Saturday, December 21, 2024

မေတ္တာပွားခြင်းအကျိုးကျေးဇူးများ Food for Thought (111)

 ကမ္ဘာကြီးကိုကယ်တင်ဖို့ အားလုံးမေတ္တာပွားများကြပါစို့

မေတ္တာပွားခြင်းအကျိုးကျေးဇူးများ

မျက်မှောက်ကာလသတင်းတွေဖတ်ကြည့်လိုက်ရင် လူအချင်းချင်းသတ်ဖြတ်နေတာတွေ၊ နှိပ်စက်ညှင်း ပန်းနေတာတွေ၊ နေအိမ်တွေဖျက်စီးနေတာတွေ၊ လူအချင်းချင်းမတရားအနိုင်ကျင့်ဆော်ကားနေတာတွေ၊ မိးတောက်မီးလျှံတွေတဟုန်းဟုန်းတောက်နေတာတွေ၊ လူတွေဒုက္ခအမျိုးမျိုးရောက်စေတာတွေ၊ စတဲ့ ဆင်းရဲအမျိုးမျိုးဖြစ်အောင်လုပ်နေကြတာတွေကိုအများကြီးတွေ့မြင်နေရပါတယ်။ အဲဒီလိုဖြစ်နေတာ တွေ လျော့ပါးပျောက်ကွယ်သွားအောင် မေတ္တာပွားတဲ့အလုပ်ကို လူတိုင်းလုပ်နိုင်ရင် မေတ္တာအကျိုးကို လူသားများခံစားနိုင်လာမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့အတွက် Food for Thought (848) အဖြစ် မေတ္တာ ဘာဝနာပွားများခြင်းရဲ့အကျိုး ကျေးဇူးများ ကိုဘုရားဟောတဲ့အကျိုး (၁၁) ပါးနှင့်သိပ္ပံကလေ့လာ တွေ့ရှိ ချက်များကို ချိန်ထိုးကြည့်နိုင်ရန်လေ့လာ တင်ပြမျှဝေလိုက်ပါတယ်။ မေတ္တာပွားခြင်းအကျိုးကို Food for Thought (111) အဖြစ်လည်းယခင်က တင်ပြခဲ့ပြီးဖြစ်ပါတယ်။

မြတ်ဗုဒ္ဓလမ်းညွှန်ပြခဲ့တဲ့မေတ္တာအကျိုး (၁၁)မျိုး

အိပ်နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက်လူနတ်၊ စောင့်လတ်နတ်များ၊ မီးဆိပ်ဓားတို့၊ ရှောင်ရှား ကိုယ်မှာ၊ လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမသွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ် ဖြာသည်၊ မေတ္တာပွားမှုအကျိုးတည်း။

ထမင်းရေချောင်းစီးအောင်အလှုတွေပေးတာထက် နွားနို့တစ်ညှစ်စာအချိန်လောက် မေတ္တာပွားများ ခြင်းက ပိုအကျိုးများစေပါတယ်။ မေတ္တာအားကြီးသူကိုရန်သူများကရန်မမူနိုင်ကြပါဘူး။ မေတ္တာက အတိုင်းအတာအကန့်အသတ်မရှိအကျိုးပြုနိုင်င်တဲ့အတွက်မေတ္တာစိတ်အပြည့်ဖြင့်မေတ္တာပွားများခြင်းကအလှုတွေထမင်းရေစီးကြောင်းဖြစ်အောင်ပေးလှုတာထက်ပိုအကျိုးများကြောင်းမြတ်စွာဘုရားက လမ်းညွှန်ပြထားပါတယ်။

သိပ္ပံလေ့လာမှုကထောက်ပြနေတဲ့ မေတ္တာ ဘာဝနာပွားများခြင်းရဲ့အကျိုးကျေးဇူးများ

မေတ္တာဘာဝနာပွားများခြင်းက ကျန်းမာပျော်ရွှင်ရေးအတွက် များစွာအကျိုးပြုစေပါတယ်။ တရားဘာဝ နာ ပွားများခြင်းအကျိုးကျေးဇူးများကို ကြာဘူးကြမှာဖြစ်ပါတယ်။ လူအများမှာ တရားဘာဝနာပွားများ မှုကို တစ်ကြိမ်နှစ်ကြိမ်လက်တွေ့ပြုလုပ်ဘူးမှာဖြစ်ပါတယ်။ စိတ်ကိုတည်ငြိမ်အောင်ထားလျက် မေတ္တာ တရားပွားများအားထုတ်တဲ့လုပ်ငန်းမှာ ခက်ခဲတဲ့အတွက် မိမိအတွက် မလုပ်နိုင်တဲ့လုပ်ငန်းတစ်ခု ဖြစ် တယ်လို့လည်း ပြောနေတတ်ကြပါတယ်။
အမှန်တကယ်မှာတော့တရားရှုမှတ်တဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ဂါထာမန္တာန်တွေရွတ်ဆိုတဲ့ပုံစံမျိုးလည်းရှိ ပါတယ်။ အမြင်အာရုံကို ရှုမှတ်တဲ့ပုံစံမျိုးလည်းရှိပါတယ်။ ထွက်လေဝင်လေကို မှတ်သားတဲ့ တရားရှု မှတ် နည်းလည်းရှိ ပါတယ်။ တရားရှုမှတ်တဲ့နည်းတွေကိုစမ်းသပ်လေ့လာပြီး မိမိနှင့် ဆီလျော်တဲ့နည်းကို လိုက်နာကျင့် သုံးသင့် ပါတယ်။ မိမိတို့တွင် သဘာဝအားဖြင့် ရှိနေတဲ့မေတ္တာထားတတ်မှုကို အခြေခံတဲ့ နည်းကို စတင်လေ့ကျင့် ခြင်းမှာ ကောင်းတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

မေတ္တာဘာဝနာပွားများတဲ့တရားရှုမှတ်နည်းက ဘယ်လိုနည်းပါလဲ။

မေတ္တာဘာဝနာပွားများတဲ့တရားရှုမှတ်နည်းက ကောင်းတဲ့မေတ္တာစိတ်ကိုမွေးပြီးပွားများတဲ့နည်း ဖြစ်ပါ တယ်။ ကြင်နာမှု၊ နွေးထွေးမှုတို့ကို အခြားလူတွေအတွက် ပွားများတဲ့နည်းဖြစ်ပါတယ်။ (Salzberg, 1997) အခြားလူများအပေါ်ထောက်ထားစာနာမှု၊ ကြင်နာခြင်း၊ အခြားလူများနေရာမှ မြင်နိုင်အောင် ဝင်ကြည့် ခြင်းလုပ်ငန်းများမှာ ကျွန်ပ်တို့မှာရှိတဲ့ အခြေခံကျတဲ့ကောင်းတဲ့ စိတ်လှုပ်ရှားခံစားမှုများ ဖြစ် ပါတယ်။ မေတ္တာဘာဝနာပွားများတဲ့အလေ့အကျင့်ဟာ လူတွေအတွက်နေထိုင်ကောင်းစေပြီး ဖျားနာ ခြင်းတို့မှ ကင်းဝေးစေလျက်၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဉာဏ်ရည်များကိုလည်း တိုးတက်စေကြောင်း သုသေသနလေ့လာထားချက်များများစွာရှိနေပါတယ်။

မေတ္တာပွားများခြင်းကအောက်ပါ နေထိုင်ကောင်းမွန်မှုသုခချမ်းသာများ တိုးတက်လာစေပါတယ်။

၁။ အပြုသဘောဆောင်တဲ့စိတ်လှုပ်ရှားခံစားမှုများကိုတိုးတက်စေပြီး အပျက်သဘောဆောင်တဲ့စိတ် လှုပ်ရှား ခံစားမှုများကို လျော့ကျစေပါတယ်။

အထူးအားထားစရာကောင်းတဲ့ လေ့လာသုတေသနပြုမှုတစ်ခုဖြစ်တဲ့ Barbara Frederickson နှင့် သူ့အဖွဲ့သားများတို့ရဲ့လေ့လာချက်တွင် မေတ္တာဘာဝနာပွားများတဲ့အလေ့အကျင့်ကို သီတင်း (ရ) ပတ် လောက်လေ့ကျင့်ခြင်းကပင် မေတ္တာအားကောင်းလာခြင်း၊ ပျော်ရွှင်မှုဖြစ်စေခြင်း၊တင်းတိမ် ရောင့်ရဲ မှုဖြစ်လာခြင်း၊ ကျေးဇူးတရားသိတတ်လာခြင်း၊ကောင်းတဲ့မိမိလုပ်ဆောင်ချက်အတွက်ဂုဏ်ယူ ခြင်း၊ မျှော်လင့်ချက်များရှိလာခြင်း၊ စိတ်ဝင်စားမှုများဒာားကောင်းလားခြင်း၊ အံ့ဖွယ်ကောင်းခြင်းစတဲ့ အပြု သဘောဆောင်တဲ့စိတ်ခံစားမှုများကို ဖြစ်စေကြောင်း ဖော်ပြထားပါတယ်။ အဲဒီလို ကောင်းတဲ့စိတ် ခံစားမှုများကြောင့် ပိုပြီးသတိရှိလာခြင်း၊ ဘဝမှာဦးတည်ရည်မှန်းချက်ရှိလာခြင်း၊ လူမှုအထောက်အကူ များပေးတတ်လာခြင်း၊ နေထိုင်မကောင်းဖျားနာခြင်း စတဲ့လက္ခဏာများလျော့ကျလာခြင်းစတာမျိုးတွေ ဖြစ်လာစေပါတယ်။ အဲဒီလိုအပြုသဘောဆောင်တဲ့ စိတ်လှုပ် ရှားခံစားမှုများကြောင့် ဘဝမှာ ကျေနပ်မှု ပို ရရှိစေခြင်း၊ စိတ်ဖိစီးမှုများလျော့ကျခြင်းစတာတွေလည်း ဖြစ်လာ စေပါတယ်။

၂။ အပြုသဘောဆောင်တဲ့စိတ်လှုပ်ရှားခံစားမှုများနှင့် ပေါင်းသင်းဆက်ဆံရေးထိတွေ့ဆက်ဆံမှုရှိနေ တယ်လို့ ခံစားမှုများလည်းတိုးတက်လာစေပါတယ်။

Kok နှင့် လက်တွဲလေ့လာသူများရဲ့ ၂၀၁၃ ခုနှစ်တွင်လေ့လာချက်အရ မေတ္တာဘာဝနာပွားများအား ထုတ်သူများတွင် ထိုကဲ့သို့မေတ္တာဘာဝနာအားမထုတ်သူများနှင့်နှိုင်းယှဉ်လိုက်ပါက အပြုသဘော ဆောင်တဲ့ စိတ်လှုပ်ရှားခံစားမှုများတိုးတက်ကြောင်း၊ ကမ္မဇီဝဆိုင်ရာအခြေခံတဲ့ vagal tone ရဲ့ထိန်း သိမ်းပေးနိုင်စွမ်းကြောင့် အပြုသဘောဆောင်တဲ့စိတ်လှုပ်ရှားခံစားမှုများ ပိုကောင်းလာကြောင်းတွေ့ရ ပါတယ်။ Vagal tone မှာ Vagus နပ်ရဲ့ လုပ် ဆောင်ချက်ဖြစ်ပါတယ်။ သူက နှလုံးမှထွက်တဲ့ ဆယ်ခု မြောက်နပ်ကြောဖြစ်ပါတယ်။ autonomic နပ်ကြောစနစ်ရဲ့ အခွဲတစ်ခုဖြစ်တဲ့ parasympathetic နပ် ကြောစနစ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲဒီ နပ်ကြောအပိုင်းမှာ သတိဖြင့်ယှဉ်ထိန်းကွပ်နေတဲ့ အနေအထားမှာမရှိပါ။ သူကကိုယ်ခန္တာအစိတ်အပိုင်းများစွာကို အေးဆေးစွာနေတဲ့အချိန်မှာ ထိန်းသိမ်း ပေးတဲ့လုပ်ငန်းတာဝန်ကို ပြုလုပ်စေပါတယ်။

ရောဂါများပျောက်ကင်းစေမှု

မေတ္တာပွားများသောအလေ့အကျင့် ပြုလုပ်သူများတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နေထိုင်မကောင်းမှု များမဖြစ်အောင် ထိန်းပေးနိုင်ကြောင်း သုတေသနလေ့လာချက်များက ထောက်ပြနေပါတယ်။

၃။ ခေါင်းတစ်ခြမ်းတည်းကိုက်ခဲတဲ့ဝေဒနာကိုလျေ့ာနည်းသက်သာစေပါတယ်။

Tonell နှင့်အဖွဲ့သားများ ၂၀၁၄ ခုနှစ်က ပြုလုပ်တဲ့လေ့လာမှုတစ်ခုမှာမေတ္တာပွားများတဲ့အလေ့အကျင့် ကြောင့်ချက်ခြင်းရစေတဲ့အကျိုးကျေးဇူးမှာ ခေါင်းတစ်ခြမ်းသာကိုက်ခဲတဲ့ဝေဒနာကို သက်သာစေ ကြောင်း တွေ့ရှိထားပါတယ်။ ရေရှည်ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါကြောင့် ဖြစ်နေတဲ့စိတ်လှုပ်ရှား ခံစား မှုများကိုလည်း လျော့ကျစေကြောင်းတွေ့ရှိထားပါတယ်။

၄။ ရေရှည်ခံစားနေရတဲ့နာကျင်မှုများကို လည်းလျော့ကျစေပါတယ်။

နောက်ကျောအောက်ဘက်မှာနာနေတဲ့ဝေဒနာကိုတာရှည်စွာခံစားနေရတဲ့လူတွေကို မေတ္တာတရားပွား များတဲ လေ့အကျင့်ပြုလုပ်စေခြင်းနှင့် ပုံမှန် သတ်မှတ်ထားတဲ့ကုသပေးတဲ့နည်းတို့ကိုကျင့်သုံး ကုပေး ကြည့်ပါတယ်။ အဲဒီ လေ့လာမှုမှာ မေတ္တာပွားများတဲ့နည်းကိုကျင့်သုံးခြင်းက နာကျင်မှုများ၊ စိတ်တို ဒေါသဖြစ်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ပရိဒေဝဖိစီးမှုများ များစွာပိုလျော့ကျစေကြောင်းတွေ့ရပါတယ်။ ပုံမှန်ကုသပေးတဲ့ကုသနည်းဖြင့်ကုသမှု ခံသူများထက် မေတ္တာပွားများတဲ့နည်းကိုကျင့် သုံးတဲ့အုပ်စုမှာ ပို သက်သာလျော့နည်းတာကိုတွေ့ရပါတယ်။ ( Carson et al., 2005).

၅။ စိတ်ဓာတ်ကျဆင်းမှု (PTSD) Posttraumatic Stress Disorder (PTSD)

Kearney နှင့်အဖွဲ့သားများရဲ့ ၂၀၁၃ ခုနှစ်တွင်လေ့လာချက်အရ သီတင်း (၁၂) ပတ်ကြာအောင်မေတ္တာပွား များတဲ့အလေ့အကျင့်ကို ပြုလုပ်သူများတွင် စိတ်ဓာတ်ကျမှုသိသိသာသာလျော့နည်းလာကြောင်း တွေ့ ရပါတယ်။ စိတ်ဖိစီးမှုများပြင်းထန်စွာခံရရှိခဲ့ပြီးနောက် စိတ်တ်ဓာတ်ကျဆင်းနေမှုများသိသိသာသာ လျော့နည်းကျဆင်းလာတာကိုတွေ့ရပါတယ်။

၆။ schizophrenia-spectrum disorders လည်းကျဆင်းလာစေပါတယ်။

Johnson နှင့်အဖွဲ့သားများရဲ့လေ့လာချက် (၂၀၁၁) တွင် schizophrenia-spectrum disorders စိတ်ကစဉ့် ကလျားဖိစီးမှုရောဂါရှိနေသူများနှင့်မေတ္တာပွားများတဲ့အလေ့အကျင့်ကို ကနဦးစမ်းသပ်ခဲ့ခြင်းဖြစ်ပါ တယ်။ လေ့လာတွေ့ရှိချက်မှာ မေတ္တာပွားများတဲ့အလေ့အကျင့် ပြုလုပ်မှုဟာ ကစဉ့်ကလျား စိတ် ရောဂါဖြစ်နေတဲ့လက္ခဏာ တွေကိုလျော့ကျစေကြောင်း၊ အပြုသဘောဆောင်တဲ့စိတ်လှုပ်ရှား ခံစား မှုများတိုးတက်လာစေကြောင်းတွေ့ရှိထားပါတယ်။ စိတ်ပိုင်းဆိုင်ရာကစဉ့်ကလျားဖြစ်မှုမှ ပြန်လည် ကောင်းမွန်လာစေကြောင်းလည်းတွေ့ရှိထားပါတယ်။

ဦးနှောက်စွမ်းဆောင်နိုင်တဲ့စိတ်လှုပ်ရှားခံစားမှုအခြေခံတဲ့ဉာဏ်ရည်

လူသားတို့ဦးနှောက်မှာမိမိတို့ပြုလုပ်တဲ့လုပ်ရပ်များကောင့်နူရုန်းများဆက်သွယ်မှုများဖြစ်လာပြီး ပုံဖော် ဖြစ်လာကြောင်းသိထားပြီးဖြစ်ပါတယ်။ မေတ္တာပွားများတဲ့အလေ့အကျင့်ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ဦးနှောက်အတွင်းမှာရှိတဲ့ စိတ်လှုပ်ရှားခံစားမှု ဆိုင်ရာဉာဏ်ရည်နှင့်အခြားလူများအပေါ်ထောက်ထား စာနာ တတ်မှုစတဲ့ကိုယ်ချင်းစာနာမှုတို့ကို ထိန်းသိမ်း စောင့်ရှောက်တဲ့အပိုင်း များကိုအားကောင်း လာစေ ကြောင်းတွေ့ရှိထားပါတယ်။

ရ။ ဦးနှောက်တွင်းစိတ်လှုပ်ရှားခံစားမှုများနှင့် အခြားလူများအတွက်
ထောက်ထားစာနာမှုများ လုပ် ဆောင်ရန် လှုံ့ဆော်ပေးပါတယ်။

အထက်ပါတွေ့ရှိချက်ကို Hutchersonနှင့်အဖွဲ့သားများပြုလုပ်တဲ့ (Hutcherson, Seppala & Gross, 2014) လေ့လာမှုတွင်လည်းကောင်း၊Hoffmeannနှင့်အခြားအဖွဲ့သားများပြုလုပ်တဲ့လေ့လာမှုတွင် လည် ကောင်း (Hoffmann, Grossman & Hinton, 2011) တွေ့ရှိထားပါတယ်။ ဦးနှောက်တွင်း စိတ်လှုပ် ရှားခံစား မှုများနှင့် အခြားလူများ အတွက် ထောက်ထားစာနာမှုများလုပ်ဆောင်ရန် လှုံ့ဆော်အားပေးပါတယ်။

၈။ ဦးနှောက်အတွင်းမီးခိုးရောင်ဧရိယာနေရာနှင့် ပမာနကိုတိုးပွားလာစေပါတယ်။

မေတ္တာပွားများတဲ့အလေ့အကျင့်ကို ပုံမှန်ပြုလုပ်သူများတွင် စိတ်လှုပ်ရှားခံစားမှုများကို ထိန်းသိမ်းပေး တဲ့ဦးနှောက်တွင်းရှိ မီးခိုးရောင်နယ်ပယ်ကို တိုးပွားလာစေကြောင်း (Leung et al (2013); Lutz et al (2008); Lee et al (2012).တို့ရဲ့လေ့လာမှုများတွင်တွေ့ရှိထားပါတယ်။ ပန်းနုရောင်နှင့်မီးခိုရောင်ရော နေတဲ့ဧရိယာမှာ သူ့အရောင်ကို အစွဲပြုလျက် ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီနေရာက နပ်ဆဲလ်ကိုယ် ထည် များ၊ axon လမ်းကြောင်းများနှင့် dendrites များတဲ့ရှိရာနေရာဖြစ်ပါတယ်။ နပ်ကြောစနစ်ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ ဦးနှောက်တစ်ရှုးများမှာ cerebellum, cerebrum နှင့်ဦးနှောက်အောက်ခြေ တိုင်တို့တွင်များစွာရှိပါတယ်။ အဲဒီနေ ရာမှာ လိပ်ပြာပုံသဏ္ဍာန်ဗဟိုနပ်ကြောလမ်းကြောင်းကို လည်းဖြစ် နေစေပါတယ်။

၉။ မေတ္တာပွားများခြင်းဟာ Respiratory sinus arrhythmia (RSA) ကိုတိုးပွားလာစေပါတယ်။

မေတ္တာပွားများခြင်းကို အချိန် (၁၀) မိနစ်ကြာအောင် ပြုလုပ်လိုက်ပါက ချက်ခြင်း သက်သာမှုကိုဖြစ် စေကြောင်း အထောက်အထားအဖြစ် Respiratory sinus arrhythmia (RSA) ကိုတိုးပွားလာ စေကြောင်းတွေ့ရှိထားပါတယ်။ ဆိုလိုတဲ့သဘောကတော့ သင့်နှလုံး parasympathetic cardiac ကိုထိန်းနိုင်လာစေပါတယ်။ ပင်ပန်း သက်သာစွာအသက်ရှုနိုင်လာစေပါတယ်။ အသက်ရှုနှုန်းကိုလည်း ပိုနှေးလာစေနိုင်အောင်ထိန်းသိမ်းလာနိုင် စေကြောင်း Law နှင့်အဖွဲ့သားများရဲ့လေ့လာမှုတွင်တွေ့ရှိ ထား ပါတယ်။ (Law, 2011 reference)
၁၀။ ကမ္မဇီဝသဘောအရ အသက်အရွယ်အိုမင်းလာမှုကိုနှေးကွေးစေပါတယ်။
စိတ်ဖိစီးမှုများဟာ telomere သက်တန်းတိုးစေကြောင်းသိထားပါတယ်။ telomere ဆိုတာကတော့ မျိုးရိုးဗီဇ ဂျင်းအစိတ်အပိုင်းလေးတွေဖြစ်ပါတယ်။ ကရိုမိုစုန်းအစိတ်အပိုင်းငယ်လေးများဖြစ်ပါတယ်။ သူတို့က ကမ္မဇီ၀ သဘောအရအသက်အရွယ်အိုမင်း ရင့်ယော်လာမှုကို ဖြစ်လာစေပါတယ်။ သို့သော် လည်း Hoge နှင့် အဖွဲ့ သားများရဲ့လေ့လာတွေ့ရှိချက်အရ မေတ္တာပွားများတဲ့အလေ့အကျင့်ကိုပုံမှန် ပြုလုပ်တဲ့အမျိုးသမီးများ တွင် telomere ကသက်တမ်းပိုရှည်ကြောင်းတွေ့ရှိထားပါတယ်။

လူမှုဆက်သွယ်ရေး

၁၁။ ပိုကူညီတတ်သူဖြစ်လာစေပါတယ်။

မေတ္တာပွားများတဲ့အလေ့အကျင့် ပြုလုပ်သူများတွင် အပြုသဘောဆောင်တဲ့အပြန်အလှန်ဆက်ဆံတဲ့ စိတ်နေ သဘောထားများနှင့် စိတ်လှုပ်ရှားခံစားမှုများတိုးပွားများပြားလာစေပါတယ်။ ဥပမာ Leiberg, Klimecki, and Singer (2011) တို့ကလေ့လာမှုတစ်ခုတွင်မေတ္တာပွားများတဲ့အလေ့အကျင့်က ပေါင်း သင်း ဆက်ဆံရေးဆိုင်ရာ အထောက်အကူပြုတဲ့အပြုအမူများနှင့် ဘယ်လို ဆက်စပ်မှုရှိကြောင်း လေ့လာခဲ့ ပါတယ်။ ထိန်းချုပ်အုပ်စုနှင့် နှိုင်းယှဉ်လိုက်တဲ့အခါ မေတ္တာပွားများတဲ့အလေ့အကျင့်ကို ပုံမှန် ပြု လုပ်တဲ့အဖွဲ့ဝင်တွေက အသင်းအဖွဲ့လိုက်လုပ် ဆောင်တဲ့လုပ်ငန်းတွေမှာ ပိုကူညီဆောင်ရွက်ပေးတဲ့ အပြု အမူများရှိတာကိုတွေ့ရှိခဲ့ပါတယ်။

၁၂။ ထောက်ထားစာနာမှုပိုပြသလာစေပါတယ်။

mindfulness-based interventions (MBIs) များကိုပြန်လည်သုံးသပ်တဲ့လေ့လာမှုတစ်ရပ်တွင် မေတ္တာ ပွားများတဲ့အလေ့အကျင့်ကိုမှန်မှန်ပြုလုပ်ခြင်းမှာ အခြားလူများအပေါ်စိတ်စေတနာကောင်းဖြင့်စာနာ ထောက်ထားမှုပြသနိုင်စေဖို့အတွက် အထိရောက်ဆုံးသောအလေ့အကျင့်ဖြစ်ကြောင်း သုတေသီ (Boellinghaus, Jones & Hutton, 2012) ၏လေ့လာမှုတွင် ဖော်ပြထားပါတယ်။

၁၃။ အခြားလူများနေရာမှဝင်ကြည့်မြင်နိုင်စွမ်းရည်တိုးတက်စေခြင်း

သုတေသီများဖြစ်တဲ့ Klimecki, Leiberg, Lamm, and Singer (2013) တို့ရဲ့လေ့လာတွေ့ရှိချက်အရ မေတ္တာပွားများတဲ့အလေ့အကျင့်ဟာ အခြားလူများမှာဖြစ်နေတဲ့စိတ်ပျက်နေမှုအခြေအနေများအပေါ် သူတို့နေရာမှ ဝင်ကြည့်ရှုလျက် ခံစားပေးနိုင်မှုတိုးတက်စေပြီး ထိုလူများအတွက် အပြုသဘောဆောင် တဲ့ချစ်ခင်မှုမေတ္တာစိတ်နှင့် ကူညီလိုစိတ်များဖြစ်စေကြောင်းဖော်ပြထားပါတယ်။ အခြားလူတွေမှာ စိတ် မသက်မသာ ခံစားနေရမှုဖြစ်နေတာကို တွေ့မြင်နေရတဲ့အချိန်မှာလည်း ကိုယ်ချင်းစာနာစိတ်ပြသ နိုင်မှု တိုးလာစေပါတယ်။

၁၄။ အခြားလူများအပေါ်တွင် ဘက်လိုက်အမြင်များကို လျော့နည်းကျဆင်းလာစေပါတယ်။

သုတေသီ (Kang, Gray & Do vido, 2014) တို့ရဲ့လေ့လာချက်အရ သီတင်း (၆) ပတ်ကြာ အောင်မေတ္တာပွား များတဲ့အလေ့အကျင့် ပြုလုပ်တဲ့အစီအစဉ်မှာပါဝင်သူများတွင် ထိုအစီအစဉ်မှာမပါ ဝင် သူများနှင့် နှိုင်းယှဉ်လိုက်တဲ့အခါမှာ မေတ္တာပွားများတဲ့အလေ့အကျင့် ပြုလုပ်တဲ့အစီအစဉ်မှာ ပါဝင်သူများမှာ လူနည်းစုတို့အပေါ်တွင် ဘက်လိုက်တဲ့အမြင်များ သိသာစွာကျဆင်းလာတာကို တွေ့ရှိ ရပါတယ်။

၁၅။ ပေါင်းသင်းဆက်ဆံရေးတိုးတက်လာခြင်း

သုတေသီ Kok (2013) နှင့်အဖွဲ့သားများရဲ့လေ့လာချက်အရ မေတ္တာပွားများတဲ့အလေ့အကျင့်ကို ပုံမှန် ပြု လုပ်သူများတွင် အပြုသဘောဆောင်တဲ့စိတ်ခံစားမှုများတိုးတက်လာသလိုပင် အခြားလူများနှင့်လည်း ကောင်း တဲ့ဆက်ဆံရေးများတိုးပွားလာကြောင်းတွေ့ရှိထားပါတယ်။

မိမိကိုယ်မိမိ ချစ်ခင်တန်ဖိုးထားခြင်း

လူတွေမှာ မိမိကိုယ်မိမိ ဝေဖန်ပြစ်တင်နေမှု၊ မိမိကိုယ်မိမိ လေးစားတန်ဖိုးထားမှုအလွန်နိမ့်ကျနေတဲ့ အတွက် စိတ်ထောင်းလို့ကိုယ်ကျေဖြစ်နေမှုများအလွန်များလှပါတယ်။ လူတွေဟာမိမိကိုယ်မိမိ ချစ်ခင် မှု၊ လေးစားတန်ဖိုး ထားပြုစုစောင့်ရှောက်မှုနည်းတတ်ကြပါတယ်။

၁၆။ မိမိကိုယ်မိမိဝေဖန်တိုက်ခိုက်နေမှုလျော့ကျစေပါတယ်။

Shahar နှင့်အဖွဲ့သားများရဲ့လေ့လာချက်အရ (Shahar et al (2014) မေတ္တာပွားများတဲ့အလေ့အကျင့်ကို ပြု လုပ်သူများဟာ မိမိကိုယ်မိမိဝေဖန်ပြစ်တင်နေမှုများလျော့ကျလာစေပြီး စိတ်ဖိစီးမှု လက္ခဏာများ လည်း လျော့ကျလာစေကြောင်းတွေ့ရှိထားပါတယ်။ မိမိကိုယ်မိမိ ချစ်ခင်တန်ဖိုးထားမှုများပြုစု စောင့် ရှောက်မှုများ၊ အပြုသဘောစိတ်လှုပ်ရှားခံစားမှုများတိုးတက်လာစေကြောင်း ဖော်ပြထားပါတယ်။ အဲဒီ လို ဖြစ်တဲ့အပြောင်းအလဲ တွေကို လေ့လာမှုအပြီး နောက်ထပ် (၃) လတိုင်အောင် ဆက်လက်ထိန်းထား နိုင်ကြောင်းတွေ့ရှိရပါတယ်။

ချက်ခြင်းအကျိုးနှင့်ရေရှည်အကျိုသက်ရောက်မှုများ

မေတ္တာပွားများတဲ့အလေ့အကျင့်မှာချက်ခြင်းကောင်းကျိုးအနည်းငယ်စီခံစားရစေပြီးရေရှည်တွင် လည်း ကောင်းတဲ့ တာရှည်ခံတဲ့အကျိုး သက် ရောက်မှုများကို ဖြစ်စေခြင်းမှာ မေတ္တာပွားများတဲ့ အလေ့ အကျင့်ရဲ့ အားကောင်း တဲ့အချက်ပင် ဖြစ်ပါ တယ်။

၁ရ။ အနည်းငယ်စီကောင်းကျိုးဖြစ်စေပါတယ်။

သုတေသီများဖြစ်ကြတဲ့ Hutcherson, Seppala, and Gross (2008) တို့ရဲ့လေ့လာချက်အရ (၁၀) မိနစ်ခန့်သာ ကြာအောင် မေတ္တာပွားများတဲ့လေ့ကျင့်မှုကို ပြုလုပ်သူများသည်ပင် အနည်းငယ်စီ ကောင်း ကျိုးကို ခံစားရစေကြောင်း တွေ့ရှိထားပါတယ်။ မေတ္တာပွားများခြင်းအလျင်းမပြုလုပ်တဲ့ ထိန်းချုပ် အုပ်စုနှင့်နှိုင်းယှဉ်လိုက်တဲ့အခါမှာ အချိန်အနည်းငယ်မျှမေတ္တာပွားများတဲ့အလေ့ အကျင့် ပြုလုပ်သူများ တွင် ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာခြင်း၊ လူစိမ်းများအပေါ်အပြုသဘောစိတ်ထားထားတတ် ခြင်းစတဲ့ကောင်းတဲ့စိတ်များ ဖြစ်လာစေကြောင်း ထောက်ပြထားပါတယ်။

၁၈။ ရေရှည်အကျိုးသက်ရောက်မှုများ

Cohn နှင့်အဖွဲ့သားများ (Cohn et al (2011) ရဲ့လေ့လာချက်အရ မေတ္တာပွားများတဲ့အလေ့အကျင့် ပြုလုပ်သူများအနက်(၃၅%) ဟာ မေတ္တာပွားများတဲ့အလေ့အကျင့်ကို ဆက်လက်လုပ်ဆောင်ကြောင်းနှင့် လေ့လာမှုနောက်ပိုင်း (၁၅) လကြာတဲ့အထိ အပြုသဘောဆောင်တဲ့စိတ်လှုပ်ရှားခံစားမှုများခံစားရ ကြောင်း ဖော်ပြထား တာကိုတွေ့ရှိရပါတယ်။အပြုသဘောစိတ်လှုပ်ရှားခံစားရမှုအတိုင်းအတာမှာနေ့စဉ် မေတ္တာပွားများတဲ့ အလေ့အကျင့်ကို နေ့စဉ်ပြုလုပ်တဲ့အချိန်နှင့် ဆက်စပ်နေတာကို လည်းတွေ့ရှိရ ပါတယ်။

သိပ္ပံလေ့လာမှုကထောက်ပြနေတဲ့ မေတ္တာ ဘာဝနာပွားများခြင်းရဲ့အကျိုးကျေးဇူးများအချုပ်

၁။အပြုသဘောဆောင်တဲ့စိတ်လှုပ်ရှားခံစားမှုများကိုတိုးတက်စေပြီအပျက်သဘောဆောင်တဲ့စိတ်လှုပ်ရှား ခံစားမှုများကို လျော့ကျစေပါတယ်။

၃။ ခေါင်းတစ်ခြမ်းတည်းကိုက်ခဲတဲ့ဝေဒနာကိုလျေ့ာ့နည်းသက်သာစေပါတယ်။

၅။ စိတ်ဓာတ်ကျဆင်းမှု (PTSD)ကိုလျော့ကျစေပါတယ်။

ရ။ ဦးနှောက်တွင်းစိတ်လှုပ်ရှားခံစားမှုများနှင့် အခြားလူများအတွက် ထောက်ထားစာနာမှုများလုပ် ဆောင်ရန် လှုံ့ဆော်ပေးပါတယ်။

မိတ်ဆွေများအားလုံးမေတ္ဘာနေ့တိုင်းပွားပြီးကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာဖို့ဝိုင်းဝန်းဆောင် ရွက်ကြပါစို့။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...