ဒီနေ့
“ပင်လယ်ကြီးနဲ့မြစ်ချောင်းများ၊ မိမိကိုယ်မိမိနှိမ်ချခြင်းနှင့်
အတ္တကြီးခြင်း” အကြောင်းကို Food for Thought 834 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ပင်လယ်ကြီးနဲ့မြစ်ချောင်းများ
ပင်လယ်ကြီးနဲ့မြစ်ချောင်းများ- မိမိကိုယ်မိမိနှိမ်ချခြင်းနှင့် အတ္တကြီးခြင်း
ပင်လယ်ကြီးက
မြစ်တွေချောင်းတွေထက် နိမ့်တဲ့နေရာမှာတည်ရှိပါတယ်။ ဒါကြောင့်
မြစ်ချောင်းတွေက ပင်လယ်ထဲစီးဝင်ကြပါတယ်။
ပြောင်းပြန်စီးဝင်တာမျိုးမရှိပါဘူး။ (Dr. Chana Zelizer)
တစ်နေ့မှာ
ဆုံးပါးသွားပြီဖြစ်တဲ့ကျွန်တော်မိခင်က
ကျွန်တော်တို့အိမ်အတွက်စာတွေယူလာပေးတဲ့စာပီု့သမားကို
ကျွန်တော်ကမနှုတ်ဆက်ဘဲလစ်လျူခဲ့တာကို သတိထားမိပါတယ်။
“သားလေးသားကိုယ်ကို
ကိုင်းညွတ်လိုက်ပါ။“ လို့မေမေကပြောပါတယ်။ မေမေကကျွန်တော့်ကိုမျက်လုံးချင်း
ဆုံပြီး ကြည့်ချင်နေပါတယ်။ မေမေက အာဟာရပြည့်ဝစွာမစားတဲ့အတွက် မေမေအရပ်မှာ
၁၄၈ စင်တီမီတာ သာရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက
မိဘမဲ့ကလေးအဖြစ်ကြီးပြင်းခဲ့ရတဲ့အတွက် အာဟာရပြည့်ဝစွာ မစား
သောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ အောက်ပါအတိုင်းဆက်လက်ပြောပါတယ်။
သားကမေမေသားမှဟုတ်ပါရဲ့လား။
သားကိုယ်သားဘယ်လိုထင်နေတဲ့အတွက် လူတွေကို အသိအမှတ်မပြုဘဲ လစ်ူရှုနေတာလဲ။
သားကိုယ်သားအခြားလူတွေထက်သာတယ်လိုထင်နေသလား။ စာပိုသမီးဟာ နေပူမိုးရွာ
မရှောင်နေ့တိုင်းလာပြီးမေမေတို့အတွက်စာတွေကို ယူလာပေးပါတယ်။ အဲဒီလို
လူတွေကိုဟယ်လို့လို့နှုတ် ဆက် ပြီး အသိအမှတ်ပြုခြင်းဟာ
လူအချင်းချင်းဆက်ဆံရေးမှာ
အနိမ့်ဆုံးပြုလုပ်သင့်တဲ့ယဥ်ကျေးသိမ်မွေ့မှုလို့သတ် မှတ် ထားပါတယ်။
ဘယ်လိုလူဖြစ်ပါစေ၊ အဲဒီလူရဲ့ရာထူးအဆင့်အတန်းကဘာဖြစ်နေနေ၊ အမျိုးသားဖြစ်စေ အ
မျိုး သမီးဖြစ်စေ၊ အဆင့်အတန်းက ဘာလိုအဆင့်အတန်းပင်ဖြစ်စေ
အနိမ့်ဆုံးအားဖြင့် ယဥ်ကျေးစွာနှုတ် ဆက် သင့်ပါတယ်။
သားအနေနဲ့အဲဒီထက်ပိုပြီးသိမ်မွေ့စွာနှုတ်ဆက်သင့်ပါတယ်။ ရာသီဥတုက ပူနေရင်
အဲဒီူကို အ အေးတစ်ခွက်တိုက်သင့်ပါတယ်။ ရာသီဥတုကအေးနေရင်
အဲဒီလူကိုကော်ဖီပူပူတစ်ခွက်တိုက်သင့်ပါတယ်။ အဲ ဒီလို
တိုက်ပြီးဧည့်ခံစကားပြောသင့်ပါတယ်။ အဲဒီလို ဧည့်ခံရင်
သူအနေနဲ့လူသားတစ်ယောက်အနေနဲ့ လေးစား
မှုအာရုံထားမှုကိုခံရပြီးစိတ်မှာကြည်နူးသွားမှာပါ။
ကိတ်မုန့်ရှိရင်ကိတ်မုန့်ကိုချကျွေးပါ။ ကျွန်တော်မေမေဟာ ကျွန် တော်နှင့်
အစ်မကို ထောက်ပံ့နေရပြီးအလုပ်နှစ်ခုကို လုပ်ဆောင်နေရပေမဲ့ သောကြာနေတိုင်း
ကျွန်တော်တို့ အတွက်ကိတ်မုန့်ဖုတ်ကျွေးပါတယ်။
သားရေ။
ပင်လယ်ကြီးက မြစ်တွေချောင်းတွေထက် နိမ့်တဲ့နေရာမှာတည်ရှိပါတယ်။ ဒါကြောင့်
မြစ်ချောင်းတွေ က ပင်လယ်ထဲစီးဝင်ကြပါတယ်။
ပြောင်းပြန်စီးဝင်တာမျိုးမရှိပါဘူး။ (Dr. Chana Zelizer)
သားအနေနဲ့အားကြီးပြီးလေးစားတန်ဖိုးထားတတ်တဲ့ချစ်စရာကောင်းပြီးမိမိကိုယ်မိမိနှိမ့်ချတတ်တဲ့ပင်လယ်ကြီးနဲ့တူအောင်
ကျင့်ကြံနေထိုင်နိုင်သလိုမောက်မာပြီးမာနကြီးတဲ့မြစ်ချောင်းငယ်တွေလို
ဗလာကျဥ်းတဲ့ဘဝမျိုးကိုရွေး ချယ်ရင်း နောက်ဆုံးမှ
ပင်လယ်ထဲစီးဝင်ရတဲ့ဘဝမျိုးကိုရွေးချယ်မှာလား။ သင်ကိုယ်တိုင်လေးစားပြီး
စိတ်ဝင်စား စရာ ကောင်း သူ ဖြစ်အောင်ရွေးချယ်မှာလား၊
အော့ကြောလန်စရာကောင်းတဲ့မောက်မာတဲ့လူမျိုးဖြစ်အောင် ရွေးချယ်မှာလား၊
သင်ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ သင့်အနေဖြင့် လူတွေကိုဆက်ဆံရာမှာ
နှလုံးသားမှာအရင်း
ခံတဲ့အပြန်အလှန်ချစ်ခင်လေးစားတန်ဖိုးထားမှုကိုအခြေခံပြီးကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးကို
ထူထောင် မှာလား၊ သို့မဟုတ် မာန်မာကြီးနေပြီး
ဆက်ဆံရေးမပြောလည်တာမျိုးထူထောင်မှာလား။ “သားအနေနဲ့ ဘာကို ရွေးချယ်မှာလဲ”
လို့ မေမေက ကျွန်တော့်ကိုမေးပါတယ်။
နောက်တစ်ချက်ကိုလည်းစဥ်းစားပါဦးသား။
ပေးကမ်းစွန့်ကျဲခြင်းဟာ ကိုယ်ကလက်ခံရယူခြင်းထက် ပို မွန်
မြတ်အားအောင်ကြောင်းသားသိထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ပေးကမ်းစွန့်ကျဲခြင်းမှာလည်း ငါကပေးကမ်း နိုင်တယ်။ ဒါကြောင့် ငါက
ပိုသာတယ်လို့ ထင်နေရင်လည်း မှန်ကန်တဲ့စိတ်ထားမဟုတ်သေးပါဘူး။ အခြားလူ
တွေကိုကူညီတဲ့အခါ ရေထဲသွားနေတဲ့လှေတွေကို
သွားချင်တဲ့နေရာရောက်အောင်တွန်းပို့ပေးနေတဲ့ ရေစီး ကြောင်း လို့ကျင့်ရန်
လိုအပ်ပါတယ်။
ကျွန်တော့အတ္တနှင့်ကျွန်တော်
မေမေကအထက်ပါအတိုင်းဆုံးမပေးပြီးတဲ့နောက်ပိုင်းမှာကျွန်တော့မေမေပြောတဲ့အသံကိုကျွန်တော့ခေါင်းထဲမှာကြားယောင်နေမိပါတယ်။
ကျွန်တော့်အတ္တမှာမိမိဖြစ်ချင်တာကိုဖြစ်လာဖို့ အပြင်ပမှ ထောက်ခံအတည်ပြု
ချက် ကိုအစဥ်အမြဲလိုနေပါတယ်။ ကျွန်တော်ပြောတာကို
ကြားစေချင်သူတွေကြားစေလိုပါတယ်။ကျွန်တော်က အရေး ကြီးတယ်လို
အသိအမှတ်အပြုခံချင်ပါတယ်။ကျွန်တော်အတ္တမှ
မိမိလိုအပ်ပြည့်ဝရေးအတွက်ကိုသာပဲစဥ်းစားပြီး တော့ သူများတွေကို
အစဥ်အမြဲလို ပြစ်တင်ဝေဖန်ကဲ့ရဲ့တတ်ပါတယ်။ မိမိအတ္တသာဗဟိုဟိုအချက်အချာထားပါ
တယ်။ သည်းခံစိတ်ရှည်ခြင်းကင်းပါတယ်။ လိုချင်ပြီဆိုရင်
ချက်ခြင်းလိုအင်ပြည့်ချင်ပါတယ်။
ကျွန်တော့မှာကျွန်တော့အတ္တနှင့်ပတ်သက်လာရင်ချစ်ခြင်းနှင့်မုန်းခြင်းနှစ်မျိုးရောနေတဲ့စိတ်ထားရှိပါတယ်။
မိမိ ကိုယ်တိုင်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်လို့ခံစားရတဲ့အခါမှာတော့
စိတ်ခံစားချက်ကောင်းပါတယ်။ ဒါပေ မဲ့စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာတော့
မိမိကိုယ်မိမိထိန်းနိုင်မှုကို မောင်ပိုင်စီးချင်တဲ့စိတ်မျိုးတွေ ဖြစ်လာတတ်
ပါတယ်။ အဲဒီလိုစိတ်မျိုးဝင်လာတဲ့အခါတိုင်း
မိမိကိုယ်မိမိနှိမ်ချပြီးနေတတ်ရန်မေမေဆုံးမတဲ့စကားက ခေါင်းထဲ
ပေါ်လာတတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ အခြားလူတွေအတွက်ထည့်သွင်းစဥ်းစားရန်၊
ရယူခြင်းထက် ပေး ကမ်း စွန့်ကျဲခြင်းပြုလုပ်ရန်သတိဝင်လာပါတယ်။
မိမိတို့အတွက်ဝန်ဆောင်မှုပေးတဲ့လူတွေကို လေးစားစွာ နှုတ်ဆက်
ပြီးကျေးဇူးတင်ကြောင်းပြောရန်သတိရစေပါတယ်။ ဝန်ဆောင်မှုပေးသူတွေအတွက်
ရက်ရောစွာပေး ကမ်းမှုကို ပြုလုပ်ရန်လည်းသတိရစေပါတယ်။
မေမေကလမ်းမပေါ်မှာတောင်ရမ်းနေသူတွေကိုတွေ့ရင်အချိန် တစ်မိနစ် လောက်ယူပြီး
သူတို့နှင့်စကားပြောပေးခြင်းဖြင့် သူတို့မျက်နှာမှာ
သူတို့ကိုတန်ဖိုးထားဆက်ဆံခံရတယ် ဆိုပြီး ဝမ်းသာပြုံးလာအောင် လုပ်ဖို့
လည်းမေမေကမှာပါတယ်။ “အခုအချိန်မှာသာငါလုပ်နေတာကိုမေမေတွေ့သွားမယ်ဆိုရင်
မေမေကငါ့အတွက်ဂုဏ်ယူဝမ်းသာမှာ လား” ဆိုပြီးစဥ်းစားရန် မေမေကမှာပါတယ်။
အဲဒီလိုပြန်စဥ်းစားတဲ့အခါ
မေမေကကျွန်တော့အတွက် ဂုဏ်ယူမှာလို့ပြောနိုင်တဲ့အနေအထားမျိုးတွေလည်း
ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်တဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။ ကျွန်တော်ဟာ
အသေအချာ အပြစ်အနာ အဆာမကင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာကျွန်တော်ဟာပြောပြီးမှပြန်နောင်တရ နေတတ် ပါတယ်။
အဲဒီလိုမပြောမိရင်ကောင်းမှာလို့ စိတ်မှာ နောင်တရနေမိပါတယ်။
သူများတွေကိုတေဖန်ကဲ့ရဲ့ မိလိုက် တာအတွက်
မိမိကိုယ်မိမိမကျေမနပ်ဖြစ်နေမိပါတယ်။တစ်ခါတစ်ရံမှာကျွန်တော်က
ပြောလိုက်တဲ့စကား ဖြင့် လူတွေကို ထိခိုက်နာကျင်စေပါတယ်။
အဲဒီလိုအမှားတွေလုပ်မိတာတွေမှ နောက်ပိုင်းပြန်သင်ယူးနိုင်တာကြောင်
အဆိုးထဲမှ အကောင်းတွေဖြစ်လာခဲ့ပါတယ်။
မှားမိတာမျိုးနောက်ထပ်မှားတဲ့အခါမိမိကိုမိမိ မကျေမနပ်ဖြစ်ပါ တယ်။
ဒီလိုနဲ့ပြုပြင်ရင် ကျွန်တော်ဟာ ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့
ပြည့်စုံပြီးအနာအဆာကင်းသူတော့ မဟုတ်သေးပါဘူး။
မိတ်ဆွေများ အတ္တနည်း နိုင်သမျှနည်းပါးလာအောင် ကျွန်တော်တို့ လေ့ကျင့်ကြရအောင်ပါ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
No comments:
Post a Comment