Thursday, October 5, 2023

အိမ်သင်ဆရာမ ခေါ်ပေးပါ။ ❌💔ကလေးကြည့်ပေးရုံပါ 💔❌

အိမ်သင်ဆရာမ ခေါ်ပေးပါ။
❌💔ကလေးကြည့်ပေးရုံပါ 💔❌

ကလေးအသက် အခြေအနေပြောပါ

ကလေးက ဘာမှ မဖြစ်ဘူး
အကုန်ကျန်းမာတယ်
စကာမပြောတာ 💔😭
မတုန့်ပြန်တာ💔😭
သင်မရတာ💔😭

ဘာဖြစ်လို့များ💔
ကလေး ဘာမှ မဖြစ်ဘူးလို့
ထင်တာလဲ 😭

ကလေး‌ကို ကြည့်ပေး‌ရုံနဲ့လည်း
ကလေးမကောင်းနိုင်ပါ။

❌အိမ်အလုပ်လုပ်ပေးရင်း❌
😭ကလေး ကြည့်ပေးရုံလေးပါ 😭

မိဘရယ်
အိမ်အလုပ်အတွက်
အိမ်အကူရှာပါကွယ်

ကလေးကြည့်ရုံဆိုရင်
ကလေးထိန်းရှာပါ။

ကလေးပျိုးထောင်ဖို့
ကလေးပျိုးထောင်သူရှာပါ

ကလေးတကယ်တိုးတက်အောင်
ကလေးကို သင်ပေးချင်ရင်
အထူးပညာရေးသင်တတ်သူရှာပါ

အကုန်လုပ်ပေး တတ်သူပဲ လိုချင်ရင်
ကိုယ်တိုင် အရင် အကုန်လုပ်တတ်‌အောင်
မိမိကိုယ်တိုင် မိမိကလေးအတွက်
အရင်သင်ယူပါ။

တကယ်လိုချင်တာ ဆရာမပါ လို့ပြောနေပေမယ့်

သူမျှော်လင်ချက်ထဲမှာ
တတ်ရမှာက
အိမ်ရှင်မတယောက်လို
ကလေးပျိုးထောင်ပေးတတ်ပြီး
မိုးမလင်းခင်ထ ထမင်းဟင်းချက်
ကလေးတမိသားစုလုံးအတွက်
ထမင်းချိုင့်ပြင်ပေး ဈေးသွား
အိမ်မှုကိစ္စ အကုန်စီမံ
လိုသမျှ တမိသားစုလုံး
အခက်အခဲ ပြဿနာ စောင့်ရှောက်ပေးသူ။

ဪ ‌လောကမှ
အခုထိ လေဝမ်းမကွဲတဲ့
ရပ်ဝန်းမှာနေကြရတော့

မသိခြင်းသောက
မတတ်ခြင်း ဒုက္ခက

တကယ်ပိုကြီးပါတယ်။

အမှန်ကို သိမြင်နိုင်ကြပါစေ။

အဆင်ပြေကြပါစေ
🙏🙏🙏🙏🙏
❤️❤️❤️❤️❤️

ပြောမိပြန်ပြီမို့ ဝံဋာမိပါ🙏

May be an image of child and text that says 'SKC Smart Kids College 最選身望 SPECIAL SCHOOL တကယ်ကောင်းချင်လား? စောစောသိ များများသင် မြန်မြန်ကောင်း ပုံမှန်အတိုင်းသင်မရရင် အထူးပညာရေးနဲ့သင်ပါ'

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...