
ဒီနေ့ “ရုပ်မြင်သံကြားစက်နဲ့ရုပ်မြင်နာမ်ကြားခန္တာစက်” အကြောင်းကို Food for Thought 818 အဖြစ်မျှဝေ လိုက်ပါတယ်။
ရုပ်မြင်သံကြားစက်နဲ့ရုပ်မြင်နာမ်ကြားခန္တာစက် ၈၁၈
ယောဆရာတော်ကြီးကအောက်ပါအတိုင်းဆုံမခဲ့ပါတယ်။
“ခေါင်းမိုးပေါ်
စလောင်းတင်ပြီး သူများသတင်းတွေချည်းနားထောင်မနေကြပါနဲ့။ ကိုယ်ခန္တာက
နေ့စဥ်ထုတ်
လွှင့်နေတဲ့သတင်းမှန်တွေကိုလည်းဥာဏ်နဲ့သေသေချာချာနားထောင်စစ်ဆေးကြပါအုံး။
ခန္တက ထုတ်လွှင့်နေ တဲ့သတင်းတွေအမှန်အတိုင်းသိရအောင်”ခန္တာတီဗီ
ရုပ်မြင်နာမ်ကြားစက်ကြီး”ကို မကြာမကြာဖွင့် ကြည့်စမ်းပါ။
ခန္တကသတင်းအမှန်တွေထုတ်လွှင့်နေပါတယ်။”
ယောဆရာတော်ကြီမိန့်မှာတဲ့စကားကို
ဖတ်ရတော့ တော်တော်တရားရမိပါတယ်။ မိမိအပါအဝင်လူအများစုက တီဗီဖွင့်ပြီး
ပြင်ပမှာဖြစ်နေတဲ့သတင်းတွေအမျိုးမျိုးကို နားထောင်ကြပါတယ်။
ရုပ်မြင်သံကြားအစီအစဥ်မှာ ကြည့်ကြပါတယ်။ ကြည့်တဲ့သတင်းတွေမှာ
မှန်တဲ့သတင်းတွေပါသလို သတင်းအမှားတွေလည်း ပါနေပါတယ်။
အမည်ပေးထားတာကတစ်မျိုးဖွင့် နားထောင်လိုက်တော့
အမည်ပေးထားတဲ့သတင်းကပါမလာပါဘူး။ လူတွေကို
သတင်းမှားတွေပေးပြီးလှည့်စားနေကြတာဖြစ်ပါတယ်။
အခုအခါမှာ
အိုင်ပက်တွေ၊ လက် ကိုင်ဖုန်းတွေမှာ သတင်းတွေလည်းပါတယ်။ စားစရာတွေ၊
အဝတ်အထည်တွေ အမျိုးမျိုး၊ လူတွေဝတ်ဆင်ပုံအမျိုးမျိုး၊ မပေါ်ပေါ်အောင်
အဖော်ကောင်းနေသူတွေလည်းအမျိုးမျိုးတွေ့နေရပါ တယ်။
အဆဲအမျိုးမျိုး၊ကြမ်းတမ်းတဲ့စကားတွေအမျိုးမျိုးနဲ့လည်း
ပြောကြဆိုကြတာမကြားဝန့်မနာသာတဲ့စကား မျိုးတွေကိုလည်း ကြားတွေ့နေရပါတယ်။
သတင်းတွေနားထောင်လိုက်ရင်တိုက်ကြခိုက်ကြ။ သတ်ဖြတ်ကြ၊ မီး
တွေတဟန်းဟုန်းတောက်လောင်နေပြီး၊ အဆောက်အဦးတွေ၊ လမ်းတံတားတွေပျက်၊
လူတွေဒုက္ခအမျိုးမျိုး ရောက်တဲ့အကြောင်းတွေကသာ သတင်းတွေမှာ
လွှမ်းမိုးနေတာများပါတယ်။ လူအများစုကအဲဒါတွေ ကြည့်
နားထောင်နေရင်းအချိန်တွေကုန်နေတတ် ကြပါတယ်။
ဒါပေမဲ့မိမိခန္တာကပြောနေတဲ့ဖြစ်ပျက်သတင်းအမှန်တွေကိုတော့
နားမထောင် ဖြစ်ကြပါဘူး။ မိမိခန္တာကဖြစ်ပျက် ကို မြင်အောင်တရားစခန်းကို
ဝင်တဲ့လူတစ်ချို့ကျတော့လဲ ကိုယ်ခန္တာကပြနေတဲ့ဖြစ်ပျက်ကို မတွေ့ဘူးလို့ ပြော
ကြ တာလည်းရှိပါသေးတယ်။ အဲဒီလိုပြောဆိုတာကိုတော့
မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်ခဲ့တာကို ပြန်ကြား ယောင်နေမိပါတယ်။ “ဇီးကွက်က
သစ်ပင်ပေါ်ကနေဇီးကွက်ဇီးကွက်လို့ အော်နေတာကြားပါလျက် အဲဒီအော်နေ တာ
ဘာကောင်လဲလို့ မေးသူတွေကလည်းရှိသေးတယ်”လို့ မိန့်ကြားခဲ့ဘူးပါတယ်။
ဖြစ်ပျက်သဘောကိုတွေ့ မြင် နေပါလျက်
ဖြစ်ပျက်မှန်းမသိဖြစ်နေသူများလည်းရှိနေကြပါတယ်။
မိမိခန္တာမှာဖြစ်ပျက်နေတာတွေကို
သတိဖြင့် စောင့်ကြည့်မယ်ဆိုင် ဖြစ်ပျက်သဘော၊ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့ သဘော၊
ကိုမပိုင်တဲ့အနိစ္စသဘောတွေကို တွေ့မြင်လာရမှာဖြစ်ပါတယ်။
ဖြစ်တိုင်းမပြတ်ရှုမှတ်နေရင် ရုပ်နာမ် သဘောကို ကြောင်းကျိုးဆက်စပလျက်
ပိုင်းခြားသိမြင်လာကြမှာဖြစ်ပါတယ်။ မင်းကွန်းဆရာတော် ဘုရားကြီး
ရေးစပ်ခဲ့တဲ့ “ရုပ်ဟုတွင်မည်၊ ခန္တာသည်ကား၊ မြင့်ရှည်ကာလ၊မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒါဏ်ဖြင့်၊ တရံမဆဲ၊
လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာ မျက်စိ၊ မျှော်ထောက်ရှုသော်၊
သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ ဖြစ်မြဲသာတည့်၊ ငါ၊ ငါဥစ္စာ၊ ငါလိပ်
ပြာတို့ ၊ဘာ တစ်ခုမှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား” ဆိုတဲ့သံဝေဂလင်္ကာက
ထောက် ပြနေတဲ့အတိုင်း ခန္တာ ရဲ့သဘောအမှန်တွေကို
သိမြင်နားလည်လာမှာဖြစ်ပါတယ်။ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို
တွေ့မြင်နားလည်လာကြမှာဖြစ်ပါတယ်။
မိတ်ဆွေများ
ရုပမြင်နာမ်ကြားခန္တာစက်ကပြောနေတဲ့သတင်းအမှန်ဖြစ်ပျက်အမှန်တွေကို
အမှန်အတိုင်းသိမြင် အောင် နေ့စဥ်ကြည့်နိုင်ကြပါစေ။ အဲဒီလိုကြည့်ပါမှ
တရားမြင်ပြီး နှလုံးသားမှာအမှန်ဘုရား တည်နိုင်ကြမှာဖြစ် ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Sunday, December 22, 2024
ရုပ်မြင်သံကြားစက်နဲ့ရုပ်မြင်နာမ်ကြားခန္တာစက် Food for Thought 818
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment