ဒီနေ့မှာ
ကလေးတွေကိုလေးစားတန်ဖိုးထားထိုက်တဲ့လူသားတွေအဖြစ် သဘောထားဆက်ဆံရန်အရေးကြီး
ကြောင်းကို “ကလေးတွေဆိုတာလည်း လူတွေဖြစ်ပါတယ်” ဆိုတာကို Food for Thought
237 အဖြစ်မျှဝေ လိုက်ပါတယ်။
ကလေးတွေဆိုတာလည်း လူတွေဖြစ်ပါတယ်။
သိပ်မကြာသေးတဲ့အချိန်က
ပြင်ပလေ့လာရေးသွားရင်းအနားယူရန်အရိပ်ကောင်းတဲ့နေရာမှာဝင်နားပါတယ်။
အနီးအနားမှာရှိနေတဲ့ ဆိုင်ငယ်လေးမှ စားစရာကို ဝယ်စားရန်ဆုံးဖြတ်ကြပါတယ်။
သမီးလေးနှစ်ယောက်က ပိုက်ဆံကိုသူတို့ကိုယ်တိုင်ကိုင်သွားပြီး
သူတို့ဝယ်ချင်တာကို ဝယ်လိုကြပါတယ်။ သမီးလေးနှစ်ယောက်ရဲ့ စိတ်နေ
စိတ်ထားကိုသဘောကျတဲ့အတွက် ကျွန်တော်က သူတို့ လက်ထဲပိုက်ဆံကို လိုလိုလားလား
ထည့်ပေး လိုက်ပါ တယ်။ ဒီတော့ သမီးလေးနှစ်ယောက်က
ဈေးဝယ်ရန်တန်းစီနေတဲ့လူတန်းမှာ သွားတန်းစီကြပါတယ်။ သူတို့က စိတ်ရှည်စွာ
ရပ်စောင့်ပါတယ်။ ကောင်တာနဲ့တဖြည်းဖြည့်နီးကပ်လာပါတယ်။ သူတို့လက်ထဲမှာ လည်း
ပိုက်ဆံကိုကျစ်ကျစ်ပါအောင်စုတ်ကိုင်ထားပါတယ်။ လူကြီးတွေလုပ်တာကို
သူတို့ကိုယ်တိုင်လုပ်ခွင့်ရ နေတော့ သူတို့သဘော ကျကြေပါတယ်။
ကျွန်ပ်ကနောက်ဘက်နားမှာရပ်နေရင်းသမီးလေးနှစ်ယောက်လုပ်နေတာကိုပြုံး
ပြီးစောင့် ကြည့်နေမိပါတယ်။ နောက်ဆုံး သူတို့ရှေ့
မှာရပ်နေတဲ့အမျိုးသမီးဈေးဝယ်တာပြီးလို့ထွက်သွားတော့ ကလေး နှစ်ယောက်အလှည့်
ရောက်လာပါတယ်။ ဒါကြောင့်သမီးလေးနှစ်ယောက်က ဂုဏ်ယူဝင့်ကြွားစွာ
ကောင်တာနားကပ်သွားပါတယ်။
ဒါပေမဲ့ အားလုံးမှာ
ပြင်ဆင်ထားတဲ့အတိုင်းဖြစ်မလာပါ။ ကောင်တာမှာတာဝန်ရှိတဲ့အမျိုူးသမီးက ကလေးမ
လေးနှစ်ယောက်ကို ငုံ့ကြည့် လိုက်ပါတယ်။ ပြီးတော့
သူတို့နောက်မှာကပ်နေတဲ့အမျိုးသမီးကို ရှေ့သို့တက်လာ ရန် ပြောလိုက်ပါတယ်။
ဒီတော့ကလေး မလေးနှစ် ယောက်မှာ သူတို့ရောက်နေတဲ့နေရာမှ ရှေ့ဘက်ထွက်လာ
တဲ့အမျိုသမီးကိုစောင့် ကြည့်နေပါတယ်။ နောက်မှတက်လာတဲ့အမျိုး သမီးက ငွေကို
ထုတ်ပြီးကောင်းတာ စာရေးကိုပေးပါတယ်။ ကလေးမလေးနှစ်ယောက်က
ဘာတွေဖြစ်နေတာလဲဆိုတဲ့ ရောထွေး သွားတဲ့အနေဖြင့် ကျွန်တော့်ကိုလှန်းကြည့်
လိုက်ကြပါတယ်။ အဲဒီတော့ကျွန်တော်က သမီးလေးနှစ်ယောက် ရှေ့ဘက်သွားပြီး
ကောင်းတာစာရေးအား ကလေးမလေးနှစ်ယောက်ကလည်း သူတို့ လိုချင်တာကို သူတို့
ကိုယ်တိုင်ဝယ်လို ကြောင်းရှင်းပြလိုက်ပါတယ်။ အဲဒီတော့မှ ကောင်တာစာရေးမက
ကလေးတွေကိုငုံ့ကြည့် လိုက်ရင်း ကလေးတွေကိုချစ်ခင်တဲ့အနေဖြင့်
ပြောတဲ့လေသံဖြင့် ပြောရင်း ကလေးမလေးနှစ်ယောက်ထံမှ ငွေကို လက်ခံပြီး သူတို့
လိုချင်တာကိုရောင်းပေး လိုက်ပါတယ်။
အဲဒီဖြစ်ရပ်လိုပင် ကလေးတွေမှာ
သူတို့ကိုယ်တိုင်လွတ်လပ်စွာလုပ်ဆောင်နိုင်တယ်ဆိုတဲ့ခံစားမှုကိုလုယူသွား
တဲ့ဖြစ်ရပ်တွေရှိပါတယ်။ အဲဒီအခါ ကလေးတွေမှာ သူတို့က
လူးကြီးတွေလုပ်တဲ့အလုပ်မျိုးကို လုပ်နိုင်တယ်ဆို တဲ့စိတ်ခံစားမှုကလည်း
လွင့်စင်ပျောက်ပျက်သွား ပါတော့တယ်။ ဈေးဆိုင်ကောင်တာမှာတာဝန်ယူနေတဲ့အမျိုး
သမီးက အဲဒီကိစ္စကိုတမင်ဖြစ်လာအောင်ရည်ရွယ် ပြုလုပ်ခြင်းမဟုတ်တာ သေချာပါတယ်။
သူ့ကြည့်ရတာ ကလေးတွေကိုချစ်ခင်တဲ့ပုံလည်းပေါက်ပါတယ်။ မိမိအမှတ်မထင်
ပြုလုပ်လိုက်တဲ့လုပ်ဆောင်မှု လေးတွေက အခြား လူတွေအပေါ်
ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတာကို မစဉ်းစားမိတာသာဖြစ်နိုင်ပါတယ်။
အဲဒီဖြစ်ရပ်က
ကျွန်ပ်အားအလားတူဖြစ်ရပ်မျိုးတွေအကြောင်း ဆက်လက်စဉ်းစားစေပါတယ်။ ကလေးတွေ
ဆိုတာ လူတွေမဟုတ်သလို သဘောထားနေမှုတွေရှိနေပါတယ်။ ကလေးတွေက
လူကြီးတွေလိုအရေးကြီး သူများမဟုတ်သလို သဘောထားနေမှုများ ရှိနေကြပါတယ်။
အဲဒီလိုဖြစ်နေတာကလည်း အဲဒီလူတွေအနေဖြင့်
သူတို့အဲဒီလိုစဉ်းစားနေမှန်းမသိတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ရပ်များက
သူတို့ပြောတဲ့စကားတွေထက် ပိုကျယ်လောင်အောင်ပြောနေကြပါတယ်။
ကလေးတွေနှင့်အတူအပြင်ထွက်တဲ့အခါမှာ
ကလေးတွေကတွေ့တဲ့လူတွေကို ဟယ်လိုလို့လက်ပြနှုတ်ဆက် နေပေမဲ့ (၈၀%) လောက် က
ပြန်မနှုတ်ဆက်တတ်ကြပါဘူး။ အဲဒီလူတွေကကလေးတွေကနှုတ်ဆက်တာကို
ကြားတဲ့အတွက်လှည့်တော့ကြည့် လိုက်ပြီး၊ ချက်ခြင်း တခြားဘက်ပြန်လှည့်ပြီး
သူတို့ သွားရမဲ့နေရာကို ဆက် လက်လျောက်သွားတတ်ကြပါတယ်။ ကလေးတွေနှုတ်ဆက်တာကို
ပြန်လည်နှုတ်ဆက်ခြင်းမရှိကြပါဘူး။ တစ်ခါက အသက် (၂)
နှစ်အရွယ်ကလေးနှင့်အတူဈေးသွားဝယ်ပါတယ်။ ကလေးလေးက ဟယ်လိုဆိုပြီး ထပ်ခါတလဲလဲ
ဈေးရောင်းနေသူတွေကိုနှုတ်ဆက်ပါတယ်။ ဒါပေမဲ့ဈေးရောင်းသူတွေက သူကို
လစ်လျူရှုထား တဲ့အတွက် ကလေးက "မေမေ သူတို့က သမီးနှုတ်ဆက်နေတာကို ဘာကြောင့်
ပြန်မနှုတ်ဆက်တာလဲ" လို့မေး လာ ပါတယ်။ သင့်အနေဖြင့်
ကလေးတွေကိုချစ်ခင်တဲ့လူမျိုးမဟုတ်ရင်တောင် မိမိကိုနှုတ်ဆက်နေသူ တစ်ယောက်ကို
ပြန်လည်နှုတ်ဆက်ရန် လိုအပ်ပါတယ်။
မကြာခဏဆိုသလိုပင်
လူတွေကကလေးတွေကိုတိုက်ရိုက်မမေးဘဲကလေးတွေနဲ့ပတ်သက်ပြီးကျွန်မကိုမေးခွန်း
တွေ လာမေးတတ်ကြ ပါတယ်။ သမီးလေးကဆာနေသလား။ သမီးလေးက ဒါတွေကိုသဘောကျသလား။
စသဖြင့် ကျွန်မကို လာမေးတတ်ပါတယ်။ ကျွန်မကလေး (၃) နှစ် (၅)နှစ်အရွယ်တွေက
သူတို့နှစ်သက်တာ၊ မနှစ်သက်တာတွေကို
တိုက်ရိုက်ကောင်းကောင်းပြန်ဖြေနိုင်ပါတယ်။ ကျွန်မထက်တောင်
ပိုဖြေနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်သတိထားမိတာကတော့ကလေးတွေနဲ့ပတ်သက်လာရင်
စံတွေအလွန်မြင့်မားစွာထားတတ်ကြ ပါတယ်။ အစဉ်သဖြင့် လူကြီးတွေကို နာခံရေး၊
ဆိုးတဲ့စိတ်ထားကင်းရေး၊ အပြစ်ကင်းတဲ့အပြုအမူများသာ ပြုလုပ်ရေး၊
စဉ်းလုံးချောပြောစရာမလိုတဲ့
မိမိကိုယ်မိမိထိန်းသိမ်းနိုင်ရေးစတာတွေမျှော်မှန်းထားတတ်ပါတယ်။
အဲဒီလိုသတ်မှတ်ထားတာတွေနဲ့ကိုက်ညီအောင်မနေနိုင်ရင်အရေး
ယူအပြစ်ပေးမယ်ဆိုတဲ့သတ်မှတ်ချက် တွေပြု လုပ်ထားတတ်ပါတယ်။
အဲဒီလို
သေးသေးကွေးကွေးတွေများစွာရှိနေပါတယ်။ သေးသေးလေးတွေပေါင်း
လိုက်တော့ကြီးမားတာတွေဖြစ် လာပါတယ်။
ကျွန်ပ်တို့အနေဖြင့်လည်းအရင်ကလုပ်သင့်တယ်လို့ယူဆခဲ့တာတွေများစွာရှိကြပါတယ်။
ဒါပေမဲ့ ကျွန်ပ် အမြင်တွေကပြောင်းလဲလာတဲ့ အတွက် အရင်ကယူဆခဲ့တာတွေက
မလိုအပ်တာတွေသာဖြစ်လာပါ တော့တယ်။ ကလေးတွေဆိုတာ လူသားတွေဖြစ်ပါတယ်။
ငယ်ရွယ်သေးတဲ့လူသားတွေဖြစ်ပါတယ်။ လူကြီး တွေကို လေးစား တန်ဖိုးထားသလို
လေးစားတန်ဖိုးထားထိုက်ခံသင့်သူတွေ ဖြစ်ပါတယ်။ ကျွန်ပ်တို့က ကလေး တွေကို
မိမိကိုယ်မိမိယုံကြည်သူများအဖြစ်ကြီးပြင်းလာစေချင်ပါတယ်။
မိမိကိုယ်မိမိကောင်းစွာ ယုံကြည်ပြီး မိမိရဲ့တန်ဖိုးကို
မိမိကောင်းစွာသိသူများဖြစ်လာစေချင်ပါတယ်။ ဒါကြောင့် လူကြီးတွေအနေဖြင့်
လုပ်သမျှနေရာ တိုင်းမှာ အဲဒီလိုခံစားမှု ကလေးတွေမှာရှိလာအောင်ဖန်တီးပေးရန်
လိုအပ်ပါတယ်။
ကလေးတွေနှင့် နေထိုင်လုပ်ကိုင်ရေးနဲ့တ်သက်ပြီး
ယေဘူယျစည်းကမ်းကိုသာချမှတ်ရမယ်ဆိုရင်အောက် ပါအ တိုင်းဖြစ်မှာပါ။ အခြား
လူကြီးတစ်ယောက် ယောက်ရဲ့ကောင်းတဲ့အကြံဉာဏ်နှင့် ချစ်ခင်မြတ်နိုးမှုကို
သင်ကတန် ဖိုးထားပြီးအဲဒီလူကြီးအပေါ် မပြုလုပ်မိရန် ရှောင်တာတွေကို
မပြောမိဖို့နဲ့မလုပ်မိဖို့လိုက် နာရန် လိုအပ်တယ်။
ကလေးတွေဆိုတာ လူတွေပါ
• သူတို့ကိုဘယ်တော့မှလစ်လျူမရှုပါနဲ့။
• သူတို့ရဲ့စိတ်ခံစားမှုများကို သေးသိမ်အောင်မပြုလုပ်ပါနဲ့။
• ချစ်ခင်မှုကိုအခွင့်ကောင်းယူပြီးအမိန့်ပေးသလိုပြောတဲ့ပုံစံဖြင့်မပြောပါနဲ့။
• ကလေးတွေကိုအရှက်ရအောင်မလုပ်ပါနဲ့။
• မိမိပြုမူစေချင်သလို ပြုမူလာအောင် ကလေးတွေကိုမချုပ်ကိုင်ပါနဲ့။
• ကလေးတွေကို ထိုးခြင်း၊ရိုက်ခြင်း၊ ချိုးနှိမ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊မပြု လုပ်ပါနဲ့။
• အရာရာပြီးပြည့်စုံနေဖို့မမျှော်မှန်းထားပါနဲ့။
• သူတို့က သင့်ကိုစကားလာပြောတဲ့အခါ သူတို့ကိုအသိအမှတ်ပြုပါ။
• ကလေးတွေအကြောင်းမေးခွန်းတွေမေးပါ။ ကလေးမိဘတွေအကြောင်းမဟုတ်ပါ။
• ကလေးတွေကို သူတို့လွတ်လပ်စွာလှုပ်ရှားနိုင်ဖို့အခွင့်ပေးပါ။
• အရာရာမှာ သင်ပေးနိုင်သလောက်လွတ်လပ်ခွင့်ပေးပါ။
• သူတို့ပြောတာကို သေချာကောင်းစွာနားထောင်ပေးပါ။
• သူတို့ရဲ့ခံစားမှုများနှင့် အတွေးစဉ်းစားမှုများကို တန်ဖိုးထားလေးစားပါ။
• သူတို့အပေါ်ယုံကြည်ပါ။
• သူတို့ကိုချစ်ခင်ပါ။ မြတ်နိုးတန်ဖိုးထားပါ။ သူတို့ပျော်ပျော်နေနိုင်ပါစေ။
မိတ်ဆွေများ ကလေးတွေကိုချစ်ခင်လေးစားတန်ဖိုးထားဆက်ဆံနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
No comments:
Post a Comment