Saturday, December 21, 2024

ကလေးတစ်ယောက်ကိုစာရေးတတ်အောင်လေ့ကျင့်ပေးပုံ Food for Thought 849

 ဒီနေ့” ကလေးတစ်ယောက်ကိုစာရေးတတ်အောင်လေ့ကျင့်ပေးပုံ” အကြောင်းကို Food for Thought 849 အဖြစ်မျှဝေလိုက်ပါတယ်။

ကလေးတစ်ယောက်ကိုစာရေးတတ်အောင်လေ့ကျင့်ပေးပုံ

မိခင်တစ်ယောက်က သူ့သမီးလေးကိုအလွန်ချစ်ပါတယ်။ သမီးလေးကိုစာရေးတတ်စေချင်ပါတယ်။ စာရေးတဲ့အခါမှာလည်းအမှားအယွင်းတစ်ခုမှမပါစေချင်ပါဘူး။ အမှားအယွင်းလုံးဝကင်းတဲ့စာရေး နိုင် စွမ်းရှိစေချင်ပါတယ်။ ဒါကြောင့်စာရေးသင်ပေးတဲ့ခါမှာ အနီးကပ်စောင့် ကြည့်လေ့လာပါတယ်။ အနီး ကပ်စောင့်ကြည့်လေ့လာတဲ့အခါမှာ ကလေးရေးနေတာမှန်နေတဲ့အခါမှာတော့ ဘာမှအသိအမှတ် ပြု တာမျိုးမလုပ်ပါဘူး။ မှန်အောင်ရေးရမှာြဖစ်တယ်ဆိုတဲ့စိတ်နဲ့ အသိအမှတ်ပြုစရာမလိုအပ်ဘူးလို့ ယူဆ နေဟန်ရှိပါတယ်။ ဒါပေမဲ့ကလေးက တစ်လုံးမှားရေးလိုက်တာနဲ့ “ဟောမှားပြန်ပြီ”လို့ ချက်ခြင်း ပြော တတ်ပါတယ်။ မိခင်က ကလေးအမှားကိုစောင့်ဖမ်းပြီးအမှားပြင်ခိုင်းနေသလိုဖြစ်ပါတယ်။ အဲဒီလို မိခင်ရဲ့လုပ်ရပ်ကိုတော့ ဟယ်လီကော်ပတာလိုအပေါ်စီးမှစောင့် ကြည့်ပြီးအမှားပြင်ခိုင်းတဲ့နည်းလို့ သတ်မှတ်ခေါ်ပါတယ်။

အဲဒီလိုအမှားကိုစောင့် ကြည့်ပြီးမှားတိုင်းမိခင်က “ဟောမှားပြန်ပြီ” ဆိုတဲ့ထောက်ပြ ချက်ကို ကလေးက ကြားနေရပါတယ်။ အဲဒီလို လုပ်ဆောင်တာအမှားကိုမိခင်ကထောက်ပြပြီးချက်ခြင်းပြင်ဆင်ခိုင်းတဲ့ နည်း လမ်းဖြစ်ပါတယ်။ အမေ့ထံမှ စကားသံကြားရရင် သူမှားပြီဆိုတာကို ကလေးက သိနေပါ တော့တယ်။

အဲဒီကလေးကကျောင်းတက်တဲ့အခါ ဆရာမက စာရေးသင်ပေးပြီးစာရေးခိုင်းတဲ့အခါ အခြားကလေး တွေကစာရေးပေမဲ့ အဲဒီကလေးမလေးက စာမရေးဘဲ ဟိုကြည့်ဒီကြည့် လုပ်နေပါတယ်။ ဒါကြောင့် သမီးလေးက ဘာကြောင့်စာမရေးတာလဲလို့ဆရာမကမေးတဲ့အခါ အိမ်မှာလို သူ့မှားရေးမိတဲ့အခါတိုင်း သူ့မေမေက မှားပြန်ပြီလို့ပြောတာမျိုးဖြစ်မှာကြောက်တဲ့အတွက်မရေးကြောင်း ကလေးမလေး က မှန်တဲ့အတိုင်းပြောပြပါတယ်။

“ဟောမှားပြန်ပြီ”ဆိုတဲ့မိခင်ရဲ့သဘောထားမှတ်ချက်မှာ မှန်စေချင်တဲ့စေတနာကောင်းဖြစ်ပေမဲ့ လုပ်ရပ် အနေနဲ့ ကလေးကို စာရေးဖို့အတွက်အဟန့်အတား တွန့်ဆုတ်စေတဲ့လုပ်ရပ်ဖြစ်နေတာကိုဆရာမက သိပါတယ်။ တွန်ုဆုတ်တဲ့စိတ်ဖြစ်လာတဲ့အတွက် ကလေးက စာမရေးရဲတော့ပါ။ စာမရေးချင်တော့ပါ။ ဒီတော့ ကလေးကိုစာရေးရဲအောင် ဘယ်လိုအားပေးရရင်ကောင်းမလဲဆိုတာကိုဆရာမကစဥ်းစား ပါ တယ်။ ချက်ခြင်းစိတ်ကူးကောင်းတစ်ခုကိုရပြီး အောက်ပါအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။

ဆရာမကသူ့စားပွဲပေါ်မှာတင်ထားတဲ့ခဲတံတွေထည့်ထားတဲ့ခွက်ထဲမှ ခံ‌ဖျက်သိပ်တုံးနေတဲ့ ခဲတံတစ် ချောင်းကို ရွေးလိုက်ပါတယ်။ ပြီးတော့ ခဲတံကို ကြည့်ရန် သမီးလေးကိုပြောလိုက်ပါတယ်။ သမီးလေး ဒီခဲတံမှာ ဘာြဖစ်နေတာတွေ့သလဲလို့မေးလိုက်ပါတယ်။ ဒီတော့သမီးလေးက သေချာကြည့် ပြီး ခဲဖျက် က တုံးနေပါတယ်လို့ပြန်‌ဖြေလိုက်ပါတယ်။ ဟာသမီးလေးက ခဲ‌ဖျက်တုံးနေတာကိုလည်းချက်ခြင်း သတိ ထားမိတယ်။ ဟုတ်ပါတယ်။ ခဲဖျက်က သိပ်တုံးနေပါတယ်။ ဘာကြောင့် ခဲဖျက်ကတုံးနေတယ် ထင်သလဲ လို ဆရာမကမေးပြန်ပါတယ်။ ဒီတော့ မှားတာတွေကို ဖျက်ရလို့တုံးနေတာပါလို့ ကလေးမလေး ကပြန်ဖြေတော့ ဟာသမီးလေး‌ဖြေတာမှန်လိုက်တာ။ အဲဒီ ခဲတံက ဆရာမသုံးနေတဲ့ခဲတံ။ ဆရာမတို့ စာပြနေတဲ့ဆရာမတွေတောင် မှားလို့ ခဏခဏ‌ဖျက်ရလို့ ခဲဖျက်ကတုံးသွားပါတယ်။ ဒီ တော့သမီးလေး လည်းမှားမှာဘာမှစိတ်မပူနဲ့တော့။ ကြိုစားပြီးသာရေးပါ။ မှားသွားလည်းမှန်အောင် ပြန်ပြင်ရေးလို့ ရပါ တယ်။ မှန်အောင်ကြိုးစားရေးပါလို့ဆရာကမက အားပေးလိုက်ပါတယ်။

အဲဒီအချိန်က စပြီးကလေးမလေးဟာ စာရေးရတာကိုတွန့်ဆုတ်နေတဲ့စိတ်မရှိတော့ဘဲ ကြိုးစားရေးပါ တယ်။ မှားနေတာကိုတွေ့တဲ့အခါမှာလည်းဆရာမက အမှားကိုကလေးကိုယ်တိုင် ပြန်စစ်ဆေးတတ် အောင် သမီးလေး ဒီစာကြောင်းလေးကိုဖတ်ကြည့်ပါ။ ဒီစာကြောင်းလေးမှာ ဘယ်စာလုံးတွေကမှန်ပြီး ဘယ်စာလုံးက ပြန်ပြုပြင်ရေးရန် လိုမယ်ထင်သလဲလို့ ပြန်စစ်ဆေးကြည့် ခိုင်းပါတယ်။ သူကိုယ်တိုင် မှားနေတာကိုတွေ့ပြီးပြန်ပြင်လိုက်တိုင်း ဆရာမက သမီးလေးက မှားနေတာကို ကိုယ်တိုင်သိပြီး ပြန်မှန် အောင် ပြင်ရေးနိုင်တယ်လို့ အသိ အမှတ်ပြုပါတယ်။အမှားလုံးဝကင်းနေတာကိုတွေ့တဲ့အခါမှာ တော့ ဟာသမီးလေးရေးတာ အားလုံးမှန်တယ် သမီးလေးအခုလိုကြိုးစားပြီးမှန်အောင်ရေးတာ သိပ် ကောင်းပါ တယ်။ ဆက်လက်ကြိုးစားပြီးအခုလိုမှန်အောင် ရေးပါလို့ဆရာမကတိုက်တွန်းအားပေးပါ တယ်။ ဆရာမ ရဲ့အသိအမှတ်ပြုအားပေးမှုတွေက သမီးလေးကို အားတက်စေပြီး စာတွေကို ကြိုးစားရေး လိုက်တာ အားလုံးမှန်အောင်ရေးနိုင်တဲ့အထိ တိုးတက်လာပါတယ်။ မှားနေရင်လည်း ကိုယ်တိုင်အမှား ကိုရှာပြီး မှန်အောင် ပြုပြင်နိုင်လာပါတော့တယ်။ အားလုံးမှန်အောင် အမှားကင်းအောင် ပြန်လည် စစ်ဆေးတာ လည်း တတ်လာပါတော့တယ်။

အခုလိုဖြစ်ရပ်လေးတစ်ခုကိုကျွန်တော်ကိုယ်တိုင်တွေ့ကြုံဘူးပါတယ်။ ကျွန်တော်ကွန်ပျူတာကို စတင် အသုံးပြုတတ်စကဖြစ်ပါတယ်။ အစီရင်ခံစာတစ်စောင်ကို အမြန်ရေးတင်ရန် လိုအပ်နေပါတယ်။ ကျွန် တော်က လက်ကွက်တွေကို မမှတ်မိတော့ စာလုံးတွေကိုကြည့်ပြီးကွန်ပျူတာရိုက်ရပါတယ်။ ကွန်ပျူတာ မှန်သားပြင်မှာပေါ်တဲ့စာကိုမကြည့်နိုင်တော့အမှားတွေများနေတာကိုမမြင်ပါဘူး။ အဲဒီအနေအထားကို တွေ့တဲ့ကျွန်တော်ဇနီးက အမှာကင်းအောင်ကူမယ်ဆိုပြီးကျွန်တော်ကွန်ပျူတာရိုက်တဲ့ နေရာ မှာ လာပြီး ကူပါတယ်။ ဘယ်လိုကူသလဲဆိုတော့ ကွန်ပျုတာမှန်သားပြင်မှာ ထင်လာတဲ့စာကမှားသွားတဲ့ အခါတိုင်း မှားသွားတယ်လို့ ကျွန်တော့ကိုသတိပေးပြီးပြန်ပြင်ခိုင်းပါတယ်။ မှန်အောင်မြန်အောင်လာကူ နေမှန်း သိနေတာတောင် “မှားပြန်ပြီ” ဆိုတာ ခဏခဏကြားနေရတော့ ကျွန်တော်ကျွန်ပျူတာ ရိုက်တာ တွန့်ဆုတ်သွားပါတော့တယ်။ အဲဒါကြောင့် ကျွန်တော်ဘာသာဆက်လက် ရိုက်ပြီး နောက်မှ အမှား ပြန်ပင်တဲ့လုပ်ငန်းကိုပြုလုပ်ခဲ့ရဘူးပါတယ်။

စေတနာဖြင့်အမှားကင်းစေချင်တာ ကိုမိဘတိုင်းသေချာပြန်လည်ဆင်ခြင်စေချင်ပါတယ်။ ကိုယ်တိုင် ကော အမှားကင်းပြီးအစဥ်မှန်နေပါသလား။

မိတ်ဆွေများကလေးတွေစာရေးတတ်အောင်သဘာဝကျက စိတ်ထားမြတ်ဖြင့် သင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...