Thursday, October 5, 2023

💔ကလေးသာစကားပြောတတ်ရင်


 💔ကလေးသာစကားပြောတတ်ရင်

ကလေးကောင်းလာနိုးနိုး တနှစ်ပြီးတနှစ်စောင့်
ဟို‌ကျောင်း‌ကောင်းတယ် အပ်လိုက်
ဒီကျောင်း‌ေကာင်းတယ် ထားလိုက်
ဟိုဟာ ဒီဟာ ဘာညာ အကုန်ထား

ပြီးတော့ ကလေးအသက်သာ ကြီးလာတယ်
ထမင်းကိုယ်တိုင်မစားတတ်သေးဘူး
အိမ်သာမသွားတတ်သေးဘူး
‌တနေ့တာဘာမှ မလုပ်တတ်သေးဘူး

စကားအပြန်အလှန်‌ေပြာလား မပြောဘူး
ABC ကခ ဝါကျက အစ
အကုန် စာတော့ရေးတယ်
စာ‌သားကိုရော နားလည်လားဆိုတော့
ရေးပြီး ကူးတတ်တာပါ
စာမျက်နှာအပြည့်ရေးနိုင်တယ်
❤️❤️❤️❤️

❤️
စာလုံးတွေ သိပ်မှတ်မိတယ် ဆိုတာက
ဘာ လက္ခဏာလဲဆိုတာ လေ့လာပါ

လက်‌သည်းညှပ်မရသေး
‌ဆံညှပ်မရဘူး
အသံဆူတာမကြိုက်ဘူး
ပျော်ရင်လက်ခါတယ်
❤️❤️❤️❤️❤️
Sensory အာရုံခံစားမှု ပြဿနာ ကို လေလ့လာပါ

ကျောင်းထားလို့ရတယ်
အခန်းတခုပြီးတခု ဝင်ထွက်နေတယ်
ပတ်ပြေးနေတယ်
အတန်းရတယ်လေတဲ့ 💔😭

မိဘက မသင်ယူရင်
ကလေးက ဒီလိုကြီးပဲ အသက်ကြီးသွားရမှာပါ

‌ကျောင်းတိုင်းကောင်းပါတယ်
မိမိကလေးကို နားလည်ထားပါက
မိဘများ၏ အသိပညာနဲ့ပဲ ရွှေးချယ်ရမှာပါ

ဒီကလေူတွေက တပတ် မသင်မိရင်တောင်
အသစ်ကပြန်စနေရတာကို
ကျောင်းလေး အချိန်ပိုင်းထားတာနဲ့
တဘဝစာလုံး လုံလောက်မယ်ထင်။

❤️❤️❤️❤️❤️
မိဘမပါပဲ
ဘယ်ကလေးကိုမှ
ကောင်းအောင် လုပ်မပေးတတ်ပါ။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️

💔ကလေးသာစကားပြောတတ်ရင်
ကလေးကို တကယ်ချစ်လားဟင်
ဘယ်တော့မှ စသင်ယူမလဲ

💔ကလေးသာစကားပြောတတ်ရင်
ကျောင်းဘယ်လောက်ထိ ပြောင်းပြီးမှ
မိဘကိုယ်တိုင် စသင်ယူမလဲ

💔ကလေးသာစကားပြောတတ်ရင်
ကလေးဘယ်လောက်အထိ
အသက်ကြီးသွားမှ
မိဘကိုယ်တိုင် စသင်ယူမလဲ
မိဘကိုယ်တိုင် စသင်ပေးမလဲ

💔ကလေးသာစကားပြောတတ်ရင်
ကလေးကို တကယ်ချစ်လားဟင်‼️
တကယ်ချစ်လား💔‼️‼️‼️‼️‼️
😭😭😭😭😭😭

💔ကလေးသာစကားပြောတတ်ရင်
ကလေးတွေ ဒီလိုပဲမေးချင်ပါလိမ့်မယ်။😭

သား၊သမီး အသက်မကြီးခင်
မေမေ ဖေ‌ေဖတို့ရေ
ကျောင်းထားဖို့ ပိုက်ဆံရှာနေမယ့်အစား

💔ကလေးသာစကားပြောတတ်ရင်
အဖေအမေ သင်တတ်အောင်သင်ပြီး
သားကို သင်ပေးပါ💔
သမီးကို သင်ပေးပါ💔

သင်တန်းတက်ပါ မိဘများ
ဆရာဘယ်လောက်ကောင်းကောင်း
ကလေးနဲ့ တဘဝလုံးမနေနိုင်ပါ။

Speech training
Behaviour training
Potty training
Acitivities for daily living skill training

ကလေးကို ချစ်ပေးပါ

အတူကြိုး‌စားပေးနေသော မိဘဆရာများကို
ကျေးဇူးတင်ပါတယ်။

🙏🙏🙏🙏🙏
❤️❤️❤️❤️❤️

နန်းမေသဲအေး


No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...