Monday, February 3, 2025

လောဘသိပ်ကြီးလွန်းရင် မကောင်းကြောင်းမိမိအသက်ကိုပင် ဘေးဖြစ်စေတတ်ကြောင်း Food for Thought 833 ဒေါက်တာသိန်းလွင်

 May be an image of 2 people and people golfing
ဒီနေ့ လောဘသိပ်ကြီးလွန်းရင် မကောင်းကြောင်းမိမိအသက်ကိုပင် ဘေးဖြစ်စေတတ်ကြောင်းကို “လူတစ် ယောက်အတွက်မြေဘယ်လောက်လိုအပ်သလဲ” ဆိုတာကို Food for Thought 833 အဖြစ်မျှဝေလိုက် ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။


ဒီဖြစ်ရပ်က ရုရှားစာရေးဆရာကြီးလီယိုတော်လ်စတွိုင်ရေးခဲ့တဲ့ How much land does a man need? ကိုအတိုချုပ် ပြီးမျှဝေခြင်းဖြစ်ပါတယ်။

ဖာခွန်ဟာဆင်းရဲတဲ့လယ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့သူ့ဇနီးတို့ဟာ သူ့ဇနီးရဲ့အစ်မကိုသွားတွေ့ပြီး တဲ့နောက် ကုန်သည်တစ်ယောက်ရဲ့ဇနီးဖြစ်နေတဲ့အစ်မက သူတို့မြို့မှာနေထိုင်ရတဲ့ကြွယ်ဝချမ်းသားမှုကိုကြွား ပါတယ်။ သူ့ညီမနေထိုင်တဲကျေးလက်မှာနေထိုင်ရတဲ့ဘဝကိုချိုးနှိမ်ပြောပါတယ်။ ညီမငယ်က သူတို့နေထိုင်ရတဲ့ အနေအထားကိုကာကွယ်ပြီးပြောပါတယ်။ သူတို့နေထိုင်ရတဲ့ဘဝက ရိုးသားပြီး ကောင်းမြတ်တဲ့နေထိုင်မှုဖြစ် ကြောင်း ပြန်ပြောပြပါတယ်။ ညီအစ်မနှစ်ယောက်စကားပြောနေတာကို ဖာကွန်ကပါဝင်ပြီး သူတို့မှာ လယ်မြေ လုံ လုံ လောက်လောက်ရှိရင်စိတ်မှာပူပင်စရာမလိုကြောင်းပြောပါတယ်။ အဲဒီလိုစကားပြောနေတာကို အခြား ခရီးသွားတောင်သူတစ်ဦးကကြားပ့တယ်။

ခရီးသွားတောင်သူတစ်ဦးက ဗော်လ်ဂါမြစ်ဘေးတောင်ဘက်မှာရှိတဲ့ရွာလေးအကြောင်းပြောပြတဲ့အခါ ဖာခွန်က သူနေထိုင်နေရတဲ့အနေအထားကို မကျေမနပ်ဖြစ်လာပါတယ်။ အဲဒီရွာမှာနေထိုင်ကြတဲ့မိသားစုတိုင်းကို တစ်မိ သားစုလျှင် လယ်မြေ (၂၅) ဧကခွဲဝေပေးပါတယ်။ ဒါကြောင့် ဖာခွန်နဲ့သူ့မိသားစုဟာအဲဒီရွာကို ထွက်ခွါရန် ဆုံး ဖြတ်လိုက်ပါတယ်။ အဲဒီဒေသကိုရောက်တဲ့အခါ သူတို့ကို ဒေသခံတွေက ကြိုဆိုကြပါတယ်။ ပြီးတော့ လုပ် ကိုင် ရန်လယ်မြေတွေလည်းချပေးပါတယ်။ ချပေးတဲ့လယ်မြေက သူမူလနေရာမှာပိုင်တာထက် သုံးဆများပါ တယ်။ အဲဒီလို မူလမြေထက် သုံးဆပိုများတဲ့လယ်မြေတွေရပေမဲ့ဖာခွန်ကမကျေနပ်ပါ။ သူကမြေတွေပိုလိုချင်ပါတယ်။ လယ်မြေတွေပိုပိုင်ရင်ချမ်းသာလာမယ်လို့ဖာခွန်က ယုံကြည်နေပါတယ်။

ဒါကြောင့်ဖာခွန်ကလယ်ပိုင်တောင်သူတွေထံမှ လယ်မြေတွေကိုထပ်ဝယ်ဖို့စီ စဥ်ပါတယ်။ အဲဒီအစီအစဥ်ကို ဖြတ်သွားတဲ့တောင်သူတစ်ယောက်ကကြားပြီး ဘက်ရှားရားဆိုတဲ့အလွန်ဝေးလံတဲ့ဒေသမှာ ဘယ်မြေတွေ အလွန်ပေါများတဲ့အကြောင်းပြောပြပါတယ်။ လဘက်ရည်သောက်အပြီးမှာ ဘတ်ခ်ရှာယာကတာဝန်ရှိသူကို လက်ဆောင်အနည်းငယ်ပေးလိုက်ရင် လယ်မြေဧက အများကြီးရနိုင်ကြောင်း ပြောပြပါတယ်။

ဖာခွန်ဟာသူ့မိသားစုကိုချန်ထားခဲ့ပြီးဘက်ရှားရားကိုထွက်ခွါသွားခဲ့ပါတယ်။ ဘက်ရှားရား ရောက်တဲ့အခါ လူတွေက ရင်းနှီးဖော်ရွေကြပါတယ်။ လူစိမ်းတွေဖြစ်ပေမဲ့ဖာခွန်ကို စားသောက်စရာတွေပေးကြပါတယ်။ ဖာခွန် ကလည်းသူ့မှာပါလာတဲ့လက်ဆောင်တွေကို ဘက်ရှားရားကလူကြီအားပေးလိုက်ပါတယ်။ ပေးတဲ့လက်ဆောင် အတွက် ပြန်ပေးမဲ့မြေတွေမှာကို စောင့်စားနေကြပါတယ်။ ဖာခွန်က သူတို့ပိုင်လယ်မြေတစ်ချို့ကို ဝယ်လို ကြောင်း ပြောပါတယ်။ ဘက်ရှားရားမှတာဝန်ရှိသူရောက်လာပြီး ဖာခွန်အနေဖြင့် တစ်နေ့တာအချိန်မှာ သူလမ်း လျောက်နိုင်သလောက် မြေအကျယ်ကို ရူဘယ်တစ်ထောင်နှင့် ရောင်းမယ်လို့ ပြောလိုက်ပါတယ်။ အဲဒီသဘော တူညီချက်မှာ တစ်နေ့တာအချိန်ကုန် ပြီးနေဝင်သွားတဲ့အချိန်မှာဖာခွန်အနေနဲ့စတင်ထက်တဲ့နေရာသို့ ပြန်ရောက် ရမှာဖြစ်ပါတယ်။ ဖာခွန်က အဲဒီအချက်ကို ချက်ခြင်းသဘောတူလိုက်ပါတယ်။
အဲဒီညမှဖာခွန်က အံ့အားသင့်စရာကောင်းတဲ့အိမ်မက်တစ်ခုကိုမက်ပါတယ်။ အဲဒီအိမ်မက်ထဲမှာ ဘက်ရှားရားက တာဝန်ရှိသူလူကြီးရယ်၊ ဖြတ်သွားတဲ့ကုန်သည်ကြီးရယ်၊ ဖြတ်သွားတဲ့တောင်သူတွေဟာအားလုံးသူရဲ တွေဖြစ်နေ သွားကြပါတယ်။ အဲဒီသူရဲတွေက အနားမှာရှိနေတဲ့တစ်ကိုယ်လုံး အဝတ်မပါတဲ့နီးပါးဖြစ်နေတဲ့လူသေကောင် အလောင်းကိုကြည့်ရင် ဟားတိုက်ရယ်မောနေကြပါတယ်။ နောက်တော့ သေနေတဲ့လူသေကောင်ဟာ သူကိုယ် တိုင် ဖြစ်နေတာကို ဖာခွန်ကသဘောပေါက်လိုက်ပါတယ်။ မနက်အိပ်ယာမှနိုးတဲ့အခါ ဖာခွန်ဟာညကသူမက်ခဲ့ တဲ့အိမ်မက်ကို ဖယ်ထုတ်ပြစ်လိုက်ပါတယ်။ သူ့မျက်လုံးတွေကို သူပိုင်ဖြစ်လာမဲ့မြေတွေအပေါ်မှာ စိုက်ကြည့် နေ ပါတယ်။ ပြီးတော့ ပေါက်တူးတစ်လက်ကို ကိုင်ပြီးစတင်ခရီးထွက်ပါတော့တယ်။

နေအပူကပြင်းပေမဲ့ ဖာခွန်ဟာ (၆)မိုင်လောက်ခရီးကို လွယ်လွယ်နှင့် ခရီးပေါက်ခဲ့ပါတယ်။ ပြီးတော့ ပေါက် တူးကို လက်မှာကိုင်ထားရင်း ဆက်လက်ခရီးနှင်နေပါတယ်၊ အအေးဒါဏ်မှကာကွယ်နိုင်ရန် အင်္ကျီကို သူ့ကိုယ် လုံးကို လုံအောင်ဖုံးလိုက်ပါတယ်။ နေ့လည်လောက်ရောက်လာတဲ့အခါ ဖာခွန်ဟာနေပူဒါဏ်ကြောင့် မသက် မသာခံစားလာရပါတယ်။ ဒါပေမဲ့ သူက ဆက်လက် လျောက်နေပါတယ်။ ဆယ်မိုင်လောက် လမ်း လျောက် ပြီးတဲ့အခါ စထွက်တဲ့နေရာသို့နေအဝင်မှာပြန်ရောက်ဖို့ ခရီးသွက်သွက်လှမ်းရန် လိုအပ်ကြောင်း သဘောပေါက် လာပါတယ်။ ဒါကြောင့်ဖာခွန်ဟာ ခပ်သွက်သွက် ခရီးစတင်ထွက်တဲ့နေရာရောက်အောင် သုတ်ခြေတင်ပါတော့ တယ်။ နေဝင်တဲ့အချိန် အတိမှာ သူစတင်ခရီးထွက်ခဲ့တဲ့နေရာသို့ ပြန်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ခရီးစထွက်တဲ့ နေရာရောက်တဲ့အခါ ဖာခွန်ဟာအမောစို့ပြီး လဲကျပြီး ချက်ခြင်းသေဆုံးသွားခဲ့ပါတယ်။ တွင်းတူသမားတွေက ဖာခွန် ကိုင်ထားတဲ့ပေါက်တူးကိုယူပြီး ဖာခွန်ကို မြေမှာမြှုပ်ရန်တွင်းတူကြပါတယ်။ ဒါကြောင့် လူတစ်ယောက် အတွက် မြေ ဘယ်လောက်လိုသလဲဆိုတဲ့အ‌ဖြေက ပေါ်လာပါတော့တယ်။ သေသွားသူ မြေမှာြမှုပ်ရန် လိုအပ် သလောက်အကျယ်သာလိုအပ်ပါတယ်။

မိတ်ဆွေများမြေတွေအများကြီးလိုချင်ပါသလား။ ငါပိုင်မြေမကျူးကျော်ရဆိုတဲ့ဆိုင်းပုဒ်တွေရေးပြီး သူများတွေ မယူနိုင်အောင်ခြံစောင့်တဲ့တာဝန်ကို ယူနေကြမှာလား။ လီယိုတော်စတွိုင်ရဲ့သတိပေးလမ်းပြမှုကို ကောင်းစွာသ ဘောပေါက်ပြီး အမောစိုက်အောင် အတင်းလမ်းလျောက်ပြေးပြီးမြေတွေအများကြီးမပိုင်ချင်ကြပါနဲ့။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...