Tuesday, February 18, 2025

မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူနှင့်မောက်မာတဲ့စိတ်ထားရှိသူ Food for Thought 898

May be an image of text that says 'Without humility there can be no humanity. John Buchan HUM A HUMILITY ITY IT IL I' 

 

 ဒီနေ့ ” မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူနှင့်မောက်မာတဲ့စိတ်ထားရှိသူ” တို့ကွာခြား ချက်တစ်ချို့ကို Food for Thought 898 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

 

မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူနှင့်မောက်မာတဲ့စိတ်ထားရှိသူ

မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားဆိုတာမိမိမှာရှိတာထက် မိမိကိုယ်မိမိနှိမ့်ချထားတဲ့စိတ်နေ စိတ်ထားဖြစ်ပါတယ်။ အဲဒီလိုစိတ်ထားတဲ့အတွက် မိမိကိုယ်မိမိ လေးစားတန်ဖိုးထားမှု မရှိဘူးလို့ပြောနေခြင်းတော့မဟုတ်ပါဘူး။ မိမိကိုယ်အခြားလူတွေထက်သာတယ်၊ တော် တယ် ဆိုတဲ့မာနကြီးတဲ့စိတ်နေစိတ်ထားကင်းခြင်းဖြစ်ပါတယ်။ မိမိကိုယ်မိမိနှိမ်ချတဲ့ စိတ် ထားရှိသူတွေမှာမိမိကသာအရေးပါတယ် ဆိုတဲ့စိတ်နေစိတ်ထားကင်းကြပါတယ်။

လူတစ်ယောက်ကမိမိကိုယ်မိမိနှိမ်ချတဲ့စိတ်နေစိတ်ထားရှိမရှိကိုသိနိုင်တဲ့အခြေအနေတွေ များစွာရှိပါတယ်။ အခုတင်ပြချက်မှာတော့ မိမိကိုယ်မိမိနှိမ်ချနေတတ်တဲ့ လေ့ကျင့် နိုင်တဲ့ အမူအကျင့်တစ်ချို့ကိုမျှဝေသွားမှာဖြစ်ပါတယ်။
မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိမှုနမူနာတစ်ချို့

• မိမိကအခြားလူတွေထက်ပိုတော်တယ်လို့ မမြင်ခြင်း၊

• မိမိမှားတဲ့အခါ ဝန်ချတောင်းပန်တတ်ခြင်း၊

• မိမိမှာရှိတဲ့အားနည်းချက်များကိုသိမြင်းနားလည်ခြင်း၊

• မိမိအားကောင်းမှုများအတွက်မောက်မာကြွားဝါမှုကင်းခြင်း၊

• မိမိအနေဖြင့်ပိုတိုးတက်ဖွံ့ဖြိုးအောင်အစဥ်သဖြင့်လုပ်နိုင်တယ်လို့အသိအမှတ်ပြုလက်ခံခြင်း၊

• မိမိအနိုင်ရတဲ့အခါ မိမိပြိုင်ဘက်ကို ကျေးဇူးတင်ကြောင်း ယဥ်ကျေးပျူငှာစွာ ပြောခြင်း၊

• တစ်ခုခုကိုမသိနားမလည်ရင်မသိနားမလည်ကြောင်းဝန်ခံပြောဆိုခြင်း၊

• မိမိကိုအောင်မြင်အောင်ကူညီခဲ့တဲ့မိဘ၊ ဆရာ၊ လူကြီးများကိုဂုဏ်ပြုကျေးဇူး တင်တတ်ခြင်း၊

• မိမိတိုးတက်ရေးအတွက်အခွင့်လမ်းနှင့်လွတ်လပ်မှုတွေဖန်တီးပေးတဲ့မိမိနိုင်ငံအပေါ်ကျေးဇူးသိတတ်ခြင်း၊

• မိမိထက်သာအောင်ဆောင်ရွက်နိုင်သူများကို ဝမ်းမြောက်ဝမ်းသာဂုဏ်ပြုနိုင်ခြင်း၊

• မိမိအောင်မြင်မှုများအတွက် ကြွားဝါမနေခြင်း၊

• အခြားလူတွေထက်မိမိကအောင်မြင်တဲ့အတွက် မိမိကအခြားလူတွေထက်သာ တယ်လို့မရှုမြင်ခြင်း၊

• မိမိကိုစိန်ခေါ်တဲ့လုပ်ငန်းပေးပြီးသင်ပြလမ်းညွှန်ပေးမည့်သူများကိုအစဥ်သဖြင့် တွေ့အောင်ရှာတတ်ခြင်း၊

• မိမိကိုကူညီပေးသူများကို ယဥ်ကျေးပျူငှာစွာကျေးဇူးတင်ကြောင်းပြောခြင်း၊

• အခြားလူတွေပြောတဲ့စကားနှင့် သဘောထားအမြင်များကို ကောင်းစွာနားထောင် တတ်ခြင်း၊

အသေးစိတ်နမူနာတချို့

၁။ မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေက မိမိမှားသွားတဲ့အခါ ဝန်ချတောင်းပန် တတ်ခြင်း၊

ဝန်ချတောင်းပန်တဲ့အလုပ်ဆိုတာ အားနည်းသူတွေရဲ့လုပ်ရပ်သာဖြစ်တယ်လို့ ပြော တတ် သူတွေကအမှားတွေကို ပိုလုပ်တတ်ကြပါတယ်။ မှားသွားတာအတွက်ဝန်ချတောင်းပန် ခြင်းမှာ အားနည်းတဲ့လက္ခဏာတစ်ရပ်မဟုတ်ပါ။ အဲဒီလိုဝန်ချတောင်းပန်နိုင်မှုက မိမိအ မှားအတွက်ရင်ဆိုင်ရဲတဲ့သတ္တိဖြစ်ပြီး မိမိမှာအားနည်းချက်များရှိကြောင်း လက်ခံအသိ အမှတ် ပြုခြင်းပင်ဖြစ်ပါတယ်။
မိမိအမှားအတွက်ဝန်ချတောင်းပန်တဲ့ကိစ္စနဲ့ပတ်သက်လို့လူတိုင်းမှာကိုယ်ကျင့်သိက္ခာပိုင်း နဲ့ပါတ်သက်လို့ တူညီစွာလိုက်နာတဲ့မူမရှိကြပါဘူး။ တစ်ချို့ လူတွေကသူတို့လုပ်မိတဲ့ အ မှားအတွက် ဘယ်တော့မှ ဝန်ချတောင်းပန်လေ့မရှိကြပါဘူး။ အဲဒီလူမျိုးတွေက သူတို့ အမှားလုပ်မိတာကိုမမြင်စွမ်းနိုင်ကြပါဘူး။ အဲဒီလိုမိမိအမှားအတွက်ဝန်ချတောင်းပန်နိုင် ခြင်းမရှိသူတွေကတော့ အခြားလူတွေအပေါ်ထောက်ထားစာနာမှုကင်းသူတွေ ဖြစ်ကြ ပါတယ်။ အဲဒီလိုလူမျိုးကို ပတ်ဝန်းကျင်မှာရှိသူတွေက ဘေးအန္တရာယ်များသူများလို့ မြင်ကြပါတယ်။

၂။ မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေက ဘေးများတဲ့အခက်အခဲတွေကို ရင်ဆိုင်ရန်မကြောက်ကြပါဘူး။

မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေက လုပ်ကိုင်ရင်းကျရှုံးခြင်းဆိုတာ ဘဝမှာ ဖြစ်တတ်တဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တာကို နားလည်ထားကြပါတယ်။ မိမိကိုယ်မိမိ အထင်ကြီးမောက်မာသူတွေကတော့အစဥ်သဖြင့် နိုင်သူသာဖြစ်ချင်ကြပါတယ်။

ကျရှုံးခြင်းဆိုတာ ထင်ထားတာထက်တွေ့ရတတ်တဲ့ဖြစ်စဥ်တစ်ခုသာဖြစ်ပါတယ်။ အ ပြိုင်နွှဲတဲ့ပွဲမှာ အောင်နိုင်သူက တစ်ယောက်သာရှိပါတယ်။ ချန်ပီယံတစ်ယောက် သာ ရှိပါတယ်။ ဒါကြောင့် တစ်ယောက်ချင်းပြိုင်တဲ့ပွဲမှာ အခွင့်ရှိသလောက်မိမိ ရောက်ရှိမှု အတွက်ကျေနပ်ရန်လိုအပ်ပါတယ်။ မိမိအနေဖြင့်ချန်ပီယံလည်းဖြစ်နိုင်သလို ကျရှုံးတာ လည်းဖြစ် နိုင် ပါတယ်။

မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်နေစိတ်ထားရှိသူတွေက မိမိသာအစဥ်သဖြင့် အနိုင်ရရ မယ် ဆိုတဲ့စိတ်ထားမျိုးမမွေးကြပါဘူး။ မအောင်မြင်တဲ့အခါမှာလည်း ကျရှုံးသွားမှုမှ သင်ခန်းစာယူတတ်ကြပါတယ်။ကျရှုံးမှုတွေကိုသင်ယူစရာအတွေ့အကြုများလို့သဘောထားတတ်ကြပါတယ်။

၃။ မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်နေစိတ်ထားရှိသတွေက အရာရာကိုမိမိကထိန်းချုပ်နိုင်မှု မရှိတာကို ကောင်းစွာနားထည်ကြပါတယ်။

မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေက တစ်ချို့ကိစ္စတွေမှာ သူတို့ဖြစ်သင့်တဲ့အ တိုင်း ဖြစ်အောင်လမ်းပေးရမှာကိုနားလည်ကြပါတယ်။ ဘဝမှာညှိနှိုင်းလုပ်ဆောင်ရမဲ့ အပိုင်းတွေများတာကိုသဘောပေါက်နားလည်ကြပါတယ်။ မောက်မာသူတွေကတော့ အစဥ်သဖြင့် လုပ်ပိုင်ခွင့်ပါဝါလိုချင်ပြီး အစဥ်ဖြင့် ထိန်းချုပ်လိုကြပါတယ်။

လုပ်ငန်းခွင်မှာဆိုရင်မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်နေစိတ်ထားရှိတဲ့ခေါင်းဆောင်ဟာ အ သင်း အဖွဲ့ရဲ့ထိပ်ဆုံးမှာသာရပ်တည်နေတာမျိုးမလုပ်ဘဲ အောက်ခြေသိမ်းအလုပ်များကို လည်း လိုအပ်တဲ့အခါ ဝိုင်းလုပ်ဆောင်တတ်ပါတယ်။ အသင်းအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်မိမိကိုယ်မိမိရှုမြင်နေထိုင်ပါတယ်။

၄။မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေကဝေဖန်မှုတွေကိုလက်ခံနိုင်ကြပါတယ်။

မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေကသူတို့ဟာပြီးပြည့်စုံနေသူများမဟုတ်တာကိုအသိအမှတ်ပြကြပါတယ်။ အပြုသဘောဆောင်တဲ့ဝေဖန်မှုများကိုလက်ခံခြင်းဆိုတာ အခြေအနေမှန်ကိုပြောပြခြင်း၊ ဝေဖန်ခြင်းတို့ကို လက်ခံနိုင်ကြောင်းလမ်းဖွင့်ထားခြင်ပင် ဖြစ်ပါတယ်။

မျက်မှောက်ကာလတွင် အွန်လိုင်းဆက်သွယ်မှုကြောင့် နာနာကျင်ကျင်ဝေဖန်တိုက်ခိုက် မှုမျိုးတွေကိုရှောင်လို့မရနိုင်ပါ။ အဲဒီလို နာနာကျင်ကျင် ဝေဖန်တိုက်ခိုက်မှုမျိုးတွေပြုလုပ် လာမှုကို မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေက ပါဝင်တုံ့ပြန်လုပ်ဆောင်နေ ရန် မသင့်ပါ။ အခြေအနေကို ပြန်‌ပြောတဲ့အလုပ်ဆိုတာ မိမိသူတစ်ပါးနှစ်ဦးစလုံးတိုးတက်ဖို့ အတွက် ဆိုရင်အဓိပ္ပါယ်ရှိတဲ့လုပ်ငန်းစဥ်ဖြစ်ပါတယ်။

မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေက အခြေအနေပြောပြချက်များကိုနားလည် ပြီး ထိုသဘောထားမှတ်ချက်များမှပိုတိုးတက်အောင်လုပ်ပေးနိုင်စွမ်းကိုနားလည်ကြပါ တယ်။ မောက်မာတဲ့စိတ်ထားရှိသူတွေကတော့ သူတို့လုပ်ဆောင်နေတဲ့အပြုအမူကိုသာ မှန်ကန်တယ်လို့ အကြောင်းပြပြီး လုပ်ချင်တဲ့ အတိုင်း ဆက်လက်လုပ်ဆောင်နေတတ်ကြ ပါတယ်။

၅။ မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေက အကူအညီလိုနေတဲ့အခါ
ဘယ်အချိန် မှာ အကူအညီတောင်းရန် လိုအပ်ကြောင်းသိကြပါတယ်။

မိမိကိုယ်မိမိနှိမ်ချမှုဆိုတာ မိမိစွမ်းဆောင်နိုင်မှုက လုပ်ဆောင်ရမဲ့လုပ်ငန်းထက်နှိမ့်ကျ နေတယ်ဆိုတာကို သိနားလည်းလက်ခံခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ် မိမိ နှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေကအကူအညီလိုအပ်တဲ့အခါ အကူအညီတောင်းရန်ရှက် နေတာမျိုး၊ တွန့်ဆုတ်နေတာမျိုးမရှိကြပါဘူး။ သူတို့ဟာ ဆိုးဝါးတဲ့အနေအထားရောက် နေပြီးသူတို့ကိုယ်တိုင်မထိန်းသိမ်းနိုင်တာကိုသိနားလည်နေကြပါတယ်။

မောက်မာသူတွေကတော့အဲဒီလိုသဘောမရှိကြပါ။ အကူအညီတောင်ံမဲ့အစား သူတို့ရဲ့ မောက်မာတဲ့စိတ်နဲ့ မောက်မောက်မာမာနေထိုင်မှုကိုဆက်လက်ထိန်းထားတတ် ကြပါ တယ်။ ဒါကြောင့် မောက်မာသူတွေမှာ ပိုကြီးလေးတဲ့ပြဿနာအခက်အခဲတွေဖြစ်လာစေ ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ အကူအညီလိုအပ်နေတဲ့အချိန်မှာ အကူအညီတောင်းခံဖို့ဝန်လေးမနေသင့်ပါဘူး။ လူတွေကအကူအညီတောင်းတဲ့အလုပ်ကို ထုံထိုင်းအားနည်းတဲ့လုပ်ရပ်လို့ပြောရင်တောင် လိုအပ်တဲ့အကူအညီကိုတောင်းရန်ဝန် မလေးသင့်ပါဘူး။
အကူအညီလိုအပ်တဲ့အတွက်အကူအညီတောင်းတာ အားနည်းတဲ့အလုပ်မဟုတ်ပါဘူး။ အကူအညီတောင်းတဲ့အတွက် မိမိကိုအားနည်းမသွားစေပါဘူး။ အကူအညီတောင်းခံခြင်း ဆိုတာ မိမိအနေဖြင့်မိမိအားနည်းနေမှုကိုသိနားလည်နေခြင်းဖြစ်ပါတယ်။

အခြားနမူနာတစ်ချို့ကို နောက်ဆက်လက်မျှဝေသွားပါမယ်။

မိတ်ဆွေများ
မိမိကိုယ်မိမိနှိမ်ချတတ်တဲ့စိတ်ထားရှိသူတွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ?
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...