Monday, February 3, 2025

ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ Food for Thought 830 ဒေါက်တာသိန်းလွင်

 May be an image of text
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ

ကြင်နာတတ်သူတွေမှာတွေ့ရတတ်တဲ့လက္ခဏာတွေကတော့ အခြားလူတွေအတွက် ထည့်သွင်းစဥ်းစား တတ်မှု၊ ထောက်ထားစာနာတတ်မှု၊ အခြားလူများအတွက်အကျိုးဆောင်တတ်မှုတို့ဖြစ်ကြပါတယ်။ ကြင်နာတတ်သူတွေဟာအခြားလူတွေနေရာမှဝင်ပြီးမြင်အောင်ကြည့်နိုင်ကြပါတယ်။ မတူကွဲပြားမှုများ ရှိပေမဲ့ အခြားလူတွေအနေအထားကိုလည်း နားလည်နိုင်ကြပါတယ်။ အခြားလူတွေကိုလေးစားစွာဆက် ဆံပြုမူတတ်ကြပါတယ်။ အကူအညီလိုအပ်သူများကို ကူညီရန် မိမိတို့ရဲ့အချိန်နှင့်ရင်းမြစ်များကို ရက်ရောစွာအသုံးပြုတတ်ကြပါတယ်။ အချုပ်အားဖြင့် ပြောရရင်ကြင်နာမှုဆိုတာ အခြားလူတွေအတွက် ကောင်းတဲ့စိတ်ထားခြင်းဖြစ်ပါတယ်၊ အခြားလူများနှင့် အားကောင်းပြီး အပြုသဘောဆောင်တဲ့အပြန် အလှန်ဆက်သွယ်ရေးကို တည်ဆောက်နိုင်ရန်စိတ်ကောင်းထားလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အလွန်တန် ဖိုး ကြီးတဲ့လက္ခဏာဖြစ်ပါတယ်။
ဘာကြောင့်ကြင်နာကြတာလဲ။
သင့်အနေနဲ့အောက်ပါအလေ့အကျင့်များကိုလေ့ကျင့်ပြီး ပိုယုံကြည်အားထားနိုင်သူတစ်ယောက်ဖြစ် လာ အောင် မိမိကိုယ်ကျင့်သိက္ခာကို ယက်လုပ်တည်ဆောက်နိုင်ပါတယ်။
• မိမိရဲ့အပြုအမူလုပ်ဆောင်ချက်များက အခြားလူတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိစေကြောင်း သိ နားလည်အောင် မိမိကိုယ်မိမိ ပိုသိနားလည်အောင် သတိဖြင့် ပြုမူလုပ်ကိုင်တဲ့အလေ့အကျင့် ကိုလေ့ကျင့်ပျိုးထောင်နိုင်ပါတယ်။
• အခြားလူတွေရဲ့လိုအပ်ချက်များကို သိနားလည်ပြီးသူတို့နေရာမှဝင်ကြည့်တဲ့စိတ်ကိုပင်ကိုယ် အားဖြင့်ရှိနေပြီးပိုအားကောင်းလာအောင် တိုးမြှင့်လေ့ကျင့်မွေးမြူနိင်ပါတယ်။
• ကြင်နာတတ်မှုဆိုတာ အလွန်တန်ဖိုးရှိတဲ့တန်ဖိုးထားမှုတစ်ခုဖြစ်ပြီး နေ့စဥ်ဘဝမှာအဲဒီတန်ဖိုးကို တက်ကြွစွာအသုံးပြုခြင်းက အလွန်အကျိုးများစေကြောင်း ယုံကြည်လေ့ကျင့်ပေးနိုင်ပါတယ်။
• သင့်အနေဖြင့် ကြင်နာတတ်မှုကိုအားပေးပြီး ကြင်နာတတ်အောင်လေ့ကျင့်ပျိုးထောင်ပေးတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာမှုကလည်းအရေးကြီးပါတယ်။
• ကြင်နာတတ်မှုနဲ့အခြားလူများနေရာမှဝင်ကြည့်တတ်တဲ့အလေ့အကျင့်ကောင်းကို စံနမူနာပြမဲ့ နမူနာပြမဲ့လူရှိခြင်းကလည်းအရေးကြီးတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။
• မိမိအပေါ်အခြားလူများကကြင်နာစွာပြုမူပြောဆိုဆက်ဆံတာကို ခံရပြီး ကိုယ်တိုင်ကြည်နူးဝမ်း သာရသလိုအခြားလူများကြည်နူးဝမ်းသာစေရန် ကြင်နာစွာပြုမူပြောဆိုဆက်ဆံလိုတဲ့စိတ် ကောင်းမွေးလေ့ကျင့် လိုစိတ်ဖြစ်လာပါတယ်။
• ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်လာရင်မှန်ကန်တာပြုလုပ်ရန်နှင့်အခြားလူတွေအပေါ်မှာကောင်းစွာ ပြု မူပြောဆိုဆက်ဆံရန် အားကောင်းတဲ့ ကိုယ်ပိုင်အကျင့်စာရိတ္တပိုင်းဆိုင်ရာ စံသတ်မှတ် ချက်ထားရှိပါတယ်။
ကြင်နာတတ်မှုနဲ့ပတ်သက်တဲ့စိတ်နေစိတ်ထား
အောက်ပါစိတ်နေစိတ်ထားများရှိပါက ကြင်နာစွာဆက်ဆံတတ်ကြောင်းသိနိုင်ပါတယ်။
• အမြင်ကျယ်ပြီး၊ ပွင့်လင်းတဲ့စိတ်နေစိတ်ထားရှိခြင်း၊
• ယဥ်ကျေးသိမ်မွေ့ခြင်၊
• မိမိကိုယ်ကျိုးကိုထိပ်တန်းမတင်ခြင်း၊
• ကျေးဇူးတရားသိတတ်ခြင်း၊
• မိမိကိုယ်ကိုနှိမ်ချခြင်း၊
• ခွင့်လွှတ်တတ်ခြင်း၊
• သည်းခံတတ်ခြင်း၊
• ရက်ရောစွာပေးကမ်းစွန့်ကျဲတတ်ခြင်း၊
• လူတွေကိုလေးလေးစားစားပြုမူပြောဆိုဆက်ဆံတတ်ခြင်း၊
• လူတွေရဲ့ရှုထောင့်အမြင်များအပေါ်နားလည်တတ်ခြင်း၊
• စိတ်ရှည်သည်းခံတတ်ခြင်း၊
• ထောက်ထားစာနာတတ်ခြင်း၊
• အခြားလူတွေနေရာမှဝင်ကြည့်မြင်ခံစားတတ်ခြင်း၊
• အခြားလူတွေလိုအပ်ချက်များကို ထည့်သွင်းစဥ်းစားပေးတတ်ခြင်း၊
ကြင်နာမှုနှင် ဆက်စပ်ပြီစဥ်းစားမှုနှင် ရုန်းကန်လှုပ်ရှားမှုများ
ကြင်နာတတ်သူတွေဟာအောက်ပါအတိုင်းစဥ်းစားပြီးရန်းကန်လှုပ်ရှားတတ်ကြပါတယ်။
• ကြင်နာတတ်သူတွေဟာမိမိလုပ်ဆောင်ပေးနိုင်တဲ့ဘောင်ကိုသတ်မှတ်ထားတတ်ပြီး အခြား လူတွေက တောင်းပန်မှု၊ တောင်းဆိုမှုများက ထိုဘောင်ထက်ကျော်လွန်နေပါက ဟင့်အင်းဆို ပြီးကောင်းစွာပြောတတ်ကြပါတယ်။
• ကြင်နာတတ်သူတွေဟာမိမိကိုယ်မိမိစောင့်ရှောက်မှုကို အခြားလူတွေရဲ့ လိုအပ်ချက်များကို သာ လိုက်ဖြည့်ပေးခြင်းထက်ဦးစားပေးလုပ်ဆောင်တတ်တာမျိုးလည်းပြုလုပ်ကြပါတယ်။
• ကြင်နာတတ်သူတွေဟာအခြားလူတွေကျေနပ်အောင်၊ သူတို့ကိုကူညီတတ်သူများလို့ အများ မြင် လာအောင် ပြလိုတဲ့စိတ်ပြင်းပြတဲ့အတွက် အဲဒီအချက်ကိုအခြားလူတွေကအခွင့်ကောင်း ယူသွားသဖြင့် စိတ်မသက်မသာထိခိုက်ခံစားရတတ်ပါတယ်။
• ကြင်နာတတ်သူတွေဟာမိမိလိုအင်ပြည့်ဝရေးနှင့်အခြားလူတွေလိုအင်ကိုဖြည့်ဆည်းပေးရေးတို့မှာရုန်းကန်လှုပ်ရှားရင်းဟန်ချက်မိအောင်နေထိုင်ရတာမျိုးလည်းရှိတတ်ပါတယ်။
• ကြင်နာတတ်သူတွေက ပိုကောင်းတဲ့ကမ္ဘာလောကဖြစ်အောင်လုပ်ပေးဖို့ မိမိတို့မှာတာဝန်ရှိ တယ် လို့ ခံစားကြပါတယ်။ ဒါပေမဲ့ သူတို့ပတ်ဝန်းကျင်မှာတွေ့နေမြင်နေရတဲ့ ပြဿနာများနှင့် မတရားမမျှတမှုများကြောင့် စိတ်ပျက်အားငယ်တာမျိုးလည်းဖြစ်တတ်ကြပါတယ်။
• ကြင်နာတတ်သူတွေဟာ အကူအညီလိုအပ်နေသူတွေကို မကူညီနိုင်တဲ့အခါမျိုး၊ မတော်တဆ မိမိလုပ်မိတဲ့အမှားကြောင့်တစ်ယောက်လောက်ကို ထိခိုက်နာကျင်သွားတာသိလိုက်တဲ့အခါ ငါတို့မှာအပြစ်ရှိတယ်လိုစိတ်မှာ ခံစားကြရပါတယ်။
• တစ်ခါတစ်ရံမှာကြင်နာတတ်သူတွေဟာ သူတို့ရဲ့ကြင်နာစွာလုပ်ဆောင်ကူညီပေးမှုများကို အခြားလူတွေက အသိအမှတ်ပြုခြင်းမရှိတဲ့အခါ၊ စိတ်ပျက်ခြင်း၊ မကျေမချမ်းမှုများ ခံစား ကြရပါတယ်။
ကြင်နာမှုနှင့်ဆက်စပ်နေတဲ့စိတ်လှုပ်ရှားခံစားမှုများ
ကြင်နာတတ်သူများတွင် အောက်ပါစိတ်လှုပ်ရှားခံစးမှုများဖြစ်ပေါ်ရတတ်ကြပါတယ်။
• ထောက်ထားသတိရတတ်ခြင်း၊
• မိမိကိုယ်မိမိနှိမ်ချခြင်း၊
• ခွင့်လွှတ်ခြင်း၊
• သည်းခံခြင်း၊
• အသိအမှတ်ပြုတန်ဖိုထားခြင်း၊
• နားလည်ကြောင်းပြတတ်ခြင်း၊
• ချစ်ခင်ကြောင်းပြတတ်ခြင်း၊
• စိတ်ရှည်မှုပြတတ်ခြင်း၊
• အခြားသူများနေရာမှဝင်ကြည့်မြင်ခံစားတတ်ခြင်း၊
• အခြားလူတွေကိုလေးစားတန်ဖိုးထားတတ်ခြင်း၊
• တကိုယ်ကောင်းဆန်မှုကင်းခြင်း၊
• ကျေးဇူတရားသိတတ်ခြင်း၊
• အခြားလူများအပေါ်ထောက်ထားစာနာတတ်ခြင်း၊
• အခြားလူတွေအပေါ်သနားကြင်နာတတ်ခြင်း၊
• ရက်ရောစွာပေးကမ်းစွန့်ကျဲတတ်ခြင်း၊
ကြင်နာမှုနှင့်ဆက်စပ်နေတဲ့မျက်နှာပေးအမူအရာဖော်ပြချက်များ
ကြင်နာတတ်သူတွေမှာ အောက်ပါမျက်နှာပေးအမူအရာဖော်ပြချက်များကိုတွေ့ရတတ်ပါတယ်။
• မိတ်ဆွေရင်းချာလိုရင်းနှီးဖော်ရွေစွာနှုတ်ဆက်တတ်ခြင်း၊
• သူတို့မျက်လုံးတွေမှာ နူညံ့ပြီး စိတ်အေးလက်အေးအပန်းပြေနေတဲ့အသွင်ဆောင်ခြင်း၊
• ဟန်ဆောင်မှုကင်းတဲ့ပကတိအပြုံးရှိခြင်း၊
• အခြားလူတွေအပေါ်ထောက်ထားစာနာပြီးနားလည်မှုပေးတတ်ခြင်း၊
• ဟန်ဆောင်မှုကင်းတဲ့ပကတိအနေအထားဖြင့် ဦးခေါင်းကို ညွှတ်ပြတတ်ခြင်း၊
• ပါးစပ်မှာလည်း သက်သောင့်သက်သာအနေအထားဖြင့် ပွင့်နေတတ်ခြင်း၊
• ဦးခေါင်းလေးကိုအနည်းငယ်ဘေးဘက်သို့ငဲ့ယိုင်နေတတ်ခြင်း၊
• ခင်မင်ရင်းနှီးစွာမျက်ခုန်းများကို ပင့်ပြီစူးစမ်းတဲ့အမူအရာပြတတ်ခြင်း၊
• နွေးထွေးပြီး စိတ်ပါလက်ပါကြိုဆိုတဲ့အမူအရာပြတတ်ခြင်း၊
ကြင်နာတတ်မှုနှင့် ဆက်စပ်နေတဲ့ ကိုယ်ဟန်အမူအရာများ
ကြင်နာတတ်သူများဟာအောက်ပါကိုယ်ဟန်အမူအရာများပြသတတ်ကြပါတယ်။
• စကားပြောတဲ့အခါ အေးအေးဆေးဆေးရှိပြီးမျက်နှာအမူအရာမှာ သက်သောင့် သက်သာ အနေအထားရှိကြပါတယ်။
• မျက်နှာအမူအရာပျော့ပြောင်းပြီး သိမ်မွေ့နူးညံ့တဲ့အပြုံးရှိတတ်ကြပါတယ်၊
• လူတွေကိုထိတွေ့နှုတ်ဆက်တဲ့အခါ ညင်သာပြီးသိမ်မွေ့တဲ့ထိတွေ့မှု၊ ပွေ့ဖက်မှုများပြု လုပ်တတ်ကြပါတယ်။
• စကားပြောနေသူကို ကောင်းစွာနားထောင်ပြီးအပြည့်အဝ အလေးထားနားထောင်တတ် ပါတယ်။
• ပြောနေတာကိုသဘောတူကြောင်း သို့မဟုတ်နားလည်ကြောင်း ခေါင်းကိုသာသာညှိမ့် ပြ တတ်ကြပါတယ်။
• စကားပြောနေသူဘက်သို့ကိုယ်ကိုအနည်းငယ် ကိုင်းပြီးနားထောင်တတ်ခြင်း၊
• စကားပြောနေသူနှင့်မျက်လုံးချင်းဆုံပြီး ထိုအနေအထားကို ခဏထိန်းထားတတ်ခြင်း၊
• လက်နှစ်ဘက်ကိုကားထားခြင်း၊ လက်ဖဝါးကိုဖွင့်ထားခြင်းစတဲ့ ပွင့်လင်းပြီးကြိုဆိုတဲ့အမူ အရာပြတတ်ခြင်း၊
ကြင်နာတတ်သူတွေမှာတွေ့ရတတ်တဲ့ အပြုအမူများ
ကြင်နာတတ်သူတွေမှာအောက်ပါအမူအရာများကိုတွေ့ရတတ်ပါတယ်။
• သူတိုရဲ့အချိန်၊ ရင်းမြစ်များနှင်အာရုံစူးစိုက်မှုတို့ကို ရက်ရောစွာပေးကမ်းတတ်ပါတယ်။
• စိတ်ရှည်ပြီးနားလည်အောင် လေ့လာတတ်ကြပါတယ်။
• အခြားလူများနေရာမှဝင်ပြီးကြည့်မြင်နားလည်ပေးတတ်ကြပါတယ်။
• အပြုသဘောဆောင်တဲ့စကားသုံးပြီဘေးဖြစ်စေမဲ့သဘောထားမှတ်ချက်မျိုးမပေးဖြစ်အောင်ရှောင်ကြပါတယ်။
• အခြားသူများရဲ့အမှားများကိုခွင့်လွှတ်ပြီး အခြားသူတွေကို ဝေဖန်ကဲ့ရဲ့ပြစ်တင်ခြင်းမပြုလုပ်ပါ။
• အခြားလူများရဲ့ခံစားမှုများကိုထည့်သွင်းစဥ်းစားတတ်ပါတယ်။
• လိုအပ်သူများကို အကူအညီအထောက်အပံ့များပေးတတ်ပါတယ်။
• ကျေးဇူးတရားသိတတ်မှုနှင့် တန်ဖိုးထားအသိအမှတ်ပြုမှုကို ပြတတ်ကြပါတယ်။
• အခြားသူတွေအပေါ် လေးစားပြီး ရိုသေကိုင်းရှိုင်းကြပါတယ်။
ကြင်နာတတ်သူတွေလုပ်လေ့ရှိတဲ့လုပ်ရပ်များ
အောက်ပါတို့မှာကြင်နာတတ်သူတွေပြုလုပ်တတ်တဲ့အပြအမူလုပ်ရပ်များဖြစ်ကြပါတယ်။
• အခြားသူများအားသူတို့ရဲ့စွမ်းဆောင်အောင်မြင်မှုများအတွက် ချီးကျူးအသိအမှတ်ပြုတတ် ပါတယ်။
• ယဥ်ကျေးတဲ့စကားကို ချိုသာတဲ့လေးသံဖြင့် ပြောတတ်ပါတယ်။
• အခြားသူများအားတက်အောင်အသိအမှတ်ပြုအားပေးတတ်ပါတယ်။
• လိုအပ်သူများအတွက်အကူအညီအပံ့အပိုးပေးတတ်ကြပါတယ်။
• ကျေးဇူးတရားသိတတ်မှုနဲ့ အသိအမှတ်ပြုတတ်ကြပါတယ်။
• အခြားသူများနေရာမှဝင်ကြည့်တတ်ပြီးနားလည်မှုပြတတ်ကြပါတယ်။
• အပျက်သဘောဆောင်ပြီး နာကျင်စေတဲ့စကာများကို ရှောင်ရှားတတ်ကြပါတယ်။
• “ကျေးဇူးပြုလို့” “ကျေးဇူးတင်ပါတယ်”တို့ကို ယဥ်ကျေးစွာသုံးတတ်ကြပါတယ်။
• လိုအပ်တဲ့အခါ ခွင့်တောင်ခြင်း တောင်းပန်ခြင်းများပြုလုပ်တတ်ကြပါတယ်။
ကြင်နာတတ်သူတွေမှာတွေ့ရတတ်တဲ့အပြန်အလှန်ဆက်ဆံရေးများ
ကြင်နာတတ်သူတွေမှာ အောက်ပါအပြန်အလှန်ဆက်ဆံရေးများတွေ့ရတတ်ပါတယ်။
• အခြားလူများနေရာမှဝင်ကြည့်တတ်ခြင်းနှင့် ထောက်ထားစာနာတတ်မှုပြတတ်တဲ့အတွက် လူတွေနှင့် နက်ရှိုင်းတဲ့အပြန်အလှန်ဆက်ဆံရေးရှိတတ်ကြပါတယ်။
• လူတွေနှင့်အပြုသဘောဆောင်ပြီး အထောက်အကူပေးတတ်တဲ့အပြန်အလှန်ဆက်သွယ်မှုမျိုး ရှိတတ်ကြပါတယ်။
• အခြားသူများရဲ့အမှားများနှင့် နားလည်ခွင့်လွှတ်တတ်ကြတဲ့အတွက် ပိုကောင်းတဲ့အပြန်အလှန် ဆက်ဆံရေးကို ထူထောင်နိုင်ကြပါတယ်။
• သူတို့ဟာပဋိပက္ခဖြစ်နေတဲ့အနေအထားမှာ ငြိမ်းချမ်းဖို့ ဖန်တီးပေးသူများဖြစ်လာတတ်ကြ ပါ တယ်။ နှစ်ဦးနှစ်ဖက်ပြေလည်စေပြီးအကျိုးရှိစေမဲ့ဖြေရှင်းနည်းဖြင့် အတူယှဥ်တွဲနေနထိုင် နိုင်ရေးကိုဖော်ဆောင်ပေးတတ်ကြပါတယ်။
• ကြင်နာတတ်သူတွေဟာအခြားလူတွေပိုကြင်နာတတ်အောင် ထောက်ထားစာနာတတ်လာ အောင် နှင့် ကြင်နာတတ်မှုကို သူတို့နေထိုင်ရာလူမှုအသိုင်းအဝိုင်းနှင့် အပြန်အလှန်ဆက်ဆံ ရေးတို့မှာ ပဲ့တင်သံလိုတန်ပြန်ကောင်းတဲ့အကျိုးသက်ရောက်မှုများဖြစ်လာစေရန် စိတ်အား တက်လာအောင် ပြုလုပ်ပေးတတ်ကြပါတယ်။
ကြင်နာတတ်ခြင်းမှာ ဘယ်လိုအပြုသဘောဆောင်ချက်များရှိပါသလဲ။
ကြင်နာတတ်သူတွေဟာ အောက်ပါအပြုသဘောဆောင်ချက်များရှိကြပါတယ်။ (ဒီဖော်ပြချက်များမှာ ပုဂ္ဂလအစွဲအမြင်များသာဖြစ်ကြပါတယ်။ တစ်ချို့အမြင်များကိုမူ အခြေအနေပေါ်မူတည်လျက် အပြု သဘောဆောင်တယ်လို့မယူဆဘဲအပျက်သဘောဆောင်တယ်လို့ပင်မြင်နိုင်ကြပါတယ်။)
• ကြင်နာတတ်ရင် မိမိတို့ရဲ့ ကိုယ်စိတ်နှစ်ဖြာကျန်းမာရေးတိုးတက်ကောင်းမွန်လာစေပါတယ်။
• အပြန်အလှန်ယုံကြည်မှုအားကောင်းစေပြီး လူမှုအသိုင်းအဝိုင်းစိတ်ကို ပိုဖြစ်စေတတ်ပါတယ်။
• လူတိုင်းကို လေးစားပြီး လူတိုင်းဂုဏ်သိက္ခာကို မြင့်မားလာစေပါတယ်။
• လူတွေနှင့်အပြုသဘောဆောင်တဲ့အပြန်အလှန်ဆက်ဆံရေးရှိအောင်မြှင့်တင်ပေးပါတယ်။
• ကြင်နာမှုက ပဋိပက္ခများကို ကင်းဝေးစေပြီး အပြန်အလှန်နားမလည်မှုများမဖြစ်လာအောင် ကာကွယ်ပေးပါတယ်။
• ပိုပြီး ငြိမ်းချမ်းလျက် ညီညွတ်တဲ့ကမ္ဘာလောကကို ဖြစ်လာအောင်အကူအညီပေးပါတယ်။
• ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုများပိုဖြစ်လာအောင်အားပေးပါတယ်။
• အခြားသူများကိုလည်း ပိုကြင်နာလာအောင် နှင့် သူတို့ကိုယ်သူတို့ ပိုကြင်နာတတ်အောင် အားပေးတိုက်တွန်းပါတယ်။
• ကြင်နာမှုက အခြားလူတွေအပေါ် ပိုထောက်ထားနားလည်စေပြီး အခြားလူတွေရှုထောင့်မှ မြင်တတ်အောင် လေ့ကျင့်ပေးပါတယ်။
ကြင်နာတတ်တဲ့စိတ်ထားရှိသူများမှာဖြစ်လာတတ်တဲ့လက္ခဏာများ
ကြင်နာတတ်တဲ့စိတ်ထားရှိသူတွေမှာ အောက်ပါလက္ခဏာများဖြစ်လာတတ်ကြပါတယ်။
• အခြားလူတွေကိုကူညီရန် ပိုပြီးစိတ်အားထက်သန်းတက်ကြွလာပါတယ်။
• ရန်လိုတဲ့သဘော သို့မဟုတ် ရန်ပြုသူကိုရင်ဆိုင်လိုတဲ့သဘောကင်းပြီးမိမိနှင့် အခြားလူများ အတွက် ရပ်တည်နေထိုင်ပုံကိုသင်ယူလာကြပါတယ်။
• မိမိတို့အပေါ်မှားယွင်းစွာပြုမူခဲ့သူများကိုပင် စိတ်ရှည်ခွင့်လွှတ်လာတတ်ကြပါတယ်။
• မိမိကိုယ်မိမိပိုလေးနက်စွာနားလည်လာပြီး မိမိမှာရှိနေတဲ့ဘက်လိုက်အမြင်များကိုပိုသတိထား တတ်လာပါတယ်။
• ကြင်နာစွာလုပ်ဆောင်ပေးမှုက ဘယ်လောက်ပင်သေးငယ်ပေမဲ့ကြီးတဲ့အကျိုးသက် ရောက်မှုရှိ တာကို ပိုသိနားလည်လာပါတယ်။
• မိမိအပေါ် ဝေဖန်ပြစ်တင်ခဲ့သူများအပေါ် ပိုပြီးကိုယ်ချင်းစာတဲ့စိတ်ဖြင့် နားလည်ပေးလာနိုင် ကြပါတယ်။
• မိမိအပေါ်အနိုင်ကျင့်ခံရမှာကိုကြောက်တဲ့စိတ်ကိုကျော်လွန်နိုင်ပြီးမိမိရဲ့စိတ်လှုပ်ရှားခံစားမှုကို ပိုပွင့်လင်းစွာထုတ်ပြောတတ်လာကြပါတယ်။
• ကောင်းမွန်သင့်မြတ်တဲ့ဘောင်ကို ချတတ်ပြီး မဖြစ်နိုင်တာကို အပြစ်ကင်းစွာ သို့မဟုတ် မိမိ ကိုယ်ကျိုး အလေးထားမှုကင်းစွာငြင်းလာတတ်ပါတယ်။
• မိမိတို့မှာရှိတဲ့အားနည်းချက်များနှင့် ပြုလုပ်မိတဲ့အမှားများအတွက်မိမိကိုယ်မိမိခွင့် လွှတ်ရန် သင်ယူးလာကြပါတယ်။

မိတ်ဆွေများမှာရှိတဲ့ကြင်နာတဲ့စိတ်ထားကို ပိုပွားများနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...