ဒီနေ့ “ကလေးငယ်တွေကိုပျော်ရွှင်စေတဲ့ (၁၁) နည်း”အကြောင်းကို Food for Thought 831 အဖုစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ကလေးငယ်တွေကိုပျော်ရွှင်စေတဲ့ (၁၁) နည်း
ပျော်ရွှင်တဲ့ကလေးငယ်တွေမှာ
တူညီတဲ့အချက်တွေရှိတယ်လို့လေ့လာဆန်းစစ် ချက် အရ တွေ့ရှိခဲ့ကြတယ်။
အဲဒီတူညီချက်တွေက မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ အ
ကောင်းမြင်တတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်ခြင်းတွေဖြစ်တယ်။
ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်နဲ့ကိုက်ညီတဲ့ အကြံ(၁၁)ချက်နဲ့
ပျော်ရွှင်ကျန်းမာတဲ့ကလေး တစ် ယောက် ပြုစုပျိုးထောင်နိုင်အောင်
ထုတ်ဖော်တင်ပြလိုက်ပါတယ်။
(၁) ကလေးငယ်ကို ဆော့ကစားဖို့အချိန်ပေးပါ။ နေ့စဉ်ဘဝကို စည်းကမ်းချက်တွေနဲ့ သာသတ်မှတ်မထားပါနဲ့။
အမေရိကန်
ကလေးပညာဖွံ့ဖြိုးရေး ပညာရှင် Thomas. Armstrongက လွတ်လွတ်လပ် လပ်
ဆော့ကစားခြင်းက အစီအစဉ်ဆွဲပြီးသတ်မှတ်တဲ့ ကစားနည်းတွေထက် ကျောင်း နေစ
ကလေးငယ်တွေကို ပိုကျန်းမာစေတယ်လို့ဆိုတယ်။
ကလေးငယ်ရဲ့အချိန်တွေကို
ကျောင်းစာ၊ သင်တန်းတွေနဲ့ ပြည့်ကျပ်အောင် မိဘတွေစီစဉ် မထားသင့်ဘူး။
ကလေးငယ်တိုင်းဟာ အားလပ်ချိန်၊ လွတ်လွတ်လပ်လပ် ဆော့ကစား ချိန်တွေကို
လိုအပ်ပါတယ်။ ဒီလိုမှ သူတို့ရဲ့တွေးတောစွမ်းရည်တွေကို အတားအဆီးမရှိ
ထုတ်ဖော်နိုင်မှာဖြစ်တယ်။ ပင့်ကူအိမ်ဖွဲ့နေတာကို သူတို့စိမ်ပြေနပြေ
ကြည့်ပါစေ။ ပိုးစုန်း ကြူး ဘာလို့အလင်းဖြာသလဲဆိုတာကို သူတို့လေ့လာပါစေ။
သူတို့ရဲ့သဘာဝအတိုင်း သူ တို့စိတ်ဝင်စားတဲ့ လောကကြီးအကြောင်းကို
သူတို့စူးစမ်းပါစေ။ သင်လည်း သင်ခြေ လှမ်းကိုအရှိန်လျော့
အချိန်ဇယားတွေကိုဘေးဖယ်ပြီး ကလေးနဲ့စည်းဝါးကျကျ ဘဝကို
ခံစားကြည့်နိုင်ပါတယ်။
(၂) တခြားသူကို ဂရုစိုက်ချစ်ခင်တတ်ဖို့ သွန်သင်ညွှန်ပြပါ။
ပျော်ရွှင်တဲ့ကလေးငယ်ဟာ
တခြားလူနဲ့ဆက်နွှယ်တဲ့ခံစားချက်ကို ခံစားနားလည်ဖို့ လိုအပ်တယ်။
ဒီလိုခံစားချက်ကို တခြားကလေးကူညီတာ၊ လူတွေနဲ့ ပြောဆိုဆံဆက် တာကနေ
ရနိုင်တယ်။ ကလေးနဲ့အတူ ကစားစရာတွေ သိမ်းဆည်းတာကို သင်လုပ် နိုင်သလို
ဆင်းရဲတဲ့နိုင်ငံက ကလေးငယ်တွေအတွက် ရံပုံငွေတွေကို အတူထည့်သွင်း
တာမျိုးလည်း လုပ်နိုင်ပါတယ်။ ကျောင်းမှာလုပ်တဲ့ လှုပ်ရှားမှုတွေမှာလည်း
ပါဝင်နိုင် အောင် ကလေးငယ်ကိုအားပေးတတ်ရပါမယ်။ ပညာရှင်တွေရဲ့ဆန်းစစ်ချက်အရ
ကလေး ငယ်တွေဟာ ငယ်ငယ်လေးကတည်းက တခြားလူကိုကူညီရင်း အပျော်တွေ ကို
ကူးစက်ခံစားမိတတ်တယ်။ ကြီးပြင်းလာတဲ့အခါမှာလည်း တခြားလူကိုကူညီတဲ့ အကျင့်
ရှိသွားတယ်လို့ ဆိုပါတယ်။
(၃) အားကစားလုပ်ဖို့ ကူညီအားပေးပါ။
ကလေးငယ်နဲ့အတူ
ဘောလုံးဆော့ကစားတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ...တွေဟာ ကလေးငယ်ရဲ့
ခန္ဓာကိုယ်ကိုကျန်းမာအောင် လေ့ကျင့်ပေးရုံသာမက သူ့ကို ပိုဖော်ရွေ
ပျော်ရွှင်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေက
ကလေးငယ်ရဲ့ စိတ်ဖိအားနဲ့ ခံစားချက်ကို ဖြည်လျော့ပေးနိုင်သလို
သူ့ကိုယ်သူကိုလည်း နှစ်သက်စေပါ တယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့
အားကစားကြောင့်ရတဲ့ ပျော်ရွှင်ကြီးပြင်းမှုတွေကိုလည်း ခံစားစေပါတယ်။
(၄) အမြဲပြုံးရယ်ပါ။
ကလေးငယ်နဲ့
ရယ်စရာတွေပြောပြီး အမြဲပြုံးရယ်ပါ။ ပျော်စရာသီချင်း၊ ရယ်စရာသီချင်း တွေကို
စပ်ဆိုပါ။ ပက်ပက်ဟက်ဟက် ရယ်မောခြင်းက ကလေးနဲ့သင့်ကို ကောင်းကျိုး
တွေရစေပါတယ်။ အားပါးတရ ရယ်မောခြင်းက အကောင်းဆုံး အားကစားတစ်မျိုး ဖြစ်
ပါတယ်။
(၅) ဆန်းသစ်တဲ့ ချီးမွမ်းမှုတွေရှိပါစေ။
ကလေးငယ်မှာ
ကောင်းတဲ့အပြုအမူတွေရှိတဲ့အခါ "ကောင်းတယ်"ဆိုတဲ့ စကားတစ်ခွန်း သာမက
တိကျတဲ့ချီးကျူးမှုတချို့လည်း လိုအပ်ပါတယ်။ သူရဲ့ဘယ်အပြုအမူက လူကိုပို
သတိထားမိစေကြောင်း ဒါမှမဟုတ် အရင်တစ်ခေါက်ထက် ပိုတိုးတက်လာကြောင်း အ
သေးစိပ်တချို့ကိုပြောသင့်တယ်။
ဥပမာ "ဒီမနက်
ကျောင်းပေါက်စောင့် ဦးဦးကို သမီးအရင်စနှုတ်ဆက်လိုက်တယ်။ သမီး သိပ်
လိမ္မာတာပဲ" ဆိုသလိုမျိုး။ ဒါပေမဲ့ ချီးကျူး၊ ချီးမွမ်းပြောတဲ့နေရာမှာ
ကလေးငယ် တွေအတွက် မှားယွင်းတဲ့အကျင့်မဖြစ်အောင်လည်း သတိထားရပါတယ်။
တချို့မိဘတွေ က လက်ဆောင်၊ ငွေကြေးတွေသုံးပြီး ကလေးငယ်ကို ချီးမွမ်းကြတယ်။
ဒီလိုအချိန်မှာ ကလေးငယ်ရဲ့အဓိကစိတ်ကကောင်းမွန်တဲ့အပြုအမူပေါ် မဟုတ်တော့ဘဲ
လက်ဆောင် ငွေကြေးတွေအပေါ် သက်ရောက်သွားတတ်တယ်။
ကိစ္စတစ်ခုဆောင်ရွက်ပြီးတိုင်း ရ လာတဲ့အောင်မြင်မှုနဲ့ အားရကျေနပ်မှုကို
ကလေးငယ်ခံစားအောင် မိဘတွေကသိစေ သင့်တယ်။ လက်ဆောင်ပစ္စည်းနဲ့
ချီးကျူးတာမျိုးမဖြစ်သင့်ပါဘူး။
(၆) ကျန်းမာတဲ့အစားအစာတွေ စားပါစေ။
ကျန်းမာတဲ့အစားအစာတွေဟာ
ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေရုံမက စိတ်ခံ စား မှုကိုလည်း
တည်ငြိမ်စေတယ်။ ထမင်းစားတဲ့အခါဖြစ်ဖြစ် သွားရေစာစားတဲ့အခါ ဖြစ်ဖြစ်
ကျန်းမာတာကိုအဓိကထားပြီး စားသုံးသင့်တယ်။ ဥပမာ-- အဆီနည်း၊ အချို
နည်းတဲ့အစာ၊ လတ်ဆပ်တဲ့အစာ စတာတွေကို မျှမျှတတ စားသုံးသင့်ပါတယ်။
(၇) သူ့ရင်ထဲ ကိန်းဝပ်နေတဲ့ အနုပညာပင်ကိုယ်စွမ်းရည်ကို ဖော်ထုတ်ပါ။
"Mozart
Effect" မိုးဇက်သက်ရောက်မှုဆိုတာ မရှိဘူးလို့ သိပ္ပံပညာရှင်တွေ အတည်ပြုခဲ့
ပေမယ့် ကလေးတော်တော်များများဟာ ဂီတ၊ ပန်းချီ၊ အကစတာတွေနဲ့ ထိတွေ့မိတာနဲ့
ပျော်ရွှင်မြူးတူးလာတတ်ကြတယ်။ ဒီအရာတွေနဲ့ ကလေးငယ်ရဲ့စိတ်လောကကို ပြည့်
ဖြိုးစေနိုင်ပါတယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ ကလေးငယ်တွေဟာ အတီးတွေ
နောက်လိုက်ပြီး ကခုန်တာ ဒါမှမဟုတ် ရောင်စုံခဲတံနဲ့ လျှောက်ခြစ်တာ စတာတွေဟာ
သူတို့ရဲ့အတွင်းစိတ်၊ ခံစားချက်ကို ထုတ်ဖော်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ကလေးငယ်တွေ ပန်းချီဆွဲဝါသနာပါတာ၊ ကတာကို နှစ်သက်တာ၊ ဂီတတူရိယာတွေကို
တီးမှုတ်တာတွေဟာ သူတို့ကိုယ်သူတို့ နှစ်သက်အားကျစေ ပါတယ်။
(၈) မကြာခဏ ပွေ့ဖက်ပါ။
ခပ်ဖွဖွပွေ့ဖက်မှုတစ်ခုက အဆုံးမရှိတဲ့ ဂရုစိုက်ခြင်းတွေ၊ အသံမဲ့ချစ်ခြင်းမေတ္တာတွေကို သယ်ဆောင်ပေးနိုင်ပါတယ်။
လေ့လာဆန်းစစ်ချက်အရ
နွေးထွေးတဲ့ပွေ့ဖက်မှုက လမစေ့ဘဲမွေးတဲ့ ကလေးငယ်ကို ပိုကျန်းမာစေတယ်၊
ပိုသွက်လက်ဖော်ရွေစေတယ်၊ စိတ်ခံစားချက်ကို ပိုတည်ငြိမ်စေ တယ်လို့
ဆိုထားပါတယ်။ လူကြီးတွေအတွက်တော့ နွေးထွေးတဲ့ပွေ့ဖက်မှုက စိတ်ဖိ အားကို
လျော့နည်းစေတယ်၊ ခံစားချက်ကို တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။
(၉) ကလေးပြောတာကို သေသေချာချာနားထောင်ပါ။
ဘယ်အရာကမှ
ရင်ဘတ်နဲ့နားထောင်တာလောက် ကလေးငယ်ကို ပိုဂရုစိုက်ခံရတယ်လို့
ထင်စေတဲ့အရာမရှိတော့ပါဘူး။ သေသေချာချာ နားထောင်တတ်သူတစ်ယောက်ဖြစ်ချင်
ပါသလား၊ ကလေးပြောတဲ့စကားကို နားတစ်ဘက်တည်းနဲ့ နားမထောင်ပါနဲ့။လုပ်လက်စ
အလုပ်ကိုရပ်ပြီး သူပြောတဲ့စကားကို စိတ်ဝင်တစားနားထောင်ပေးပါ။
သူပြောလိုရာကို ပြီးတဲ့အထိ စိတ်ရှည်ရှည်ထား နားထောင်ပေးပါ။ ကြားဖြတ်ပြီး
စကားမပြောပါနဲ့။ အ လျင်စလို မဖြေရှင်းပါနဲ့၊ မြန်မြန် မပြောခိုင်းပါနဲ့။
သူပြောတဲ့အကြောင်းအရာကို သင် ဆယ်ခါပြန်နားထောင်ခဲ့ဖူးလည်း သေသေချာချာ
စိတ်ပါလက်ပါ ထပ်နားထောင်ပေး လိုက်ပါ။ ကလေးငယ်ကို
ကျောင်းပို့ကျောင်းကြိုချိန် ဒါမှမဟုတ် ညအိပ်ရာဝင် ချော့
သိပ်တဲ့အချိန်တွေဟာ နားထောင်တဲ့ အကောင်းဆုံးအချိန်တွေဖြစ်ပါတယ်။
(၁ဝ) အကောင်းဆုံးပြီးပြည့်စုံဖို့ မမျှော်လင့်ပါနဲ့။
ကလေးငယ်တိုင်းကို
အကောင်းဆုံးဖြစ်ဖို့ မိဘတိုင်းမျှော်လင့်ကြတယ်။ တစ်ခါတလေမှာ
သူတို့ရဲ့အပြုအမူတွေကို အလျင်စလို ကျွန်တော်တို့ပြုပြင်ချင်ကြတယ်၊
ပြောင်းလဲချင် ကြတယ်။
ဥပမာ စားပွဲခုံသုတ်တာ
မပြောင်ဘူးလို့ပြောခြင်း၊ ပစ္စည်းကို သတ်မှတ်ထားတဲ့နေရာမှာပဲ
ပြန်ထားခိုင်းခြင်း စတာတွေဖြစ်တယ်။ အရာရာတိုင်းကို အကောင်းဆုံးတောင်းဆိုရင်
ကလေးငယ်တွေရဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ လုပ်ရဲတဲ့သတ္တိတွေ
ကျဆင်းလာစေတတ် တယ်။ ကလေးငယ်တွေ တစ်ခုခုအမှားလုပ်မိတဲ့အခါ
အလျင်စလိုပြုပြင်မပေးခင် "ဒီကိစ္စ က ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့
လုံခြုံရေးမှာ အကျုံးဝင်လား၊ မဝင်လား" ၊ "နောင် ၁ဝနှစ်အကြာမှာ ဒီကိစ္စ
အရေးပါနိုင်သေးလား" ဆိုတာကို အရင်စဉ်းစားပါ။ တကယ်လို့ အရေးမပါဘူးဆိုရင်
ကလေးငယ်ဘာသာလုပ်ပါစေ။
(၁၁) ကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကို လမ်းညွှန်သွန်သင်ပါ။
ဖိနပ်ကြိုးချည်တာကို
သင်ယူတာကအစ မျဉ်းလမ်းဖြတ်ကူးတာကအဆုံးခြေလှမ်းတိုင်း၊ သင်ယူမှုတိုင်းဟာ
ကလေးငယ်ကို ကိုယ့်အားကိုယ်ကိုးစေတဲ့ သင်ခန်းစာတွေဖြစ်တယ်။ ကိစ္စရပ်တွေကို
သူ့ဘာသာဖြေရှင်းနိုင်တဲ့ အင်အားရှိပြီလို့ သူ့ကိုယ်သူ သတိပြုမိတဲ့အခါ
ပျော်ရွှင်ခြင်း၊ အားရကျေနပ်ခြင်းတွေကို သူခံစားမိပါလိမ့်မယ်။
အထက်ကအချက်တွေအားလုံးကို
လူကြီးမိဘတွေလည်း ပိုင်ဆိုင်သင့်ပါတယ်။ ဒီအချက်တွေကို ပိုင်ဆိုင်မှ
ကလေးငယ်တွေကို ပျော်ရွှင်စေဖို့ ဆုံးမသွန်သင်နိုင်မှာ ဖြစ်ပါ တယ်။
ကလေးပျော်အောင်လုပ်ပေးနိုင်တဲ့နည်းတွေကို မှတ်ရလွယ်အောင် အောက်ပါအတိုင်း ရေးစပ် ပြီးမျှဝေ လိုက်ပါတယ်။
• ကစားချိန်မှာကစားခွင့်ပေးလို့၊ ချစ်ခင်တတ်အောင်သင်ပေးပါ။
• ကိုယ်လက်လှုပ်ရှားမှန်မှန်လုပ်လို့၊ ပြုံးပြုံးရွှင်ရွှင်ရယ်မောပါ။
• ကောင်းတာမြင်တိုင်းအသိအမှတ်ပြုလို့၊ကျန်းမာစေတဲ့အစာကျွေးပါ။
• ပင်ကိုယ်စွမ်းရည်ဖော်ထုတ်ပေးလို့၊ မကြာခဏပွေ့ဖက်ပါ။
• ကလေးပြောတာကာင်းစွာနားထောင်ပေးလို့၊ ကောင်းတာဖြစ်ဖို့မျှော်မှန်းပါ။
• ကြုံလာပြဿနာဖြေရှင်းတတ်အောင် နည်းပေးလမ်းပြသင်ပေးပါ။
• ကလေးငယ်များပျော်ရွှင်မှာ။(ပျော်ရွှင်မှာ။)၂
မိတ်ဆွေများကလေးများစိတ်ပျော်ရွှင်အောင် ထားနိုင်ကြပါစေ။ ကလေးပျော်ပြီးလူကြီး များ လည်း စိတ်ချမ်းသာပျော်ရွှင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
No comments:
Post a Comment