Thursday, October 5, 2023

အမြဲကံကောင်းချင်ရင် အမြဲစိတ်ကောင်းထားပါ။

 

လောကမှာ
အမြဲကံကောင်းချင်ရင်
အမြဲစိတ်ကောင်းထားပါ။
မဂ္ဂင်ရှစ်ပါးနဲ့အညီ နေထိုင်ပါ။
မိမိ့ကံအကြောင်းတရား
ကောင်းအောင် ဆိုးအောင်
သူက လုပ်ပေးလို့မရဘူး။
သင်ကံ သင်အပိုင်ပါ။
သူကံ သူအပိုင်ပါ။
သူမိဘမကောင်းဘူလို့ပြောတော့မယ်ဆိုရင် နှစ်ပေါင်းများစွာ သူ့မိဘအိမ်က ထမင်းဝိုင်းပေါ် မှာ သင်အဆင်သင့်‌ေလး အမြဲဝင်စားခဲ့ဖူးသော ထမင်းဟင်းကို သတိရပါ။
သူမကောင်းဘူးလို့ ပြောတော့မယ်ဆိုရင် သင့်ယနေ့ ဒီအတတ်ပညာနဲ့အသက်မွေးလို့ရအောင် သူလမ်းခင်းလက်တွဲ သူ့အချိန် သူ့ငွေကြေး သူ့ပညာနဲ့ သင့်ကိုပျိုးထောင်ပေးခဲ့တာ အမြဲသတိရပါ။
သူက ဘာ‌ေတွ ပြည့်စုံအောင် လုပ်မပေးဘူးလို့ ပြောတော့မယ်ဆိုရင် သူအခက်ခဲဆုံးချိန်မှာတောင် သင့်ကို ဘာလုပ်ပေးပါလို့ တခါမှပင် မတောင်းဆိုခဲ့ဖူးတာ သတိရပါ။
သူဘယ်လောက်မွဲလည်းလို ပြောတော့မယ်ဆိုရင် သူ‌ခက်ခဲနေချိန်တောင် သင်လိုအပ်သောငွေကို ထုတ်‌ပေးတာ သတိရပါ။
သူ‌ေကြာင့် သင်ကံဆိုးရတာလို့ ပြောတော့မယ်ဆိုရင် သူကံမကောင်း အကြောင်းမလှတဲ့အချိန်မှာတောင် သင့်ဖြစ်ချင်တာကို လုပ်ပေးကာ ပံပိုးကူညီဖူးတာ သတိရပါ။
သူ့ကြောင့် လုပ်ငန်းအဆင်မပြေရတာပါ လို့ ပြောတော့မယ်ဆိုရင် သင်ကိုယ်တိုင်အသက်‌မွေးအလုပ်ဆိုတာရှိသင့်တယ်လို့ မခံယူတဲ့အချိန်က သင်ကံကောင်းအောင် သင်ကိုယ်တိုင်တောင် မလုပ်ချင်တဲ့အချိန်က သင့်ကို ပညာဥာဏ်ဝီရိယကောင်း‌လာအောင် သူက ပံ့ပိုးလုပ်ဆောင်ပေးခဲ့တာ သတိရပါ။
သင့်အိမ်မှာ ရေတခွက် ထမင်းတနပ်တောင် ဝင်မစားဖူးသူက သူ့မိဘနဲ့ သူကိုယ်တိုင် ကံမကောင်း အကြောင်းမလှတဲ့အချိန်မှာ‌ေတာင် အခက်အခဲများစွာ ပြသနာများစွာ ရင်ဆိုင်နေရချိန်မှာတောင် သင့်ကို အကူအညီမတောင်းခဲ့ဖူးပါ။
သင်ကြုံတိုင်း အဆင်သင့်စားဝင်စားနိုင်သော ပူပူနွေးနွေး အစာအာဟာရ ထမင်း၊ ရေပူ ရေအေးကအစ သင့်ကို သူနှင့်သူ့မိသာစုက ကျွေးမွေး‌ခဲ့ရုံမက သင့်ထံမှ ဘာမှ မမျော်ကိုးပဲ သင့်ဘဝတခုလုံးအသက်မွေးနိုင်ဖို့ကိုပါ သူ့ကိုယ်ပိုင်ငွေ အချိန် ပညာနဲ့ ထူထောင်ပံ့ပိုးခဲ့တာ အမြဲသတိရပါ။
စိတ်ကောင်းကို တန်ဖိုးထားတတ်မှုက
လူကို တန်ဖိုးရှိစေတယ်။
ကံကို ပိုကောင်းစေတယ်။
သင်ကံကောင်းဖို့
မေတ္တာသီလကံဉာဏ်ဝီရိယ
စိုက်ထုတ်ပါ။
အမြဲကံကောင်းချင်ရင်
အမြဲစိတ်ကောင်းထားပါ။
ဒါကြောင့် အမြဲကံကောင်းဖို့
အမြဲတမ်း စေတနာ မေတ္တာမပျက်
အမြဲပေးနိုင်တဲ့သူဖြစ်အောင်
စိတ်ကောင်းအမြဲထားမည်။
ကိုဗစ်ကာလမှာ အားလုံး
အဆင်ပြေပျော်ရွှင်ကြပါစေ။
ကံကောင်းပါစေ။
နန်းမေသဲအေး
2020 ကရေးခဲ့သော စာစု
 
ကံ ကောင်း ချင် လျှင် - ဧ ရာ မြေ

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...