ဒီဘဝတခုမှာ မိသားစုအဖြစ် ရောက်လာတဲ့
မိမိ့ ကလေးကို ကောင်းသွားအောင်
သင်ယူကာ ပြုစုပျိုးထောင်ပေးတာလည်း
ဘုရားပေးသော ကုသိုလ်ပါပဲ
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
အိမ်ထဲမှာ ဘုရားဆွမ်းတော်ကပ်တာ ကုသိုလ်ပါ
ဘုရားရှိခိုးတာ သီလခံယူတာ ကုသိုလ်ပါ
မေတ္တာထားတတ်တာ ကုသိုလ်ပါ
ဘုရားကိုလှုတာလည်း ကုသိုလ်ပါ
ဒီကလေးရှိလို ကံမကောင်းနေရတာမဟုတ်ပါ
သင်ကုသိုလ်လုပ်ဖို့ ကံပါလာလို့
သင်ကံကောင်းဖို့ ဒီကလေး သင့်ဘဝထဲကို ရောက်လာတာပါ
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
လူတဉီးတယောက်ဖြစ်သော
မိမိ့ကလေးကိုပျိုးထောင်ပေးတာ ကုသိုလ်ပါ
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
ကရုဏာဆိုတာ မပင်ပန်းစေပါဘူး
မေတ္တာဆိုတာ မဆင်းရဲစေပါဘူး
နန်းမေသဲအေး
စာကြွင်း
ငွေနဲ့ တွက်ယူမယ်ဆိုရင် ဘုရားကို ၁ထောင်လှူတာနဲ့
မိမိကလေး လိုအပ်သောဆေးဝါးပစ္စည်းအသိပညာကို
၁ထောင်ဝယ်တာကလည်း
ကုသိုလ်စိတ်ထားရင် ထပ်တူကုသိုလ်ရပါတယ်။
ကုန်ရမည့်ငွေကို မိမိ့ကလေး မိမိ့ မိသားစုအတွက်
ကုသိုလ်စိတ်နဲ့ အသုံးပြုပါ။
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
မိမိကလေးနဲ့မိသားစု ကျန်းမာ အဆင်ပြေနေရင်
ကုသိုလ်ရတာမဟုတ်ဘူးလား
မိမိ့ မိသားစု အဆင်ပြေတာမဟုတ်ဘူးလား
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
ကိုယ်ကလေးကြောင့် ကိုယ့်မိသားစုကံမကောင်းဘူးထင်ကာ
အပြင်ကဘာမှမဆိုင်တဲ့သူကို ငွေကြေးသွားပေးပြီး
ကိုယ်ကလေးနဲ့ မိ့သားစုကြီး ကံကောင်းသွားမယ်
ဘာဖြစ်လို့ ထင်တာလဲ။
အပြင်မှာထက်
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
ကိုယ်ကလေးလိုအပ်တာမလုပ်ပေးပဲ
သူများကို ပိုက်ဆံသွားပေးပြီး
ကိုယ်ကလေးကံကောင်းပြီး
အဆင်ပြေသွားမယ်ထင်တာလဲ
အပြင်မှာထက်
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
မိမိ့ကလေးကို ကိုယ်စိတ်ဆင်းရဲအောင်
ကလေးကောင်းဖို့လုပ်တယ်လို့ ဘာလို့ထင်တာလဲ
မသန်စွမ်းသောကလေးလေးပါ။
သင်ကုသိုလ်စိတ်လေးမွေးတတ်အောင်
သင်စိတ်ကောင်းရှိအောင်
သင်မေတ္တာထားတတ်အောင်
သင့်ကလေးအဖြစ် မွေးဖွားလာရတာပါ။
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
သင်နဲ့ သင်မိသားစုကံကောင်းသွားမှာပါ
အိမ်ထဲမှာပဲ ကုသိုလ်ပြုပါ
နန်းမေသဲအေး


No comments:
Post a Comment