ဒီနေ့ ကလေးဦးနှောက်ဖွံံဖြိုးတိုးတက်ရေးအတွက် ” မိဘတိုင်းသိသင့်တဲ့နူရိုသိပ္ပံလေ့လာတွေ့ရှိချက် (၁၀)ခု” အကြောင်းကို Food for Thought 828 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
မိဘတိုင်းသိသင့်တဲ့နူရိုသိပ္ပံလေ့လာတွေ့ရှိချက် (၁၀)ခု
စာဖတ်သူအနေဖြင့်ကလေးရှိတယ်ဆိုရင်မွေးဖွားလာတဲ့ကလေးကိုရင်မှာပွေ့ပိုက်ထားတဲ့အခါဖြစ်တဲ့စိတ်ကြည်နူးပျော်ရွှင်ဂုဏ်ယူမှုကို ပြန်မှန်မိနေပါသလား။ ချစ်စရာကောင်းလှတဲ့သင့်ကလေး၊ ကျယ်လောင်စွာအော်တဲ့ အ သံများ၊ နှင့် အဲဒီအချိန်မှာ ကလေးသက်သောင့်သက်သာရှိအောင်သင့် လက်များဖြင့် ကလေးကို ပွတ်သပ်ပေးတာ တွေကိုပြန်သတိရပါသလား။
စာရေးသူအနေဖြင့်မိမိကလေးမွေးကင်းစကိုလက်ဖြင့် ပွေ့ပိုက်ထားလိုက်တဲ့အချိန်မှာ စိတ်လှုပ်ရှားခံစားမှုအမျိုး မျိုးကို ရင်မှာခံစားရပါတယ်။ ပျော်ရွှင်ခြင်း၊ ကြည်နူဝမ်းသာခြင်း၊ ဂုဏ်ယူခြင်းတို့ပေါင်းစပ်တဲ့ကြည်နူးဝမ်း မြောက်တဲ့စိတ်လှုပ်ရှားခံစားမှုဖြစ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာလည်းမွေးလာတဲ့ကလေးတွေကို ဘယ်လို ပြုစုစောင့်ရှောက်မလဲဆိုတာကိုလည်းမိမိကိုယ်မိမိပြန်မေးရင်း စဥ်းစားမိပါတယ်။
ဒီကလေးငယ်လေးဟာမကြာမှီမှာပင် တတောက်တောက်ပြေးတတ်တဲ့ကလေးအရွယ်ရောက်လာပါလိမ့်မယ်။ အဲဒီလိုတတောက်တောက်ပေးနေတဲ့ကလေးနှင့်အတူတူပျော်ရတဲ့အချိန်များရှိလာသလို ထိခိုက်မှုကြောင့်စိတ် တွေလှုပ်ရှားပြီး ကျယ်လောင်စွာငိုတာမျိုးတွေလည်းကြုံလာမှာဖြစ်ပါတယ်။ ကျွန်တော့မှာဖြစ်နေတဲ့သုတေသန ပြုလိုတဲ့စိတ်က မေးနေပါတယ်။ ဒီကလေးလေးရဲ့ဦးနှောက်ထဲမှာ ဘာတွေဖြစ်နေတာလဲ။ သူကို ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် ဘယ်လို လေ့ကျင့် စောင့်ရှောက်ပေးရင်ကောင်းမလဲ။
ဦးနှောက်အကောင်းဆုံးဖွံ့ဖြိုးလာအောင်ဘယ်လိုကူညီပေးရင်ကောင်းမလဲ။
နူရိုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ သို့မဟုတ် ဦးနှောက်ဖွံ့ဖြိုးမှုကဘဝအစောပိုင်းမှာစတင်ဖြစ်လာပါတယ်။ သန္ဓေ သားတည်ပြီး သီတင်းပတ်အနည်းငယ်မှစတင်ဖြစ်လာပါတယ်။ ထိတွေ့အာရုံများ၊ အမြင်အာရုံများ၊ သိမှုဆိုင်ရာ များတို့ဟာ ကလေးရဲ့အစောပိုင်းနှစ်တွေမှာ အခြေတည်ပြီး ဆက်လက်တိုးတက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို မှန်ကန်တဲ့လှု့ဆော်မှုများ၊ ကောင်းတဲ့အတွေ့အကြုံများဖန်တီးပေးခြင်းဖြင့်ကလေးဦးနှောက်တွင်း ရှိဆဲလ်များကိုရင့်ကျက်လာအောင်၊ တစ်ဟုန်ထိုးတိုးတက်ပွားများလာအောင်၊ နူရုန်းများအချင်းချင်းဆက်သွယ်မှု များဖြစ်လာအောင်ပြုလုပ်ပေးနိုင်ပါတယ်။
ဦးနှောက်ဖွံ့ဖြိုးမှုမှာမမွေးဖွားခင်ကတည်းကစတင်ပြီးအဲဒီဖွံ့ဖြိုးမှုက ဆယ်ကျော်သက်အရွယ်အထိ ဆက်လက် ဖြစ်ပါတယ်။ ပြီးတော့ တဖြည်းဖြည်း လူကြီးဘဝသို့ ကူးပြောင်းလာပါတယ်။ မိဘများအနေဖြင့် ကလေးရဲ့ရုပ် ပိုင်း၊စိတ်လှုပ်ရှားခံစားမှုအပိုင်း၊ ပေါင်းသင်းဆက်ဆံရေးအပိုင်း၊ နှင့် ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုအပိုင်းတို့ အားကောင်းလာအောင် အကူအညီအထောက်အပံ့ဖန်တီးပေးနိုင်ပါတယ်။
အောက်ဘက်မှာနူရိုသိပ္ပံကလေ့လာတွေ့ရှိထာတဲ့အရေးကြီးတဲ့အချက် (၁၀)ချက် ကိုမိဘများသိအောင် တင်ပြ ထားပါတယ်။
၁။ ဦးနှောက်ဟာဘဝအစပထမအစောပိုင်းနှစ်များတွင်ဦးနှောက်ကလျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေပါတယ်။
သင့်ကလေးရဲ့ဦးနှောက်ဟာဘဝအစပိုင်းပထမ (၃) နှစ်အတွင်းမှာလျင်မြန်တဲ့အပြောင်းအလဲများဖြစ်နေပါတယ်။ အဲဒီနှစ်တွေအတောအတွင်းမှာ သင့်ကလေးဦးနှောက်မှာပြန်လည်တည်ဆောက်မှုတွေဖြစ်နေပါတယ်။ နုုရုန်း ဆက်သွယ်မှုအသစ်တွေဖြစ်လာပါတယ်။ နူရုန်းလမ်းကြောင်းအသစ်တွေဖြစ်လာပါတယ်။ အဲဒီထိတွေ့မှုအာ ရုံ များနှင့် မြင်မှုဆိုင်ရာ နူရုန်းများဆက်သွယ်မှုကြောင့် စိတ်လှုပ်ရှားခံစားမှုများ၊ မှတ်မိမှုများ၊ ဆုံးဖြတ်ချက်ချနိုင် မှုဆိုင်ရာစွမ်းရည်များတိုးတက်လာပြီးလူကြီးဘဝသို့ ကူးပြောင်းလာတာဖြစ်ပါတယ်။
ကလေးရဲ့ အစောဆုံးပထမနှစ်များမှာ ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးဖြစ်ကြောင့် လေ့လာမှုသုတေသနများက ထောက်ပြနေပါတယ်။ အတွေ့အကြုံများ၊ လှုံ့ဆော်ပေးမှုများ၊ ချစ်ခင်စွာပြုစုစောင့်ရှောက်မှုများ၊ တို့မှာ က လေး တို့အတွက်ကောင်းမွန်တဲ့စိတ်လှုပ်ရှားခံစားမှုနှင့် သိမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့နှင့်ရင့်ကျက်လာမှုတို့ အတွက် အကောင်းဆုံးအခြေခံပတ်ဝန်းကျင်ကိုဖန်တီးပေးရာရောက်ပါတယ်။
ကလေးရဲ့အစောပိုင်းနှစ်များတွင် ဦးနှောက်ဖွံ့ဖြိုးတိုးတက်အောင်အားပေးနိုင်တဲ့နည်းလမ်းတစ်ချို့မှ အောက်ပါ တို့ဖြစ်ပါတယ်။
• ကလေးကိုသူနေထိုင်ရာပတ်ဝန်းကျင်မှာပြေးလွှားကစားစေခြင်းနှင့် စူးစမ်းလေ့လာခွင့်ပေးခြင်း၊
• အရုပ်ကလေးများကိုထိကိုင်ကစားခြင်း၊ ထိခြင်း၊ ပတ်ဝန်းကျင်မှာတွေ့ရတဲ့ပစ္စည်းများကို ထိကိုင်ခြင်း၊ မြင်ခြင်း၊ အသံများကိုကြားခြင်း၊ နှင့်ထိတွေ့ခံစားခြင်းများရှိအောင် လက်တွေ့အတွေ့အကြုံများရရှိစေ ခြင်း။
• သဘာဝနှင့်ထိတွေ့ပြီးစူးစမ်းလေ့လာခွင့်ပေးခြင်း၊သဘာဝနှင့် ထိတွေ့ဆက်သွယ်ခွင့်ပေးခြင်း၊
• သွားတိုက်ခြင်း၊ ဖိနပ်ကိုကီုယ်တိုင်စီးခြင်း စတဲ့အလုပ်များကို လုပ်ရန်တိုက်တွန်းအားပေးခြင်း၊ လွယ် ကူတဲ့အလုပ်များကို သူတို့ကိုယ်တိုင် ထပ်တလဲလဲ လုပ်ကိုင်ခွင့်ပေးခြင်းဖြင့်မိမိကိုယ် မိမိ ယုံကြည်မှု များတိုးတက်လာစေပါတယ်။
၂။ ဦးနှောက်ရင့်ကျက်လာမှုကပိုရှုပ်ထွေးတဲ့လုပ်ငန်းများကိုလုပ်ဆောင်နိုင်ရန်ကလေးများကိုအကူအညီပေးပါ တယ်။
ဦးနှောက်ရဲ့ prefrontal အပိုင်းက ပြဿနာဖြေရှင်းခြင်း၊ ကြိုတင်ပြင်ဆင်စီစဥ်ခြင်း၊ ကျိုးကြောင်းဆက်စပ် စဥ်းစားခြင်းများကိုပြုလုပ်နိုင်စေပါတယ်။ ဦးနှောက်ရဲ့အဲဒီအပိုင်းက မူကြိုအရွယ်နှစ်များတွင် ဖွံ့ဖြိုးတိုးတက် လာကြပါတယ်။
အရေးကြီးတဲ့အလုပ်တွေကို လုပ်ဆောင်နိုင်စေရန်အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ပေးရန် လိုအပ်ပါတယ်။
• အာရုံစူးစိုက်နိုင်မှုအားကောင်းလာစေရန်ကလေးများအားပုံပြင်များပြောပြခြင်းပြုလုပ်ပေးပါ။ ပုံပြင်ကို နားထောင်နေစဥ်ကလေးတွေဟာအနှောက်အယှက်ပေးခြင်းများမပြုလုပ်ဘဲငြိမ်သက်စွာထိုင်ပြီးနားထောင်တတ်တဲ့အလေ့အကျင့်လည်းတိုးတက်လာစေပါတယ်။
• လုပ်စရာတွေကို လုပ်ဆောင်တဲ့အခါမှာအလှည့်ကျအောင် စောင့် ခိုင်းခြင်းကလည်း စိတ်ရှည်သည်းခံနိုင် စွမ်း တိုးတက်လာစေပါတယ်။ အခြားကလေးများနှင်အတူတူကစားစဥ်မိမိအလှည့်ရောက်အောင်စောင့် ကစားရတာမျိုးကိုလေ့ကျင့် ပေးရန် လိုအပ်ပါတယ်။ အဲဒီလိုလေကျင့်ပေးခြင်းဖြင့် ကလေးတွေဟာ အ လှည့်ကျအောင်သည်းခံစောင့် ဆိုင်းတတ်ခြင်းနှင့် စိတ်ရှည်သည်းခံနိုင်စွမ်းများတိုးတက်လာစေပါတယ်။
• ကလေးတွေကိုကစားခွင့်ပေးခြင်း၊ ပတ်ချာလှည့်ပေးခြင်း။ ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာခွင့်ပေးခြင်း ဖြင့် ကလေးတွေမှာကိုယ်လက်လှုပ်ရှားနိုင်စွမ်းများတိုးတက်လာပါတယ်။ ကလေးတွေကိုတစ်နေရာ တည်းမှာငြိမ်ငြိမ်သက်သက်အချိန်ကြာကြာထိုင်နေဖို့မမျှော်လင့်နိုင်ပါ။
• ကလေးအချင်းချင်းကစားရာတွင်မိမိပိုင်ကစားစရာအရုပ်လေးများကိုအခြားကစားဖော်များအားခဏမျှဝေပေးကစားစေခြင်းဖြင့် ပြဿနာဖြေရှင်နိုင်စွမ်းနှင့်အခြားသူများအပေါ်ထောက်ထားစာတာတတ်မှုများ တိုးတက်လာစေပါတယ်။ အဲဒီလိုမျှဝေကစားရင်ကလေးအနေဖြင့်စိတ်ပျက်လာတဲ့အခါ ဖြစ်လာတဲ့အ ခက် အခဲပြဿနာကိုခြေရှင်းနိုင်ရန်အချိန်ပေးပြီစဥ်းစားခိုင်းပါ။ သူတို့ကိုယ်တိုင်စဥ်းစားတဲ့နည်းဖြင့်တွေ့ နေ တဲ့ အခက်အခဲပြဿနာကိုဖြေရှင်းနိုင်အောင် တိုက်တွန်းအားပေးပါ။
၃။ ကလေးငယ်များရဲ့ဦးနှောက်က အရေးပါတဲ့ဖွံ့ဖြိုးတိုးတက်မှုကို သူ့အဆင်များကို ဖြတ်ကျော်ပြီဖွံ့ဖိုးလာပါ တယ်။
ကလေးရဲ့ဦးနှောက်ကရင့်ကျက်လာလာတာနဲ့အမျှ တချို့သောဦးနှောက်လုပ်ငန်းများကဖြစ်ပေါ်လာပါတယ်။ အဲဒီလိုဦးနှောက်လုပ်ငန်းများဖြစ်လာမှုကြောင့် အာရုံခံများတိုးတက်လာခြင်း၊ အမြင်အာရုံများတိုးတက် လာ ခြင်း၊ ဘာသာစကားနှင့် ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာခြင်းများဖြစ်လာပါတယ်။ အဲဒီအဆင့်များကို အရေးကြီးတဲ့အဆင့်များလို့သတ်မှတ်ပါတယ်။
သုတေသနလေ့လာတွေ့ရှိချက်များ အ ရ ထို အရေးကြီးတဲ့အချိန်များဟာ ဦးနှောက်တွင်းမှာဖြစ်နေတဲ့နူရုန်း များဆက်သွယ်လည်ပတ်နေမှုကိုပြန်လည်တည်ဆောက်ပြီး ပြန်လည်ဆက်သွယ်မှုများကိုဖြစ်စေပါတယ်။ အဲဒီလို နူရုန်းများ ပြန်လည်တည်ဆောင်မှုနဲ့ပြန်လည်ဆက်သွယ်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများ ဖြစ် လာစေပါတယ်။ အဲဒီအဆင့်မှာဆိုရင် အာရုံများ ဖြင့် လှုံ့ဆောင်ပေးမှုက နူရုန်းများ တိုးတက်မှုနှင့်ရင်ကျက် လာမှုများကိုဖြစ်လာစေပါတယ်။
အဲဒီအရေးကြီးတဲ့အချိန်များမှာ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အောက်ပါလုပ်ငန်းများကိုလည်းလုပ်ဆောင်ပေးနိုင် ပါတယ်။
• ကလေးကိုလုပ်စရာလုပ်ငန်းများကိုထပ်တလဲလဲ လုပ်ရန်တိုက်တွန်းအားပေးခြင်း၊ အလုပ်ကိုထပ်ခါ တ လဲလဲ လုပ်ခြင်းဖြင့် ဦးနှောက်က အတွေ့အကြုံသစ်များရလာအောင် သင်ယူလုပ်ဆောင်လာ စေပါ တယ်။ ဥပမာအားဖြင့် ကျွန်တော့်သားအငယ်ဆုံးဆိုရင် သူ့အရုပ်တွေကိုခွက်ကြီးတစ်ခုထဲထည့်ခြင်း ပြန်သွန်ခြင်း၊ ပြန်ထည့်ခြင်းကို ထပ်တလဲလဲလုပ်တာကိုသဘောကျပါတယ်။ အဲဒီလိုထပ်တလဲလဲ လုပ်နေတာကိုစောင့် ကြည့်ရတာကတော့ ပျင်းစရာကောင်းပေမဲ့သူ့ဦးနှောက်ဖွံ့ဖြိုးရေးအတွက်တော့ အထောက်အကူပြုနေပါတယ်။
• ကလေးတွေကိုသူတို့နှုန်းဖြင့် သူတို့ လေ့လာသင်ယူခွင့်ပေးခြင်း၊ ကလေးတိုင်းဟာ သူ့သဘာဝအရ သင်ယူတဲ့နှုန်းထားရှိကြပါတယ်။ သူတိုနှုန်းထားကိုကျော်လွန်လုပ်နိုင်ရန်အတင်းဖိအားမပေးပါနှင့်။
• သူတို့စိတ်ဝင်စားတာကိုစူးစမ်းလေ့လာခွင့် ပေးခြင်းနှင့် စိတ်ဝင်စားတာကိုထပ်တလဲလဲပြုလုပ်ခွင့်ပေးပြီး ထိုအတွေ့အကြုံမှ သင်ယူးခွင့်ပေးခြင်းကလည်းဦနှောက်ဖွံ့ဖြိးစေပါတယ်။
• ဘေးကင်းတဲ့ပတ်ဝန်းကျင်မှာလှည့်ပတ်ပြေးကစားစေပြီး ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာခွင့် ပေးခြင်း၊
၄။ အခြားလူများလုပ်ဆောင်မှုကိုကြည့်ပြီး ပုံတူပြုလုပ်ခြင်း၊ အတုယူခြင်းကလည်း ဦးနှောက်တွင်းရှိနူရုန်းများ ကို အားကောင်းလာအောင်အားပေးပါတယ်။
မိန်းကလေးတွေဟာ သူတို့မိခင်ဝတ်ဆင်သလို ဘာကြောင့် လိုက်ဝတ်ဆင်ကြသလဲဆိုတာ စဥ်းစားကြည်ဘူးပါ သလား။
ကလေးဦးနှောက်တွင်အစိတ်အပိုင်းတစ်ခုပါဝင်ပါတယ်။ အဲဒီအစိတ်အပိုင်းမှာတော့ မှန်လိုရောင်ပြန်ဟပ်တဲ့နူရုန်း များပါဝင်ပါတယ်။ အဲဒီနူရုန်းတွေက ကလေးတွေအနေဖြင့် သူတို့ပတ်ဝန်းကျင်မှာ မြင်တွေ့ကြားတာတွေကို ကြည့်ရှုလေ့လာအတုယူပြီးထပ်တလဲလဲပြုလုပ်လာအောင်အားပေးပါတယ်။
သုတေသနလေ့လာတွေ့ရှိချက်များကထောက်ပြနေတဲ့အချက်မှာကလေးတွေဟာ သူတို့ဦးနှောက်သင်ယူလေ့ ကျင့်မှုများပြုလုပ်လာစေနိုင်ဖို့ အပြုအမူများကို အတုမြင်ပြီးလိုက်လုပ်ဆောင်အောင်အားပေးရန် လိုအပ် ကြောင်း ထောက်ပြနေပါတယ်။
ကလေးဦးနှောက်က မြင်ကြားတာတွေကိုအတုယူလုပ်ဆောင်လာနိုင်စေရန်အောက်ပါတို့ကို ပြုလုပ်ပေးနိုင်ပါ တယ်။
• မိဘများအနေဖြင့်နေ့စဥ်ဘဝမှာကြုံရတဲ့အခြေအနေများကို ဘယ်လိုရင်ဆိုင်ကိုင်တွယ်ကြောင်း၊ ဘယ် လို ဘဝနေထိုင်နည်းကိုရွေးချယ်နေထိုင်ကြောင်း၊ အဲဒီအခြေအနေတွေမှာ ဘယ်လိုအပြုအမူများပြု လုပ်တုံ့ပြန်ကြောင်းကလေးတွေတွေ့မြင်နေအောင် စီစဥ်ပြသပေးရန် လိုအပ်ပါတယ်။
• ကလေးတွေကမိမိတို့ပြုမူပြောဆိုနေတာကို အစဥ်စောင့်ကြည့်နေကြောင်းမိမိတို့ကိုမိမိတို့သတိပေးပြီး သူတို့ အတွက်အတုယူစရာကောင်းတဲ့အပြုအမူအပြောအဆိုအနေအထိုင်ဖြစ်အောင် နမူနာပြနေထိုင်ဖို့ လိုအပ်ပါတယ်။
• ကလေးတွေအတွက် မိဘတွေက စံနမူနာပြများဖြစ်အောင်ပြုမူပြောဆိုနေထိုင်သင့်ပါတယ်။
၅။ အဆိပ်သင့်စေတဲ့စိတ်ဖိစီးမှုများက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ပြန်ပြုပြင်မရတဲ့ထိခိုက်ပျက်စီးမှုများဖြစ်စေ ပါတယ်။
နူရိုသိပ္ပံပညာရှင်များက ဖိစီးမှုများက ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုနှင့်ရင့်ကျက်လာမှုအပေါ်သက်ရောက်မှုများ အကြောင်းကို ရာစုနှစ် နှင့်ချီပြီးလေ့လာခဲ့ကြပါတယ်။ ကျွမ်းကျင်သူပညာရှင်များက ညှင်းဆဲနှိပ်စက်ခံရခြင်း၊ ဆင်းရဲမွဲတေခြင်း၊ မိခင်အနေဖြင့် ပြင်းထန်စွာ စိတ်ဖိစီးပြီးစိတ်ဓာတ်ကျနေခြင်းတို့ကိုရေရှည်ခံစားနေရခြင်းတို့ ဟာကလေးဦးနှောက်ဖွံ့ဖြိုးမှုအပေါ်ရေရှည် ဆိးဝါးတဲ့သက်ရောက်မှုများဖြစ်စေကြောင်းလေ့လာတွေ့ရှိထား ပါ တယ်။
ဘဝမှာဖိစီးမှုများကိုအချိန်ပြည့်ရှောင်ရှားဖို့မှာမဖြစ်နိုင်ပါ။ ဒါကြောင့် ကလေးတွေခံစားရတဲဖိစီးမှုအတိုင်းအတာ ပမာနလျော့ကျအောင် အောက်ပါတို့ကို လုပ်ဆေင်ပေးနိုင်ပါတယ်။
• သင်ယူလေ့လာမှုပြုလုပ်တဲ့အခါမှာ မိမိတို့သင်ယူနိုင်တဲ့နှုန်းဖြင့် သာလေ့လာသင်ယူရန်လှုံ့ဆောပေး ခြင်း နှင့်တိုက်တွန်းအားပေးခြင်း။
• ကလေးတို့အတွက် ကြိုဆိုအားပေးတဲ့သင်ယူမှုပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ရန် အပြုသဘောဆောင် တဲ့ မိဘများကျင့်သုံးတဲ့ကလေးများလေ့ကျင့် ပျိုထောင်တဲ့နည်းလမ်းများကိုကျင့်သုံးခြင်း။
• ခံစားမှုအေးငြိမ်းတဲ့နေရာမှာနေနိုင်တဲ့အချိန်ပေးခြင်း၊ နေရတဲ့ဖိစီးမှုကိုပိုဆိုးစေတဲ့ဖိစီးမှုများထပ်ဖြစ် မလာ အောင်ရှောင်ရှားခြင်း၊ ဥပမာ ကလေးအနေဖြင့် ဖိစီးမှုဖြစ်ပြီး ငိုယိုနေရတဲ့အခြေအနေမျိုးမှာစိတ် အေးသက်သာလာစေဖို့ အေးငြိမ်းစွာနေနိုင်တဲ့အချိန်ပေးခြင်း၊နှင့်အဲဒီလိုအခြေအနေဖန်တီးမပေးခင်မှာ ဘာကြောင့်ကလေးအနေဖြင့်ဖိစီးမှုများဖြစ်နေရကြောင်းသိအောင်လေ့လာပြီးသက်သာအောင်ကူညီပေးခြင်း၊
• ဖိစီးမှုဆိုတာတစ်ခါတစ်ရံမှာရှောင်မရိုင်ပါ။ ဒါပေမဲ့ကလေးအနေဖြင့်ရှောင်မရတဲ့ဖိစီးမှုရင်ဆိုင်ရတဲ့ အ ချိန် မျိုးမှာမိဘအနေဖြင့် ထိုဖိစီးမှုကို ကလေးရင်ဆိုင်နိုင်အောင်ကူညီဖို့ အနီးအနားမှာရှိနေအောင် စီစဥ် သင့်ပါတယ်။ အဲဒီအချိန်မျိုးမှာနွေးထွေးချစ်ခင်စွာပွေ့ဖက်ထားခြင်း၊ ချော့ပေးခြင်းတို့ကထိုအချိန်မျိုး တွင်စိတ်သက်သာရာရဖို့အလွန်အထောက်အကူဖြစ်စေပါတယ်။
၆။ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုက ကလေးဦးနှောက်အလုပ်လုပ်ပုံကို ပုံဖော်ပေးပါတယ်။
စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံများမှာ ကလေးဘဝအစောပိုင်းကာလ တွင် ဖြစ်လာခဲ့ပါတယ်။ မတူတဲ့အခြေအနေအမျိုးမျိုးကို ကလေးအနေဖြင့်တုံ့ပြန်မှုအမျိုးမျိုးကလည်း ကလေး တွေရဲ့စဥ်းစားပုံနှင့်အမြင်အယူအဆများအပေါ်သက်ရောက်မှုဖြစ်စေပါတယ်။
လေ့လာချက်သုတေသနများကထောက်ပြနေတဲ့အချက်မှာ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုက မှတ်ဥာဏ်၊ ဆုံးဖြတ်ချက်များချမှု၊ ပြဿနာဖြေရှင်းမှုစတဲ့သိမှုပိုင်းဆိုင်ရာ အဓိကကျတဲ့လုပ်ဆောင်မှုများ အပေါ်မှာ လွှမ်းမိုးသက်ရောက်မှုများရှိစေပါတယ်။ ဒါကြောင့် ကလေးတွေငယ်တဲ့အချိန်မှာ ဖြစ်လာတဲ့စိတ် လှုပ်ရှားခံစားမှု ဖွံ့ဖြိုးတိုးတက်ရေးက နောက်ပိုင်း အောင်မြင်တဲ့ဘဝဖြစ်လာဖို့ အလွန်အရေးပါပါတယ်။
ကလေးတွေမှာကောင်းတဲ့စိတ်လှုပ်ရှားခံစားမှုများဖွံ့ဖြိုးလာစေရန်အောက်ပါလုပ်ငန်းများလုပ်ဆောင်ပေးသင့်ပါတယ်။
• ကလေးများသူတို့မှာဖြစ်နေတဲ့စိတ်ခံစားမှုများကို ထုတ်ပြောပါစေ။ ကစားနေတဲ့အရုပ်ကလေးကျိုးသွား တဲ့ အတွက် ငိုနေခြင်းမျိုးက မိုက်မဲရာကျပေမဲ့ ကလေးမှာဖြစ်နေတဲ့စိတ်ခံစားမှုအတွက်အသိအမှတ် ပြုပေးခြင်းနှင့် သက်သာအောင်ပြုလုပ်ပေးရန်လိုအပ်ပါတယ်။
• ကလေးကိုမိသားစုအတွင်းမောင်နှမများနှင့် ကစားတဲ့အပြင် အိမ်နီးချင်းပြင်ပမှ ကလေးများနှင့်လည်း အတူတူကစားခွင်ပေးပါ။ အဲဒီလိုအခြားကလေးများနှင့်အတူတူကစားတဲ့အခါ ကလေးများအနေဖြင့် သူတို့မှာဖြစ်လာတဲခံစားမှုများကိုထိန်းသိမ်းရန်အရေးကြီးလာပါတယ်။ ကျောင်းနေအရွယ်ရောက်လာ တဲ့အခါ မိမိရဲ့စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်ရန် အထူးလိုအပ်ပါတယ်။
• သက်တူရွယ်တူအချင်းချင်းအခြားကလေးများကို ကူညီစောင့်ရှောက်တတ်အောင်အခွင့်အလမ်း များဖန်တီးပေးရန်လည်းလိုအပ်ပါတယ်။ ကစားစရာများကို အတူတူမျှဝေကစာစေခြင်း၊ အတူတူ ကစားစေခြင်းတို့ဖြင့်ကလေးများတွင်တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်း၊ အပြန်အလှန်ယုံ ကြည်လာခြင်းနှင့်အပြန်အလှန်စောင့်ရှောက်တတ်တဲ့စိတ်များဖြစ်လာစေပါတယ်။
• ကလေးများအချင်းချင်းအတူတူကစားတဲ့အခါမှာ ဘာတွေပင်ဖြစ်လာပါစေ မိဘအနေဖြင့် လိုအပ်တဲ့အကူအညီပေးရန်အသင့်အနေအထားရှိကြောင်း ကလေးသိအောင်ပြောပြထားပါ။
၇။ သိမှုဆိုင်ရာဖွံ့ဖိုးတိုးတက်မှုဟာတက်ကွဲစွာနေထိုင်မှုနှင့်ဆက်စပ်နေပါတယ်။
ဦးနှောက်တွင်ကိုယ်လက်လှုပ်ရှားမှုများကိုထိန်းပေးတဲ့အပိုင်းမှာ motor cortex ဖြစ်ပါတယ်။ အဲဒီအပိုင်းက အကြမ်းအားဖြင့် ကိုယ်လက်လှုပ်ရှားမှုများနှင့် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာတဲ့လှုပ်ရှားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေပါတယ်။
လေ့လာတွေ့ရှိချက်များအရ အဲဒီအပိုင်းအားကောင်းလာအောင်ကလေးများကိုလွတ်လပ်စွာပြေးလွှား ကစား ခွင့်ပေးခြင်းနှင့် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာခွင့်ပေးရန် လိုအပ်ကြောင်းတွေ့ရှိထားပါတယ်။ အဲဒီလိုကစားခွင့် နှင့်စူးစမ်းလေ့လာခွင့်ပေးခြင်းတို့မှမှန်ဥာဏ်။ စဥ်းစားတွေးခေါ်တတ်မှုနှင့် ပြဿနာခြေရှင်းတတ်မှုတို့တိုးတက် လာစေရန် လိုအပ်ပါတယ်။ နေ့စဥ်ဘဝမှာတက်ကြွစွာနေခွင့်ရတဲ့ကလေးတွေဟာကျောင်းနေတဲ့အခါ ပိုအဆင် သင့်ဖြစ်ပြီးကျောင်းမှာ လုပ်ဆောင်ရမဲ့သင်ယူမှုဆိုင်ရာလုပ်ငန်းများကိုလည်းကောင်းစွာလုပ်ဆောင်နိုင် စေရန် ပိုအဆင်သင့် အနေအထားရှိစေပါတယ်။
ကိုယ်လက်လှုပ်ရှားဖွံ့ဖြိုးတိုတက်လာမှုကိုအထောက်အကူဖြစ်စေရန်အေင်ပါလုပ်ငန်းများကို လုပ်ဆောင်ပေး သင့်ပါတယ်။
• လွတ်လပ်စွာပြေးလွှားကစားခြင်းနှင့်ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာခွင့် ကိုနေ့တိုင်း ပုံမှန်လုပ်ငန်းအဖြစ် ဖန်တီးပေးခြင်း။
• သက်တူကလေးများနှင့်အတူတူကစားနိုင်ရန်နေ့ရက်များစီစဥ်ပေးခြင်း၊ အဲဒီအခါမျိုးမှာ ကလေးတွေဟာ ဘေးကင်းစွာသွားလာလှုပ်ရှားနိုင်လာပါတယ်။ ဘေးကင်းတဲ့အတွက် ကလေးတွေဟာ ပျော်ရွှင်စွာကစား နိုင်စေပါတယ်။ စက်ဘီးစီးခြင်း၊ ပျော်ပွဲစားထွက်ခြင်း၊ ပင်လယ်ကမ်းစပ်မှာတစ်နေ့တာသွားရောက် အ ပန်းဖြေကစားခြင်း၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာပြေးကစားခြင်းများကိုပြုလုပ်နိုင်စေပါတယ်။
• ကလေးတွေဆိုတာတစ်နေရာတည်းမှာကြာရှည်စွာငြိမ်ငြိမ်လေးထိုင်မနေနိုင်တာကိုနားလည်ပြီး ထိုသို့ တစ်နေရာတည်းမှာကြာရှည်စွာငြိမ်ငြိမ်ထိုင်ခိုင်းထားခြင်းမျိုးက ကလေးတွေမှာစိတ်ဖိစီးမှုများဖြစ်စေတဲ့ အပြင် ကလေးတွေမှတစ်ဆင့် လူကြီးတွေလည်းစိတ်ဖိစီးမှုများဖြစ်လာစေပါတယ်။
၈။ ကလေးတို့ရဲံဦးနှောက်ဟာဆန်းသစ်တီထွင်ဖန်တီးမှုများပြုလုပ်နိုင်ရန်အမျိုးမျိုသိုလှောင်ထားတဲ့အိမ်ကြီး နဲ့တူပါတယ်။
ဆန်းသစ်တီထွင်နိုင်မှုဆိုတာ ဦးနှောက်ဆဲလ်သို့မဟုတ်နူရုန်းပေါင်း သန်းပေါင်းများစွာတို့ ပေါင်းစပ်အလုပ်လုပ်မှု ကြောင့် ဖြစ်လာတဲ့ရလဒ်ဖြစ်ပါတယ်။ အဲဒီလို နူရုန်းတွေအများကြီးပေါင်းစပ်အလုပ်လုပ်ဆောင်လာနိုင်စေရန် လေ့ကျင့်ပေးမှု၊ လှုံ့ဆော်ပေးမှုပြုလုပ်ပေးရန် လိုအပ်ပါတယ်။ အဲဒီလိုလှုံ့ဆော်ပေးလိုက်တဲ့အခါမှာ လင်းလက် တောက်ပတဲ့စိတ်ကူးအ မျိုးမျိုးဖြစ်လာပါတယ်။
လေ့လာတွေ့ရှိချက်များအရ အစောပိုင်းအရွယ်တွင် တေးဂီတနှင့်ထိတွေ့ခွင့်ပေးခြင်းရှိတဲ့ကလေးတွေမှာဆိုရင် အဲဒီကလေးတွေဦးနှောက်က ထိုသို့ ထိတွေ့ခွင့်မရသူများရဲ့ဦးနှောက်ထက် ပိုဖွံ့ဖြိုးတိုးတက်နေတာကိုတွေ့ ရ ပါတယ်။ ဒါကြောင့် အစောပိုင်းနှစ်များတွင်ဆန်းသစ်လုပ်ဆောင်နိုင်တဲ့လုပ်ငန်များနှင့် ထိတွေ့လုပ်ကိုင်ခွင်းပေး ခြင်းက ကလေဦးနှောက်ကို ပိုဖွံ့ဖြိုးစေပြီး ရင့် ကျက်မှုအားပိုကောင်းလာစေပါတယ်။အဲဒီလိုအခြေအနေပေးတဲ့ ကလေးတွေဟာ လူကြီးအရွယ်ရောက်တဲ့အခါ အားကောင်းတဲ့ ဆန်းသစ်တီထွင်မှုများပိုလုပ်ဆောင်နိုင်စွမ်းများ ရှိလာစေပါတယ်။
ကလေးတို့မှာဆန်းသစ်တီထွင်နိုင်စွမ်းအားကောင်းလာအောင် အောက်ပါလုပ်ငန်းများဖန်တီးပေးသင့်ပါတယ်။
• ကလေးကိုအိမ်နီးချင်းကလေးများနှင့်အတူတူကစားခွင့်ပေးခြင်း။ အဲဒီလိုကစားရင် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ကူညီစောင့်ရှောက်တတ်လာပါတယ်။ အထူးသဖြင့် အခြားကလေးတွေမှာ မိမိကလေးနှင်မတူတဲ့စိတ်ဝင်စားမှုများရှိတဲ့အခါ မတူတဲ့စိတ်ဝင်စားမှုများကို အတူတူ လုပ်ဆောင်လာ ရင် စိတ်ဝင်စားမှုများတိုးတက်ပွားများလာစေပါတယ်။
• ကလေးတွေကိုသူတို့စိတ်ဝင်စားတာကို ဖော်ထုတ်ပြီးအဲဒီစိတ်ဝင်စားတာကို စူးစမ်းလေ့လာဖော်ထုတ် နိုင်အောင်အားပေးတိုက်တွန်းပါ။ ဥပမာအားဖြင့် ကလေးဟာနေ့စဥ်နေ့တိုင်းဘလောက်တုံးတွေ၊ လယ် ဂိုတွေနဲ့ကစားတာကိုအမှန်တကယ်စိတ်ဝင်စားပါက အဲဒီကစားတဲ့လုပ်ငန်းပုံမှန်လုပ်ဖြစ်အောင်အချိန် လျာထားသတ်မှတ်ပေးပါ။ စိတ်ဝင်းစားတာကိုလုပ်တဲ့အချိန်ရှိအောင်စီစဥ်အားပေးခြင်းဖြင့် ဆန်သစ်တဲ့ စိတ်ကူးစိတ်သန်းများကောင်းလာစေပါတယ်။
• ဆန်းသစ်တီထွင်တဲ့ကစားနည်းကစားစေခြင်း၊ အဝတ်အထည်များဝတ်ဆင်စေခြင်း၊ ရိုးရှင်းတဲ့လက်တွေ့ လုပ်ဆောင်မှုများပြုလုပ်ခွင့်ပေးခြင်းများပြုလုပ်သင့်ပါတယ်။ စိတ်ဝင်စားတာကိုထပ်တလဲလဲလုပ် ဆောင်တဲ့ဦးနှောက်ဟာ အောင်မြင်ဖို့အတွက် အခြေခံကို တည်ဆောက်နေတာဖြစ်ပါတယ်။
၉။ နေ့စဥ်ပုံမှန်လုပ်ငန်းများစီစဥ်ဖန်တီးပေးခြင်းက ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ် စေ ပါတယ်။
ပုံမှန်ရှေ့နောက်ညီစွာလေ့ကျင့် လုပ်ဆောင်နေတဲ့အလေ့အကျင့်တွေဟာလေ့ကျင့်သူတွေအတွင် စိတ်ပိုင်းဖွံ့ဖြိုး တိုး တက်လာစေပါတယ်။ အဲဒီလိုလေ့ကျင့်လာရင်စိတ်ထဲမှာ မိမိလုပ်ဆောင်နိုင်မှုကိုယုံကြည်လာပြီးဘေးကင်း တဲ့စိတ်၊ မိမိလုပ်ဆောင်မှုကိုတာဝန်ယူတတ်တဲ့စိတ်များလည်းဖြစ်လာစေပါတယ်။ ဒါကြောင့် ပုံမှန်ရှေ့နောက် ညီစွာလုပ်ဆောင်နေတဲ့အလုပ်များလုပ်ဆောင်ခြင်းကြောင့် ရနိုင်တဲ့အကျိုးကျေးဇူးများကို ဘယ်တော့မှ လျော့ မတွက်ပါနှင့်။
လေ့လာချက်သုတေသနများကထောက်ပြနေတာကတော့ ပုံမှန်ရှေ့နောက်ညီတဲ့အလုပ်တွေကိုလုပ်လေ့ရှိတဲ့ ကလေးတွေဆိုတာ အမျိုးမျိုးသောအလုပ်တွေမှာ ပိုကောင်းစွာသင်ယူလုပ်ဆောင်နိုင်ကြောင်းတွေ့ထားပါတယ်။ ရှေ့နောက်မညီရင်တော့ စဥ်းစားတဲ့အခါမှာ အမှားအယွင်းတွေဖြစ်လာနိုင်ပါတယ်။ တွေ့ကြုံလာ တဲ့အခက်အခဲ ပြဿနာများကိုဖြေရှင်းရာမှာခက်ခဲလာနိုင်ပါတယ်။ ကျောင်းပညာသင်ကြားရေးမှာလည်း အနှုတ်သဘော ဆောင်တဲ့သက်ရောက်မှုများဖြစ်လာစေနိုင်ပါတယ်။ နေ့စဥ်ပုံမှန်အလုပ်တွေလုပ်တဲ့အလေ့ အကျင့်ရှိလာရင် စိတ် ထဲမှာရောထွေးမှုများကင်းလာပြီး ပိုပူးပေါင်း လုပ်ဆောင်တတ်တဲ့ကလေးတွေဖြစ် လာစေပါတယ်။
နေ့စဥ်ပုံမှန်လုပ်တဲ့လုပ်ငန်းများမှတဆင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးသင့်တဲ့တဲ့နည်းလမ်းများ
• နေ့စဥ်ပုံမှန်လုပ်ဆောင်ရတဲ့လုပ်ငန်းကိုရိုးရှင်းလွယ်ကူအောင်စီစဥ်ဖန်တီးပေးခြင်း၊
• နေ့စဥ်ပုံမှန် လုပ်ဆောင်ရတဲ့အလုပ်ကို စနေတနင်္ဂနွေအားရက်များမှာပင် တာဝန်ယူပြုလုပ်ခြင်း၊ (တစ်ခါ တစ်ရံမှာတော့ နေ့စဥ်ပုံမှန်လုပ်တဲ့လုပ်ငန်းကိုမလုပ်ဘဲနေခွင့်ပေးခြင်းကလည်းအိုကေပါတယ်။) ဒါပေမဲ့ နေ့စဥ်ပုံမှန်အလုပ်တွေကိုပြုလုပ်ခြင်းကမိသားစုဝင်တိုင်းအတွက်အကျိုးများစေကြောင်းကိုတော့မမေ့သင့်ပါ။ ကလေးလူကြီးအားလုံအတွက်အကျိုးရှိစေပါတယ်။
• နေ့စဥ်ပုံမှန်လုပ်စရာအလုပ်တွေကိုစီစဥ်ထားတဲ့အတိုင်းပြုလုပ်ရန်တိုက်တွန်းအားပေးပါ။ အထူးသဖြင့် ကြီးလာတဲ့ကလေးတွေအတွက် ထိုသို့တိုက်တွန်းရန် ပိုလိုအပ်ပါတယ်။
• မိမိတို့သားသမီးတွေမှာနေ့စဥ်ပုံမှန်လုပ်စရာအလုပ်တွေရှိတယ်ဆိုတာသိနေပြီး ကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့အနေအထားရှိတယ်။ မိဘနှင့်သားသမီးကြားမှာ ချစ်ခင်ရင်းနှီးတဲ့ဆက်သွယ်ချက် ရှိတယ်ဆိုတဲ့အသိဖြင့် မိမိကိုယ်မိမိလည်း အားပေးအသိအမှတ်ပြုပါ။
၁၀။ သင့်ကလေးနှင့် ကလေးဦးနှောက်မှာသီးသန့်လက္ခဏာရှိပါတယ်။
ကလေးတိုင်းကမတူကြပါဘူး။ သင့်ကလေးမှာလည်းမတူထူးတဲ့စွမ်းရည်များ၊ အားသာချက်များ၊ နှင့် အား နည်းချက်များရှိပါတယ်။ ကလေးတိုင်းရဲ့ဦးနှောက်တည်ဆောက်ထားပုံမှာသီးခြားလက္ခဏာရှိပါတယ်။
လေ့လာချက်များကထောက်ပြနေတာကတော့ အမွှာပူးကလေးနှစ်ယောက်မှာပင် တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူတဲ့ဦးနှောက်များရှိကြောင်းတွေ့ရှိထားပါတယ်။
ကျွန်ပ်တို့လူကြီးများအနေဖြင့် ကလေးများကိုနားလည်အောင်လေ့လာရာမှာသူတို့ရဲ့မတူထူးခြားချက်များနှင့် ဆန်းသစ်တီထွင်နိုင်စွမ်းများကို သိနားလည်အောင်လေ့လာထားရန် လိုအပ်ပါတယ်။ ဒါမှာ ထိုထူးခြားစွမ်းရည် များ နှင့် အားကောင်းတဲ့အရည်အချင်များအစွမ်းကုန်တိုးတက်လာခွင့်ရအောင်မိဖများက ကူညီပုံဖော်ပေးနိုင်ပါ တယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်များနှင့် ဆန်းသစ်တဲ့စိတ်ကူးရှိသူများဟာ သူတို့ငယ်စဥ်အခါကလေးဘဝက အတွေ့အ ကြုံများကိုကျေးဇူးတင်ရမှာဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံများကြောင့်သူတို့ဟာ သူတို့ပတ်ဝန်းကျင် လောကကို စူးစမ်းရှာဖွေလေ့လာနိုင်ကြတာဖြစ်ပါတယ်။
ကလေးများဖွံ့ဖြိုးတိုးတက်ရေးအတွက်အောက်ပါလုပ်ငန်းများပြုလုပ်ပေးသင့်ပါတယ်။
• ကလေးတွေအတွက်စိန်ခေါ်မှုရှိပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံများကိုဖန်တီးပေးခြင်းဖြင့် လေ့လာသင်ယူပြီးတိုးတက်လာပါစေ။
• ဘေးအန္တရာယ်ကင်းတဲ့လုပ်ငန်းများနှင့် လက်တွေ့လုပ်ဆောင်မှုများကို လူကြီးအကူအညီမပါဘဲ ကလေး တွေကိုယ်တိုင်လုပ်ခွင့်ပေးပါ။
• ကြုံတွေ့လာတဲ့အခက်အခဲနှင့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်တဲ့ဖြေရှင်းနည်းများကိုစဥ်းစား ဖော်ထုတ် ခိုင်းပါ။
• ကလေးတို့မှာဖြစ်လာတဲ့လုပ်ဆောင်နိုင်တယ်ဆိုတဲ့စိတ်ခံစားမှုများနှင့်စိတ်လှုပ်ရှားခံစားမှုများကို လေးလေးစားစားအသိအမှတ်ပြုပါ။ သင့်ကလေးရဲ့ဦးနှောက်ဟာထိုကဲ့သို့သောနေ့စဥ်အတွေ့ အကြုံ များဖြင် ပုံပေါ်လာနေတာဖြစ်ပါတယ်။
• ကျန်းမားရေးနှင့်ညီပြီး မျှတတဲ့အာဟာရ ပြည့်ဝတဲ့အစားအစာကိုကလေးအားနေ့စဥ်ကျွေးပါ။ အဲဒီလို ဆိုရင်ကလေးဦးနှောက်မှာ ကောင်းစွာအလုပ်လုပ်နိုင်ပြီး သူမှာပါလာတဲ့မိသားစုကိုအခြေခံတဲ့ဗီဇသတ္တိ တွေလည်း အကောင်းဆုံးအစွမ်းပြသလာပါလိမ့်မယ်။
ဦးနှောက်ဆိုတာ အိမ်ကြီးတစ်လုံးနဲ့တူပေတာ
ကလေးတစ်ယောက်ရဲ့ဦးနှောက်ဆိုတာ တည်ဆောက်ထားတဲ့အိမ်ကြီးတစ်လုံးနှင့် တူပါတယ်။ အိမ်ရဲ့အောက်ခြေ ဖောင်ဒေးရှင်းကိုတည်ဆောက်တဲ့အခါ အားကောင်းခိုင်မာဖို့ လိုအပ်ပါတယ်။ ပြီးတော့ဘောင်တွေ၊တံခါးပြူတင်း တွေကိုလည်း အံကိုက်အောင်တပ်ဆင်ပေးဖို့ လိုအပ်ပါတယ်။ တစ်ခုနှင့်တစ်ခု ဆက်သွယ်တဲ့နေရာတွေမှာဆိုရင် ဆက်သွယ်မှု အားကောင်းအောင်သတိထားရန်လိုအပ်ပါတယ်။ အောက်ခြေဖောင်ဒေးရှင်းကို မှန်ကန်စွာချမှတ် ပြီး အိမ်ဆောက်မယ်ဆိုရင် အိမ်ကလှပတင့်တယ်ခိုင်မာစွာရပ်တည်လာမှာဖြစ်ပါတယ်။ အလားတူပင် သင့်က လေးဦးနှောက်ကိုတည်ဆောက်နိုင်အောင် ပြင်ဆင်ပေးမယ်ဆိုရင် ကလေးဟာရုပ်ပိုင်း၊ စိတ်လှုပ်ရှားခံစားမှုအပိုင်း နှင့် စိတ်ပိုင်းတို့မှာရင့်ကျက်တဲ့ လူငယ်တစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။ထိုမှတစ်ဆင့် ရင့်ကျက်တဲ့လူကြီးတစ် ယောက်ဖြစ်လာမှာပါ။
သင့်ကလေးဦးနှောက်က ပထမသုံးနှစ်အတွင်းတွင်အလွန်လျင်မြန်စွာလှုပ်ရှားပြောင်းလဲတိုးတက်ဖွံ့ဖြိုးနေပါ တယ်။ အသက် (၆)နှစ်လောက်ရောက်လာတဲ့အခါ ဦးနှောက်ရဲ့စုပေါင်းစွမ်းအားရဲ့ (၉၅)ရာခိုင်နှုန်းရှိလာပါတယ်။ အဲဒီဦးနှောက်က ဆယ်ကျော်သက်အရွယ်အထိ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေပါတယ်။
သုတေသနလေ့လာတွေ့ရှိချက်ကထောက်ပြနေတာကတော့ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ဦးနှောက်ဖွဲ့စည်းတဲ့ပုံစံကပြောင်းလာပါတယ်။ အဲဒီလိုပြောင်းလာတဲ့ပုံစံက စဥ်းစားပုံနှင့် အပြုအမူများလုပ် ဆောင်ပုံတွေမှာ လွှမ်းမိုးလာပါတယ်။ နူရုန်းဆက်သွယ်ချက်များအသုံးပြုမှုအလိုက်စီစစ်လျော့ချတဲ့အချိန်မှာ အားကောင်းတဲ့အကူအညီအားပေးတိုက်တွန်းမှုများပြုလုပ်ပေးမှသာ ဆယ်ကျော်သက်အရွယ်တွင် ကျန်းမာ အားကောင်းတဲ့ဦးနှောက် ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။
မိဘကောင်းများအတွက် (၂)မိနစ် အချိန်ပေးလုပ်ရန်လုပ်ငန်းအစီအစဥ်
သင်တို့ကလေးရဲ့ဦးနှောက်ဟာပထမအစောပိုင်းနှစ်တွေမှာအလွန်လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေပါတယ်။
သင်လည်းမိဘအနေဖြင့် သင့်ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဝမ်းမြောက်ဝမ်းသာအားပေးရန် လိုအပ်ပါတယ်။
ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးရန်အပြုသလောဆောင်တဲ့လှုံဆော်မှုများ၊ ဘေးကင်းတဲ့ပတ်ဝန်းကျင်ဖန်တီး ပေးမှုနှင့် ကလေးဦးနှောက်ရင့်ကျက်လာအောင် လိုအပ်တဲ့ပတ်ဝန်းကျင်အခြေအနေများဖန်တီးပေးရန် လိုအပ် ပါတယ်။ အချိန်အနည်းငယ်ယူပြီးမိမိအတွက်လမ်းညွှန်ပေးမဲ့အောက်ပါမေးခွန်းတွေကို စဥ်းစားကြည့်ပါ။
• ကလေးရဲ့စိတ်လှုပ်ရှားခံစားမှုနဲ့ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်အောင်မိဘအနေဖြင့် ဘယ်လိုကူညီပေးနိုင်မလဲ။
• ကလေးအနေဖြင့် ဖိစီးမှုကင်းပြီး ကလေးအတွက် ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ဖြစ်အောင်မိဘအနေ ဖြင့် ဒီနေ့ဘာများလုပ်ပေးနိုင်ပါသလဲ။
• ကလေးမှာဆန်းသစ်တီထွင်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတွေတိုးတက်လာအောင်မိဘအနေဖြင့် ဘာတွေလုပ်ဆောင်အားပေးနိုင်ပါသလဲ။
• ငယ်တဲ့သားသမီးများအနေဖြင့် ပြေးကစားပြီးပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာနိုင်စေရန်ဘယ်လို လှုံ့ ဆော်မှုနှင့် မှန်ကန်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးထားပါသလဲ။
• မိဘအနေဖြင့်အရည်အသွေးရှိတဲ့အချိန်ကို သားသမီးများအတွက် ဘယ်လိုပိုသုံးနိုင်ပါသလဲ။
ကောင်းတဲ့မိဘများအတွက် ဆက်လက်လုပ်ဆောင်ရန် လုပ်ငန်းအစီအစဥ်
သင့်ကလေးဟာအသက်ရလာတာနဲ့အမှ သူ့ဦးနှောက်ကလည်း ပြောင်းလဲရင့်ကျက်လာပါတယ်။ နူရိုသိပ္ပံတွေ့ ရှိချက်များအပေါ်မူတည်ပြီး ကလေးများဖွံ့ဖြိုးတိုးတက်အောင် လိုအပ်တဲ့လှုံ့ဆော်မှုများဖန်တီးပေးနိုင်ကြ ပါ တယ်။ သင်တို့အနေဖြင့် ကလေးဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုအခွင့်အလမ်းများကိုဖန်တီးပေးနိုင်သလဲဆိုတာ သိရန်အောက်ပါအခွင့် အလမ်းမျာကိုလေ့လာကြည့်ပါ။
• မိမိသားသမီးတွေကိုအခြားသက်တူရွယ်တူကလေးများနှင့် လွန်လပ်ပျော်ရွှင်စွာကစားခွင့်ပေးခြင်း၊
• ကြုံလာတဲ့အခက်အခဲနှင့် ပြဿနာများကို သူတို့ကိုယ်တိုင်ဖြေရှင်းရန် တိုက်တွန်းအားပေးခြင်းနှင့် ရင်ဆိုင်ကျော်လွှားတဲ့အခါ အခက်အခဲရှိလာတဲ့အခါ လိုအပ်တဲ့အကူအညီပေးခြင်း၊
• သဘာဝပတ်ဝန်းကျင်နှင့်နီးကပ်တဲ့ဆက်သွယ်မှုရှိအောင် အားပေးခြင်း၊
• ကြမ်းတမ်းတဲ့စည်းကမ်းပေးနည်းတွေက အပျက်သဘောဆာင်ပြီး ကလေးဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့အတွက်အပြုသဘောဆောင်တဲ့စည်းကမ်း ပေးနည်းကို သုံးခြင်း၊ ခက်ခဲတဲ့အနေ အထားဖြစ်လာတဲ့အခါ မိမိကိုယ်မိမိတည်ငြိမ်အောင်စိတ်ထိန်းခြင်း၊ အသက်ကိုဝဝရှုလိုက်ခြင်း၊ စကား ကို ဖြေးဖြေးသာသာပြောဆိုခြင်း ပြုလုပ်ပါ။ ကလေးတွေဆိုတာ သူတို့အတွက်ဖိစီးမှုနည်းတဲ့အခါ မိဘ ပြောတာကို ပိုနားထောင်နာခံကြပြီးပိုပူးပေါင်းလုပ်ဆောင်တတ်ကြပါတယ်။
• ဖိစီးမှုဖြစ်တဲ့အခြေအနေများကိုသုံးပြီး စိတ်အေးတည်ငြိမ်စွာပြုမူပြောတိုကြောင်းစံနမူနာပြပါ။
• ကျန်းမာရေးနှင့် ညီညွတ်တဲ့ဘဝနေထိုင်ပုံကို နမူနာကောင်းပြပါ။
နောက်ဆုံးအနေဖြင့် သတိရှိဖို့မှာ မိမိအပေါ်ကြင်နာဖို့ဖြစ်ပါတယ်။ မိဘတွေဆိုတာ မိမိသားသမီးတို့အတွက် အကောင်းဆုံသင့်တော်တဲ့စောင့်ရှောက်သူများဖြစ်ကြပါတယ်။ သင့်ကလေးဦးနှောက်ဟာ အသက်ငယ်သေး တဲ့အချိန်မှာ ပြုပြင်ပြောင်းလဲနိုင်တဲ့အားအကောင်းဆုံးအချိန်ဖြစ်ပါတယ်။
အဲဒီအခြေအနေမှစပြီးကလေးတွေဟာ အစောပိုင်းရှေးဦးအရွယ်ကလေးဘဝကို ဖြတ်သန်းလာကြပါတယ်။ ကလေးတွေဟာ ဖွံ့ဖြိုးတဲ့လူကြီးတွေဖြစ်လာဖို့အတွက် လိုအပ်တဲ့အခြေအနေနှင့် ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ။ ကြံ့ခိုင်အားကောင်းတဲ့လူကြီးများဖြစ်လာအောင် လက်တွေ့ကျကျစံနမူနာကောင်းများပြကြပါ။
မိတ်ဆွေများကလေးများတွင်ဦးနှောက်အကောင်းဆုံးဖွံ့ဖိုးတိုးတက်လာအောင် နူရိုသိပ္ပံကလေ့လာတွေ့ရှိချက် များကို သုံးပြီး အကောင်းဆုံး ကူညီပံ့ပိုးပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
No comments:
Post a Comment