုမျက်နှာမူထားကြပါတယ်။
ဘာကြောင့် အဲဒီလိုဖြစ်နေသလဲဆိုရင် ကျောင်းသားအ
ချင်းချင်းပြောဆိုဆွေးနွေးမှုကို အလေးထားအားပေးမှုမရှိတဲ့အတွက် ဖြစ် ပါတယ်။
၂။ စဥ်းစားမှုကိုအားပေးတဲ့ကောင်းတဲ့မေးခွန်းများကိုမေးပါ။
စဥ်းစားဖြေဆိုရမဲ့မေးခွန်းများကိုမေးပါ။ ကြိုတင်ပြီးတိကျစွာစဥ်းစားသတ်မှတ်ထား တဲ့အဖြေမရှိတဲ့စစ်မှန်တဲ့မေးခွန်းများမေးပါ။
1.
ထိုမေးခွန်းမျိုးက ဆရာအနေဖြင့် ကျောင်းသားများရဲ့စဥ်းစားဖြေဆိုမှုနှင့် သ
ဘောထားအမြင်များကို စိတ်ဝင်စားကြောင်းပြနေပါတယ်။ တစ်တန်းလုံး ပါဝင်
ဆွေးနွေးပြောဆိုခြင်းဖြင့် အဓိပ္ပါယ်ဖော်ထုတ်ခြင်း၊ သတ်မှတ်ချက်
ဖော်ထုတ်ခြင်း တို့ကို အထောက်အကူပြုရန်ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။
(သတင်းအချက်အ လက်များကိုသိချင်လို့မေးတဲ့မေးခွန်းများမဟုတ်တဲ့အခါ တိကျ
တဲ့အချက်အလက် ပေးပြီးအလွယ်တကူဖြေနိုင်ကြပါတယ်။ ဟုတ်တယ်။ မဟုတ်ဘူး
ဆိုတာပြောပြီး အလွယ်တကူဖြေနိုင်စေပါတယ်။)
2. အဖြေမှန်တစ်ခုထဲတိတိကျကျသတ်မှတ်မထားတဲ့မေးခွန်းမျိုးမေးပါ။ သို့မဟုတ် အဖြေမှန်အမျိုးမျိုးထွက်တဲ့မေးခွန်းမျိုးမေးပါ။
3.
ကျောင်းသားများကို မေးချင်တဲ့မေးခွန်းများကိုစဥ်းစားပြင်ဆင်ခိုင်းပြီး
စာသင်ခန်း သို့ ယူလာရန် တိုက်တွန်းအားပေးပါ။ IRE ပုံစံကိုကျင့်သုံးတာကို
ဖယ်လိုက်ပြီး ကျောင်းသားများစဥ်းစားမှုကို အားပေးရန်
စောင့်ဆိုင်းချိန်ပေးတဲ့အလေ့အကျင့် ကိုစတင်ကျင့်သုံးတဲ့အခါမှာ
ကျောင်းသားများသိလိုတဲ့မေးခွန်းများကိုကျောင်း
မလာမှီအိမ်မှာကတည်းကစဥ်းစားရေးမှတ်လာရန် တိုက်တွန်းအားပေးပါ။
4.
ကျောင်းသားများစဥ်းစားလာတဲ့မေးခွန်များကိုသင်ပုန်းပေါ်မှအများမြင်သာ အောင်
ရေးထားလိုက်ပါ။ အဲဒီမေးခွန်းတွေက ကျောင်းသားတွေစတင်ဆွေးနွေးရန် မေး
ခွန်းများဖြစ်လာပါတယ်။ အဲဒီလိုရေးထားပြီးရင် ဆက်လက်လုပ် ဆောင်ရန်အဆင့် (၃)
နှင့် (၄)တို့ကိုဆက်လက်လုပ်ဆောင်ပါ။ကျောင်း သားများ ကိုယ်တိုင်သိ လို
တဲ့အတွက်စဥ်းစားလာတဲ့မေးခွန်းတွေက ကျောင်း သားများပါဝင် ဆွေးနွေးလာ အောင်
ပိုပြီးလှုံ့ဆော်မှုဖြစ်စေပါတယ်။
5.
မေးခွန်းတွေနှင့်ပတ်သက်ပြီးကျောင်းသားများရဲ့တုံ့ပြန်မှုကိုစောင့်ဆိုင်းပါ။
(စောင့်ဆိုင်းချိန် -၁) အနည်းဆုံး (၃-၅)စက္ကန့်အထိစောင့်ဆိုင်းပါ။
မေးတဲ့မေးခွန်း ကသိပ်ကျယ်ပြန့်နေမယ်ဆိုရင်။ သို့မဟုတ်
ဘာကိုအလေးထားမေးမှန်းမသိအောင် ဖြစ်နေရင်
စောင့်ဆိုင်းချိန်ကိုတိုးပေးရင်တောင် ကျောင်းသားများထံမှ အဓိပ္ပါယ် ရှိတဲ့
စဥ်းစားတုံ့ပြန်မှုမျိုးကိုမရစေနိုင်ပါဘူး။
6.
ကျောင်းသားများထံမှတုံ့ပြန်မှုကိုစောင့်ဆိုင်းပါ။ (စောင့် ဆိုင်းချိန် -၂)
ပထမ ကျောင်းသားရဲ့တုံ့ပြန်ချက်အပေါ် နောက်ကျောင်းသားတစ်ယောက်ယောက်က
တုံ့ပြန်ပြောလာတာကို စောင့်ပါ။ စောင့်ပေးခြင်းက ဘာကိုပြသလဲဆိုရင် ကျောင်း
သားများအချင်းချင်း စိတ်ကူးနှင့်အမြင်များဖလှယ်မှုကို အလေးထားကြောင်း ပြ
ပါတယ်။ (ပုံမှန်အတန်းတွေမှာဆိုရင် ကျောင်းသားတစ်ယောက်ကမေးပြီး ရင်
ဆရာကသာတုံ့ပြန်ပြောဆိုလေ့ရှိပါတယ်။) ထိုအစဥ်အလာမျိုး မဟုတ်ဘဲ ကျောင်း
သားတစ်ယောက်တုံ့ပြန်မှုအပေါ် အခြားကျောင်းသားတစ်ယောက်ယောက်က
ပြန်လည်ဆွေးနွေးခွင့်ပေးပါ။
မိတ်ဆွေများကျောင်းသားတွေမှာစဥ်းစားမှုစွမ်းရည်တိုးအောင်
စဥ်းစားဖို့လိုအပ်တဲ့မေး ခွန်းတွေမေးပြီး စဥ်းစားဖြေဆိုနိုင်အောင် စောင့်
ဆိုင်းတဲ့အချိန် ပေးတဲ့အလေ့အကျင့် ကို လေ့ကျင့်
ကြည့်ပါလို့တိုက်တွန်းလိုပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်၊ပါမောက္ခ(ငြိမ်း)၊ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 18, 2025
ကျောင်းသားများစဥ်းစားလာအောင်စောင့်ဆိုင်းပေးတဲ့အချိန် Food for Thought 897
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment