Saturday, December 21, 2024

မွန်တက်ဆော်ရီရဲ့ ကလေးများဖွံ့ဖြိုးတိုးတက်ရေး အတွက်အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အချိန် အပိုင်းအခြားများ

 ဒီနေ့” မွန်တက်ဆော်ရီရဲ့ ကလေးများဖွံ့ဖြိုးတိုးတက်ရေး အတွက်အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့ အချိန်အပိုင်းအခြားများအကြောင်းကို Food for Thought 858 (အပိုင်း (၁) နှင့် အပိုင်း (၂) ဆိုပြီးခွဲ လျက် မျှဝေလိုက်ပါတယ်။

မွန်တက်ဆော်ရီရဲ့ ကလေးများဖွံ့ဖြိုးတိုးတက်ရေး အတွက်အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အချိန် အပိုင်းအခြားများ

မာရီယာမွန်တက်ဆော်ရီလမ်းပြမှုအရကလေးများ တွင်ဘဝတွက်တာကျွမ်း ကျင်မှုများအကောင်းဆုံးဖွံဖြိုး တိုးတက်ဖို့အတွက် အကောင်းဆုံး လက်ခံသင်ယူနိုင်တဲ့အချိန်ကာလအပိုင်းအခြားများရှိပါတယ်။ အဲဒီအ ချိန်တွေမှာ ဘဝတွက်တာကျွမ်းကျင် မှုများကို သင်ပေးရန် မွန်တက်ဆောက်ရီက လမ်းပြခဲ့ပါတယ်။ အဲဒီအ ချိန်အပိုင်းအခြားများမှာ ကလေးရဲ့ အသက်အပိုင်းအခြားတစ်ခုမှာဖြစ်လာပါတယ်။ အဲဒီအချိန်ကိုမိဘတွေ အနေဖြင့် သတိထားကြည့်မိပြီး လိုအပ်တဲ့ကျွမ်းကျင်မှုကို သင်ပေးရင် ကလေးအနေဖြင့် အကောင်းဆုံးလက်ခံ သင်ယူနိုင်တဲ့အတွက် အကောင်း ဆုံး ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်။

ကလေးတွေအနေဖြင့် အကောင်းဆုံးလက်ခံနိုင်ပြီးသင်ယူနိုင်တဲ့အချိန်အပိုင်းအခြား (၁၁)မျိုးကိုမာရီယာမွန် တက်ဆော်ရီကသတ်မှတ်ထားခဲ့ပါတယ်။ အဲဒီ (၁၁)မျိုး တို့ မှာ အောက်ပါတို့ဖြစ်ကြပါတယ်။

မွန်တက်ဆော်ရီလမ်းညွှန်မှုအရ ကလေးများအကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အချိန်ကာလ

ခြုံပြောရပါကမွန်တက်ဆော်ရီရဲ့ ကလေးများအကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အသက်အရွယ်အပိုင်းအခြား ကာလဆိုတာ ကျွမ်းကျင်မှုအသစ်တစ်ခုကို အကောင်းဆုံးသင်ယူရန်အဆင့်သင့်ဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်ကာလအပိုင်းအခြားတွေမှာ ကလေးတို့ရဲ့အသက်အရွယ်အပိုင်းအခြားအမျိုးမျိုမှာဖြစ်နေပါတယ်။
• ဘာသာစကားသင်ယူနိုင်မှု - (မွေးစမှ (၆)နှစ်
• အာရုံခံများကို မွမ်းမံပြုပြင်မှု -မွေးစမှ (၅) နှစ်
• လှုပ်ရှားမှုများသင်ယူနိုင်မှု - (မွေးစမှ ၄နှစ်ခွဲ)
• အစီအစဥ်သ‌ဘောနားလည်နိုင်မှု- (၁) နှစ်မှ (၅) နှစ်
• သေးငယ်တဲ့ပစ္စည်းများစူးစမ်းလေ့လာနိုင်မှု- (၁)နှစ်မှ (၃)နှစ်
• စိတ်ကူးပုံရိပ်များကိုပေါင်းစပ်နားလည်နိုင်မှု- (မွေးစမှ (၆)နှစ်)
• ရည်မွန်ယဥ်ကျေးသိမ်မွေမှုကိုနားလည်သင်ယူနိုင်မှု- (၂) နှစ်မှ (၅)နှစ်
• တေးဂီတကိုနားလည်သင်ယူနိုင်မှု- (၂) နှစ်မှ (၆)နှစ်
• စာဖတ်ခြင်းကိုသင်ယူနိုင်မှု- (၃)နှစ်မှ (၅)နှစ်ခွဲ)
• စာရေးခြင်းကိုသင်ယူနိုင်မှု- (၃)နှစ်ခွဲမှ (၅) နှစ်ခွဲ)
• သင်္ချာကိုသင်ယူနိုင်မှု- (၄)နှစ်မှ (၆) နှစ်)

ဖော်ပြပါ အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အချိန်ကာလမှာ သက်ဆိုင်ရာကျွမ်းကျင်မှုများအကောင်းဆုံးဖွံ့ဖြိုး တိုးတက်လာအောင် မိဘအုပ်ထိန်းသူများအနေဖြင့် ဆီလျော်လိုက်ဖက်တဲ့လှုံ့ဆော်မှုများဖန်တီးပေးရန်လိုအပ် ပါတယ်။
အကောင်းဆုံးလက်ခံသင်ယူးနိုင်တဲ့အချိန်မှာ အကောင်းဆုံးသင်ယူနိုင်အောင်ကလေးကိုဘယ်လိုကူညီမလဲ။

သက်ဆိုင်ရာကျွမ်းကျင်မှုကိုအကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အချိန်အခွင့်ကောင်းကိုမိဘအုပ်ထိန်းသူများအနေဖြင့် အမိအရအသုံးပြုရန်လိုအပ်ပါတယ်။ ထိုအသက်အရွယ်အပိုင်းအခြားအစပိုင်းမှစတင်အသုံးပြုနိုင်ရန် သတိ ဖြင့်စောင့် ကြည့်ရန် လိုအပ်ပါတယ်။ အဲဒီလို ကလေးလက်ခံနိုင်မှုအားအကောင်းဆုံးအချိန်ကို ပြည့်ဝစွာအသုံးမ ချနိုင်ရင် ကလေးအနေဖြင့်သက်ဆိုင်ရာကျွမ်းကျင်မှုများ ဖွံ့ဖိုးတိုးတက်မှုနှေးကွေးသွားနိုင်ပါတယ်။

ကလေးအနေဖြင့် အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အချိန်အစကို ကလေးရဲံစိတ်ဝင်စားမှုကိုကြည့်ပြီးသိနိုင်ပါ တယ်။ ဥပမာကလေးက ပစ္စည်းသေးသေးလေးတွေကို အသက်အရွယ် (၁) နှစ် မှ (၃) နှစ်ကြားတွင်စိတ်ဝင်းစားမှု ပြပါတယ်။ အဲဒီအချိန်မှာ ကလေးရဲ့စိတ်ဝင်စားမှုကိုလှုံ့ဆော်ပေးမယ်ဆိုရင်သေးငယ်တဲ့ပစ္စည်းတွေအပေါ်စိတ် ဝင်စားတဲ့အနေအထားကြောင့် ကလေးက ပိုစိတ်အားတက်ကြွစွာလေ့လာသင်ယူမှာဖြစ်ပါတယ်။

ဖော်ပြပါအသက်အရွယ်အပိုင်းအခြားကာလများမှာ လိုအပ်ချက်များမတူတဲ့အတွက် အထောက်အပံ့ပေးမှုက လည်း မတူတဲ့ဆီလျော်တဲ့အထောက်အပံ့များဖြစ်ရန် လိုအပ်ပါတယ်။ ဒါကြောင့်မိဘအုပ်ထိန်းသူမျညးအနေဖြင့် အဲဒီအသက်အရွယ်အပိုင်းအခြားကာလများနှင့် မတူတဲ့အပိုင်းအခြားအလိုက် လိုအပ်ချက်များကိုလည်းသိနား လည် အောင်လေ့လာထားရန် လိုအပ်ပါတယ်။

မွန်တက်ဆော်ရီလမ်းညွှန်မှုအရဘာသာစကားကိုအကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့အချိန်ကာလအပိုင်းအခြား

ကိုယ်ဝန်ဆောင်မိခင်တစ်ချို့သူတို့ဝမ်းဗိုက်မှာ နားကြပ်ပတ်ထားတာမျိုးစာဖတ်သူမြင်ဘူးကောင်းမြင်ဘူးမှာပါ။ သို့မဟုတ် ဗိုကက်ထဲမှာရှိနေတဲ့ကလေးကြားအောင်စာကိုအသံထွက်ဖတ်ပြနေတာမျိုးတွေ့ဘူးကောင်းတွေ့မြင် ဘူး မှာပါ။ အဲဒီလို လုပ်ဆောင်ပေးမှုကကလေးမှာ ဘာာစကားဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတဲ့နည်းလမ်းများ အ နက် တစ်ခုသာ ဖြစ်ပါတယ်။

ဘာကြောင့်အဲဒီလို လုပ်ဆောင်ပေးရတာလဲ။ ကလေးတွေဟာမိခင်ဝမ်းဗိုက်အတွင်းမှာရှိနေတဲ့အချိန် ကတည်း ကအပြင်ပမှအသံတွေကိုကြားနိုင်ကြပါတယ်။ ကလေးတွေရဲ့အကြားစနစ်က မိခင်ဝမ်းမှာကိုယ်ဝန်ဆောင်ပြီး သီတင်း (၁၈)ပတ်အကြာမှစပြီးကြားနိုင်ခါ အသက် (၆) နှစ်အထိ အကောင်းဆုံးသင်ယူနိုင်တဲ့အတွက်ဖြစ် ပါ တယ်။

အဲဒီသတင်းအချက်အလက်ကိုသိထားရန်အရေးကြီးပါတယ်ဂ ဘာကြောင့်လဲဆိုတော့ ဘာသာစကားဖွံ့ဖြိုးတိုး တက်အောင်နားထောင်မှုကအရေးကြီးပါတယ်။ ကလေးငယ်လေးတွေဆိုတာ သူတို့ကြားရတဲ့ပတ်ဝန်းကျင်မှ အသံလေးတွေကို လိုက်လုပ်ရင်းစတင်စကားပြောလာတတ်ကြပါတယ်။ မိဘများပါးစပ်လှုပ်တာကိုအတု မြင် ပြီးလိုက်လုပ်ခြင်း၊ မိဘတွေကသူတို့ကိုစကားပြောတဲ့အခါ မိဘပါးစပ်လှုပ်တာကို ကြည့်ပြီးသူတို့လည်း လိုက် လှုပ်ရှားခြင်းဖြင့် စကားစတင်ပြောလာကြပါတယ်။ အဲဒီလို အတုမြင်ပြီး လိုက်လုပ်ဆောင်သင်ယူနေမှုကို ဆက် လက်အားကောင်းစေရန် သတ်မှတ်ကာလအတွင်းအောက်ပါလုပ်ငန်းများကို လုပ်ဆောင်ပေးရန်လိုအပ်ပါတယ်။

အောက်ပါအရေးကြီးတဲ့ကျွမ်းကျင်မှုမျာကို သူ့အသက်အရွယ်အပိုင်းအခြားအလိုက် ပြုလုပ်ပေးရန်လိုပါတယ်။

မမွေးခင်ကာလမှမွေးပြီး (၄) လအထိ

• တေးသီချင်းဖွင့်ပေးခြင်း၊ သို့မဟုတ် ဗိုက်ထဲမှကလေးကြားအောင်အသံထွက်ပြီးစာဖတ်ပြခြင်း၊
• ကလေးတွေဘူးမှုတ်တာကို စကားဖြင့်တုံ့ပြန်ပြောပေးခြင်း၊
• ကလေးငယ်များကိုမိဘအုပ်ထိန်းသူကတစ်ဘက်သတ်စကားတွေပြောပေးခြင်း၊
• ကလေးကပြောလာတဲ့မေမေ၊ ဖေဖေ၊ ဘော်လုံး စတဲ့စကားလုံးများကို ထပ်ခါတလဲလဲ ပြောပေးခြင်း၊
• ကလေးနှင့်စကားပြောတဲ့အခါ မျက်လုံးချင်းဆုံအောင် ကလေးကိုကြည့်ပြောခြင်း။
• အမေရိကန်အခြေခံသ‌င်္ကေတအမူအရာပြဆက်သွယ်မှုကိုလေ့လာသင်ယူထားပြီးကလေးနှင့်စကားပြောတဲ့အခါ ထိုအမူအရာများကိုသုံးခြင်း။
• ရင်ခွင်ပိုက်အရွယ်ကလေးတွေဆိုတာဘာသာစကားကိုနှုတ်မှမပြောနိုင်မှီ ကိုယ်လက်ဟန်အမူအရာဖြင့် ပြတဲ့အချက်ပြဘာသာစကားကို သင်ယူနိုင်ကြပါတယ်။ ကိုယ်လက်ဖြင့်အမူအရာတစ်ခုကိုပြု လုပ်ပြ တဲ့အခါမှာ သက်ဆိုင်တဲ့အသံထွက်တာကိုလည်း ပြုလုပ်ပေးပါ။ ဥပမာနို့သောက်ပါလို့ပြောတဲ့အချိန် မှာနို့ပုလင်းကိုလည်း လက်ညှိုးထိုးပြပေးပါ။ နွားနို့မသောက်ခင်အချိန်မျိုးမှာ ထိုသို့ပြုလုပ်ပြပါ။ ဒါမှ ကလေးက နို့ပုလင်းကိုလည်းမြင်၊ နွားနို့ဆိုတဲ့စကားကိုကြားပြီး အမြင်အကြားနှစ်ခုပေါင်းစပ်ပြီး နွားနို့ကို သိနားလည်လာဖြစ်ပါတယ်။

(၄) လသားမှာ (၁၂)လသားအရွယ်

• တစ်ချို့စကားလုံးကို ထပ်ပြောဆိုရန် တိုက်တွန်းအားပေးပါ။
• မိဘအုပ်ထိန်းသူများကစကားလုံးတွေကို ဘယ်လိုပြောဆိုကြောင်းကလေးသေသေချာချာကြားမြင် နိုင်ရန်ဖြေးဖြေးပြောပါ။ သို့မှသာသူတို့အနေဖြင့် သင်တို့ပါးစပ်လှုပ်ရှားသလို လှုပ်ရှားပြောဆိုနိုင်လာမှာ ဖြစ်ပါတယ်။
• အသက် (၈) လသားအရွယ်ရောက်လာတဲ့အခါ ပြောတဲ့စကားကိုပြန်ပြောလာရန်တိုက်တွန်းအားပေးပါ။ အဲဒီလိုလုပ်နိုင်ရင်အရင်ဆုံး “ဟုတ်တယ်၊မဟုတ်ဘူး”ဆိုတဲ့ရိုးရှင်းတဲ့အဖြေသာပေးရန်အားပေးပါ။
• ရုပ်မြင်သံကြားနှင့်ကွန်ပျူတာသုံးတဲ့အချိန်တွေကိုကန်ံ့သတ်ထားပါ။ ဒါပေမဲ့တစ်ချိန်မှာ သိပ်မကြာစေ ဘဲ ရင်ခွင်ပိုက်ကလေးငယ်များအတွက် ပညာရေးအစီအစဥ်များကိုတော့ ပေးကြည့်နိုင်ပါတယ်။
• ရိုးရှင်းတဲ့ဝါကျ (၂) ခုသာပါတဲ့ သီးချင်းလေးတွေကိုမကြာခဏဆိုပေးပါ။

(၁၂)လသားမှာ (၃)နှစ်အရွယ်

• ကလေးသိရန်ဝေါဟာရများကို တည်ဆောက်ပေးပါ။ ဥပမာသင့်ကလေးက ကြည့်ပါလို့ပြောပြီး လက် ဖြင့် တစ်ခုခုကိုညွှန်ပြနေပါက သင်မြင်တာကိုပြောပြပြီးတုံ့ပြန်ပါ။ “အိုး ဟုတ်တယ်။ မေမေ ငှက်က လေးကိုမြင်ရတယ်၊ အဲဒါကငှက်ကလေးပါ။ ငှက်ကလေးကပျံနေတယ်။”လို့ပြောပြီးတုံ့ပြန်ပါ။
• မေတ္တာရပ်ခံတာကိုစတင်မိတ်ဆက်ပေးပါ။ “ကျေးဇူးပြုပြီး၊ သမီးကစားထားတဲ့ကစားစရာတွေကို ပြန်ကောက်ပြီးသူ့နေရာပြန်ထားပေးပါ။”အဲဒီလိုမေတ္တာရပ်ခံရင်း ကစားစရာတွေကိုကလေးနှင့်အတူ ကောက်သိမ်းပေးပါ။
• ကလေးပြောလိုက်တဲ့စကား၊ ဝါကျမှာမှားနေပါက ကလေးကို ဝေဖန်ပြစ်တင်ခြင်းခြင်းမပြုဘဲ လိုအပ်သ လိုမှန်အောင်ပြောပြပြီးပြုပြင်ပေးပါ။
• ကလေးကမိဘကိုစကားပြောနေတဲ့အခါ အလေးထားနားထောင်ပေးပါ။

(၃)နှစ်မှ (၆)နှစ်အရွယ်

• ကလေးကြည့်ရှုလေ့လာနေတာကိုအခြေခံပြီးစကားပြောဖြစ်ရန်မေးခွန်းတွေမေးပါ။
• ပြန်ဖြေရန်အားပေးရင်း ပိုခက်ခဲတဲ့မေတ္တာရပ်ခံချက်များပြုလုပ်ပါ။
• လုပ်နေတဲ့လုပ်ငန်းများမှာ ကလေးပူးပေါင်းပါဝင်လုပ်ဆောင်လာအောင်ပြောပါ။ မေးပါ။
• ကလေးလိုချင်တာ၊ လိုအပ်နေတာကိုမိဘကခန့်မှန်းပြောတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင်ပြော လာပါစေ။
• စကားလုံးဝေါဟာရတိုးပွားစေရန်ပစ္စည်း၊ အကောင်လေးတွေရဲ့ဓာတ်ပုံများဖြင့် ကပ်ထားတဲ့ ကတ်ပြား လေးတွေ စီစဥ်ပေးပါ။
ကလေးနှင့်အပြန်အလှန်စကားပြောပြီး အပြန်လှန်ဆက်သွယ်မှုရှိအောင်ပြုလုပ်ပေးခြင်းဖြင့် ကလေးတွေဟာ သင်ယူလေ့လာနေတဲ့သတင်းအချက်လက်များကို ပိုသိနားလည်လာစေပါတယ်။

ကလေးတို့ရဲ့အာရုံခံများကို မွမ်းမံပြုပြင်ရာမှာ ဘယ်လိုကူညီနိုင်ပါသလဲ။

မူရင်းအားဖြင့် လူသားတွေမှာအောက်ပါ အာရုံခံ (၅)မျိုးပါရှိကြပါတယ်။
• အနံ့ခံစားနိုင်မှုအာရုံခံ၊
• အထိအတွေ့ခံစားနိုင်မှုအာရုံခံ၊
• အရသာခံစားနိုင်မှုအာရုံခံ၊
• အသံကြားတာကိုခံစားနိုင်မှုအာရုံခံ၊
• မြင်တာကိုမြင်သိခံစားနိုင်တဲ့အာရုံခံ တို့ဖြစ်ပါတယ်။

ကလေးတွေမှာအာရုံခံစားမှုကောင်းအောင်မွန်တက်ဆော်ရီက ဖော်ပြပါ အာရုံခံ (၅)မျိုးကို အလေးထားပြီး အခြားဆက်စပ်နေတဲ့အချက်အလက်များကို ပေါင်းစပ်ကာ အာရုံခံနိုင်မှုစွမ်းရည်တိုးတက်အောင် ဆောင်ရွက် ပေးရန်လမ်းညွှန်ခဲ့ပါတယ်။ အာရုံခံ (၅) မျိုးအပြင်အခြား အရေးကြီးသော အချက်များမှာ အောက်ပါတို့ဖြစ် ပါတယ်။

• ပစ္စည်းတွေကို လက်ထဲထည့်ကြည့်ပြီးအလေးချိန်နှင့် ဖိအားကို ကြည့်ရှုလေ့လာစေခြင်း၊
• ပစ္စည်းများရဲ့အပူအအေးကိုကြည့်ရှုပြီးသိနှိုင်စေခြင်း၊
• ထိကိုင်ကြည့်ခြင်းဖြင့် ကြွက်သားဆိုင်များအပေါ်မူတည်လျက် အခြားဘာအာရုံခံကိုမျှမသုံးဘဲ ဘာပစ္စည်းဆိုတာ ကိုမှတ်ဥာဏ်အပေါ်အခြေခံလျက် သိနိုင်စေခြင်း၊

အသုံးပြုနိုင်တဲ့အာရုံခံများစာရင်းကိုတိုးချဲ့ ပြီးပြန်လည်ဖွဲ့စည်းတဲ့အပြင် မွန်တက်ဆော်ရီက ကလေးတို့အနေဖြင့် သူတို့အာရုံခံစားနိုင်စေရန် ကရိယာအမျိုးမျိုးတို့ကိုလည်းတီထွင်ဖန်တီးပေးခဲ့ပါတယ်။ အဲဒီအထဲမှ တစ်ချို့မှာ အောက်ပါတို့ဖြစ်ပါတယ်။

• ထိကိုင်မှန်းဆရတဲ့အိပ် - ကလေးအနေဖြင့် အိပ်ထဲမှာထည့်ထားတဲ့ပစ္စည်းကိုအိပ်အပြင်ဘက်မှသာ ကိုင်စမ်းပြီး အထဲမှာထည့်ထားတဲ့ပစ္စည်းက ဘာပစ္စည်းဆိုတာကို မှန်းဆပြောရပါတယ်။
• အရောင်တူအနုအရင့်နှင့်မတူတဲ့အရောင်များကိုခွဲခြားပေးရတဲ့အလုပ်- ကလေးများအနေဖြင့် အရောင် တူအနုအရင့် ကို လိုက်ပြီးပစ္စည်းများကို ခွဲခြားပေးရခြင်း၊ အရောင်မတူတဲ့ပစ္စည်းများကို မတူတဲ့အ ရောင်အလိုက် ခွဲခြားပေးရခြင်းများပြုလုပ်ပေးရပါတယ်။
• ဒုလုံးရှည်စလင်ဒါများ- ကလေးများအနေဖြင့် ဒုလုံးရှည်စလင်ဒါများ ကိုသူတို့အရွယ်ပမာနအလိုက် အစီ အစဥ်ပြုလုပ်ပေးရပါတယ်။

အထက်ပါလုပ်ငန်းများအပြင်ကလေးများအနေဖြင့် သူတို့အာရုံခံများကို ပြန်လည်မွမ်းမံပြုပြင်ရာမှာ မိဘများ အနေဖြင့် ဖန်တီးပေးနိုင်တဲ့လုပ်ငန်းများအဖြစ် အောက်ပါလုပ်ငန်းတို့ကိုလုပ်ပေးနိုင်ကြောင်းဖော်ပြခဲ့ပါတယ်။
• ကလေးတစ်ယောက်အနေဖြင့်အစာတစ်မျိုးကိုမနှစ်သက်ကြောင်းဖော်ပြလာပါက ထိုအစာကိုအတင်း ကျွေးတာမျိုးမပြုလုပ်ဘဲ အခြားပုဂံတစ်ခုကိုအစားထိုးကျွေးပါ။(redirect with a different dish.)
• အရောင်အနုအရင်ကွဲပြားတာတွေကိုပုဂံထဲမှာထည့်ပေးပြီး အရောင်အနုဆုံးမှ အရောင်အရင့်ဆုံးသို့ စီရန်ပြောပါ။
• အပူချိန်မတူတဲ့ရေအမျိုးမျိုးထည့်ထားတဲ့ခွက် သုံးလေးခွက်စီစဥ်ပြီးကလေးကို သူ့လက်အား ထိုခွက် များအတွင်းတည့်စေလျက် ဘယ်ခွက်ထဲမှာရှိတဲ့ရေကအပူဆုံးနှင့် ဘယ်ခွက်ထဲကရေက အ အေးဆုံး ဖြစ်တာကို ထိတွေ့ခံစားမှုမှသိရှိပြီးခွဲခြားပြောပြစေပါ။

ကလေးတွေအနေဖြင့် သူတို့ရဲ့အာရုံခံများကို ပြန်လည်မွမ်းမံပြုပြင်နိုင်ရန် မိဘများအနေဖြင့် ကူညီနိုင်တဲ့စိတ်ကူး တွေအများကြီးရှိပါတယ်။ စဥ်းစားဖော်ထုတ်ရန် ဆန်းသစ်တဲ့စိတ်ကူးလိုအပ်ပါတယ်။ အဲဒီလို စဥ်းစားဖော်ထုတ် တဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေသူတို့ရဲ့အာရုံခံများကို ပြန်လည်မွမ်းမံပြုပြင်တဲ့အခါ ရင်းမြစ်များစွာရှိတဲ့ ပတ် ဝန်းကျင်ရစေဖို့ဖြစ်ပါတယ်။

လိုအပ်တဲ့ရင်းမြစ်တွေမှာမတူကွဲပြားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရုံခံများမှာမွေးကတည်းကပါ လာ ကြပြီး ကလေးရဲ့အသက် (၅)နှစ်အထိ အရွယ်အပိုင်းအခြားအလိုက် အကောင်းဆုံးလက်ခံသင်ယူနိုင်မှု မ တူကွဲပြားခြားနားတဲ့အတွက်ဖြစ်ပါတယ်။ မွေးစကလေးအတွက်သင့်တော်ဆီလျှော်တာက အသက် (၅)နှစ် အရွယ်ကလေးအတွက်မဆီလျှော်နိုင်သလို အသက် (၅)နှစ်အရွယ်ကလေးအတွက်ဆီလျှော်တာကလည်းမွေး စအရွယ်ကလေးအတွက်မဆီလျှော်နိုင်ပါ။

ဥပမာ ခြောက်ချက်ကစားစရာလေးဟာရင်ခွင်ပိုက်အရွယ်ကလေးရဲ့အာရုံတစ်ချို့ကို ကောင်းစွာလှုံ့ဆော်အား ကောင်းပေမဲ့ (၅)နှစ်အရွယ်ကလေးအတွက်လှုံဆော်အားတန်းတူမကောင်းတော့ပါ။ (၅)နှစ်အရွယ်ကလေး အ တွက်အရောင်အနုအရင့်အလိုက်ပစ္စည်းများကို အစီအစဥ်အလိုက် စီစဥ်ရတာစိတ်ဝင်စားစရာကောင်းတဲ့အလုပ် ဖြစ်ပေမဲ့ ရင်ခွင်ပိုက်အရွယ်ကလေးအတွက် ထိုသို့အရောင်အနုအရင့်အပေါ်မူတည်ပြီးအစီအစဥ်အလိုက် တန်း စီခိုင်းရန်မှာမဖြစ်နိုင်သေးပါ။

မွန်တက်ဆော်ရီလမ်းညွှန်မှုအရ ကိုယ်လက်လှုပ်ရားမှုဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှု

မမွေးသေးတဲ့အချိန်မှစပြီး အသက် (၄)နှစ်ခွဲကာလအထိ လူသားတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကိုလှုပ်ရှားပြီး လူမှုအဖွဲ့အတွင်း လုပ်ငန်းများလုပ်ဆောင်နိုင်ရန်ကိုယ်လက်လှုရှားမှုဆိုင်ရာကျွမ်းကျင်မှုများကိုလေ့ကျင့် သင်ယူလုပ်ဆောင်ရတဲ့အချိန်ကာလဖြစ်ပါတယ်။ လေ့ကျင့်ရတဲ့လှုပ်ရှားမှုတွေမှာ သေးငယ်တဲ့ပစ္စည်းလေး တွေကိုကောက်ယူနိုင်တဲ့ကျွမ်းကျင်မှုမှ လမ်လျောက်နိုင်မှု၊ ပြေးလွှားနိုင်မှုအထိ အမျိုးမျိုးဖြစ်ပါတယ်။

ကိုယ်လက်များလှုပ်ရှားလုပ်ဆောင်နိုင်မှုဆိုင်ရာကျွမ်းကျင်မှုများကလည်း အကောင်းဆုံးလက်ခံသင်ယူနိုင်တဲ့ အချိန်ဆိုတာရှိပါတယ်။ အဲဒီအတွက်မိဘအုပ်ထိန်းသူများလုပ်ပေးရန် လိုအပ်တာကတော့ အထောက်အကူပြု တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးပြီး အကူအညီပေးရန်လိုအပ်ပါတယ်။ အောက်ပါလုပ်ငန်းများလုပ်ဆောင် ပေးနိုင် ပါတယ်။
• ရင်ခွင်ပိုက်အရွယ်ကလေးတွေ ဆုပ်ကိုင်နိုင်မဲ့ပစ္စည်းငယ်များ၊ ကစားစရာများ၊ (သေးငယ်တာတွေကိုပေး ထား တဲ့အခါ ကလေးတွေကပါးစပ်ထဲကောက်ထည့်တတ်တာကိုလည်းမိဘအုပ်ထိန်းသူများအတူး သ တိပြုရန် လိုအပ်ပါတယ်။
• ကလေးတွေလမ်းမလျှောက်နိုင်သေးခင်ခြေတွေကိုလှုပ်ရှားနိုင်အောင် ကူညီလေ့ကျင့်ပေးပါ။
• ကြမ်းပြင်ပေါ်မှာမှောက်လျက် ကလေးကိုလေးဘက်တွားလှုပ်ရှားသွားလာခွင့်ပေးပါ၊ ကြမ်းပြင်ပေါ်မှာ ဘေးဖြစ်စေနိုင်တာကင်းအောင်စီစဥ်ထားပေးပါ။
• မတ်တတ်ရပ်နိုင်အောင်နှင့် လမ်းလျောက်နိုင်အောင်ကူညီပေးပါ။ ကလေးလက်ကိုကိုင်ထားပြီးကလေး ကိုယ်တိုင် သူ့ကိုယ်ကိုခြေနှစ်ချောင်ပေါ်မှာ ဟန်ချက်မိမိ ရပ်နိုင်လာအောင်ကူညီပေးပါ။
• အသက်ကြီးလာတဲ့အခါကလေးတို့ပြေးလွှားဆော့ကစားရန်နေရာကျယ်လိုအပ်တာရအောင်စီစဥ်ပေးပါ။
• ခြေစုံခုန်ခြင်း၊ သို့မဟုတ်ဂျွမ်းထိုးခြင်းစတဲ့လှုပ်ရှားမှုအမျိုးမျိုးပြုလုပ်နိုင်စေရန် မိဘများအနေဖြင့် ကလေးနှင့်အတူတူ ကစားနည်းအမျိုးမျိုးကစားပေးပါ။
• အပြင်ဘက်ကွင်းပြင်တွင်ကစားနိုင်ရန် ကွင်းပြင်မှာကစားတဲ့အချိန်လည်းသတ်မှတ်ပေးပါ။
• ကလေးအနေဖြင့်နမူနာယူပြီးတက်ကြွစွာနေထိုင်လှုပ်ရှားတာကို မိဘအုပ်ထိန်းသူများကပြသ ပေးရန်လည်းလိုအပ်ပါတယ်။
ကလေးတွေမှာ ကိုယ်လက်လှုပ်ရှားမှုအားကောင်းအောင်လေ့ကျင့် ပေးရေးကလည်းအရေးကြီးပါတယ်။ အဲဒီ လှုပ်ရှားမှုများက ကြွက်သားဆိုင်ငယ်လေးများသုံးရတဲ့ကျွမ်းကျင်မှုများနဲ့ တစ်ကိုယ်လုံးစွမ်းအားများ တိုးတက် ဖွံ့ဖြိုးရေးအတွက်အရေးကြီးပါတယ်။ အဲဒီလိုအင်အားတွေကောင်းလာမှုကြောင့် ကိုယ်လက်လှုပ်ရှားတဲ့အခါ ကလေးရဲ့အရိုးတွေတောင့်တင်းခိုင်မာအောင်အကာ အကွယ်ပေးပါတယ်။ ကလေးရဲ့ ကြံ့ခိုင်ကျန်းမားမှု ကို လည်းအထောက်အကူပေးပါတယ်။

မိတ်ဆွေမိဘဆရာများကလေးငယ်များကို အကောင်းဆုံးဖွံဉဖိုးအောင်လေ့ကျင့် ပေးရာမှာမွန်တက်ဆော်ရီ လမ်းပြမှုများကို အကောင်းဆုံးသုံးနိုင်ကြပါစေ။
မေတ္တာဖြင့်


ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...