မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူနှင့်မောက်မာတဲ့စိတ်ထားရှိသူ အပိုင်း (၂)
ဒီနေ့
” မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူနှင့်မောက်မာတဲ့စိတ်ထားရှိသူ”
တို့ကွာခြား ချက်တစ်ချို့ကို Food for Thought 899 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်။ ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊
ရန်ကုန်ပညာရေးတက္ကသိုလ်။
မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူကမိမိမှာရှိနေတဲ့အမှားတွေနှင့်
လိုအပ်ချက်ရှိနေတာ တွေကိုနားလည်ပါတယ်။ ဒါပေမဲ့မောက်မာသူ တွေကတော့
မိမိမှာရှိနေတဲ့အမှာ၊ လိုအပ် ချက်များကိုလက်မခံကြပါဘူး။ မိမိ
ကိုယ်မိမိနှိမ်ချတဲ့စိတ် ထားရှိသူအမျှော်အမြင် ကျယ်ပြီး
ပတ်ဝန်းကျင်ကမိမိတို့ အပေါ်ထားတဲ့တောင်းဆိုမှုများ ကိုလည်းထည့်သွင်းစဥ်း
စား တတ်ကြပါတယ်။
ဥပမာအားဖြင့်
လူအချင်းချင်းအပြန်အလှန်ဆက်ဆံရေးမှာ မိမိအပိုင်း၊ အခြားလူအပိုင်း
ဆိုပြီးရှိပါတယ်။ မောက်မာသူတွေကတော့တကိုယ်ကောင်းဆန်ပြီးမိမိလုပ်ရပ်ကအခြား
လူတွေအပေါ်အကျိုးသက်ရောက်မှုကိုထည့်မစဥ်းစားကြပါဘူး။သူတို့ရဲ့ရှိနေတဲ့အားနည်းချက်များကိုထုတ်ပြောတဲ့အခါ
သူတို့ကစိတ်တိုစိတ်ဆိုးပြီး သူတို့အမှားကို ငြင်းဆို တတ် ကြပါတယ်။
မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူများကတော့
သူတို့မှာရှိနေတဲ့အမှားများကိုငြင်းဆို ခြင်းမရှိကြပါဘူး။
သူတို့ကသူတို့အားနည်းချက်များကို အသိအမှတ်ပြုပြီးပိုကောင်း သူ
များဖြစ်လာအောင်ကြိုးစားအားထုတ်ကြပါတယ်။
မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူများကအခြားလူတွေရဲ့အမြင်နှင့်သဘော
ထားများကိုလေးစားတန်ဖိုးထားတတ်ကြပါတယ်။ သူတို့က
တစ်ဘက်သပ်ဘက်လိုက်အမြင်များ မရှိကြပါဘူး။ သူတို့ကအရာရာကိုဓမ္မဒိဌာန်ကျကျ
ကြည့်မြင်တတ်ပြီးအခြားလူတွေရဲ့ရှု
ထောင့်နှင့်အမြင်များကိုလည်းနားလည်အောင်ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့မောက်
မာတဲ့လူတွေကတော့သူတို့သာအစဥ်မှန်ချင်ကြပါတယ်။ သူတို့ရှုမြင်ပုံကသာ
မှန်ကန်တဲ့ ရှုမြင်ပုံဖြစ်တယ်လို့ နားလည်သဘောပေါက်ထားကြပါ တယ်။
အထက်ပါရှုထောင့်အမြင်နဲ့ပတ်သက်လာရင်အကောင်းဆုံးနမူနာမှာနိုင်ငံရေးရှုထောင့်အမြင်မှာအကောင်းဆုံးဥပမာဖြစ်ပါတယ်။
ဒီမိုကရက်တစ်ယောက်အနေဖြင့်ရီပတ်ပလင် ကန်
ရှုထောင်အမြင်ရှိသူတို့မှာအမြင်အမျိုးမျိုးကွဲကြပါတယ်။ သူတို့ဟာတရားမျှတမှု
အတွက်တိုက်ခိုက်နေကြတယ်လို့ထင်နေကြပါတယ်။ ဒါပေမဲ့သူတို့ဟာအချင်းချင်းအပြန်
အလှန်ဆက်ဆံရေးကိုဖျက်ဆီးနေကြောင်းသဘောမပေါက်ကြပါ။
အခုလိုတင်ပြတဲ့အတွက်
မိမိရဲ့နိုင်ငံရေးအမြင်မရှိရဘူးလို့ပြောနေခြင်းမဟုတ်ပါ။ ဆန့် ကျင်
ဘက်ပါတီကကောင်းမွန်တဲ့ပြောဆိုတင်ပြချက်များပြုလုပ်တဲ့အခါ ထိုသို့တင်ပြ
ချက်များ ကိုအသိအမှတ်ပြုခြင်းဖြင့်
တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြန်အလှန်ဆက်ဆံရေးကောင်း အောင်အ ထောက်
အကူပြုမှာဖြစ်ပါတယ်။
မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူများကကျရှုံးမှုကိုလက်ခံပြီး
ထိုအတွေ့အကြုံအပါ်မူ တည်လျက်ပိုကောင်းလာအောင်ကြိုးစားအားထုတ်ပါတတယ်။
ဆိုလိုတဲ့သဘောကတော့ မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူများကကျရှုံးမှုကို
အပြုသဘောရှုထောင့်မှကြည့်မြင် လက်ခံပါတယ်။ကျရှုံးရင်ကျရှုံးမှုဘာကြောင့်
ဖြစ်ရကြောင်းသိအောင်လေ့လာသုံးသပ်ပြီး ပိုကောင်းအောင် ကြိုးစားအားထုတ်ပါတယ်။
ဥပမာသင့်အနေဖြင့်အလုပ်ခွင်မှာ
ကြိုးစားလုပ်ဆောင်ပေမဲ့ရာထူးမတိုးတဲ့အနေအထား မျိုးဖြစ်နေနိုင်ပါတယ်။
အဲဒီအနေအထားမှာရာထူးတိုးတက်သွားတဲ့အခြားဝန်ထမ်းဟာ ခေါင်းဆောင်ရဲ့
အထူးမျက်နှာသာပေးခံရသူလို့မြင်တတ်ပါတယ်။ ဘာကြောင့် ထိုသို့မြင် ပါ သလဲ။
ဘာကြောင့် မိမိရာထူးမတိုးတာလဲဆိုတာ ပြန်လည်မသုံးသပ်တာလဲ။
ရာထူးတိုးသွားသူအပေါ်
ထိုကဲ့သို့ပြောဆိုနေခြင်းထက်မိမိဘာကြောင့် ရာထူးမတိုးတာ လဲဆိုတာ
ပြန်လည်သုံးသပ်ခြင်းကသာ မိမိနောက်ပိုင်းရာထူးတိုးတက်ရေးအတွက်အ
ထောက်အကူပြုမှာဖြစ်ပါတယ်။
မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်ထားရှိသူများကမိမိကိုယ်အခြားလူတွေနှင့်မနှိုင်းယှဥ်ကြပါဘူး။
အထူးသဖြင့်မိမိထက်အဆင့်နိမ်သူများနှင့်နှိုင်းယှဥ်ပြီး မိမိကသာသူ
တို့ထက်သာတယ်၊ ပိုကောင်းတယ်ဆိုတာမျိုးမပြုလုပ်ကြပါဘူး။
မိမိကိုယ်မိမိနှိမ်ချတတ်တဲ့သဘောက
မိမိမှာ ရှိရန်လိုအပ်နေတဲ့အရည်အသွေးတွေကို တွေ့အောင်လေ့လာပြီး
နောက်ပိုင်းမှာထိုအရည်အသွေးတွေမိမိမှာရှိလာအောင် ကြိုးစား
လုပ်ကိုင်ကြပါတယ်။
တကယ်တော့မိမိထက်အရည်အသွေးသာလွန်အားကောင်းသူများနှင့်နှိုင်းယှဥ်ကြည့်ခြင်းက
ထိုသူများမှာမိမိထက်သာတဲ့အရည်အသွေးများကို အားကျပြီးမိမိမှာ ထိုအရည် အ
သွေးများရှိလာအောင် အားထုတ်ခြင်းကပိုအကျိုးများနိုင်ပါတယ်။
မိမိကိုယ်မိမိနှိမ်ချတတ်သူတွေက
မိမိမသိတာကိုမသိကြောင်း ဝန်ခံတတ်ကြပါတယ်။
လောကမှာအရာရာကိုသိသူသာမန်လူသားဆိုတာမရှိနိုင်ပါ။ မိမိမသိမကျွမ်းကျင်နားမ
လည်တာတွေဆိုရင်အဲဒီနယ်ပယ်မှာတတ်သိကျွမ်းကျင်သူတွေပြောတာကို နားထောင်ရန်
လိုအပ်ပါတယ်။
မျက်မှောတ်ခေတ်မှာ
လူတွေက ဂူဂယ်ကိုလက်လှမ်းမှီတဲ့အတွက်အရာရာကိုသူတို့သိ နေ
ကြတယ်လို့အမြင်မှားနေတတ်ကြပါတယ်။ မိမိကိုယ်မိမိနှိမ်ချတတ်သူတွေက တတ်သိ
ကျွမ်းကျင်သူတွေနှင့်အငြင်းအခုန်မလုပ်ကြပါဘူး။ ဒါပေမဲ့မောက်မာသူတွေကတော့ သူ
တို့သာအကုန်သိတယ်လို့အထင်မှားနေပြီး သက်ဆိုင်ရာနယ်ပယ်မှာတတ်သိကျွမ်းကျင်
သူများ နှင့်ပင်အငြင်းအခုန် ပြုလုပ်တတ်ကြပါတယ်။
နိဂုံး
မိမိကိုမိမိနှိမ်ချတတ်တဲ့စိတ်နေသဘောထားဆိုတာ
အလွန် စိန်ခေါ်မှုရှိတဲ့လုပ်ငန်းတစ်ခု ဖြစ် ပါတယ်။
မိမိကသာအခြားလူတွေထက်သာတယ်လို့ မြင်တတ်တဲ့သဘာဝနဲ့ဆန့်ကျင် တဲ့
အမြင်ဖြစ်နေပါတယ်။ လူတွေမှာမိမိကသာသာတယ်လို့၊ မိမိကသာမှန်တယ်လို့ရှုမြင်
ချင်တဲ့ စိတ်မျိုးရှိနေတတ်ကြပါတယ်။ မိမိကိုယ်မိမိနှိမ်ချတဲ့စိတ်နေသဘောထားက
မိမိစိတ်မှာအေးချမ်းစေပြီး စိတ်အေးချမ်းသားစေကြောင်းလူအများကမသိကြပါဘူး။
မိမိကိုယ်ကိုနှိမ်ချတဲ့စိတ်ထားရှိသူတွေက အခြားလူတွေအပေါ်
မနာလိုဝန်တိုမှုကင်းတဲ့ အတွက် ပျော်ရွှင်စွာနေထိုင်နိုင်ကြပါတယ်။
မိတ်ဆွေများ မိမိကိုယ်မိမိ နှိမ်ချတဲ့စိတ်နေစိတ်ထားမွေးနိုင်ပြီး အေးချမ်းပျော်ရွှင် နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်။ ပါမောက္ခ၊ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊
ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment