ဒီနေ့” အမှိုက်တွေကိုပန်းပွင့်လေးတွေဖြစ်လာအောင် ပြုပြင်ပြောင်းလဲနည်း” အကြောင်းကို Food for Thought 835 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
အမှိုက်တွေကိုပန်းပွင့်လေးတွေဖြစ်လာအောင် ပြုပြင်ပြောင်းလဲနည်း
သိပ်မကြာသေးတဲ့အချိန်ကကျွန်ုပ်ဟာ
Thich Nhat Hanhs ရေးတဲ့ You Are Here. ဆိုတဲ့စာအုပ်ကိုဖတ်ဖြစ်ပါတယ်။
အဲဒီစာအုပ်ထဲမှကျွန်ုပ်အနှစ်သက်ဆုံးခေါင်းစဥ်အကြောင်းအရာကတော့
“အမှိုက်တွေကိုပန်းလေးတွေ ဖြစ်အောင်
ပြောင်းလိုက်ခြင်း”ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။
ဝမ်းနည်းခြင်း၊
ကြောက်လန့်နေခြင်း၊ စိတ်ဓာတ်တွေကျနေခြင်းစတာတွေက
စိတ်ထဲမှာကိန်းအောင်းနေတဲ့အမှိုက် တွေသာဖြစ်ကြပါတယ်။
အဲဒီလိုစိတ်အမှိုက်တွေရှိတာ ဘဝမှာကြုံရတတ်တဲ့အစိတ်အပိုင်းသာဖြစ်ပါတယ်။
အဲဒီ အမှိုက်တွေကို ပန်းအလှလေးအဖြစ် ပြောင်း
လာအောင်သင်ကိုယ်တိုင်လေ့ကျင့်ယူနိုင်ပါတယ်။ သင်ရဲ့ချစ် မြတ်
နိုးမှုကသာစနစ်တကျဖွဲ့စည်းထားတဲ့သဘာဝမြေသြဇာမဟုတ်ပါ။
မနှစ်သက်ခြင်းနှင့်မလိုမုန်းတီးခြင်းစသည်တို့ ကလည်း
စနစ်တကျဖွဲ့စည်းထားတဲ့သဘာဝမြေသြဇာများဖြစ်ကြပါတယ်။ ဒါကြောင့်
သင်တို့အနေဖြင့် အဲဒီစနစ် တကျဖွဲ့စည်းထားတဲ့သဘာဝမြေသြဇာတွေဘာကိုမှ
စွန်ပစ်ရန်မလိုအပ်ပါဘူး။ သင်လုပ်ဆောင် ရမှာကတော့ အဲ
ဒီအမှိုက်တွေကိုပန်းပွင့် လေးတွေဖြစ်လာအောင် ပြုလုပ်တဲ့နည်းကို လေ့လာသင်ယူ
လုပ်ဆောင်ရန်သာဖြစ်ပါ တယ်။
အထက်ပါဖော်ပြချက်မှာကျွန်ုပ်စိတ်ကို
စွဲဆောင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဝမှာအမျိုးမျိုးသော အ
ဆင်မပြေလည်မှုများဆိုတဲ့အမှိုက်တွေက ကျွန်ုပ်မှာရှိနေပါတယ်။
အဲဒီအခက်အခဲတွေကို အားကောင်းတာ မျိုး ဖြစ်လာအောင် ဘယ်လို
ပြုပြင်ပြောင်းလဲနိုင်မလဲဆိုတာကို သိပ်သိချင်ပါတယ်။စိတ်ဝင်စားပါတယ်။ ဖြစ်နေ
တဲ့ စိတ်အမှိုက်တွေကိုလစ်လျူရှုထားတာမျိုးလည်းမဟုတ်၊ မိမိပုခုံးထက်မှ
လွတ်ရင်ပြီးရောဆိုပြီး ဘေးပုံချတာမျိုး လည်းမဟုတ်၊
ပိုကြီးမားဘေးများတဲ့အမှိုက်တွေလည်းမဖြစ်စေဘဲ ဘယ်လို
ပြုပြင်ပြောင်းလဲရင်လှပတဲ့အနေအထားပန်းလေးတွေဖြစ်လာမလဲဆိုတာ
သိပ်သိချင်ပါတယ်။ ဆင်းရဲပင်ပန်းမှုတွေကိုလှပတဲ့ပန်းလေးတွေဖြစ် လာအောင်
ဘယ်လိုပြုပြင်ပြောင်းလဲနိုင်သလဲဆိုတာ ကိုကျွန်တော်သိပ်သိချင်လာပါတယ်။
စာအုပ်ကို
လက်မှာကိုင်ထားရင်းဆက်လက်ဖတ်ပါတယ်။ ပန်းပွင့်လေးတွေကအမှိုက်တွေကို
ရန်သူလို၊ နာကျင် စရာ ရှောင်ဖယ်ရမှာတွေလိုသဘောမထားကြပါဘူး။
အလားတူပင်အမှိုက်တွေကလည်းပန်းပွင့်က သူတို့ကိုရန်သူလိုမြင် မှာအတွက်
စိတ်ပူပြီးစိတ်ဓာတ်တွေကျမနေပါဘူး။ သူတို့နှစ်ခုလုံးက ပင်ကိုယ်သဘောအားဖြင့်
အတူတူရပ် တည်နိုင်သူများအဖြစ် (interbeing )သဘော ထားကြပါတယ်။
မတူသော်လည်းအစဥ်အမြဲလက်တွဲနေတဲ့သဘော ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့
လမ်းပြပေးတဲ့အစီအစဥ်မှာ အမှိုက်တွေကို
မိမိတို့စိတ်အတွင်းမှာသာထိန်းထားကြပါတယ်။ အဲဒီ
အမှိုက်တွေကိုအပြင်ဘက်သို့ပစ်ထုတ်တာမျိုးလည်း မလုပ်ကြပါဘူး။
အဲဒါတွေကိုလွှင့်ပစ်မယ်ဆိုရင်လှပတဲ့ ပန်း လေးတွေဖြစ်လာအောင် လုပ်စရာမြေသြဇာ
မကျန်တော့မှာ ဖြစ်တဲ့အတွက်ဖြစ်ပါတယ်။
အလွန်အံ့အားသင့်စရာကောင်းလှပါတယ်။
ကျွန်ုပ်ရဲ့ပထမဆုံးစိတ်ကူးကတော့ အမှိုက်တွေအားလုံးကိုပစ်ထုတ် ရန်
ဖြစ်ပါတယ်။ ပစ်ထုတ်ရင်ကောဘာတွေဖြစ်လာနိုင်သလဲ။ ပစ်ထုတ်လိုတဲ့စိတ်ကို
ဖယ်ပြီး အဲဒီအမှိုက်တွေကို ဆက် လက်သိမ်းထားရင်ကော ဘာတွေဖြစ်လာနိုင်ပါသလဲ။
နှစ်မျိုလုံးက ဖြစ်နေတဲ့နာကျင်မှုဒုက္ခတွေပိုတိုးပွား လာစေမှာသာဖြစ်ပါတယ်။
ဗုဒ္ဓရဲ့
အလေ့အကျင့်တွင် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ အားလုံး -
မေတ္တာဂရုဏာစိတ်ထားခြင်း၊ ချစ်ခင်မြတ်နိုး ကြောက်လန့်စိုးရိမ်နေခြင်း၊
စိတ်ပျက်အားငယ်နေခြင်းတို့ဟာ သဘာဝမြေသြဇာများသာဖြစ်ကြပါတယ်။ သူ တို့ကို
ကြောက်နေစရာမလိုအပ်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ကို
ပြုပြင်ပြောင်းလဲနိုင်တဲ့အတွက်ဖြစ်ပါတယ်။ အဲဒီလိုသိနားလည်လိုက်တာနဲ့
သင်တို့ဟာ ပိုပြီးခိုင်မာလာပါတယ်။ ပိုငြိမ်းချမ်းလာပါတယ်။ ပိုတည်ငြိမ်
လာပါတယ်။ ပြုံးပြီးသတိဖြင့် အသက်ကိုရှုလိုက်ခြင်းဖြင့်
ပြုပြင်ပြောင်းလဲမှုကိုစတင်ပြုလုပ်နိုင်ပါတယ်။
သင့်မှာစိတ်မသက်မသာအနှောက်အယှက်တစ်ခုခုဖြစ်နေရင်၊
သို့မဟုတ် စိတ်ဓာတ်ကျနေရင်၊ သင့်အနေဖြင့်သင့် မှာ
ဖြစ်နေတဲ့စိတ်ပျက်အားငယ်နေမှုကိုအခုလို စတင်ပြောရန် လိုအပ်ပါတယ်။
ကလေးငယ်တစ်ယောက်ကို ပြောသလိုမျိုးစပြောရန် လိုအပ်ပါတယ်။ ငိုနေတဲ့ကလေးကို
ကလေးကိုချစ်ခင်နွေးထွေးစွာပွေ့ဖက်ထားရင်း “မေမေဖေဖေချစ်တဲ့သားသမီးလေး ရေ။
မငိုပါနဲ့မေမေဖေဖေသားသမီးအနားမှာရှိနေပါတယ်။” ကလေးငိုနေတဲ့
အတွက်စိတ်မသက်မသာမှုရှိနေတဲ့အချိန်မှာပင် ကလေးအပေါ်
မေတ္တာ၊ဂရုဏာပြနိုင်ကြပါတယ်။ စိတ်မှာဖြစ်နေတဲ့စိုးရိမ်ပူပန်စိတ်နှင့်
ချစ်မေတ္တာထားတဲ့ဆိုတဲ့အဆိုး အကောင်းခံစားချက် နှစ်မျိုးလုံးမှာ သဘာဝ
မြေသြဇာ သဘောသာဖြစ်ပါတယ်။ အဲဒါကို စိုးရိမ်ကြောက်လန့်နေစရာမလိုအပ်ပါဘူး။
ဘာကြောင့် လဲဆိုတော့ သင်က အဲဒါတွေကို
ပြောင်းလာအောင်ပြုပြင်နိုင်တဲ့အတွက်ဖြစ်ပါတယ်။
ဗုဒ္ဓရဲ့
သတိဖြင့် ဝင်လေထွက်လေကိုရှုမှတ်တဲ့အလေ့အကျင့်က
မိမိစိတ်ထဲမှာဖြစ်နေတဲ့အကောင်းအဆိုးခံစားချက် နှစ်မျိုးကို
အပြန်အလှန်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်တဲ့စစ်ပွဲအဖြစ် အရောက်မခံပါဘူး။
အစ်ကိုကြီးက ညီငယ်လေးကိုစောင့်ရှောက်သလို၊ အစ်မအကြီးက
ညီမငယ်လေးကိုစောင့်ရှောက်သလို မေတ္တာဂရုဏာစိတ် အပြည့်ဖြင့်
ကောင်းစွာစောင့်ရှောက်ပါတယ်။ မိမိစိတ်မှာ
အေးငြိမ်းမှုတွေများစွာရှိတာကိုနားလည်သဘော ပေါက်ပြီး
ခံစားချက်နှစ်မျိုးတို့ဟာ ဆန့်ကျင်နေတဲ့ခံစားချက်များမဟုတ်ကြကြောင်းကို
နားလည်သဘောပေါက် လိုက်မှုကြောင့်
ဆန့်ကျင်ဘက်သဘောစစ်ခင်းမဲ့အနေအထားမျိုးမရောက်အောင် ရပ်တံ့နိုင်စေပါတယ်။
အဲဒီလို လုပ်နိုင်အောင်အတိတ်က သင့်အနေဖြင့်
ရုန်းကန်ခဲ့ရတာမျိုးတွေရှိနိုင်ပါတယ်။ မျက်မှောက်အချိန်အထိ ရုန်းကန်
နေရတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အတူယှဥ်တွဲပြီး
အေးချမ်းစွာနေနိုင်အောင် လေ့ကျင့်ဖို့ မှာ လို အပ်လှပါတယ်။
ဆန့်ကျင်လျက်ရုန်းကန်နေခြင်းဟာဘာမှအသုံးမဝင်ပါဘူး။ အင်အားတွေကုန်ဆုံးအောင်
လုပ် ဆောင်နေမှုသာဖြစ်ပါတယ်။
ဒါကြောင့်ဆန့်ကျင်လျက်ရုန်းကန်နေမှုကိုရပ်ကြပါ။
အထက်ပါစာပိုဒ်မှာ အသိဉာဏ်ထိုးထွင်းသိစရာတွေများစွာပါဝင်နေပါတယ်။
မိမိကိုယ်မိမိ
မေတ္တာထားရန်နှင့်မိမိချစ်မြတ်နိုးသူတွေအပေါ်
ချစ်ခင်မြန်နိုးစွာမေတ္တာထားရန် အလေးထားပြနေပါတယ်။ အားလုံးကို
သူ့အစစ်အမှန်အတိုင်း ကိုယ်၊ စိတ်၊ နှလုံး၊ သုံးပါးလုံးအနေဖြင့် လက်ခံရန်
လိုအပ်ပါတယ်။
ဆိုလိုတဲ့သဘောကတော့
ဘဝဆိုတာ ဆင်းရဲဒုက္ခတွေ၊ ပူပင်မှုတွေဆိုတဲ့အမှိုက်တွေရှိပေမဲ့
ကောင်းစွာနေထိုက်ပါ တယ်။
အမှိုက်တွေရှိနေပါလျက်ကောင်းစွာထိုက်တန်စွာနေသင့်ပါတယ်။
နာကျင်မှုတွေကိုရှောင်လို့မရပေမဲ့ သူတို့ ကိုပြုပြင်ပြောင်းလဲနိုင်ကြောင်း
အလေးထားထောက်ပြနေပါတယ်။
သတိဖြင့်
စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်းရဲ့အဓိကကျတဲ့အချက်မှာ
စကြာဝဠာကြီးမှာဆန့် ကျင်တဲ့ အင်အားတွေပြည့်နှက်နေပါတယ်။
ဒါပေမဲ့အဲဒီဆန့်ကျင်တဲ့အင်အားတွေကို တစ်ခုတည်ပေါင်းစည်းသွား အောင်
အတူယှဥ်တွဲစုစည်းနေနိုင်အောင်
ပြုပြင်လို့ရပါတယ်။အပြောင်းလဲဖြစ်လာအောင်ပြုလုပ်ပြီးလက်ခံပေး ရန်
လိုအပ်ပါတယ်။ ဘဝမှာကြုံလာတာတွေက
နာကျင်တာတွေရှိသလိုကောင်းတာတွေလည်းရှိပါတယ်။ နာ ကျင်တာတွေ ကြောင့်
ဝမ်းနည်းရတာတွေရှိသလို စိတ်ချမ်းသာတာတွေကြောင့် ငြိမ်းအေးစွာနေနိုင်တာတွေ
လည်း ရှိပါတယ်။ နာကျင်မှုတွေရှိပေမဲ့
ပြုပြင်ပြောင်းလဲပြီးအေးချမ်းစွာနေနိုင်အောင် ပြုလုပ်နိုင်ပါတယ်။
မိတ်ဆွေများ အမှိုက်များကိုပန်းပွင့်လေးများဖြစ်အောင် ပြောင်းနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
No comments:
Post a Comment