Saturday, December 21, 2024

စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့နည်းများ” ဒုတိယပိုင်း

 စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့နည်းများ” ဒုတိယပိုင်း
ဒီနေ့ “စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့နည်းများ” ဒုတိယပိုင်း (၁၀)မှ (၁၇)အထိကို Food for Thought 857 အဖြစ်မျှဝေလိုက်ပါတယ်။
စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့နည်းများ

၁၀။ ဝါသနာပါတာအသစ်တစ်ခုကိုပြုလုပ်ခြင်း

ဖိစီးမှုတွေဖြစ်လာတဲ့အခါမိမိဝါသနာပါတဲ့အလုပ်ကို ပြုလုပ်ပါ။ ဥပမာ သိုးမွေးထိုးခြင်း၊ ပန်းချိရေးဆွဲခြင်း၊ ပေါင်မှုန့်ဖုတ်ခြင်း၊ စတာတွေပြုလုပ်ခြင်းဖြင့် စိတ်အေးစေပါတယ်။ ကိုယ်စိတ်ပေါ့ပါးသက်သာစေပါတယ်။ ဝါသနာပါတဲ့အဲဒီအလုပ်မျိုးတွေက သင့်စိတ်ကို လမ်းကြောင်းပြောင်းပေးပြီး စိတ်ကိုဖိစီးစေတဲ့အတွေးဝဲဂယက် မှ ထွက်လာစေပါတယ်။
ဝါသနာပါတဲ့အလုပ်ကိုပြောင်းလုပ်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများဖြစ်စေပြီး ဖိစီးမှုလျော့ပါးသက်သာစေ ကြောင်း သုသေသတများကထောက်ပြနေပါတယ်။
• သွေးတိုးမှုကိုကျဆင်းလာစေပါတယ်။
• ကော်တီဇောကျဆင်းစေပါတယ်။
• ဗိုက်အနေအထားကျဆင်းလာစေပါတယ်။
• ကိုယ်အလေးချိန်ကျဆင်းလာ‌စေပါတယ်။
• အပြုသဘောဆောင်တဲ့စိတ်အနေအထားမြင့်မားလာစေပါတယ်။
ရိုးရှင်းတဲ့အနုပညာပရောဂျက်လုပ်ငန်းတစ်ခုပြုလုပ်ရန်ခဏအနားယူးခြင်းမျိုးကပင်သင့်စိတ်ကို သက်သာ လာစေပါတယ်။ အဲဒီအချိန်မှာ မိမိမှာဖြစ်နေတဲ့ဖိစီးမှုကျော်လွန်နိုင်မဲ့အ‌ခြေအနေကို ပြန်လည်ကြည့်နိုင်ခြင်း၊ မိမိစိတ်နေသဘောထားနှင့်အလားအလာများကို ပြန်လည်သုံးသပ်လာနိုင်စေပါတယ်။

၁၁။ ရေနွေးဖြင့်ရေချိုခြင်း

လူတွေမှာစိတ်ဖိစီးမှုများဖြစ်တဲ့အခါ ရေနွေးဖြင့် ရေချိုးတတ်ကြပါတယ်။ အဲဒီလိုလုပ်တာမှာ အကျိုူအကြောင်း တွေများစွာရှိပါတယ်။ နွေးတဲ့နရနဲ့ထိတွေ့လိုက်ရတဲ့အခါ မိခင်ဝမ်းဗိုက်ထဲပြန်ရောက်သလို နွေးထွေးစေပြီး တင်း ကျပ်နေတဲ့ခံစား မှုများပျက်ပျယ်သွားစေပါတယ်။ ရေပန်းမှရေချိုးခြင်းမဟုတ်ဘဲရေနွေးရေမှာစိမ်ချိုးခြင်းက ကိုယ်ရောစိတ်ပါ ကောင်းမွန်သက်သာစေကြောင်း လေ့လာချက်တစ်ချို့က ထောက်ပြထားပါတယ်။

အဲဒီလိုရေချိုးတဲ့အခါ အလိုအလျောက်အကူအညီပေးတဲ့နည်းလမ်းကတော့ ဖယောင်းတိုင်မွှေးထွန်းထားခြင်း၊ အနံကောင်းတာတစ်ခုခုအနီးမှာထားပေးခြင်း၊ စတာမျိုးတွေက ရေချိုးရင်းစိတ်ကို သက်သာစေပါတယ်။ အနံ့ကောင်းတဲ့အခါ ဦးနှောက်ထဲမှာယနံ့ခံတဲ့အပိုင်းကအလုပ်လုပ်တဲ့အတွက် ကော်တီဇောအဆင့် ကျဆင်း လာစေပါတယ်။ စိတ်ဓာတ်ကျမှုလည်းကျဆင်းလာပြီးစိတ်တည်ငြိမ်အေးချမ်းလာစေပါတယ်။

၁၂။ ကျေးဇူးတရားသိတတ်မှုအလေ့အကျင့် ပြုလုပ်ခြင်း

ကျေးဇူးတရားသိတတ်တဲ့အလေ့အကျင့်က အောက်ပါကျန်းမာမှုကို များစွာအထောက်အကူပြုကြောင်း သုတေသနများစွာ ကထောက်ပြနေကြပါတယ်၊
• ဖိစီးမှုများကို ထိန်းသိမ်းနိုင်ခြင်း၊
• နှလုံးဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အလားအလာများကျဆင်းလာခြင်း၊
• ကောင်းစွာအိပ်စက်နိုင်ခြင်း၊
• အပြုသဘောဆောင်တဲ့စိတ်လှုပ်ရှားခံစားမှုများတိုးပွားလာခြင်း၊

စိတ်ဖိစီးမှုဖြစ်နေတဲ့အနေအထားမှ ကျေးဇူးတရားသိတတ်မှုအနေအထားသို့ ပြေင်းလဲနိုင်ခြင်းက ဦးနှောက်ထဲမှာ ဒိုဖာမင်းနှင့် ဆယ်ရီတိုနင်များကို ထုတ်လုပ်ပေးစေပါတယ်။ အဲဒီပစ္စည်းတွေက စိတ်ခံစားမှုကိုကောင်းစေတဲ့ နုရို ထရန်စမစ်တာများဖြစ်ကြပါတယ်။ ဒါကြောင့် စိတ်မှာ ဖိစီးမှုများလျော့ကျလာပြီးစိတ်အေးပျော်ရွှင်လာစေပါ တယ်။ နေ့စဥ်ဘဝမှာကျေးဇူးတရားသိတတ်မှုကို အကောင်းဆုံးလေ့ကျင့်နိုင်တဲ့နည်းလမ်းတို့ကိုအောက်ဘက်မှာ ဖော်ပြားပါတယ်။
• ကျေးဇူးတရားသိမှုကိုဖော်ပြရန်ဂျာနယ်တစ်ခုထားပြီးတစ်နေ့တာအတွင်းကျေးဇူးတရားရှိသူလူများနှင့် ဖြစ်ရပ်များကို မှတ်တမ်းတင်ရေးမှတ်ထားပါ။
• အပြန်အလှန်ဆက်ဆံရေးမှာ သင့်ကိုတန်ဖိုးထားဆက်ဆံမှုများကိုအသိအမှတ်ပြုတဲ့စာတွေ၊ သို့မဟုတ် ကပ်ပြားတွေမှာရေးပြီး မိတ်ဆွေများနှင့်မိသားစုတို့ထံပို့ပေးပါ။
• အတူတူအလုပ်လုပ်ဖော်များနှင့် သက်တူရွယ်တူများကို သူတို့ရဲ့ အကျိုးပြုလုပ်ဆောင်မှုများအတွက် ကျေးဇူးတင်‌ကြောင်းစာရေးပါ။
• အချိန်ယူပြီးသင့်ကိုစိတ်သက်သာအောင်အထောက်အကူပြုသူများ၊ အပြန်အလှန်ဆက်ဆံမှုများ၊ စိတ်သက်သာစေရန်အထောက်အကူပြုတဲ့ ချစ်ခင်လို့မွေးထားတဲ့ အကောင်လေးများ၊ နှင့် အခြား ဖြစ်ရပ်အတွေ့အကြုံများကို ကျေးဇူးတင် ကြောင်းမှတ်တမ်းစာအုပ်မှာရေးထားပါ။

၁၃။ ကျန်းမာရေးနှင့်ညီတဲ့အိပ်တဲ့အချိန်ဇယားထားပါ။

အိပ်ချိန်အလွန်နည်းခြင်း၊ သို့မဟုတ်အလွန်များနေခြင်းတို့မှာ သိမှုပိုင်းဆိုင်ရာလုပ်ဆောင်မှုအပိုင်းတွင် ပျက် စီးစေပြီး ဖိစီးမှုအဆင့် မြင့်မားလာစေတတ်ပါတယ်။ အမေရိကန်စိတ်ပညာရှင်များအသင်းကလေ့လာချက်မှာ (၄၂%)သောလူကြီးများက သူတို့အိပ်ချိန်မှာ မျှတ ခြင်းမှအားနည်းခြင်းအဆင့်တွင်ရှိကြောင်းဖော်ပြထားပြီး၊ (၄၃%)ကမူကား လွန်ခဲ့သောလက စိတ်ဖိစီးမှုကြောင့် ကောင်းကောင်းမအိပ်နိုင်ကြောင်းဖော်ပြထားပါတယ်။ စိတ်ဖိစီးမှုက အိပ်စက်နိုင်မှုအလွန်နည်းတာနဲ့ဆက်စပ်နေပါတယ်။ အဲဒီလိုဖြစ်လာတာက နောက်ပိုင်းမှာ အ ပျက်သဘောဆောင်တဲ့ဝဲဂယက်လို လည်ပတ်နေတာမျိုးဖြစ်လာတတ်ပါတယ်။

ပြောင်းပြန်အားဖြင့် အချိန်များစွာအိပ်စက်ခြင်းကလည်း ကျန်းမာရေးအပေါ်ထိခိုက်စေပြီး အဓိကအားဖြင့် အောက်ပါအခြေအနများဖြစ်လာရန်အထောက်အကူဖြစ်စေပါတယ်။
• နှစ်လုံးရောဂါ၊
• ဆီချိုရောဂါ၊
• ကိုယ်အလေးချိန်တက်လာခြင်းနှင့်
• သေဆုံးနှုန်းမြင့်လာခြင်း၊
ကျန်းမာတဲ့လူကြီးတစ်ယောက်အနေဖြင့်တစ်နေ့ကို (၇-မှ ၉)နာရီအိပ်သင့်ပါတယ်။ ကလေးတွေနှင့်ဆယ်ကျော် သက်အရွယ်တွေကမူတစ်နေ့ကို ကျန်းမာတဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန်အိပ်ချိန် ပိုရှိသင့်ပါတယ်။ မျက်စိကိုမှိတ် ထားတဲ့အချိန် အလုံအလောက်မရှိဘူးဆိုရင် အောက်ပါအကြံပြုချက်များကို လိုက်နာကြည့်ရန် လိုအပ်ပါတယ်။
၁။ လျှပ်စစ်ပစ္စည်းတွေအားလုံးကိုပိတ်ထားပါ၊ ဆဲလ်ဖုန်းအပါအဝင်၊ ကွန်ပျူတာများ၊ ရုပ်မြင်သံကြားစက်များ၊ ကိုအနည်းဆုံးမအိပ်မှိမိနစ် (၃၀)တွင်ပိတ်ထားပါ။
၂။ မအိပ်မှီအနည်းဆုံး (၂-၃)နာရီခြားပြီး အစာကိုစားပါ။
၃။ အရက်သောက်သုံးမှုကိုလျော့ချပါ။
၄။ အလင်းရှိနေလို့အိပ်ရန်ခက်ခဲနေပါက အလင်းကာလိုက်ကာသို့မဟုတ် အမဲရောင်မျက်နှာဖုံးစွပ်ပြီးအိပ်ပါ။
၅။ အသံတိုးတဲ့ပန်ကာတစ်ခုသင့်အိပ်တဲ့အခန်းထဲမှာဖွင့်ထားပေးပါ။
၆။ အိပ်ပျော်စေတဲ့လမ်းညွှန်ကို အိပ်ပျော်တဲ့အထိနားထောင်အိပ်တာကိုစမ်းကြည့်ပါ။

၁၄။ ဖြစ်လာတဲ့ပြဿနာကိုရင်ဆိုင်ပါ၊

လူတွေကရှုပ်ထွေးတဲ့ပြဿနာနဲ့ကြုံလာတဲ့အခါ ပြဿနာကိုဖြေရှင်းရန်မကြိုးစားဘဲ ပြဿနာမှရှောင်ပြေးရန် ကြိုးစား တတ်ကြပါတယ်။ ပြဿနာကသိပ်ရှုပ်ထွေးတယ်။ ငါမဖြေရှင်းနိုင်ဘူးလို့ပောပြီးရှောင်တတ်ကြပါတယ်။ ဒါပေမဲ့ပြဿနာကိုဘေးဖယ်ထုတ်ထားမှုက မိမိကိုအစဥ်သဖြင့် ‌ခြောက်လှန့်နေပါတယ်။ တကယ်တော့ ရှောင်ချင် ပေမဲ့စိတ်ကပြဿနာမှာသာရစ်ဝဲနေပါတယ်။ ဖြစ်လာတဲ့ပြဿနာကိုကြိုးစားမဖြေရှင်းဘဲ ပြဿနာအကြောင်းကို သာပို စဥ်းစားလာစေပါတယ်။ စိတ်မှာအဆိုင်အခဲဖြစ်လာစေပါတယ်။ ဒါကြောင့် အဲဒီပြဿနာက စိတ်ဖိစီးမှုကို ကြီးမားစွာဖြစ်လာစေပါတယ်။
မိမိစိတ်ထဲမှာဖြစ်နေတဲ့ အဲဒီတိုက်ပွဲကို ရင်ဆိုင်လိုက်ပြီး‌ဖြေရှင်းနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကြောက်နေတဲ့ သွားဆရာဝန်ဆီသွားပြရသလိုဖြစ်သွားတတ်ပါတယ်။ လင်မယားခြင်းကွဲတဲ့ကိစ္စ၊ သို့မဟုတ်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအပြောင်းအလဲကလည်း ဖြစ်နေတဲ့အတွက် ပြဿနာက ပိုရှုပ်ထွေးနေစေပါတယ်။ ဘယ်လို ပင်ဖြစ်ပါစေသင်ကြုံနေရတဲ့ပြဿနာမှာ တစ်ချိန်ကိုတစ်ခု‌ဖြေရှင်းမယ်ဆိုရင် ‌ဖြေရှင်းနိုင်တဲ့ပြဿနာဖြစ်ပါ တယ်။

ကြုံနေတဲ့ပြဿနာကိုအစိတ်အပိုင်းငယ်လေးများဖြစ်အောင်ခွဲလိုက်ပါ။ ပြီးတော့ ‌ဖြေရှင်းနိုင်တဲ့အပိုင်းကစတင် ဖြေရှင်းပါ။ အရင်ကမဖြေရှင်းနိုင်တဲ့ကြီးမားတဲ့ပြဿနာလို့မြင်နေတာက သေးငယ်တဲ့အစိတ်အပိုင်းလေးတွေ အဖြစ်ခွဲစိတ်လိုက်တဲ့အခါ နိုင်နင်းစွာဖြေရှင်းနိုင်တဲ့အစိတ်အပိုင်းတွေဖြစ်လာပါတော့တယ်။

၁၅။ ကောင်းစွာစားသောက်ပါ။

စိတ်ဖိစီးမှုကိုအနှုံ့နှုံ့ခံစားနေခြင်းမှာ စိတ်ဖိစီးမှုကိုစားနေရာရောက်ပါတယ်။ အဲဒီလိုဖြစ်နေမှုက သင့်ကိုယ်အလေး ချိန် တက်လာစေဖို့ ဖြစ်စေပါတယ်။ ကျန်းမာရေးပြဿနာများဖြစ်လာစေပါတယ်။ ကိုဗစ် မတိုင်မှီကအမေရိကား မှာ (၄၂%) မှာကိုယ်အလေးချိန်တက်တဲ့ပြဿနာရှိခဲ့တာကိုလေ့လာချက်အရသိရပါတယ်။ နောက်တဖြည်း ဖြည်း ဆယ်စုနှစ်ကာလအတွင် ကိုယ်အလေးချိန် တက်မှုက ပိုဆိုးလာပါတယ်။ မျက်မှောက်ကာလမှာဆိုရင်ကိုယ် အ လေးချိန်တက်မှုမှာ အလွန်ပိုမြင့်မားလာနေပါတယ်။

ဘာကြောင့်ဖိစီးမှုတွေဖြစ်နေရတာလဲဆိုရင်မသင့်တဲ့အစာတွေကိုများစွာစားသုံးခြင်းမှာ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ လိုအပ်တာထက်လွန်ကဲစွာစားသောက်ခြင်းကြောင့် အောက်ပါအ‌နေအထားများဖြစ်လာစေမှု ကိုအားပေးပါတယ်။
• အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း၊
• စိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်ခြင်း၊
• ကင်ဆာရောဂါဖြစ်ခြင်း၊
• ဆိချိုရောဂါဖြစ်ခြင်း၊
• သွေးတိုးရောဂါဖြစ်ခြင်း၊
• လေဖြတ်ခြင်း၊
• နှလုံးရောဂါများဖြစ်ခြင်း၊
• ပန်းနာရင်ကြပ်ရောဂါဖြစ်ခြင်း၊
• သည်းခြေအိပ်ရောဂါဖြစ်ခြင်း၊
• အဆုတ်ရောဂါဖြစ်ခြင်း၊
• အရွယ်မတိုင်မှီစောပြီးသေခြင်း

ကျန်းမာရေးနှင့်ညီပြီးအသီးအရွက်များများပါတဲ့အစားအစာကိုစားခြင်းဖြင့် စိတ်ဖိစီးမှုကိုအကောင်းဆုံးလျော့ကျ စေနိုင်ပါတယ်။ ပိုပြီးကောင်းကောင်းအိပ်နိုင်စေပါတယ်။ အင်အားတွေပိုပြည့်ဝလာစေပါတယ်။ အာရုံစူးစိုက်နိုင် အားပို ကောင်းလာစေပါတယ်။ အလွယ်ရတဲ့အစားအစာတွေကို စားလိုပါက တစ်ခါတစ်ရံသာစားပါ။ အနည်း ဆုံးသာစားပါ။ သင့်ကိုယ်ခန္တာကပြောနေတာကိုနားထောင်ပါ။

၁၆။ ဘောင်အကန့်အသတ်ချမှတ်ထားပါ။

တစ်ခါတစ်ရံမှာ ဖိစီးမှုဖြစ်စေတဲ့အခြေအနေကိုအကောင်းဆုံးကိုင်တွယ်တဲ့နည်းမှာ မိမိမလုပ်နိုင်တာကိုမလုပ်နိုင် ကြောင်း ပြောလိုက်ခြင်းပင်ဖြစ်ပါတယ်။ မလုပ်နိုင်ကြောင်းပြောရခြင်းနှင့် ဘောင်အကန့်အသတ်မှာချမှတ်ထား ရခြင်းမှာ စိတ်အနှောက်အယှက်ဖြစ်စရာတော့ကောင်းပါတယ်။ အထူးသဖြင့် မိမိအလုပ်မှာ အကြီးအကဲကိုကျေ နပ် အောင် လုပ်ချင်တဲ့အခါ ပိုခက်ခဲစေပါတယ်။ မိမိအိမ်ထောင်ဘက်ကိုကျေနပ်အောင် လုပ်ချင်တဲ့အခါခက်ခဲစေ ပါတယ်။သူငယ်ချင်း၊ အလုပ်လုပ်ဖော်များကို မလုပ်နိုင်ကြောင်းပြောရမှာ ခက်ခဲပါတယ်။ ဒါပေမဲ့ လူတိုင်းမှာလုပ် နိုင်တဲ့အတိုင်းအတာနှင့်မလုပ်နိုင်တဲ့အတိုင်းအတာဆိုတာရှိပါတယ်။ မနိုင်ဝန်ကိုထမ်းခြင်းဖြင့် စိတ်ဖိစီးမှုများမလို အပ်ဘဲဖြစ်လာစေနိုင်ပါတယ်။
အောက်ပါအခြေအနေများကိုစဥ်းစားကြည့်ပါ။ အဲဒီအခြေအနေများမှာ မလုပ်နိုင်ကြောင်း ပြောဆိုခြင်းမှာ သင့် စိတ်ကျန်းမာရေးအတွက်အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။
• လုပ်ဆောင်ပေးရမဲ့လုပ်ငန်းမှာ မိမိဘဝမှာ ပိုအရေးကြီးတဲ့လုပ်ငန်းကိုအနှောက်အယှက်ပေးလာတဲ့အခါ၊
• လုပ်ပေးရမဲ့လုပ်ငန်းက သင်ပေးနိုင်တဲ့အချိန်ထက် ပိုပေးရန် လိုအပ်နေတဲ့အခါ၊
• လုပ်ပေးရမဲ့လုပ်ငန်းမှာပါဝင်လုပ်ချင်တဲ့စိတ်မရှိဖြစ်နေပြီးဖိအားပေးခံရတယ်လို့စိတ်မှာခံစားရတဲ့အခါ၊
• မိမိမှာအချိန် လုံလောက်အောင်မပေးနိုင်တဲ့အခါ တစ်ခုခုကို လုပ်ဆောင်ရန်ဖိအားပေးခံရတယ်လို့ခံစား ရတဲ့အခါ၊
မလုပ်နိုင်ကြောင်းပြောဆိုတဲ့အခါ စိတ်ထဲမှာထားသင့်တဲ့အချက်များ
• သင်ဟာတစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်ပါ၊ မိမိမှာလုပ်ဆောင်ရမဲ့အလုပ်တွေပြီးအောင်လုပ်စရာတွေ များနေတဲ့အတွက်ဖြစ်ပါစေ။
• မိမိဘဝမှာမလိုအပ်ဘဲစိတ်ဖိစီးမှုတွေကိုဖြစ်စေမဲ့အလုပ်များကို လုပ်မပေးနိုင်ကြောင်း ပြောရာမှာ မိမိစိတ်ကျန်းမာရေးကို လေးစားတန်ဖိုးထားပြီးပြောဆိုပါ။
• သင့်အနေဖြင့် အခြားစိတ်ဝင်စားတာကို ပြုလုပ်နိုင်ရန် မိမိကိုမိမိခွင့် ပြုပါ။

မလုပ်နိုင်ကြောင်း ဘယ်လိုပြောမလဲ။

မလုပ်ပေးနိုင်ကြောင်းပြောရတာလူအများအတွက်စိတ်မသက်မသာဖြစ်စေပါတယ်။ အောက်ဘက်မှာ မလုပ်ပေးနိုင်ကြောင်းပြောတဲ့အခါ လိုက်နာသင့်တဲ့အကြံပြုချက်များပေးထားပါတယ်။

တိုတိုပြောပါ။

သင့်စိတ်မဝင်စားတဲ့ကိစ္စအတွက် မလုပ်ပေးနိုင်ကြောင်းကို အကျယ်ချဲ့ပြီးအကြောင်းပြ ပြောနေစရာမလို အပ် ပါဘူး။ မေတ္တာရပ်ခံချက်ကို လုပ်မပေးနိုင်ကြောင်း မိမိအခြေအနေကိုပြောပြပါ။ မလုပ်ပေးနိုင်တာအတွက် ဝမ်း နည်းပါတယ်ဆိုတာ လောက်ပြောရင်လုံလောက်ပါတယ်။

လေးလေးစားစား‌ပြောပါ။

အခွင့်အလမ်းပေးလာသူများကို လေးစားကြောင်းပြပါ။ အခွင့်အလမ်းပေးမှုအတွက် ပေးလာသူကို ကျေးဇူးတင် ကြောင်းအသိအမှတ်ပြုပြောပါ။ အခွင့်အလမ်းပေးလာသူရဲ့ရက်ရောမှုအတွက်ကျေးဇူးတင်ပါ။ ဒါပေမဲ့သင့်အနေ ဖြင့် လုပ်စရာတွေရှိနေတဲ့အတွက် လုပ်ဆောင်မပေးနိုင်ကြောင်း ပြောပြပါ။
ခိုင်မာပြီးရှေ့နောက်ညီညွတ်ပါ။

မေတ္တာရပ်ခံမှုကို လုပ်မေပေးနိုင်ကြောင်း ငြင်းဆိုရမှုကို တစ်ကြိမ်မက ပြုလုပ်ရတာမျိုကြုံနိုင်ပါတယ်။ နောက် ထပ်ငြင်းပယ်တဲ့အခါမှာလည်းမူလကပြတဲ့အကြောင်းပြချက်အတိုင်းရှေ့နောက်ညီစွာအကျိုအကြောင်းပြပြီးမ လုပ်ပေးနိုင်ကြောင်းပြောဆိုပါ။

၁ရ။ သင့်အတွက်အထောက်အကူပေးမဲ့လူမှုကွန်ယက်ကို အားကောင်းအောင်ပြူလုပ်ပါ။

မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အားကောင်းတဲ့အပြန်အလှန်ဆက်သွယ်ကူညီတဲ့ကွန်ယက်ကို ခိုင်မာ အားကောင်းစွာထူထောင်ထားပါက စိတ်ဖိစီးမှုဖြစ်စေမှုအပါအဝင်ကျန်မားရေးဆိုင်ရာပြဿနာများစွာမှ အကာ အကွယ်ရစေမှာဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံဆိုင်ရာအပြန်အလှန် အကူအညီရဖို့အတွက် သင့်အနေဖြင့် အလွန်ကျယ်ပြန့်တဲ့လူမှု ကွန်ယက်ကို ထူထောင်ထားရန်မလိုအပ်ပါဘူး။ သင့်အနေဖြင့် ယုံကြည်အားထားနိုင် သူ အနည်းငယ်ရှိရင်ပင်အခက်အခဲကြုံလာတဲ့အခါ သူတို့ထံမှအကူအညီများရရှိလာနိုင်ပါတယ်။

တစ်ယောက်တည်းအဖော်မဲ့နေမှု

တစ်ယောက်တည်း အများနှင့်အပေါင်းအသင်းမဖြစ်ဘဲနေနေရခြင်းမှာ သွေးတိုးရောဂါဖြစ်စေနိုင်ပြီးဘေး များ စေနိုင်ပါတယ်။သိမှုပိုင်းလုပ်ဆောင်နိုင်မှုများကျဆင်းလာစေပါတယ်။ စိတ်ပိုင်းနာမကျန်းဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါများဖြစ်လာစေနိုင်ပါတယ်။ နာမကျန်းဖြစ်လာနိုင်မှုများကိုခုခံနိုင်စွမ်းအားကျဆင်းလာစေနိုင်ပါတယ်။

အသက် (၅၀)နှင့်အထက် လူကြီးများတွင် တစ်ယောက်တည်းအဖေါ်မဲ့မှုကြောင့် အောက်ပါအခြေအနေများ ဖြစ် နိုင်ကြောင်း CDC (Center for deceases prevention and control)ကထောက်ပြထားပါတယ်။ (ရောဂါများမဖြစ်အောင်ကာကွယ်ရေးဌာန)
• အကြောင်းအမျိုးမျိုးကြောင့် အချိန်စောပြီးသေဆုံ;နိုင်ခြင်း၊
• မေ့လျော့တဲ့ရောဂါဖြစ်လာနိုင်ခြေ (၅၀)ရာနှုန်းအထက်မှာရှိခြင်း၊
• နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း၊ (၂၉) ရာခိုင်နှုန်းနှင့် လေဖြတ်နိုင်ခြေ (၃၂)ရာခိုင်နှုန်းအထိရှိနိုင်ခြင်း၊
• စိတ်ပူပင်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းနှင့်မိမိကိုယ်မိမိသတ်သေနိုင်ခြေများလာခြင်း၊
• နှလုံးရောဂါအခံရှိသူများအတွက် သေဆုံးနိုင်‌ခြေလေးဆနီးပါးပိုများခြင်း၊
CDCအစီရင်ခံစာမှာ ဖော်ပြထားချက်ကတော့ LGBTQIA+ and Latinx နယ်စပ်ဖြတ်ကျော်လာသူများအနေဖြင့် လူမှုအဆက်အသွယ်ကင်းပြတ်ခြင်းနှင့် တစ်ဦးတည်းဖြစ်နေမှုများပို ဖြစ်ရန်အလားအလာများနိုင်ကြောင်း သိ ရပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ခွဲခြားဆက်ဆံခံရမှုနှင့် ပြုစုစောင့် ရှောက်မှုပေးတဲ့အခါမှာ အကန့်အသတ်တွေ၊ အဟန့်အတားတွေရှိနေမှုလည်းပါပါတယ်။

ဆက်သွယ်ရေးကွန်ယက်ကို ဘယ်လို ထူထောင်မလဲ

လူမှုအဆက်အသွယ်ရအောင် လူမှုကွန်ယက်ထူထောင်ဖို့မှာ ခက်ခဲနေတတ်ပါတယ်။ တကယ်တော့ အဲဒီလို မဖြစ်သင့်ပါ။ လူသစ်တွေနဲ့တွေ့နိုင်တဲ့နည်းလမ်းတွေများစွာရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်များနှင့်စကားပြော ခြင်း၊ အများအကျိုးဆောင်တဲ့လူတွေနှင့်စကားသွားပြောခြင်း၊ မိမိစိတ်ဝင်စားမှုအလိုက် ကလပ်အသင်းများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ စတာတွေလုပ်နိုင်ပါတယ်။ လူသစ်တွေနှင့်တွေ့နိုင်တဲ့အနေအထားတွေမှာ မဆုံးနိုင်အောင် များလှပါတယ်။ အောက်ဘက်မှာ လူမှုအထောက်အပံ့ကွန်ယက်ထူထောင်ရန်အထောက်အကူပြုတဲ့ နည်းလမ်း များကိုဖော်ပြထားပါတယ်။

အမျိုးမျိုးပေါင်းစပ်မှုကအရေးပါပါတယ်။

လူအရေအတွက်ဘယ်လောက်နှင့် ထိတွေ့ပေါင်းသလဲဆိုတာထက် လူအမျိုးမျိုးနှင့်အပြန်အလှန်ဆက်ဆံရေးရှိ ခြင်းက ပိုအရေးကြီးကြောင်းလေ့လာချက်သုတေသနများကထောက်ပြနေပါတယ်။ နမူနာအားဖြင့် သူငယ်ချင်း တစ်‌ယောက်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ မိသားစုဝင်တစ်ဦးနှင့်အပြန်အလှန်ထိတွေ့ဆက်ဆံရခြင်းက မိ သားစုဝင် (၃)ဦးနှင့်အပြန်အလှန်ထိတွေ့ဆက်ဆံရခြင်းထက် စိတ်မှာ အားတက်စရာများ၊ စိတ်ဝင်စားစရာများ ပိုဖြစ်စေနိုင်ပါတယ်။ အဲဒီလိုဖြစ်စေတဲ့အကြောင်းကတော့ မတူတဲ့အပြန်အလှန်ဆက်ဆံရေးက မတူတဲ့အတွေ့ အကြုံနှင့် အထောက်အကူများရရှိစေတဲ့အတွက်ဖြစ်ပါတယ်။

ဆန်းသစ်တီထွင်ပါ။

သင့်အနေဖြင့် ပုံမှန်လုပ်နေကျလုပ်ငန်းများတွင် လူအများနှင့်အပြန်အလှန်ဆက်ဆံနိုင်တဲ့အခွင့်အလမ်း သိပ်မရပါ က အခြားလုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေများစွာရှိပါတယ်။ ဥပမာ ကလပ်အသင်းတစ်ခုမှာအဖွဲ့ဝင်ပြုလုပ်လိုက် ခြင်း၊ အားကစားရုံမှာအဖွဲ့ဝင်အဖြစ် ပါဝင်လိုက်ခြင်းစတာမျိုးတွေပြုလုပ်နိုင်ပါတယ်။ မိမိစိတ်ဝင်စားတဲ့လုပ်ငန်း အတွက် အများအကျိုးပြုလုပ်ဆောင်တဲ့အဖွဲ့မှာအဖွဲ့ဝင်အဖြစ်ပါဝင် ဆောင်ရွက်ခြင်းကလည်းစိတ်ဝင်စားမှုတူသူ များနှင့်အပြန်အလှန်ထိတွေ့ဆက်ဆံမှုများစွာရရှိစေနိုင်ပါတယ်။ အဲဒီလို လူအချင်းချင်းတိုက်ရိုက်ထိတွေနိုင်တဲ့ အခွင့်မရဘူးဆိုရင် အွန်လိုင်းမှာ မိမိစိတ်ဝင်စားတဲ့လူမှုကွန်ယက်တွေရှိပါတယ်။ ဆက်သွယ်ပြီး အပြန်အလှန် ဆက် သွယ်နိုင်စေပါတယ်။ အဲဒီလိုလုပ်ဆောင်ရင်လူအသစ်တွေနှင့် ဆက်သွယ်နိုင်စေပြီးစိတ်တူသဘောတူ များနှင့် ထိတွေ့ခွင့်ရလျက်ချစ်ခင်စွာအပြန်အလှန်ဆက်သွယ်နေနိုင်မှာဖြစ်ပါတယ်။

လူမှုကွန်ယက်ကို ထိန်းသိမ်းထားခြင်း

လူမှုကွန်က်မှာပါဝင်သူများနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံမှုကို ကောင်းစွာထိန်းသိမ်းဖို့မှာ အဲဒီအသင်းအဖွဲ့လုပ် ငန်း မှာ တက်ကြွစွာပါဝင်လုပ်ကိုင်ဖို့ဖြစ်ပါတယ်။ အောက်ဘက်မှာဖော်ပြထားတဲ့နည်းလမ်းတွေကို လိုက်နာကျင့် သုံးမယ်ဆိုရင် အပြန်အလှန် ဆက်ဆံရေးကို ကောင်းစွာထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

အပြန်အလှန်ထိတွေ့ဆက်ဆံနေရသူများကို တန်ဖိုးထားအသိအမှတ်ပြုပါ။
သင်နှင့် ပူပေါင်း လုပ်ဆောင်နေသူများရဲ့ လုပ်ရပ်များကို တန်ဖိုးထားပြီးအသိအမှတ်ပြုပါ။ သူငယ်ချင်းများနှင့် မိသားစုဝင်များအားသူတို့ကသင့်အတွက် ပေးနေတဲ့အထောက်အကူများအတွက် ကျေဇူးတင်‌ကြောင်းအသိ အမှတ်ပြုပြောဆိုပါ။ နှုတ်မှကျေးဇူးတင်ကြောင်းပြောသလို၊ စာဖြင့်ဖြစ်စေ၊ လက်ဆောင်လေးများပေးခြင်းဖြင့် ဖြစ်စေ ကျေးဇူးတင်‌ကြောင်း ပြပါ။
အပြန်အလှန်ထိတွေ့ဆက်ဆံနေရသူများအကျိုးအတွက်မိမိအချိန်ကိုပေးပါ။
အပြန်အလှန်ထိတွေ့ဆက်ဆံသူများထံမှ အကူအညီရတာကအရေးကြီးသလို သင်ကသူတို့အတွက်အကူအညီ ပေးတာကလည်း အရေးကြီးပါတယ်။

အကူအညီရယူခြင်းနှင့် အကူအညီပြန်ပေးတဲ့လုပ်ငန်းနှစ်ခု ဟန်ချက်မိ အောင် ဖန်တီးနိုင်သူများက ပေးခြင်း သို့မဟုတ်ယူးခြင်းကိုသာအချိုမညီလုပ်ဆောင်နေသူများထက် အကြောင်း အမျိုး မျိုးကြောင့် အသက်သေဆုံးစေနိုင်မှုဘေးလျော့နည်းစေကြောင်း ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့လေ့လာ ချက် တွင် တွေ့ရှိထားပါတယ်။ အများနှင့်အပြန်အလှန်ထိတွေ့ဆက်ဆံတဲ့အခါမှာ အခြားလူများပြောဆိုချက်တွေကို တက် ကြွစွာနားထောင်တဲ့အလေ့အကျင့်ကလည်း မိမိနှင့် ထိတွေ့ဆက်ဆံနေသူများအပေါ် ပိုရင်းနှီးစေပြီး အချင်း ချင်း အားကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးကို ဖြစ်လာစေပါတယ်။

မိတ်ဆွေကောင်းဖြစ်ပါ။

မိမိအပေါ်အခြားလူတွေက ဆက်ဆံစေချင်သလို အခြားလူတွေအပေါ်လည်းမိမိကဆက်ဆံပါ။ ဆိုလိုတာက မိမိနှင့် ထိတွေဆက်ဆံနေသူများအမှားပြုမိတဲ့အခါ နားလည်ပြီး ထောက်ထားစာနာမှုပြရန်ဖြစ်ပါတယ်။ သူတို့ ကမိမိအပေါ်ယုံကြည်အားထားတဲ့အတွက် ဖွင့် ပြောလာတဲ့လျို့ဝျက်ချက်များကို လျို့ဝှက်ထားပေးရန် လိုအပ် ပါတယ်။ မိမိနှင့် ဆက်သွယ်လုပ်ဆောင်နေသူတွေကအခြားလူတွေနှင့် ပိုကောင်းတဲ့အပြန်အလှန်ဆက်ဆံရေး မျိုးတည်ဆောက်လာနိုင်တာကို မနာလိုဝန်တိုမှုများမဖြစ်ရန် အထူးသတိရှိရန် လိုအပ်ပါတယ်။
စိတ်ဖိစီးမှုဖြစ်တဲ့အခါအပြန်အလှန်ကူညီအားပေးခြင်းရဲ့အကျိုးရလဒ်များ
အထက်မှာဖော်ပြခဲ့တဲ့ ကိုယ်လက်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ဘေးတွေလျော့ကျစေတဲ့အပြင် လူမှုကွန် ယက်တွင်အပြန်အလှန် အကူအညီပေးခြင်းက

အောက်ပါအကျိုးများကိုဖြစ်စေကြောင်းအထောက်အထားများ စွာရှိပါတယ်။

• စိတ်ဖိစီးမှုဖြစ်နေရာမှ မြန်မြန်ဆန်ဆန် ပုံမှန်စိတ်အနေအထားပြန်ဖြစ်လာစေခြင်း၊
• ကြုံနေရတဲ့စိတ်ဖိစီးမှုအနေအထားကိုမိမိတစ်ယောက်တည်း ကိုင်တွယ်နိုင်စွမ်းတိုးတက်လာခြင်း၊
• မိမိကိုယ်မိမိတန်ဖိုးထားလေစားမှုတိုးတက်လာခြင်းနှင့်မိမိကိုယ်တိုင်လုပ်နိုင်စွမ်းများတိုးတက်လာခြင်း၊
• စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့နောက်ဆက်တဲ့ပြဿနာများဖြစ်တဲ့စိတ်ဓာတ်ကျဆင်းနေမှုနဲ့ စိတ်ကျန်းမာ ရေးပြဿနာများကို ကိုကာကွယ်နိုင်လာခြင်း၊

မိတ်ဆွေများစိတ်ဖိစီးမှုများကိုသက်သာအောင် လျော့ကျအောင် ပြုလုပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Quick Stress Relief - HelpGuide.org

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...