Thursday, October 5, 2023

“မိဘနှင့်ကလေး” အခြေခံကျတဲ့သဘော

https://careers.vcu.edu/media/semss/career-services/process-wheel-316x316.png

ဒီနေ့ “မိဘနှင့်ကလေး” အခြေခံကျတဲ့သဘောကို Food for Thought 236 အ ဖြစ်မျှဝေလိုက်ပါတယ်။
မိဘနှင့် ကလေး
ကလေးတွေဆိုတာ တစ်ယောက်တိုင်းမှာ မတူတဲ့သင်ယူမှုဆိုင်ရာခြားနားမှုများနှင့်အခက်အခဲရှိနေသူများဖြစ်ကြ ပါတယ်။ အဲဒီလိုဖြစ်နေတာသဘာဝဖြစ်ပါတယ်။ မွေးကတည်းကစပြီးတတ်သိလာတဲ့ကလေးဆိုတာမရှိပါဘူး။
ပတ်ဝန်းကျင်နှင့်ထိတွေ့လေ့လာသင်ယူမှုမှတဆင့် မြင်သိ၊ ကြားသိ၊ ထိသိ၊ အနံ့အရသာခံစားကြည့်ပြီးသိလာ ကြ ခြင်းဖြစ်ပါတယ်။ အဲဒီလိုသိမြင်ထိတွေ့ကြား တာတွေကို ပတ်ဝန်းကျင်မှာရှိတဲ့လူတွေက ဘာသာစကားဖြင့် ရည် ညွှန်းပြောနေတဲ့အခါ ကလေးတွေက တွေ့ မြင်ကြားထိနေတာတွေကို ဘာသာစကားဖြင့် ဘယ်လိုခေါ်ကြောင်းသိ လာတာဖြစ်ကြပါတယ်။ အကောင်အထည်ရှိတာတွေကို ဘာသာစကားဖြင့်ဘယ်လိုခေါ်ရ‌ကြောင်းသိလာတာဖြစ် ပါတယ်။
အကောင်အထည်ရှိတာတွေကို ဘာသာစကားဖြင့် ဘယ်လိုခေါ်ကြောင်းသိလာပြီးတဲ့နောက် အကောင် အထည်မရှိတာတွေကို လည်းဘာသာစကားဖြင့် ဘယ်လိုပြောရကြောင်သိလာကြတာဖြစ်ပါတယ်။ ဥပမာချစ်ခင် တယ်၊ နှစ်သက်တယ်၊ စတာတွေကို ဘာသာစကားဖြင့် ဘယ်လိုပြောရကြောင်း၊ စိတ်လှုပ်ရှား ခံစားချက်များကို ဘာသာစကားဖြင့် ဘယ်လိုပြောရကြောင်းသိနားလည်လာကြတာဖြစ်ပါတယ်။
အဲဒီလိုသဘောရှိတဲ့အတွက် ကလေးဆိုတဲ့ C-H-I-L-D ကိုအောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုနားလည် နိုင်ပါ တယ်။
C -child
H -having
I -individual
L -learning
D -difficulties/ Differences
ခြုံလိုက်ရင် ကလေးဆိုတာ တစ်ယောက်ချင်းစီမှာ သင်ယူမှုမတူညီခြင်းနှင့်
အခက်အခဲများရှိနေသူများ ဖြစ်ပါ တယ်လို့ လက်တွေ့သဘာဝနှင့် ကိုက်ညီစွာသတ်မှတ်နိုင်ပါတယ်။
ကလေးတွေကို အနီးကပ်သင်ပေးသူတွေကတော့မိဘများသာဖြစ်ကြပါတယ်။ မိဘတွေကို လက်ဦးဆရာလို့ ခေါ်ကြပါတယ်။ မပြောတတ်၊ မလုပ်တတ်သေးတဲ့အဆင့်မှ အစစလုပ်တတ်ပြောတတ်အောင်သင်ပြပေးရတာ ဖြစ်တဲ့အတွက် မိဘများအနေဖြင့် စိတ်ရှည်သည်းခံရန် လိုအပ်ပါတယ်။ မိမိအတွက်လွယ်ကူနေတာဖြစ်ပေမဲ့ ကလေး ငယ်ဘဝမှာမလွယ်ကူပါဘူး။ အဲဒီသဘောကိုနားလည်ပြီးမိဘများကစိတ်ရှည်သည်းခံမှုရှိရန် အထူးလို အပ်ပါတယ်။
မိဘတွေဆိုတာ စိတ်ရှည်သည်းခံနိုင်ပြီးချစ်ချစ်ခင်ခင် တာဝန်ရှိရှိ လိုအပ်ချက်များနှင့်အညီ လိုအပ်သည်များကို ပြုလုပ်ဖန်တီးပေးဖို့၊ သားသမီးကလေးတွေကို လေ့ကျင့်ပေးဖို့၊ အသိမြင်စွမ်းအားတိုးတက်လာအောင်ပညာ သင်ကြားလေ့ကျင့်ပေးဖို့၊ ယဥ်ကျေးသိမ်မွေ့အကျင့်ကောင်းတဲ့လူသားတွေဖြစ်လာအောင် ပြုစုပျိုးထောင်လေ့ ကျင့်ပေးဖို့၊ ထောက်ပံ့အားပေးဖို့တို့ကိုမိဘများအနေဖြင့် ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ အဲဒိလို သားသမီး ကလေးတွေကိုလေ့ကျင့် ပျိုးထောင်ပေးတဲ့အခါ အလုပ်တွေများပြီးစိတ်တိုလာတဲ့အတွက် အော်ဟောက်ဆူ တာမျိုး၊ ကိုယ်လက်နာကျင်အောင်ရိုက်နှက်အပြစ်ပေးဆုံးမတာမျိုးတွေကို ရှောင်ရန် လိုအပ်ပါတယ်။ ဆူခြင်း၊ အော်ဟောက်ခြင်း၊ ချိုးနှိမ်ခြင်း၊ ကိုယ်လက်နာကျင်အောင်ရိုက်နှက်ခြင်းဆိုတဲ့လုပ်ရပ်တွေမှာ သားသမီးကိုချစ်ခင် တန်ဖိုးထားတဲ့မိဘများအထူးရှောင်တဲ့ကိစ္စများဖြစ်ပါတယ်။
အဲဒီလိုသဘောရှိတဲ့အတွက် မိဘများဆိုတဲ့ P_A_R_E_N_T_S ကိုအောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုနားလည် နိုင်ပါတယ်။
P – patient/prepare/plan
A -adequately/affectionately/attentively
R -responsibly/responsively raise
E -educate/empower/
N -nurture
T -teach/train/tenderly
S -support children
မိဘတွေဆိုတာသားသမီးကလေးတွေကို စိတ်ရှည်သည်းခံပြီးချစ်ခင်မြတ်နိုးစွာဖြင့် လိုအပ်ချက်များရှိတာနှင့် အညီ တာဝန်ရှိရှိ လေ့ကျင့်ပညာပေးခြင်း၊ ယဥ်ကျေးသိမ်မွေ့အကျင့်ကောင်းတဲ့လူသားတွေဖြစ်လာအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်းနှင့် လိုအပ်တဲ့ကူညီပံ့ပိုးမှုများပေးခြင်းနှင့် လိုအပ်တဲ့အ‌ခြေ့နေများဖန်တီးပေးရန် လိုအပ်သလို မိမိကိုယ်ကိုအကောင်းဆုံးပြင်ဆင်ထားသူများလို့ လက်တွေ့သဘာဝနှင့် ကိုက်ညီစွာသတ်မှတ်နိုင်ပါ တယ်။
မိဘတွေဆိုတာကလေးတွေမှာသိချင်တဲ့စိတ်ကိုနှိစွာပေးရန် အထူးလိုအပ်ပါတယ်။ သိချင်စိတ်ကိုနှိးစွားပေး လိုက်ရင် စဥ်ဆက်ပြတ်စူးစမ်းလေ့လာသင်ယူမှုများကအလိုလိုဖြစ်လာစေကြောင်း အောက်ပါ လင်္ကာလေးကို လည်းမျှဝေလိုက်ပါတယ်။
သိချင်စိတ်ကိုနှိးစွပေးပါ။
• သိချင်စိတ်ကြောင့်စူးစမ်းရှာ၊ အသစ်အတန်းတွေတွေ့ရှိလာ။
• အသစ်အဆန်းတွေတွေ့တော့စိတ်မှာရွှင်၊ ထပ်လို့လေ့လာအမြဲပင်။
• ထပ်ခါလေ့လာပိုင်နိုင်တော့၊ ကျွမ်းကျင်မှုအသစ်များရတာပေါ့။
• ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တဲ့အခါ၊ မိမိကိုယ်ကိုယုံကြည်လာ။
• မိမိကိုယ်ကိုယုံကြည်တော့၊စိတ်ချမှုများဖြစ်လာပေါ့။
• စိတ်ချမှုများဖြစ်လာတော့၊ စူးစမ်းမှုများထပ်လုပ်ပေါ့။
• စူစမ်းမှုများဆက်တဲ့အခါ၊ ဖွံ့ဖြိုးတိုးတက်ရေးရဟပ်ကြီးလည်တော့တာ။
• မရပ်မနားလည်မှတော့၊ ထာဝရကျောင်းသားဖြစ်ပြီပေါ့။
• မရပ်မနားလည်မှတော့၊ အစဥ်အမြဲတိုးတက်ပြီပေါ့။
မိတ်ဆွေများ ကလေးများကို အကောင်းဆုံးလေ့ကျင့် ပျိုထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

https://www.facebook.com/ohnmar.tin.1/posts/pfbid0gBTXTF5pxHgkkAYctGDsCVGNuaMqZZRTZyRixH7x7qCYt4kCR6uWQnSGu9P3s1Lrl

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...