ဒီနေ့
“ကလေးတွေမိမိကိုယ်မိမိယုံကြည်လာအောင်မိဘများပြောပေးသင့်တဲ့စကား (၂၅) ခု”
အကြောင်းကို Food for Thought 823 အဖြစ်မျှဝေလိုက်ပါတယ်။
ကလေးတွေမိမိကိုယ်မိမိယုံကြည်လာအောင်မိဘများပြောပေးသင့်တဲ့စကား (၂၅) ခု
“မိဘတွေကပြောတဲ့အားပေးစကားတွေဟာ ကလေးတွေစိတ်ထဲမှာစွဲနေပြီး သူတို့စိတ်ထဲမှ ပြောနေတဲ့စကား တွေ ဖြစ်လာကြပါတယ်။”
ကောင်းမွန်တဲ့မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုရှိတဲ့အခါ
ကလေးတွေဟာ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ မူကြိုကလေးတွေကို
အနိမ့်ဆုံးအတန်းလိုသဘောထားပြီး အတတ်ပညာရပ်ပိုင်းဆိုင်ရာကျွမ်း ကျင်
မှုများတိုးတက်လာအောင် လေ့ကျင့်သင်ပေးမှုများပြုလုပ်နေတာတွေရှိပါတယ်။
ဘယ်လိုကျွမ်းကျင်မှုမျိုးတွေ တတ်အောင်သင်ပေးနေနေ မိမိကိုယ်မိမိ
ယုံကြည်မှုမရှိဘူးဆိုရင် အဲဒီကျွမ်းကျင်မှုတွေကို လက်တွေ့ပြန်လည်
အသုံးပြုတဲ့အခါမှာတန်ဖိုးနည်းနည်းသာရှိမှာဖြစ်ပါတယ်။
ဒါကြောင့်မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးတွေ မှာ
မိမိကိုယ်မိမိယုံကြည်လေးစားန်ဖိုးထားမှုရှိအောင်အရင်ဆုံးဦးစားပေးလေ့ကျင့်ပေးသင့်ပါတယ်။
အဲဒီလိုကလေးတွေမိမိကိုယ်မိမိယုံကြည့်မှုရှိလာအောင်မိဘများကပြောတဲ့စကားတွေကို
ရွေးချယ်ပြောပေးရန် လိုအပ်ပါတယ်။ အောက်ဘက်မှာ မိဘတွေပြောပေးသင့်တဲ့စကား
(၂၅) ခုကိုဖော်ပြပေးလိုက်ပါတယ်။
၁။ သားသမီးကလုပ်တတ်ပါတယ်။သားသမီးကလုပ်နိုင်ပါတယ်။
မိဘတွေပြောတဲ့အားပေးစကားတွေက
ကလေးတွေအတွင်းစိတ်မှာစွဲနေပြီး အတွင်းဘက်ကနေ ဆက်လက်အား ပေး နေတတ်ပါတယ်။
ကလေတွေဆိုတာ သူတို့အဆင့်နဲ့သူတို့ လုပ်နိုင်တာတွေများစွာရှိတာကိုမိဘတွေ
သိကြပါ တယ်။ ဒါကြောင့် မိဘကပြောတဲ့အားပေးစကားက
ကလေးလုပ်ကိုင်နိုင်မှုနဲ့ပတ်သက်လာရင်မိမိရဲ့ယုံကြည်မှုကို
ရောင်ပြန်ဟပ်နေရန် လိုအပ်ပါတယ်။ “သားသမီးအဲဒါလုပ်ရင် သာသမီးကို
နာကျင်သွားလိမ့်မယ်၊” “လဲကျသွား လိမ့်မယ်” စတဲ့ စတာမျိုးပြောတာကိုရှောင်ပါ။
“သားသမီးက ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာ မေမေ ဖေဖေ သိပါတယ်”
စတဲ့မိမိကိုယ်မိမိယုံကြည်မှုတိုးတက်လာစေမဲ့စကားမျိုးကို ပြောပေးပါ။
၂။ အဲဒီလို လုပ်တာကိုရဲရင်တယ်လို့ခေါ်တာပေါ့။
တစ်ခါတစ်ရံမှာမိဘတွေအနေဖြင့်
ကလေးကရဲရင့်စွာ သတ္တိရှိရှိ လုပ်ဆောင်လိုက်တာကို မြင်လိုက်ရတဲ့
အခါမျိုးမှာ “”အဲဒီလို လုပ်တာကိုရဲရင့် တယ်လို့ခေါ်တာပေါ့”လို့
ပေါ်ပေါ်ထင်ထင်ကလေးကြားအောင် ပြောပြီးအသိအမှတ်ပြုပြောပေးပါ။
၃။ သားသမီးမှာ လိုအပ်တဲ့ကျွမ်းကျင်မှုရှိနေတဲ့အခါ ထပ်လောင်းအသိ အမှတ်ပြုပေးလိုက်ပါ။
ကလေးတွေမှာ
လိုအပ်တဲ့ကျွမ်းကျင်မှုရှိနေတာကိုမိဘကသိနေပြီးဖြစ်ပါတယ်။
မိမိကိုယ်မိမိယုံကြည်မှု တိုးတက် လာစေရန်
အဲဒီကျွမ်းကျင်မှုရှိနေကြောင်းသိနေတာကို
“သားသမီးမှာအဲဒီကျွမ်းကျင်မှုကောင်းကောင်းရှိနေတာကို
မေမေဖေဖေတို့သိနေပါတယ်” လို့အသိအမှတ်ပြုပြောပေးပါ။ အဲဒီလိုအားပေးလိုက်ရင်
စိတ်အားတက်လာပြီး မိမိ ကိုယ်မိမိယုံကြည်မှုရှိလာကာ လုပ်တဲ့လုပ်ငန်းမှာ
အောင်မြင်လာအောင် ပိုအားထုတ်လာစေပါတယ်။
၄။ သားသမီးအပေါ်မေမေဖေဖေတို့ကယုံပါတယ်။
မိဘများအနေဖြင့်မိမိသားသမီးတို့ရဲ့စွမ်းရည်များအပေါ်ယုံကြည်မှုရှိကြပါတယ်။
အဲဒီလို သူတို့အပေါ်ယုံကြည် တာကို ပွင့်လင်းသိသာစွာ
“သားသမီးတို့ရဲ့စွမ်းရည်များအပေါ်ယုံကြည်မှုရှိပါတယ်” လို့ထုတ်ဖော်အသိအမှတ်
ပြုလိုက်တဲ့အခါ ကလေးမှာ ပိုစိတ်အားတက်လာစေပါတယ်။
မိမကိုယ်မိမိပိုယုံကြည်မှုရှိလာစေပါတယ်။
၅။ သားသမီးကခက်ခဲတာတောင်လုပ်နိုင်တယ်ဟေ့။
လုပ်နေတဲ့အလုပ်ကခက်ခဲနေတဲ့အခါ
မကျော်လွန်နိုင်ဘူးလို့ စိတ်မှာဖြစ်လာတတ်ကြပါတယ်။ အဲဒီအချိန်မျိုးမှာ
“သားသမီးကခက်ခဲတာတောင်လုပ်နိုင်တယ်ဟေ့”ဆိုတဲ့အားပေးတဲ့စကားမျိုးက
ခက်ခဲနေတာကိုကျော်လွန် အောင် လုပ်နိုင်စေဖို့ အားတက်စေပါတယ်။
ကလေးတွေကခက်ခဲတဲ့အလုပ်တောင်လုပ်နိုင်တယ်လို့အသိ အမှတ်
ပြုအားပေးပေးရန်ဖြစ်ပါတယ်။ (မနိုင်တဲ့ဝန်ကိုအတင်းမြှောက်ပင့်
လုပ်ခိုင်းတာမျိုတော့မဖြစ်သင့်ပါ။)
၆။ ဘယ်လိုပင်ဖြစ်ဖြစ်မေမေဖေဖေတို့ကတော့သားသမီးကိုချစ်ပါတယ်။
ကလေးတွေဆိုတာမိဘထံမှ
အခြေအနေမရွေးသူတို့ကိုချစ်တယ်ဆိုတဲ့စကားမျိုးကိုကြားလိုကြပါတယ်။
ကြိုးစားလုပ်ဆောင်ပေမဲ့ဘယ်လိုရလဒ်ပင်ဖြစ်လာပါစေ မိဘက
သာသမီးအပေါ်ချစ်တယ်ဆိုတာကို သား သမီးများကြားရတဲ့အခါ မိမိကိုယ်မိမိ
ယုံကြည်မှုတိုးလာစေပါတယ်။ ဒါကြောင့်အခြေအနေမရွေးသား
သမီးတို့ကိုချစ်ခင်ကြောင်းပြောပြပါ။
၇။ မေမေဖေဖေတို့ အတူတူကြိုးစားလုပ်ကြရအောင်။
တစ်ခါတစ်ရံမှာ
အလုပ်လုပ်တဲ့အခါ အတူတူဝိုင်း ပြီးတက်ညီလက်ညီလုပ်ဆောင်ရန်လိုအပ်ပါတယ်။
အဲဒီလို အနေအထားမျိုးမှာ လိုအပ်နေတဲ့ကူညီမှုများကိုမိဘထံမှ ရနိုင်တယ်ဆိုတာ
ကလေးတွေသိနေအောင် “မေမေ ဖေဖေတို့ အတူတူ ဝိုင်း လုပ်ရအောင်” လို့ ပြောရင်း
အတူတူ ဝိုင်းလုပ်ဆောင်ပေးပါ။ အဲဒီလိုဆိုရင်ကလေးတွေ အားတက်ပြီးပို
လုပ်ချင်ကိုင်ချင်စိတ်တွေဖြစ်လာစေပါတယ်။
၈။ သားသမီးအဲဒါကို ဘယ်လိုလုပ်မယ်စိတ်ကူးထားသလဲ လို့မေးပေးပါ။
ကလေးကတစ်ခုခု
လုပ်နေတဲ့အခါ ခက်ခဲနေတာမျိုးသတိထားမိရင် “သားသမီးအဲဒါကို ဘယ်လို
ဆက်လက်ပြီး လုပ်မယ်စိတ်ကူးထားသလဲ” လို့မေးပေးပါ။ အဲဒီလိုဆိုရင်
ကလေးစိတ်ကူးကိုကြားသိရပြီးအဆင်ပြေအောင် လို အပ်တဲ့အကြံပေးနိုင်စေပါတယ်။
၉။ အဲဒါက အံ့အားသင့်စရာကောင်းလိုက်တာ။ ဆက်ပြောပြပါဦး။
ကလေးအားထုတ်နေတာကိုကြည့်ပြီ
“သားသမီးအခုလို လုပ်ဆောင်နေတာသိပ်အံ့အားသင့်စရာကောင်းတာပဲ။ ဆက်လက်ပြီး
ဘယ်လို လုပ်မယ်ဆိုတာ ပြောပြပါ”လို့ကျေနပ်အားရပြီးမေးရင်
ကလေးတွေမိမိကိုယ်မိမိ ယုံ ကြည်မှုပိုရှိလာပြီးစိတ်အားတက်လာစေပါတယ်။
အဲဒီအချိန်မျိုးမှာ ကလေးပြောတဲ့လေသံမှာ သူတို့ အား ထုတ်
မှုအပေါ်ဂုဏ်ယူတဲ့စိတ်ဖြစ်နေတာကို ကြားအောင်နားထောင်ပြီးအားပေးပါ။
၁၀။ မေမေဖေဖေတို့က ဘယ်လိုကူညီပေးရမလဲ။
ကလေးတွေလုပ်ဆောင်နေတဲ့လုပ်ငန်းမှာ
ရှေ့မတိုးနိုင်အောင်အမှန်ခက်ခဲနေတာတွေ့ရင် “မေမေဖေဖေတို့က
ဘယ်လိုကူညီပေးနိုင်ပါသလဲ” လို့မေးကြည့်ပါ။ အဲဒီလိုဆိုရင်အမှန်တကယ်
ခက်ခဲလာတဲ့အခါ အကူအညီက လက်တကမ်းမှာပင်ရနိုင်ကြောင်သိလာစေပြီး
မိမိကိုယ်မိမိယုံကြည်စွာ လုပ်ရဲကိုင်ရဲရှိလာစေပါတယ်။
၁၁။ အဲဒီအလုပ်မှာသားသမီးအကောင်းဆုံးလုပ်ပြလိုက်စမ်းပါ။
“လူတိုင်းဟာအစဥ်သဖြင့်
အောင်မြင်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ လူတိုင်းဟာ အကောင်းဆုံးအားထုတ်ဖို့တော့
လိုအပ်ပါတယ်။ သားသမီးလဲ အဲဒီအလုပ်ကို
အကောင်းဆုံးအားထုတ်လုပ်ဆောင်ပြလိုက်စမ်းပါ” လို့ အားပေးပါ။
“ရတဲ့ရလဒ်ထက်အကောင်းဆုံးကြိုးစားလုပ်တာက ပိုအရေးကြီးပါတယ်”လို့ ပြောပေးပါ။
၁၂။ အဲဒီအလုပ်က
သားသမီးအတွက်ခက်ခဲတာမေမေဖေဖေတို့သိပါတယ်။ ဒါပေမဲ့ သားသမီးအရင်ကလည်း
အဲဒီလိုခက်ခဲတာကို လုပ်နိုင်တာ မေမေဖေဖေတို့သိနေပါတယ်လို့ပြောပေးပါ။
ပင်ပင်ပန်းပန်းလုပ်ဆောင်နေတာကိုတွေ့မြင်ရတာစိတ်မှာမကောင်းစရာဖြစ်ပါတယ်။
ဒါပေမဲ့အရင်က “သူတို့ လုပ်ဆောင်အောင်မြင်တဲ့အထောက်အထားတွေ့ဘူးတာကို
ပြောပြပါ။” အဲဒီလိုပြောပြရင် အခုအလုပ်ကိုလည်း
အောင်မြင်အောင်လုပ်နိုင်လိမ့်မယ်ဆိုတဲ့မိမိကိုယ်မိမိယုံကြည့်တဲ့စိတ်ဖြစ်လာပြီး
ဆက်လက်လုပ်ဆောင်နိုင်ပါ လိမ့်မယ်။
၁၃။ သားသမီးအားထုတ်လုပ်ဆောင်နေတာ လုံလောက်တဲ့အားထုတ်မှုဖြစ်ပါတယ်။
“အဲဒီအလုပ်မှာ
ဘယ်လိုရလဒ်ထွက်လာမယ်ဆိုတာအရေးမကြီးပါဘူး။ သားသမီးအခု အားထုတ်လုပ်ကိုင်နေတာ
လုံလောက်တဲ့အားထုတ်လုပ်ကိုင်မှုဖြစ်ပါတယ်”လို့ အားပေးစကားပြောပေးပါ။
၁၄။ သားသမီးလုပ်ရပ်အတွက်မေမေဖေဖေတော့ဂုဏ်ယူပါတယ်။
“ကလေးအမှန်တကယ်အားထုတ်မှုကြောင့်
စွမ်းဆောင်မှု ကောင်းတာကိုတွေ့တဲ့အခါ သားသမီးလုပ်ရပ်အတွက်
မေမေဖေဖေတော့ဂုဏ်ယူပါတယ်”လို့အသိအမှတ်ပြုပေးပါ။
ဘာမဟုတ်တဲ့လုပ်ဆောင်မှုတိုင်းအတွက် ဒီလိုစ ကား မျိုးမပြောမိရန်သတိပြုပါ။
၁၅။ စိတ်မှာအဆင်မပြေမှုများဖြစ်တဲ့အခါမှာ တို့တတွေအချင်းချင်းချစ်ကြပါတယ်လို့ပြောပေးပါ။
စိတ်ပျက်စရာကြုံတဲ့အခါ၊
စိတ်တိုစိတ်ဆိုးဒေါသထွက်တဲ့အခါ၊ မျှော်လင့်ချက်ကင်းမဲ့သလိုခံစားရတဲ့အခါ
မျိုးတွေဆိုတာ ဘဝမှာကြုံရတတ်ပါတယ်။ အဲဒီလို
နက်ရှိုင်းတဲ့အပျက်သဘောခံစားချက်တွေဖြစ်ပေမဲ့
“မေမေဖေဖေတို့ကတော့သားသမီးကိုအချိန်မရွေးချစ်ပါတယ်”လို့ ပြောပေးပါ။
“သားသမီးတို့ဘေးမှာကူညီ ဖို့အစဥ်အမြဲအသင့်ရှိနေပါတယ်”လို့ပြောပေးပါ။
၁၆။ တကယ်လို့သားသားသမီးပြောသလို လုပ်လိုက်ရင်ဘာဖြစ်လာမလဲလို့မေမေဖေဖေတို့တော့စဥ်းစားနေမိ တယ်။
ကလေးက
နည်းလမ်းသစ်ဖြင့် လုပ်ဆောင်ရန် သူ့စိတ်ကူးကိုပြောပြတဲ့အခါ
အဲဒီစိတ်ကူးကြောင့် ဖြစ်လာနိုင်တဲ့ ကောင်းကွက်ကို ထောက်ပြီး
အထက်ပါအတိုင်းအားပေးစကားပြောပါ။
၁၇။ ကြံ့ခိုင်တဲ့စိတ်ဓာတ်ဆိုတာသားသမီးသိလား။
ကလေးတွေဆိုတာ
စကားလုံးအသစ်တွေကို သိလိုလေ့လာလိုတတ်ကြပါတယ်။
ကြံ့ခိုင်တဲ့စိတ်ဓာတ်ဆိုတဲ့စကား အကြောင်း သင်ပေးပါ။ ကြံ့ခိုင်မှု၊
ဇွဲထက်သန်မှု၊ အလျော့မပေးဘဲ လုပ်ဆောင်နိုင်မှုတို့အကြောင်းသင်ပေးပါ။
မိမိတို့မျှော်မှန်းထားတဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင်ဇွဲမလျော့တဲ့လုံးလတို့
လိုအပ်ကြောင်းသင်ပေးပါ။
၁၈။ စိတ်ဝင်စားစရာပုံပြင်လေးနားထောင်ချင်သလား။
စိတ်အားတ်စေတဲ့ပုံပြင်များကိုကလေးများအားပြောပြပါ။
မိဘများကိုယ်တိုင်ကြုံလာတဲ့အခက်အခဲများကျော် လွန် အောင်
အားထုတ်ခဲ့ရပုံများကိုပြောပြပါ။ ရည်မှန်းချက်ရောက်အောင်
အားထုတ်ခဲ့ရပုံမျာကိုကလေး များ အားပြောပြပါ။
၁၉။ သားသမီးတို့အတွက် စိတ်ပင်ပန်းစေနိုင်တဲ့အလုပ်မျိုးကြိုးစားလုပ်ချင်သလား။
ကလေးတွေအနေဖြင့်
လုပ်စရာအလုပ်မှာ သူတို့စွမ်းနိုင်တာထက်ခက်တဲ့အလုပ်လို့ ထင်နေတာကို
လုပ်ချင်သ လား လို့ မေးကြည့်ပါ။ လုက်စမ်းကြည့်လိုက်တော့
သူတို့ကိုယ်တိုင်နှင့်မိဘများကိုပင်အံ့အားသင့်သွားစေနိုင် ပါတယ်။
အားပေးလို့ လုပ်နိုင်စွမ်းတွေတက်လာပါတယ်။ ကလေးစိတ်မှာ
စဥ်းစားပုံအသစ်ဖြင့်စဥ်းစားလာစေပြီး
ဖြစ်လာနိုင်တဲ့အနေအထားကိုမြင်တွေ့လာအောင်အားပေးတိုက်တွန်းပါ။
၂၀။ အသစ်အဆန်းလုပ်ရတာ စိတ်ပူစရာတော့ကောင်းပေမဲ့စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။
ငယ်တဲ့ကလေးတွေဆိုတာ
သူတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့အနီးပတ်ဝန်းကျင်ကိုတွယ်နေတတ်ကြပါတယ်။
ဒါကြောင့်အတွေ့အကြုံအသစ်တွေလုပ်ဆောင်ရတာ
ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းကြောင်း၊ ပြောပြပြီး
သက်သောင့်သက်သာနေတဲ့ဇုံအတွင်းမှ ထွက်ပြီး
စိတ်လှုပ်ရှားစရာကောင်းတဲ့အသစ်အဆန်းတွေကို လုပ်ရဲလာ
အောင်တိုက်တွန်းအားပေးရန် လိုအပ်ပါတယ်။ လုပ်ကိုင်လို့
အဆင်ပြေလာမှုများကိုလည်းအသိအမှတ်ပြုပေးပါ။
၂၁။ သားသမီးကအစွမ်းဆောင်နိုင်ဆုံးအားထုတ်ခဲ့တာကိုမေမေဖေဖေတို့သိလို့ အထူးဂုဏ်ယူပါတယ်။
ကလေးတွေအနေဖြင့်
အလွန်ကြိုးစာအားထုတ်တာကိုတွေ့နေရတဲ့အခါ သူတို့ရဲ့အားထုတ်မှုကို အထူးအလေး
ထား အသိအမှတ်ပြုပေးရန် လိုအပ်ပါတယ်။ “ဘဝဆိုတာ ခရီးဆုံးရောက်ဖို့ထက်
လျောက်လှမ်းနေတဲ့လမ်းမှာ
အကောင်းဆုံးကြိုးစားလုပ်ကိုင်မှုကသာပိုအရေးပါပါတယ်” လို့ပြောပေးပါ။
၂၂။ သာသမီးကြည့်ရတာဒီအလုပ်ကိုသိပ်စိတ်ဝင်စားတယ်ထင်တယ်။ မေမေဖေဖေတို့ ပိုပိုလေးလေးနက်နက် ကြည့်ကြည့်ရအောင်။
ကလေးတွေမှာရှိတဲ့စူးစမ်းချင်တဲ့စိတ်နဲ့စူးစမ်းလေ့လာချင်တဲ့စိတ်ကိုအားပေးပါ။
အဲဒီလိုစူးစမ်းလေ့လာခွင့်ရရင် အတွေ့အကြုံအသစ်အဆန်းတွေရရှိလာပြီး
ပိုလေ့လာစူးစမ်းလိုစိတ်များဖြစ်လာခါမိမိကိုမိမိယံကြည်မှုများ
တိုးတက်လာမှာဖြစ်ပါတယ်။
၂၃။ လုပ်ရင်းကိုင်ရင်းတစ်ခါတစရံမှာအမှားလုပ်မိတတ်ကြပါတယ်။ အဒါသင်ခန်းစာရရှိစေပါတယ်။
“ကြီးထွားဖွံဖြိုးတိုးတက်ခြင်းဆိုတဲ့လမ်းကြောင်းမှာ
အဟန့်အတားအပိတ်အစို့တွေဆိုတာ တွေ့ရတတ်ပါတယ်။ အဲဒါတွေကို ရင်ဆိုင်ရင်း
လဲကျတာမျိုးလည်းရှိတတ်ပါတယ်။ အဲဒီလိုလဲကျတာတွေက အတွေ့အကြုံကသင်ပေး
လိုက်တဲ့သင်ခန်းစာတွေသာဖြစ်ပါတယ်။ လဲကျရင်
အမြန်ဆုံးပြန်ထတတ်အောင်သင်ပေးပါတယ်” လို့ပြောပြပေး ပါ။
၂၄။ ဒီနေ့သားသမီးကိုယ်တိုင်မိမိကိုယ်ကို ဘယ်လိုစိန်ခေါ်မလဲ။
ကြီးထွားဖွံ့ဖြိုးခြင်းအကြောင်းနှင့်
ဘေးများတဲ့အလုပ်တွေကို ချင့်ချင့်ချိန်ချိန် လုပ်ဆောင်ခြင်းအကြောင်း တွေ
ကလေးတွေနှင့်စတင်စကာပြောပါ။ စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားရင်း
စွမ်းဆောင်မှုတွေဆိုတာြဖစ်လာ ကြောင်းရှင်းပြပါ။
စိန်ခေါ်မှုတွေရင်ဆိုင်ကျော်လွှားရင်းစွမ်းဆောင်နိုင်လာတာနှင့်အမျှမိမိကိုယ်မိမိယုံကြည်ခြင်း၊
မိမိကိုယ်မိမိလေးစားတန်ဖိုးထားခြင်းဆိုတာတွေတက်လာကြောင်းကလေးများကိုရှင်းပြပါ။
၂၅။ မေမေဖေဖေတို့ပြောတဲ့အတိုင်းနောက်က လိုက်ပြောပေးပါလို့ပြောပြီး “သားသားမီးမီးလုပ်နိုင်ပါတယ် “ဆိုတာကို လိုက်ပြောခိုင်းပါ။
အပြုသဘောဆောင်တဲ့အတည်ပြုထောက်ခံမှုက
အလွန်အားကောင်းပါတယ်။ အဲဒီလို ထောက်ခံအားပေးမှုက
ဦးနှောက်တွင်းနူရိုဆက်သွယ်မှုများကို ဖြစ်လာစေပါတယ်။
အဲဒီအပြုသဘောဆောင်တဲ့အတည်ပြုချက်ပေးတဲ့ နည်းကို ငယ်စဥ်ကတည်းကစပြီး
ကျင့်သုံးရန်သင်ကြားပေးရင် ကြီးလာတဲ့အခါ ဖြစ်လာမဲ့အသီးအပွင့်များ ကို
ကလေးတို့ကောင်းစွာခံစားကြရမှာဖြစ်ပါတယ်။
မိတ်ဆွေများ ကလေးများတွင်မိမိကိုယ်မိမိယုံကြည်တဲ့စိတ်များဖြစ်လာအောင်လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Sunday, December 22, 2024
ကလေးတွေမိမိကိုယ်မိမိယုံကြည်လာအောင်မိဘများပြောပေးသင့်တဲ့စကား (၂၅) ခု Food for Thought 823
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment