Monday, February 3, 2025

မွန်တက်ဆော်ရီသုံးခဲ့သော သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများ Food for Thought 832 မွန်တက်ဆော်ရီသုံးခဲ့သော သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများ

May be an image of 3 people, childrens toy and text
မွန်တက်ဆော်ရီသုံးခဲ့သော သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများ
ဒီနေ့ကလေးများဘက်စုံဖွံ့ဖြိုးဖို့ ” မွန်တက်ဆော်ရီသုံးခဲ့သော သင်ကြားသင်ယူမှုအထောက်အကူပစ္စည်း များ”အကြောင်းကို Food for Thought 832 အဖြစ်မျှဝေလိုက်ပါတယ်။ 


ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

မွန်တက်ဆော်ရီသုံးခဲ့သော သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများ
မွန်တက်ဆော်ရီပညာရေးမှာကလေးတို့ရဲ့သီးခြားလက္ခဏာကိုအ‌ခြေခံပြုထားတဲ့ချဥ်ကပ်နည်းဖြစ်ပြီး ကလေး တွေကိုယ်တိုင်ဦးဆောင်လမ်းထွင်သင်ယူစေလျက် ကလေးတို့ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ဦးတည်ထားပါတယ်။ မွန်တက်ဆော်ရီသုံးသောသင်နည်းတွေမှာဆိုရင် သီးသန့်ဒီဇိုင်းဖော်ထုတ်ထားတဲ့ သင်ကြားသင်ယူးမှုပစ္စည်းများ ကိုသုံးပြီးကလေးတွေမှာသင်ယူမှုအတွေ့အကြုံများဖြစ်လာစေရန်ဦးတည်ထားပါတယ်။ ဒီတင်ပြမှုမှာမွန်တက် ဆော်ရီ သုံးခဲ့တဲ့သင်ကြားသင်ယူမှုပစ္စည်းများအကြောင်းလေ့လာချက်နှင့် အဲဒီသင်ကြားသင်ယူမှုအထောက် အကူပြုပစ္စည်းများက ကလေးများဖွံ့ဖိုးတိုးတက်မှုကို ဘယ်လိုအထောက်အကူပြုကြောင်း ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။

မွန်တက်ဆော်ရီသင်ကြားနည်း

ဒေါက်တာမာရီယာမွန်တက်ဆော်ရီက ၁၉၀၀ခုနှစ်အစောပိုင်းမှာ မွန်တက်ဆော်ရီသင်နည်းများကိုဖန်တီးဖော် ထုတ်ခဲ့ ပါတယ်။ အဲဒီနည်းတွက ကလေးဗဟိုပြုချဥ်းကပ်နည်းဖြစ်ပြီး “ကလေးတွေဆိုတာပင်ကိုယ်သဘာဝ အားဖြင့်စူးစမ်းသိလိုကြပြီး သင်ယူလေ့လာလိုစိတ်ရှိကြပါတယ်ဆိုတဲ့အယူအဆ”ကိုအခြေခံထားပါတယ်၊ မွန် တက်ဆော်ရီရဲ့ဒဿနမှာလည်း “ကလေးတွေဆိုတာ လွတ်လပ်စွာစူးစမ်းလေ့လာမှု နှင့် သူတို့ကိုယ်တိုင် လေ့လာ ရှာဖွေခွင့်ရတဲ့အခါ အကောင်းဆုံးလေ့လာသင်ယူနိုင်ကြပါတယ်”ဆိုတဲ့အမြင်ကိုအခြေခံထားပါတယ်။ ဒါကြောင့် မွန်တက်ဆော်ရီပညာပေးတဲ့အစီအစဥ်တွေမှာဆိုရင် ကလေးတွေကိုလွတ်လပ်စွာလုပ်ကိုင်မှုနှင့် သူတို့အသက်အ ရွယ်အလိုက်လုပ်နိုင်တဲ့နှုန်းထားဖြင့် လှုပ်ရှားလုပ်ဆောင်ခွင့်ပေးပါတယ်။ မွန်တက်ဆော်ရီစာသင်ခန်းတွေမှာ ဆို ရင် ကလေး တွေကို လက်တွေ့ထိကိုင်လုပ်ဆောင်လို့ရတဲ့အတွေ့အကြုံကိုအလေးပေးပြီးစူးစမ်းရှာဖွေလေ့လာ ခြင်းတို့ကို အလေးထားမြှင့်တင်ပေးပါတယ်။ အဲဒီပညာပေးတဲ့အစီအစဥ်မှာ ဆရာတွေကတော့ လမ်းပြအဖြစ် လိုအပ်တဲ့ပံ့ပိုးမှုနှင့် အကူအညီနှင့် လမ်းပြမှုတို့ကို လိုအပ်သလိုပေးပါတယ်။

မွန်တက်ဆော်ရီတီထွင်ဖန်တီးသုံးခဲ့သောသင်ကြားသင်ယူမှုပစ္စည်းများ

မွန်တက်ဆော်ရီတီထွင်ဖန်တီးသုံးခဲ့သော သင်ကြားသင်ယူမှုပစ္စည်းတို့မှာ ကလေးတွေကိုယ်တိုင်ဦးဆောင်လမ်း ထွင် သင်ယူမှုကို အားပေးရန်ဒီဇိုင်းထုတ်ထားပါတယ်။ ကလေးတွေကိုယ်တိုင်စူးစမ်းလေ့လာလိုမှု၊ အသစ်အ ဆန်း ရှာဖွေတွေ့ရှိမှု၊ ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်စေမှုများကို အားပေးရန် အထူးသတိထားပြီးဒီဇိုင်းထုတ် ထားခြင်းဖြစ်ပါတယ်။ မွန်တက်ဆော်ရီနည်းအစပိုင်းတွင် ဖန်တီးထားတဲ့သင်ကြားသင်ယူမှုပစ္စည်းများကို ကလေးများနှင့်ရင်းနှီးအောင်မိတ်ဆက်ပေးပါတယ်။ ပြီးတော့ ဘယ်လိုသုံးရကြောင်းသရုပ်ပြပေးပါတယ်။ လက်တွေ့သရုပ်ပြ လုပ်ဆောင်းပေးမှုအပေါ်အခြေပြုလျက်ကလေးတွေအနေဖြင့် ပေးထားတဲ့သင်ကြားသင်ယူ မှုပစ္စည်းတွေကို သူတို့ကိုယ်တိုင် စူးစမ်းသုံးစေခြင်းဖြင့် ကိုယ့်အားကိုယ်ကိုးသင်ယူမှုကို မြှင့်တင်အားပေးပါ တယ်။ သင်ကြား သင်ယူမှုပစ္စည်းများမှာ သက်မှတ်ထားတဲ့အစီအစဥ်အတိုင်း တိကျစွာ သုံးရပါတယ်။ အဲဒီလို သုံးတဲ့အခါ အစော ပိုင်းသုံးခဲ့တဲ့သင်ကြားသင်ယူမှုပစ္စည်းများအပေါ်အခြေခံလျက် နောက်ဆက်လက်သုံးတဲ့ ကျွမ်းကျင်မှုများ ဆက်လက်တိုးတက်လာစေရန် ဖန်တီးထားပါတယ်။

မွန်တက်ဆော်ရီတီထွင်သုံးခဲ့တဲ့သင်ကြားသင်ယူမှုအထောက်ကူပြုပစ္စည်းများရဲ့အဓိကလက္ခဏာမှာ အထိအတွေ့ အာရုံခံအတွေ့အကြုံများကို အလေးထားအသုံးပြုခြင်းပင်ဖြစ်ပါတယ်။ အဲဒီသင်ကြားသင်ယူမှုအထောက်အကူ ပြုပစ္စည်းတွေက ကလေးတွေရဲ့ အထိအတွေ့၊ အမြင်၊အကြား၊ တက်ကြွစွာလုပ်ဆောင်မှု၊ အာရုံများကိုသုံးပြီး စူး စမ်းလေ့လာရင်သင်ယူမှုအတွေ့အကြုံများရရှိစေရန်ဒီဇိုင်းဖော်ထုတ်ထားခြင်းဖြစ်ပါတယ်။ ကလေးတွေကိုတစ် ခါသင်ရင်ကျွမ်းကျင်မှုတစ်ခု သင်ပေးရင်း အဲဒီသင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများကို ထက်တလဲလဲ သုံးခြင်းမှတစ်ဆင့် သင်ယူမှုရလဒ်ကောင်းများရအောင်အခွင့်အလမ်းများများစွာဖြစ်ပေါ်လာအောင်ဖန်တီးထား ပါတယ်။ အဲဒီချဥ်းကပ်နည်းကြောင့် ကလေးတွေဟာ နောက် ကျွမ်းကျင်မှုတစ်ခုသို့ ကူးပြောင်းလေ့ကျင့်မှုမလုပ် မှီ ပထမလေ့ကျင့်နေတဲ့ကျွမ်းကျင်မှုကို ပိုင်နိုင်အောင် ထပ်တလဲလဲလေ့ကျင့်ပေးပါတယ်။ ဒါကြောင့် မွန်တက် ဆော်ရီနည်းက ဘဝတစ်သက်တာလုံးသင်ယူမှုအတွက် အားကောင်းတဲ့အခြေခံဖြစ်စေပါတယ်။

မွန်တက်ဆော်ရီတီထွင်သုံးခဲ့တဲ့သင်ကြားသင်ယူမှုအထောက်အကူပြုပစ္စည်းများရဲ့ နောက် လက္ခဏာတစ်ခုမှာ ကလေးတွေကိုယ်တိုင်မှားလုပ်ဆောင်မှုကိုမိမိတို့ကိုပြုပြင်ရတဲ့နည်းကိုကျင့်သုံးထားခြင်းဖြစ်ပါတယ်။ သင် ထောက် ကူပစ္စည်းတွေက မှားသုံးမိရင် အခြေအနေကို လျင်မြန်စွာပေါ်လွင်အောင်ဖော်ပြပေးပါတယ်။ အဲဒီလို စီစဥ်ထားမှုကြောင့်ကလေး တွေမှာ စိန်‌ခေါ်မှုများကိုကိုယ်တိုင် ရင်ဆိုင်ဖြေရှင်နိုင်စွမ်းတွေတိုးတက်လာ စေပါ တယ်။

မွန်တက်ဆော်ရီဖန်တီးတီထွင်အသုံးပြုထားတဲ့သင်ထောက်ကူပစ္စည်းများရဲ့ နောက်ဆုံးထူးခြားတဲ့လက္ခဏာမှာ မြင်လိုက်တာနှင့် ချစ်စရာကိုင်ကြည့်ချင်စရာဖြစ်အောင် လှပစွာဖန်တီးထားထားခြင်းဖြစ်ပါတယ်။ မြင်လိုက် တာနှင့် စွဲဆောင်မှုရှိအောင်ဖန်တီးထားခြင်းဖြစ်ပါတယ်။ အဲဒီသဘာဝကြောင့် ကလေးတွေအတွက်စွဲဆောင် အားကောင်းတဲ့သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။

လက်တွေ့ဘဝကျွမ်းကျင်မှုများတိုးတက်လာအောင် အားပေးတဲ့သင်ထောက်ကူပစ္စည်းများ

လက်တွေ့ဘဝကျွမ်းကျင်မှုများတိုးတက်လာအောင် အားပေးတဲ့သင်ထောက်ကူပစ္စည်းများမှာမွန်တက်ဆော်ရီ စာသင်ခန်းများတွင် ကလေးတွေပထမဆုံးသုံးရတဲ့ သင်ထောက်ကူပစ္စည်းများဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေက ကလေးတွေမှာ လက်တွေ့ဘဝမှာသုံးနေရတဲ့ကျွမ်းကျင်မှုများဖြစ်တဲ့ လောင်းထည့်ခြင်း၊ ရွေးထုတ်ခြင်း၊ ကျယ် သီးတတ်ခြင်း စတဲ့ကျွမ်းကျင်မှုများပြုလုပ်ရတဲ့အတွေ့အကြုံများများစွာပါပါတယ်။ အဲဒီကျွမ်းကျင်မှု တွေက ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်တတ်စေခြင်းနှင့်မိမိကိုယ်မိမိ ကောင်းစွာစောင့်ရှောက်တတ်လာအောင် ဒီဇိုင်း ဖော်ထုတ်ထားခြင်းဖြစ်ပါတယ်။
အဲဒီပစ္စည်းတွေက ကလေးတွေမှာအာရုံစူးစိုက်လုပ်ဆောင်နိုင်မှုနဲ့ တစ်ခုခုကို အာရုံထားလုပ်ဆောင်နိုင်မှုကိုအား ပေးပါတယ်။ အဲဒီလိုလုပ်ဆောင်နေတဲ့အခါ ကလေးတွေအနေဖြင့်အာရုံမပြားဘဲစူးစိုက်လုပ်ဆောင်ရန်လိုအပ်ပြီး ကလေးတို့ရဲ့အနုစိတ်ကြွက်သားဆိုင်ငယ်လေးများဖွံ့ဖိုးတိုးတက်မှုကိုလည်း အားပေးပါတယ်။

အာရုံများသုံးရတဲ့သင်ထောက်ကူပစ္စည်းများ

အာရုံများသုံးရတဲ့သင်ထောက်ကူပစ္စည်းများကကလေးတွေမှာသူတို့အာရုံများသုံးပြီးလုပ်ဆောင်ရတဲ့ကျွမ်းကျင်မှုများတိုးတက်စေပါတယ်။ သင်ထောက်ကူပစ္စည်းများက ပုံသဏ္ဌာန်များနှိုင်းယှဥ်ခြင်း၊ ပစ္စည်းများရဲ့ မျက်နှာပြင် အနု အကြမ်းကို အထိအတွေ့အားဖြင့်နှိုင်းယှဥ်ကြည့်ခြင်း၊ မတူသောအရောင်များကိုနှိုင်းယှဥ်ကြည့်ခြင်း၊ အသံအ တိုး အကျယ်ကိုနှိုင်းယှဥ်ခြင်းစတာတွေကိုပြုလုပ်ရပါတယ်။

အာရုံများသုံးရတဲ့သင်ထောက်ကူပစ္စည်းများကကလေးတွေမှာဘာသာစကားနှင့် သင်္ချာနှင့် ဂဲသြမေထရီဆိုင်ရာ သိနားလည်မှုများတိုးတက်လာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ မတူတဲ့ပုံသဏ္ဌာန်များ၊ အနုအ ကြမ်းမျက်နှာပြင်များ၊ အရောင်များကို ဖော်ပြတဲ့စကားလုံးများကို သုံးတဲ့အခွင့်အလမ်းများကို လည်းဖန်တီး ပေးပါတယ်။ တွေ့မြင်ကြားထိနေတာတွေကိုခွဲခြားခြင်း၊ အုပ်စုဖွဲ့လျက်ပူးပေါင်းလုပ်ဆောင်ခြင်းစတဲ့ကျွမ်း ကျင် မှုများလည်းတိုးတက်လာစေပါတယ်။

သင်္ချာဆိုင်ရာကျွမ်းကျင်မှုများအတွက်သုံးသောသင်ထောက်ကူပစ္စည်းများ

သင်္ချာဆိုင်ရာကျွမ်းကျင်မှုများအတွက်သုံးသောသင်ထောက်ကူပစ္စည်းများမှာသင်္ချာဆိုင်ရာကျွမ်းကျင်မှုများကလေးတွေမှာတိုးတက်လာစေရန်ဒီဇိုင်းဖော်ထုတ်ထားပါတယ်။ လက်တွေ့လုပ်ငန်းများလုပ်ဆောင်ရင်းကလေး တွေမှာ သင်္ချာဆိုင်ရာအကောင်အထည်မဲ့တဲ့ကျွမ်းကျင်မှုများကို စူးစမ်းလေ့ လာရင်နားလည်လာအောင်အ ထောက်အကူပြုပါတယ်။သင်္ချာဆိုင်ရာအခြေခံသဘောတရားများဖြစ်တဲ့ကိန်းဂဏန်းများကိုမှတ်မိခြင်း၊ ရေ တွက်တတ်လာခြင်း၊ နှိုင်းယှဥ်ကြည့်တတ်လာခြင်း၊ အရေအတွက်နှင့် ကိန်း ပမာနကိုနှိုင်း ယှဥ်တတ်သောကျွမ်း ကျင်မှုများတိုးတက်လာစေပါတယ်။ အဲဒီသင်ထောက်ကူပစ္စည်းများကို လက် တွေ့ ကိုင်တွယ်အသုံးပြုခြင်းဖြင့် အဓိကကျတဲ့သင်္ချာဆိုင်ရာလုပ်ဆောင်မှုများဖြစ်တဲ့ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းတို့ကို သိနားလည် လုပ်ဆောင်တတ်လာစေပါတယ်။

ဒီသင်္ချာဆိုင်ရာသင်ထောက်ကူပစ္စည်းများက ကလေးတွေမှာပြဿနာ‌ဖြေရှင်နိုင်စွမ်းကိုလည်းသင်ပေးပါတယ်။ သင်္ချာတွက်ချက်ရာတွင် ကလေးတို့အနေဖြင့် ကျိုးကြောင်းညီစွာစဥ်းစားပြီး စနစ်တကျ ဖြေရှင်းရပါတယ်။ ဒါ ကြောင့် ဝေဖန် ပိုင်းခြားစဥ်းစားမှုကိုလည်းကလေးတွေမှာတိုးတက်လာစေပါတယ်။

ဘာသာစကားဖွံဖြိုးတိုးတက်ရေးအတွက်သင်ထောက်ကူပစ္စည်းများ

ဘာသာစကားဖွံဖြိုးတိုးတက်ရေးအတွက်သင်ထောက်ကူပစ္စည်းများမှာကလေးများတွင် စာရေးခြင်းစာဖတ်ခြင်း တို့နှင့်ဆက်စပ်နေတဲ့ကျွမ်းကျင်မှုများတိုးတက်လာစေရန်ဦးတည်ဖန်တီးထားခြင်းဖြစ်ပါတယ်။ သဲစက္ကူ၊ ကော် ပတ်၊ သဲထည့်ထားတဲ့ဗန်း၊ ပြောင်းရွှေ့နိုင်တဲ့အက္ခရာများ၊ စတာတွေကိုလက်တွေ့လုပ်ဆောင်ခြင်းဖြင့် ကလေး တွေဟာအသံတွေ၊ အက္ခရာတွေကို ဘယ်လို ပုံဖော်ရတဲ့နည်းတွေ၊ စကားလုံးဖြစ်လာအောင် အသံတွေ ဘယ်လို ပေါင်းစပ်ရကြောင်းသိနားလည်လာကြပါတယ်။ အဲဒီကျွမ်းကျင်မှုများကို အခြေခံပြီးကလေး‌တွေဟာလွယ်ကူတဲ့ ဝါကျများတည်ဆောက်တတ်လာကြပါတယ်။ ရေးစရာပစ္စည်းများကို ကိုင်တွယ်သုံးခြင်းဖြင့် ရေးစရာများကို ဘယ်လို ကိုင်တွယ်ရကြောင်းသိနားလည်ပြီး လုပ်ဆောင်တတ်လာကြ ပါတယ်။ နောက်ဆုံးအဆင့်အနေဖြင့် အများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ အဖွဲ့လိုက်လုပ်ငန်းများလုပ်ဆေင်ရခြင်း၊ တစ်ယောက်နှင့်တစ်ယောက် ယဥ် ကျေး သိမ်မွေ့စွာပြောဆိုပြုမူဆက်သွယ်ခြင်းမှ ဘာသာစကားအသုံးပြုမှုဆိုင်ရာကျွမ်းကျင်မှုများတိုးတက် လာ ကြပါတယ်။

ယဥ်ကျေးမှုဓလေ့စရိုက်များကို သိနားလည်စေသည့် သင်ထောက်ကူများ
ယဥ်ကျေးမှုဓလေ့စရိုက်များကို သိနားလည်စေသည့် သင်ထောက်ကူများက ကလေးတို့အနေဖြင့် သူတို့ပတ်ဝန်း ကျင်လောကကိုစူးစမ်းလေ့လာရင်းနားလည်လာအောင်ဖန်တီးထားတာဖြစ်ပါတယ်။ မွန်တက်ဆော်ရီသင် ထောက်ကူပစ္စည်များဟာ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ၊ အနုလက်မှု စတဲ့နယ်ပယ်တွေမှာ သိနားလည်မှုများဖြစ်လာ အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒီပစ္စည်းတွေက ကလေးတို့အနေဖြင့်မတူတဲ့ယဥ်ကျေးမှုထုံးဓလေ့များကို သိနားလည် လက်ခံနိုင်ပြီး အခြားလူတွေအပေါ်မှာ လေးစားတန်ဖိုးထားဆက်ဆံတတ်အောင် လေ့ကျင့် ပေးပါ တယ်။ အခြားလူများနေရာမှဝင်ကြည့်မြင်နားလည်ပေးလာတတ်ကြပါတယ်။

ဒီသင်ထောက်ကူပစ္စည်းတွေက ကလေးတွေမှာသုတေသနပြုမှုနဲ့စူးစမ်းရှာဖွေမှုဆိုင်ရာကျွမ်းကျင်မှုများတိုးတက် အောင် အထောက်အကူပြုပါတယ်။ ကလေးတွေမှာမေးခွန်းမေခြင်း၊ အဖြေကိုရှာကြံခြင်း၊ သူတို့ကိုယ်တိုင်အဖြေ ရှာတတ်အောင်အားပေးတိုက်တွန်းပါတယ်။ ဖော်ပြပါကျွမ်းကျင်မှုများတို့ကိုတိုးတက်လာ စေပါတယ်။

မွန်တက်ဆော်ရီဖော်ထုတ်ထားတဲ့သင်ထောက်ကူပစ္စည်းများသုံးခြင်းရဲ့အကျိုးကျေးဇူးများ

မွန်တက်ဆော်ရီသင်ထောက်ကူပစ္စည်းများသုံးခြင့်ဖြင့် ကလေးတို့တွင် သင်ယူမှုအတွေ့အကြုံများနှင့်ဖွံ့ဖြိုး တိုးတက်မှုများဖြစ်လာစေပါတယ်။ ဒီသင်ထောက်ကူပစ္စည်းများက ကလေးတွေမှာလက်တွေ့လုပ်ဆောင်တဲ့ အတွေ့ အကြုံများရရှိစေပါတယ်။ သူတို့ကိုယ်တိုင်စူးစမ်းရှာဖွေလေ့လာတတ်အောင်အားပေးပါတယ်။ ကလေး တွေမှာမိမိကိုယ်မိမိယုံကြည့်မှုနှင့် ကိုယ်အားကိုယ်ကိုး လုပ်ဆောင်တတ်လာစေပါတယ်။ ကြုံလာတဲ့အခက် အခဲ ပြဿနာများကိုသူတို့ကိုယ်တိုင်‌ဖြေရှင်းရင်း မိမိကိုယ်မိမိယုံကြည့်မှုများနှင့် ကိုယ့် အားကိုယ်ကိုးစိတ်များတိုးတက် လာစေပါတယ်။

ဒီသင်ထောက်ကူပစ္စည်းတွေကကလေးတွေမှာသင်ယူမှုကိုချစ်မြတ်နိုစိတ်များဖြစ်လာစေပါတယ်။ သင်ထောက် ကူတွေမှာ ကိုင်တွယ်ပြီးလက်တွေ့လုပ်ကြည့်ချင်စရာဖြစ်အောင်ဖန်တီးထားသဖြင့်ကလေးတွေမှာ အပြုသဘော ဆောင်တဲ့သင်ယူမှုအတွေ့အကြုံများရရှိလာစေပါတယ်။ ဒါကြောင့် ရေရှည်အတွက် တန်ဖိုးရှိလှတဲ့ သင်ယူမှုကို ချစ်မြတ်နိုးတဲ့စိတ်များဖြစ်လာစေပါတယ်။
ဒီသင်ထောက်ကူပစ္စည်းများကိုသုံးခြင်းဖြင့် ကလေးတို့မှာကျွမ်းကျင်မှုအမျိုးမျိုးတိုးတက်လာစေပါတယ်။ ဥပမာ လက်တွေ့ဘဝမှာသုံးနိုင်တဲ့ကျွမ်းကျင်မှုမျာ၊ သင်္ချာဆိုင်ရာကျွမ်းကျင်မှုများ၊ ဘာသာစကားဆိုင်ရာကျွမ်းကျင်မှု များ၊ ယဥ်ကျေးမှုဆိုင်င်ရာကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်၊ အဲဒီကျွမ်းကျင်မှုတွေတိုးတက်လာအောင် လေ့ကျင့် ပေးခြင်းဖြင့် နောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတဲ့ဖောင်ဒေးရှင်းကိုတည်ဆောက်ထားပြီး ဖြစ်စေ ပါ တယ်။

နိဂုံး

မွန်တက်ဆော်ရီဖန်တီထားတဲ့သင်ထောက်ကူပစ္စည်းများမှာ မွန်တက်ဆော်ရီရဲ့အားကောင်းတဲ့စိတ်ကူးနည်းနာများ ပါဝင်နေပါတယ်။ကလေးတွေသူတို့ကိုယ်တိုင်ဦးဆောင်သင်ယူလာနိုင်စေရန်ဖန်တီးထားထားပြီစူးစမ်းရှာဖွေခြင်း၊ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်တတ်ခြင်းများဖြစ်လာအောင်စီစဥ်ထားပါတယ်။ ဒီသင်ထောက်ကူပစ္စည်းတွေကို သုံးခြင်းဖြင့် ကလေးတွေမှာ လက်တွေ့လုပ်ဆောင်တတ်တဲ့ကျွမ်းကျင်မှုအမျိုးမျိုး နှင့် သင်ယူမှုကိုချစ်မြတ်နိုးတဲ့ စိတ် များဖြစ် လာစေပါတယ်။

မိတ်ဆွေများမွန်တက်ဆော်ရီသင်ကြားတဲ့နည်းလမ်းများကို လေ့လာကျင့်သုံးပြီးကလေးများအကောင်းဆုံး ဖွံ့ဖြိုးတိုးတက်အောင်ကူညီနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...