ဖွံ့ဖြိုးမှုနောက်ကျနေသော
မိမိ့ကလေးက သူများကေလးလို
ကျောင်းမတက်ရရင် စိတ်မကောင်ဘူး
ကျောင်းမတက်ရ ဘွဲ့မရမှာ စိုးတာ
ဒါ မှားသော ခံယူချက်ပါ
ဖွံ့ဖြိုးမှုနောက်ကျနေသော
မိမိ့ကလေး လိုအပ်တဲ့ သင်ယူမှု မရလို့
ဘဝမရပ်တည်နိုင်မှာ စိုးရိမ်ပါ။
သာမာနျကလေးတှေ
ကျောင်းတက်ပြီး
စာမတတ်တာအများကြီး
သာမာန်လူကြီတွေ ဘွဲ့ရလည်း
ပညာမတတ်တာ အများကြီး
နေ့စဉ်ဘဝတောင် မရပ်တည်တတ်ပဲ
လူ့ဘဝမှာ ရပ်တည်ဖို့တောင်
မိမိကလေးခက်ခဲနေမှာ စ်ိုးရိမ်ပါ။
ကျောင်းမတက်ရရင် စိတ်မကောင်ဘူး
နေ့စဉ်ဘဝရပ်တည်မှုမတတ်မှာ စိုးရိမ်ပါ။
ကလေး အသက် 20/30 အတွက်
ပြင်ဆင်ပါ။
မိမိ့ကလေးအတွက်
ကိုက်ညီသော မျော်လင့်ချက်
ထားသင့်သော ရည်မှန်းချက်ထားပါ
မိမိ့ ဖြစ်ချင်တာထက်
မိမိ့ကလေးအတွက် ဖြစ်နိုင်တာ
မိမိ့ကလေး လုပ်နိုင်တာ
မိမိ့ဖြစ်သင့်တာကို အရင်လေ့ကျင့်ပါ။
မိသားစု နဲ့
မိမိ့ကလေး၏ ဘဝဆိုတာ
သူများကလေးဘဝမဟုတ်ပါ
သူများကလေးလို ဖြစ်ရန် မလိုပါ။
မိမိကလေးသည်
ဘဝမှာ အကုသိုလ်ကင်းစွာ
နေ့စဉ် နေထိုင်တတ်ရင်
ဒါအကောင်းဆုံးဘဝပါ။
ကြိုးစားပါ။
ပင်ပန်းရင်နားပါ။
ဘယ်တော့မှ မရပ်လိုက်ပါနဲ
မိမိ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင် ထက်
မိမိ ကလေးကို ချစ်ပေးပါ
အဆင်ပြေကြပါစေ
နန်းမေသဲအေး
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Thursday, October 5, 2023
ဖွံ့ဖြိုးမှုနောက်ကျနေသော မိမိ့ကလေးက သူများကေလးလို ကျောင်းမတက်ရရင် စိတ်မကောင်ဘူး
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...

No comments:
Post a Comment