အသေးစားအီလက်ထရောနစ် ပစ္စည်းကိရိယားများများများသုံးခြင်းကြောင့် အကျိုးပျက်မှု (၉)မျိုး
ဒီနေ့”
အသေးစားအီလက်ထရောနစ် ပစ္စည်းကိရိယားများများများသုံးခြင်းကြောင့်
အကျိုးပျက်မှု (၉)မျိုး” အကြောင်းကို Food for Thought 836
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
အသေးစားအီလက်ထရောနစ် ပစ္စည်းကိရိယားများများများသုံးခြင်းကြောင့် အကျိုးပျက်မှု (၉)မျိုး
ကလေးဖွံ့ဖြိုးတိုးတက်မှုအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိစေပါသလဲ။
နည်းပညာဆိုင်ရာအီလက်ထရောနစ်ပစ္စည်းများနှင့်ကလေးငယ်များကို
ပူတွဲမြင်နေရတဲ့မြင်ကွင်းမှာ မျက်မှောက် ကာလမှာ
မကြာခဏမြင်တွေ့နေရတဲ့မြင်ကွင်းဖြစ်ပါတယ်။ တတောက်တောက်ပြေးနေတဲ့အရွယ်ကလေးတစ်
ယောက် တဲဗလက်ကိုကိုင်နေတာ၊ ရင်ခွင်ပိုက်အရွယ်ကလေးတစ်ယောက် အိုင်ဖုန်းကို
ပါးစပ်ထဲကိုက်ထားတာ တွေ့ရတတ်ပါတယ်။ အဲဒီလိုတွေ့မြင်ရင် ဘာများထူးဆန်းပါသလဲ။
မိဘအများကအဲဒီအီလက်ထရောနစ်ပစ္စည်း တွေကို သူတို့ကလေးတွေငြိမ်အောင်၊
စိတ်ကျေနပ်စေရန်၊ အပန်းဖြေစေရန်၊ ပညာရစေရန် အထောက်အကူ
ပြုတဲ့ပစ္စည်းများအဖြစ် များစွာအလေးထားနေကြပါတယ်။ ဒါကြောင့် ကလေးတွေကို
အဲဒီအီလက်ထရောနစ်
ပစ္စည်းတွေနှင့်အတူတူတွေ့နေရတဲ့မြင်ကွင်းဟာကြောက်စရာကောင်းလောက်တဲ့မြင်ကွင်းတစ်ခုဖြစ်လာပါတယ်။
တွေ့နေကျလူထုဆက်သွယ်ရေးပစ္စည်းများ
ဆိုင်ရာသုတေသနတစ်ခုကဖော်ပြနေတဲ့အချက်မှာ ကလေးငယ်တွေ က
အဲဒီအီလက်ထရောနစ်ပစ္စည်းတွေကိုသုံးလာမှုက အလွန်များပြားတိုးတက်လာနေကြောင်း၊
လွန်ခဲ့တဲ့ (၂)အ တွင်းသုံးစွဲမှုများစွာတိုးတက်လာကြောင်းဖော်ပြပါတယ်။ ၂၀၁၁
ခုနှစ်တွင်သုံးစွဲမှု ၃၈% ရှိရာမှ ၂၀၁၃ ခုနှစ်တွင် အသက်
(၈)နှစ်အရွယ်ကလေးတွေအဲဒီပစ္စည်းတွေသုံးမှုဟ ၇၂%
ထိတိုးလာကြောင်းဖော်ပြထားပါတယ်။ အမေ ရိကန်မိဘများကိုလေ့လာမှုမှာ ကလေးတွေကို
အီလက်ထရောနစ်ပစ္စည်းများသုံးနေမှုက ၁၀ % မှ ၃၈%အထိတိုး
တက်လာတာကိုတွေ့ရပါတယ်။ အဲဒီပစ္စည်းတွေသုံးတာများရင် ကလေးတို့ရဲ့သဘာဝကို
ပြောင်းလဲစေနိုင်တဲ့ အ တွက် အသက် (၂)
နှစ်အောက်ကလေးတွေကိုသုံးခွင့်မပြုရန်အမေရိကန် ကလေးအထူးကုပညာရှင်သုတေသီများ က
ထောက်ပြကြပါတယ်။
ဖော်ပြပါခုနှစ်မှာပင်
ဝစ်ကိုဆန်တက္ကလ်မှသုတေသီများကလည်း တစ်တောက်တောက်ပေးနေတဲ့ကလေးတွေ ဟာ
လူအချင်း ချင်းအပြန်အလှန်ထိတွေ့ဆက်သွယ်မှုထက်
ဗီဒီယိုမှန်သားပြင်နှင့်ထိတွေ့မှုကို ပို နှစ်သက်စွာတုံ့
ပြန်ကြကြောင်းဖော်ပြကြပါတယ်။ အဲဒီပစ္စည်းတွေက ကလေးတွေကို
ငြိမ်သက်အောင်လုပ်နိုင်ကြောင်း တွေ့နေ ကျ
လူထုဆက်သွယ်ရေးကိရိယာကိုဖော်ထုတ်ခဲ့သူ Jim Seyer ကလည်း ထောက်ပြခဲ့ပါတယ်။
အဲဒီအီလက်ထ ရောနစ်ပစ္စည်းတွေက ကလေတွေရဲ့ဘဝနေထိုင်မှုတစ်ခုလုံးကို
ပြောင်းလဲပစ်နေကြောင်း၊ အဲဒီပစ္စည်းတွေက ရုပ်မြင်သံကြားမှန်သားပြင်၊
ကစားစရာများ၊ စားကွင်းများ၊ ပုံပြင်စာအုပ်များကိုအစားထိုးနေရာယူနေကြောင်း
ထောက်ပြခဲ့ပါတယ်။ အသက် (၁) နှစ်အရွယ်ကလေးတွေက
ရုပ်မြင်သံကြားမှန်သားပြင်းဆီသွားပြီးမှန်သားပြင် ကို
လက်ကိုင်ဖုန်းမျက်နှာပြင်၊ တက်ဗလက်မှန်သားအထင်ဖြင့် ပွတ်တာ၊
ပွတ်ဆွဲတာမျိုးလုပ်နေကြကြောင်း ဖော်ပြထားပါတယ်။
အဲဒီပစ္စည်းတွေကကလေးတို့ဘဝရဲ့အစိတ်အပိုင်းဖြစ်လာနေကြောင်း၊
အရင်ကအဲဒီလိုဖြစ် လာမယ်ဆိုတာ လုံးဝမစဥ်းစားမိ၊
မထင်မှတ်မိခဲ့ကြောင်းဖော်ပြထားပါတယ်။
Kaiser
အမည်ရမိသားစုအခြေပြု ဖောင်ဒေးရှင်းကလည်း ပျမ်းမျှအားဖြင့် ကလေးတွေဟာ
မှန်သားပြင်ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့အချိန် တစ်နေ့ကို
(၇)နာရီခွဲခန့်ရှိနေကြောင်းဖော်ပြထားပါတယ်။ ကလေးတွေဟာ လမ်းမလျောက်တတ်မှီ၊
သူတို့ဖိနပ်သည်းကြိုးကိုမချီတတ်မှီ အဲဒီပစ္စည်းတွေကိုသုံးတတ်နေကြပါတယ်။
အဲဒီပစ္စည်းတွေကိုသုံးခွင့် ပေးထားတဲ့မိဘတွေက
အဲဒီပစ္စည်းတွေအချိန်များမျာသုံးရင်ဖြစ်လာနိုင်တဲ့အပျက် သဘော
ဆောင်တဲ့အကျိုးဆက်တွေကိုမသိကြပါဘူး။
ကျွမ်းကျင်သူပညာရှင်များနှင့်နိုင်ငံတော်အစိုးရများက အဲဒီပစ္စည်းတွေကို
ကလေးတွေအသုံးပြုခွင့်ပေးတာတွေလျော့ချဖို့ သတိပေးနေကြပါတယ်။ ခေတ်မှိ အီလက်
ထရောနစ်ပစ္စည်းများအသုံးများရင် ကလေးတွေအပေါ် ဘယ်လို
အနှုတ်သဘောဆောင်တဲ့အကျိုးဆက်တွေဖြစ် စေနိုင်ပါသလဲ။ အောက်ဘက်မှာ
အဲဒီပစ္စည်းတွေများများသုံးခြင့် ကြောင့် ကလေးတွေအပေါ် သက်ရောက်စေ
နိုင်တဲ့ဆိုးကျိုးများကိုတင်ပြထားပါတယ်။
၁။ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ခြင်း၊
တတောက်တောက်ပြေးနေတဲ့အရွယ်တွင်
ကလေးတို့ဦးနှောက်မှာ အရွယ်အားဖြင့် သုံးဆခန့်ကြီးထွားလာပြီး လူကြီး ဘဝ
ရောက်သည့်တိုင်အောင်ဦးနှောက်က ဆက်လက်ဖွံ့ဖြိုးပါတယ်။
အဲဒီပစ္စည်းတွေသုံးတာသိပ် များ လာရင် ကလေးတွေဦးနှောက်အလုပ်လုပ်ရာမှာ
အပျက်သဘောအကျိုးသက်ရောက်မှုများဖြစ်စေနိုင် ကြောင်း
လေ့လာချက်များကထောက်ပြနေပါတယ်။ အာရုံစူး စိုက်ိနုင်ကျဆင်းလာခြင်း၊
သိမှုပိုင်းဆိုင်ရာတိုးတက်မှ နှောင့် နှေးခြင်း၊
သင်ယူလေ့လာမှုစွမ်းအားတွေပျက်စီးခြင်း၊
မိမိလုပ်ချင်တာကိုမထိန်းသိမ်းနိုင်ဘဲတစွတ်ထိုး လုပ်တဲ့အ လေ့
အကျင့်တွေများလာနိုင်ခြင်း၊ မိမိကိုယ်မိမိ
ထိန်းသိမ်းနိုင်စွမ်းတွေကျဆင်းလာခြင်းများဖြစ်စေနိုင် ကြောင်း
ထောက်ပြကြပါတယ်။ စမတ်ကျတဲ့မိဘများလေ့ကျင့် ပျိုးထောင်ပေးရေးအဖွဲ့က မိဘများ
အနေဖြင့်က လေး တွေကို အဲဒီပစ္စည်းတွေပေးသုံးပြီးထိန်းသိမ်းမဲ့အစား
သီချင်းတွေအတူတူဆိုခြင်း၊ ကလေးကိုစာအုပ် တွေပုံပြင် တွေဖတ်ပြခြင်း၊
ကလေးတွေနှင့်အချိန်ပေးစကားတွေပြောခြင်း၊စတာမျိုးတွေလုပ်ပေးရန် တိုက်
တွန်းထားကြ ပါတယ်။
၂။ ကလေးတွေအဝလွန်လာစေနိုင်ခြင်း
ရုပ်မြင်သံကြားမှန်သားပြင်ရှေ့မှာအချိန်
ကြာစွာထိုင်ပြီးမှန်သားပြင်ကိုသာကြည့်နေခြင်းကြောင့် ကလေးတွေဟာ
ကစားကွင်းမှာပြေးလွှားကစားတာနည်းလာပါတယ်။ ဒါကြောင့်
သူတို့စားထားတဲ့အစာတွေကိုချေဖို့လိုအပ်လာပါ တော့တယ်။ အမေရိကားကကလေး
သုံးယောက်မှာ တစ်ယောက်ကအဝလွန်လာပါတယ်။ အဝလွန်လာရာမှ ပို ရှုပ်
ထွေးတဲ့ရောဂါများဖြစ်လာနိုင်ပါတယ်။ ဥပမာ ဆည်းချိုရောဂါ၊ နှလုံးရောဂါ၊
လေဖြတ်ခြင်းစတာမျိုးတွေအ ထိ ဖြစ်လာစေနိုင်ပါတယ်။ မိဘတွေအနေဖြင့်
သူတို့သားသမီးများကို လွတ်လပ်စွာပြေးလွှားကစားခွင့်ပေးသင့် ပါတယ်။
ကလေးတွေကစားခြင်းဖြင့် ကောင်းကျိုးများစွာရရှိနိုင်တာကိုမိဘများနားလည်ရန်
လိုအပ်ပါတယ်။ ကစားရင်ကလေးတွေကလမ်းလျောက်ခြင်း၊ ပြေးခြင်း၊ ခုအ်ပေါက်ခြင်း၊
နှင့်အခြားကိုယ်လက်လှုရှားခြင်းစတဲ့ သူတို့ကိုယ်ခန္ဓာက
လိုအပ်တဲ့ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့် ခန်းများကိုရရှိစေပါတယ်။
ကစားရင်ကလေးတွေ ဟာ ကိုယ်လက်ကျန်းမာပြီးအများနှင့် ပေါင်းသင်းတတ်လာစေပါတယ်။
မိဘပညာပေးအဖွဲ့က ကလေးတွေငယ် စဥ်
မှာကိုယ်လက်လှုပ်ရှားကစားခြင်းကိုများများလုပ်ပေးဖို့နှင့်နည်းနည်းကြီးလာတဲ့အခါမှသာနည်းပညာများကိုသင်ပေးရန်
တိုက်တွန်းထားပါတယ်။ ဒါမှာသာကလေးတွေကြီးလာတဲ့အခါ
ကျန်းမားပျော်ရွှင်တဲ့ဘဝကို ရရှိ စေမှာဖြစ်ပါတယ်။
၃။ အကြမ်းဖက်မှု
တယ်ဗလက်မှာ
ဂိမ်းတွေကိုအချိန်ကြာမြင့်စွာကစားပြီးကလေးတွေက
ရန်လိုမှုများဖြစ်လာကြတာကိုမိဘအများ စုတွေ့ရှိလာကြပါတယ်။
တတောက်တောက်ပြေးတဲ့အရွယ်ကလေးတွေမှာတော့ သူတို့လုပ်ချင်တာမလုပ်ရရင်
ဒေါသထွက်ပြီးဝုန်ဒိုင်းကြဲမှုမှာအဖြစ်များလာပါတယ်။
အဲဒီလိုကလေးတွေကြီးလာတဲ့အခါ မိဘလူကြီးတွေပြော တာကို နားမထောင်ကြပါ။
ဒါကြောင့် ကလေးတွေငြိမ်အောင် တယ်ဗလက်တွေ၊ လက်ကိုင်ဖုန်းတွေပေးကစား ထား
တာမျိုးအစား ငယ်စဥ်ကပင်အရောင်ခြယ်စာအုပ်မှာအရောင်ခြယ်စေခြင်း၊ ကစားကွင်းမှာ
ကစားစေခြင်း များ ပြုလုပ်ရန်တိုက်တွန်းအားပေးသင့်ပါတယ်။
၄။ ရေဒီယိုသတ္တိဖြာထွက်အလင်းများနှင့်ထိတွေ့နေမှု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက
၂၀၁၁ ခုနှစ်မှာထုတ်တဲ့အစီရင်ခံစားအရ ဆဲလ်ဖုန်းများနှင့် ဝါယာကြိုးမပါတဲ့
ပစ္စည်း ကိရိယာများမှာ သူတို့မှ
ထုတ်နေတဲ့ရေဒီယိုသတ္တိဖြာထွက်အလင်းများကြောင့် ဘေးဖြစ်စေနိုင်တဲ့အုပ်စု 2B
risk ရှိတယ်လို့ သတ်မှတ်ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ
တိုရန်တိုတက္ကသိုလ် လူထုကျန်းမာရေးပညာ ပေး ဌာနမှ Dr. Anthony Miller
ကလည်းအဲဒီပစ္စည်းတွေသုံးခြင်းကြောင့် ရေဒီယိုသတ္တိဖြာထွက်အလင်းများနှင့်
ထိတွေ့နေမှု မှာ
သိပ်ရှင်းလင်းထင်ရှားတဲ့ခြိမ်းခြောက်မှုဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။
ကျန်းမာတဲ့ကလေး ကျန်း မာတဲ့ကမ္ဘာအဖွဲ့ အစည်းကလည်း အဲဒီလို
ပစ္စည်းတွေနဲ့ထိတွေ့မှုကြောင့် ရေဒီယိုသတ္တိ ဖြာထွက်အလင်းများ နှင့်
ထိတွေ့နေမှုမှကာကွယ်ပေးရန်
လိုက်နာသင့်တဲ့လမ်းညွှန်မှုများထုတ်ပြန်ခဲ့ပါတယ်။ ဒါမှသာကလေးများကို ထို
ရောင်ခြည်များဘေးမှကာကွယ်နိုင်ရန်ဖြစ်ပါတယ်။
၅။ လူတွေနှင့်အပြန်အလှန် ထိတွေ့ဆက်သွယ်မှုလျော့ကျလာခြင်း
အီလက်ထရောနစ်ပစ္စည်းတွေကိုကိုင်တွယ်ကြည့်နေတဲ့အခါ
ကလေးတွေဟ သူတို့ ဘာသာကိုင်ကြည့်နေနိုင်တဲ့ အတွက် အခြားလူတွေနှင့်
ထိတွေ့ဆက်သွယ်ပြောဆိုမှုတွေသိသိသာသာကျဆင်းလာပါတယ်။ခေတ်မှီကာ လ တွင်
ဦးနှောက်ကို အီလက်ထရောနစ် ကိရိယာများက ပြောင်းလဲစေမှုများကို
ရှောင်ရှားပြီးရှင်သန်အောင်ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ ဆောင်းပါးတစ်ခုကို Dr.
Gary Small က The New York Times သတင်းစာမှာရေးသားခဲ့ပါ တယ်။
ကာလီဖိုးနီးယားတက္ကသိုလ် သက်ရှည်ကျန်းမာရေးဌာနမှ ဒါရိုက်တာဖြစ်သူကလည်း
အဲဒီပစွည်းတွေကို သုံးပြီးလူတွေနှင့်ထိတွေ့မှုနည်းလာပါက ကလေးတွေမှာ
လိုအပ်တဲ့ကျွမ်းကျင်မှုများတိုးတက်လာစေနိုင်တဲ့အခွင့်
အလမ်းများဆုံးရှုံးလာစေကြောင်း ထောက်ပြထားကြပါတယ်။ ကလေးတွေဟာ
အဲဒီလိုသက်မဲ့ပစ္စည်းတွေနဲ့ သာ ထိတွေ့ဖို့ သူတို့ ပတ်ဝန်းကျင်ကို
ဖန်တီးထားရင် လူတွေနှင့်အပြန်အလှန်ထိတွေ့ဆက်သွယ်မှုဆိုင်ရာကျွမ်းကျင်မှု
များ တိုးတက်လာစေရန် အဟန့်အတားများဖြစ်ကြောင်း ထောက်ပြထားပါတယ်။
မိသားစုတွေမှာဆိုရင်လည်း တတောက်တောက်ပြေးတဲ့အရွယ်ကလေးတွေဟာ
သူတို့ပတ်ဝန်းကျင်မှ အဲဒီသက်မဲ့ပစ္စည်းတွေနဲ့သာထိတွေ့နေ တဲ့အတွက်
မိဘများနှင့်အပြန်အလှန်စကားပြောဆိုဆက်သွယ်တိုးတက်နိုင်တဲ့အခွင့်
အလမ်းဆွေဆုံးရှုံးနေကြ ပါတယ်။
တစ်ချို့ကလည်းရုပ်မြင်သံကြားမှာတွေ့မြင်ကြားနေရတာတွေကို
သာအတုယူနေကြပြီးလူတွေနှင့် ထိ တွေ့ဆက်ဆံမှုတွေသိပ်နည်းပါးလာကြပါတယ်။
၆။ အိပ်စက်နားနေမှုနည်းပါးလာခြင်း
လက်ကိုင်ဖုန်းနှင့်တယ်ဗလက်များကိုထိတွေ့သုံးမှုမှာစွဲနေတဲ့ကလေးတွေဟာ
လိုအပ်တဲ့အနားယူမှုတွေမလုပ်ကြ တော့
ပါဘူး။အဲဲဒီပစ္စည်းတွေကိုကိုင်တွယ်ကစားနေရင်
အိပ်သွားတာမျိုးဖြစ်လာတတ်တဲ့အတွက် အဲဒီပစ္စည်းတွေ က သူတို့အတွက်
အိပ်ဆေးသဘောလည်းဖြစ်လာပါတယ်။ အဲဒီပစ္စည်းတွေနှင့် ထိတွေ့ခွင့်မရဘူးဆိုရင်
အဲဒီက လေး တွေက စိတ်ကြမ်းရန်လိုလာတတ်ကြပါတယ်။ ဒါကြောင့် သင့်ကလေးမှာ
အိပ်စက်နားနေမှုလျော့နည်း နေ သလားဆိုတာ သိနိုင်ရန် ကြည့်ဖို့အတွက်
အချက်ပေးသင်္ကတများကိုဖော်ပြပြီး ညဘက်မှာ ကောင်းစွာအိပ်စက် အနား
ယူနိုင်စေရန် လမ်းညွှန်ချက်များပေးတာမျိုးတွေရှိလာပါတယ်။
၇။သဘာဝနှင် ထိတွေ့မှုကင်းလာခြင်း
အီလက်ထရောနစ်ပစ္စည်းတွေက
ကလေးတွေဖွံ့ဖြိုးတိုးတက်မှုကိုသတ်နေကြပါတယ်။ အပြင်ထွက်ပြီ သ ဘာ
ဝလောကနှင့်ထိတွေ့ပြီး လေ့လာသင်ယူရမဲ့အစား ၊ အခြားကလေးတွေနှင့်
အတူတူပျော်ရွှင်စွာ ပြေးလွှား က စားနေရမဲ့အစားအိမ်ထဲမှာပင် ကွန်ပျူတာ၊
လက်တော့၊ လက်ကိုင်ဖုန်းများကိုသာ ကိုင်ပြီးအ မျိုမျိုးကြည့်ကစား
ရင်းအချိန်တွေကုန်နေကြပါတယ်။ တစ်ချို့မိဘတွေက ကလေးတွေကွန်ပျူတာ၊ အိုင်ပက်၊
လက်ကိုင်ဖုန်းသုံးပြီး အိမ်ထဲမှနေနေတာ ဘေးကင်းစေတယ်လို့ ထင်နေတတ်ကြပါတယ်။
အဲဒီလိုနေတာကလေးအတွက်ဘေးကင်းစေ တဲ့နည်းဖြစ်တယ်လို့ မြင်နေကြပါတယ်။
အိမ်ထဲမှာသာနေနေတဲ့အတွက် ကလေးဟာ သဘာဝလောကနဲ့အ ဆက် ပြတ်ကင်းလာတာကို
သဘောမပေါက်ကြပါဘူး။ သဘာဝလောကမှာရှိတဲ့အပင်တွေ၊ တိရစ္ဆာန်တွေ၊ ရေ ကန်တွေ၊
ကောင်းကင်မှတိမ်တိုက်တွေစတာတွေနဲ့ထိတွေ့ခွင့်မရတော့ပါဘူး။
တတောက်တောက်ပြေးတဲ့ အ ရွယ်ကလေးတွေဆိုတာ ပြင်ပကွင်းပြင်မှာ
ဘော်လုံးကိုပစ်ခြင်း၊ ပြေးလွှားခုန်ပေါက်ခြင်း၊ သူငယ်ချင်းတွေအမည်
ကိုခေါ်ပြီး ပြေးတမ်းလိုက်တမ်းကစားနေရန် လိုအပ်ပါတယ်။
သဘာဝပတ်ဝန်းကျင်မှာသူတို့စိတ်ဝင်စားတာ ကိုစူးစမ်း လေ့ လာရန် လိုအပ်ပါတယ်။
ပြင်ပမှာကစားခြင်းဖြင့် အပြန်အလှန် ထိတွေပြောဆိုနိုင်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။
သဘာဝအလှအပကိုချစ်မြတ်နိုး တန်ဖိုးထားတတ်လာပါတယ်။
၈။ မျက်စိကိုထိခိုက်စေနိုင်ခြင်း
ကွန်ပျူတာမှန်သားပြင်၊
အိုင်ပက်မှန်သားပြင်၊
လက်ကိုင်ဖုန်းမှန်သားပြင်ကိုအချိန်ကြာကြာကြည့်နေခြင်းကြောင့်
မျစ်စိမှာထိခိုက်နာလာစေနိုင်ပါတယ်။ ကျွမ်းကျင်သူများအမြင်အရ
ကောင်းတဲ့မျက်စိဆိုတာ အနီးအဝေးမတူတာ တွေကိုကြည့်နေမှသာ
ကောင်းကြောင်းဖော်ပြထားပါတယ်။ ကွန်ပျူတာဂိမ်းတွေကို စွဲနေသူတွေဟာ ကြီး
လာတဲ့ အခါ
မျက်စေ့ပြဿနာဖြစ်ဖို့အလားအလာများကြောင်းသုသေသတများကထောက်ပြထားပါတယ်။
ကွန်ပျူတာ ဂိမ်းတွေများများကစားရင် ကလေးတွေမျာက်စိမှာ ထိခိုက်လာနိုင်ပါတယ်။
၉။ စွဲနေခြင်း
မိဘတွေကကလေးတွေအဲဒီအီလက်ထရောနစ်ပစ္စည်းတွေနဲ့အချိန်များစွာကစားနေတာကိုခွင့်
ပြုထားလေလေ ကလေးတွေမှာ အဲဒီပစ္စည်းတွေကိုစွဲနေအောင်ဖန်တီးပေးတာနှင့်
တူနေပါတယ်။ အဲဒီပစ္စည်းတွေနဲ့ကင်းနေရင်
မနေတတ်အောင်ဖန်တီးပေးသလိုဖြစ်စေပါတယ်။ ကွန်ပျူတာနှင့်
အဲဒီအီလက်ထရောနစ်ပစ္စည်းများက သုံးတဲ့ သူတွေကို ဘယ်လိုစွဲစေကြောင်း
ပညာရှင်များက ထောက်ပြကြပါတယ်။ ဒါကြောင့်အဲဒီပစ္စည်းတွေနှင့်အချိန်တွေ
ကုန်လွန်စေမဲ့အစား ကလေးတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊
စိတ်လှုပ်ရှားခံစားမှုအပိုင်း၊ ပေါင်းသင်းဆက်ဆံရေးအပိုင်း
တို့မှာတိုးတက်စေမဲ့ လုပ်ငန်းများပြုလုပ်ရန် တိုက်တွန်းအားပေးသင့်ပါတယ်။
ကောင်းကျိုးဘာတွေရှိသလဲ။
တစ်ချို့ပညာရှင်များက
အဲဒီပစ္စည်းတွေကိုသုံးခြင်းကြောင့်
အပြုသဘောဆောင်တဲ့အကျိုးများရှိကြောင်းလည်း ထောက် ပြ ကြပါတယ်။
ဝင်ကိုဆင်တက္ကသိုလ်မှာ လက်ထောက်ပါမောက္ခ့ဖြစ်သူ Heather Kirkorian ကတော့
အဲဒီဖန်သားပြင်များကိုထိကိုင်ခြင်းက ပညာရေးပိုင်းဆိုင်ရာအလားအလာများကို
တတောက်တောက်ပြေးတဲ့ ကလေးတွေအတွက် ဖြစ်စေနိုင်ကြောင်းထောက်ပြပါတယ်။
ကလေးဖွံ့ဖြိုးတိုးတက်ရေးမှာကျွမ်းကျင်သူဖြစ်တဲ့ အလျောက်
ဖန်သားပြင်နဲ့ထိတွေံမှုရှိတဲ့ကလေးတွေဟာ လျင်မြန်စွာသင်ယူနိုင်ခြင်း။
အမှားနည်းခြင်း၊ သတင်း အ ချက်အလက်များကို
များများရနိုင်ခြင်းစတဲ့အကောင်းကျိုးများရှိစေကြောင်းထောက်ပြပါတယ်။
ဒါကြောင့်
အီလက်ထရောနစ်နည်းပညာသုံးတဲ့ပစ္စည်းများသုံးမှုကို အားပေးရန်
လိုအပ်သော်လည်းမျှတသင့်တော် ရုံသာ သုံးစေသင့်ပါတယ်။ မျက်မှောက်ခေတ်မှာ
မျိုးဆက်သစ်တို့အတွက်တိုးတက်စေရန်လိုအပ်တဲ့သတင်း အ ချက်
အလက်များရယူနိုင်တဲ့ကျွမ်းကျင်မှုများထိုက်သင့်သလောက်တော့တတ်ရန်
လိုအပ်ပါတယ်။ တစ်ချိန်တည်း မှာပင်မိဘများအနေဖြင့် ကလေတွေ
အဲဒီပစ္စည်းတွေကိုသုံးတာများပြီးစွဲနေတာမျိုးမဖြစ်အောင်ထိန်သိမ်းပေးဖို့
တာဝန်ရှိပါတယ်။ ဒါကြောင့် ငယ်တဲ့အရွယ်ကလေးတွေကို ပြင်ပကစားတဲ့နေရာမှာ
ကိုယ်လက်လှုပ်ရှားကစား တာတွေကို ပို လုပ်အောင်လေ့ကျင့် ပေးကြပါ။
ကလေးတွေအဲဒီပစ္စည်းတွေအသုံးလျော့လာအောင် မိဘလူကြီး တွေကိုယ်တိုင်လည်း
စံနမူနာကောင်းပြရန် လိုအပ်လှပါတယ်။
မိတ်ဆွေများသားသမီးများကိုမှန်ကန်တဲ့လေ့ကျင့်မှုများလေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 3, 2025
အသေးစားအီလက်ထရောနစ် ပစ္စည်းကိရိယားများများများသုံးခြင်းကြောင့် အကျိုးပျက်မှု (၉)မျိုး Food for Thought 836 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment