Thursday, October 5, 2023

ကလေး ကောင်းလာဖို့ ကြိုးစားကြပါမယ်

 သာမာန်ကျောင်းတက်လို့ရအောင်
ကလေးအခြေအနေကို သာမာန်ကျောင်းနဲ့ ဆရာမတွေကို
မပြောပြဖို့ အကြံပေးတဲ့ ဆရာဝန်ဆိုသူတွေလည်းရှိတယ်

ကလေး လက္ခဏာ အခြေအနေက
ဖုံးကွယ်ထားရုံနဲ့ ပျောက်သွားသော အရာမဟုတ်ပါ

ကလေးအတွက်ပဲ တွေးပေးပါ မိဘများ

ကလေးဘာမှ မဖြစ်ရင် ဘာ လို့ သင်မရနေတာလဲ

သာမာန်ကလေးပါ ဘာမှ မဖြစ်ဘူး
လူတိုင်းယုံအောင် ပြောပြနိုင်လည်း
ကလေး အပြုအမူ နဲ့
ကလေး လိုအပ်ချက်တွေက
အလိုလို ကောင်းသွားမှာ မဟုတ်ပါ

မလျောကန်သော အကြံပေးမှုကို ဆန့်ကျင်ပါ

မိမိ့ ဖြစ်ချင်သော ဆန္ဒထက် မိမိကလေးကို ပိုချစ်ပေးပါ
မိမိ့ကလေး ကောင်းလာဖို့ ကြိုးစားပေးပါ

ဘာမှ မဖြစ်ဘူး ပြောသော ပညာရှင်တွေထက်

လေ့ကျင့်နည်းနဲ့ သေချာ လေ့ကျင့်ပါ ပြောသောသူများကို ယုံကြည့်ပါ

ဘာမှ မဖြစ်ရင် သင်စရာမလိုပဲ ကောင်းသွားမှာပါ

ကလေးက သင်မရနေတာကို
ကျောင်းအပ်တိုင်း ကလေးအခြေအနေ မပြောပြနဲ့
အလိုလိုကောင်းသွားမယ် မထင်ပါနဲ့
သင်ကလေးမကောင်းခဲ့ရင်
ဖုံးကွယ်ဖို့ ပြောခဲ့သော
မလေ့ကျင့်နဲံ ပြောခဲ့သောသူများက
သင့်ကလေးဘဝကို အာမခံ မပေးပါ

သင်ကလေးဘဝကို သင်အသိဉာဏ်နဲ့
ကောင်းမွန်အောင် ပံပိုးလေ့ကျင့်နိုင်ပါသည်

မိမိကလေးကို မိမိ့ ဖြစ်ချင်သော ဆန္ဒထက် ပိုချစ်ပေးပါ
မိမိ့ကလေး ကောင်းလာဖို့ ကြိုးစားပေးပါ

အုံဖွ ကောင်းစေ ဆိုသောနည်းလမ်းမရှိပါ
အတူကြိုးစားမယ်ဆိုရင်
အတူကျော်ဖြတ်ပေးချင်ပါတယ်

အဆင်ပြေကြပါစေ မိဘများ

နန်းမေသဲအေး
May be an image of child and text that says 'I don't think the worst thing that could happen to me is raising a child with special needs. I think the worst thing is to raise a child who is cruel to those with special needs.'

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...