ဒီနေ့ “ကလေးအမြင်ရှုထောင့်” အကြောင်းကို Food for Thought 837 အဖြစ်မျှဝေ လိုက်ပါတယ်။
ကလေးအမြင်ရှုထောင့်
ပစ္စည်းဥစ္စာအလွန်ချမ်းသာကြွယ်ဝတဲ့မိသားစုမှ မွေးလာတဲ့လူငယ်လေးတစ်ယောက်ရှိ ပါ တယ်။
တစ်နေ့မှာ
သူတို့လိုမချမ်းသာဘဲ ချို့တဲ့တဲ့မိသားစုတွေဘယ်လိုနေထိုင်ရကြောင်း သားကို
သိစေလိုတဲ့အတွက် ကျေးလက်မိသားစုတစ်ခုဆီကိုခေါ်သွားလိုက်ပါတယ်။ ဖခင်ကအဲဒီ
လိုခေါ်သွားတာကတော့ နွမ်းပါးသူတွေနေထိုင်ရတာကိုတွေ့ပြီး
သူတို့မှာရှိတဲ့ပစ္စည်းတွေ ချမ်းသာ ကြွယ်ဝမှုတွေကို သူ့သားက
တန်ဖိုးထားလာစေရန်ဖြစ်ပါတယ်။
သားအဖနှစ်ယောက်ဟာအလွန်ဆင်းရဲတဲ့လယ်သမားမိသားစုရဲ့လယ်သို့ရောက်သွားကြပါတယ်။
အဲဒီလယ်ယာမှာရက်အတော်ကြာအောင် လယ်သမားမိသားစုနှင့်အတူတူ နေ
ထိုင်ခဲ့ကြပါတယ်။ လယ်သမားမိသားစုတွေနှင့်အတူ လယ်ယာလုပ်ငန်းတွေနှင့် အိမ်မှု
လုပ်ငန်းတွေကိုလည်း ဝိုင်းကူညီလုပ်ဆောင်ပေးခဲ့ကြပါတယ်။ ဒါမှသူ့သားအနေဖြင့်
ဆင်းရဲနွမ်းပါးသူတွေဘယ်လို ရုန်းကန်လှုပ်ရှားရကြောင်းသိစေရန်ဖြစ်ပါတယ်။
လယ်တောမှာနေတဲ့မိသားစုထံမှန်ပြန်လာတဲ့အခါ
ဖခင်ကသားကို သူတို့သွားလေ့လာခဲ့တဲ့ခရီးကို
သဘောကျသလား။အဲဒီခရီးကနေဘာသင်ခန်းစာတွေသင်ရခဲ့သလဲဆိုတာကို မေးကြည့်ပါတယ်။
အဲဒီအခါ
သားဖြစ်သူက ချက်ခြင်းပြင် သွားခဲ့တဲ့လေ့လာရေးခရီးကအလွန်ပျော်စရာ
ကောင်းကြောင်း၊ ခရီးသွားခဲ့ရတာကိုသူအလွန်နှစ်သက်သဘောကျကြောင်း၊
လယ်သမားမိသားစုနှင့်အတူတူနေထိုင်ခဲ့ရတာကိုအလွန်သဘောကျကြောင်း ပြန်ဖြေတဲ့အခါ
ကြားလိုက်ရတဲ့ဖခင်ကအံ့သြပြီး သားက ဘာဆိုလိုတာလဲဆိုတာ သိအောင် မေးကြည့်
ပါတယ်။
အဲဒီတော့ သားက သူဘာကြောင့်သဘောကျကြောင်း အောက်ပါအတိုင်းအသေးစိတ် ရှင်းပြပါတယ်။
“သားတို့အိမ်မှာ ခွေးတစ်ကောင်သာရှိပါတယ်။ သူတို့မိသားစုမှာ ခွေး (၄) ကောင် တောင်ရှိပြီးသူတို့မှာကြက်တွေလည်းရှိပါတယ်။”
“သားတို့အိမ်မှာ
လူစုစုပေါင်း (၄) ယောက်သာရှိပေမဲ့ သူတို့အိမ်မှာဆိုရင် လူ (၁၂) ယောက်
တောင်ရှိပါတယ်။ အတူတူကစားနိုင်တဲ့လူတွေအများကြီးရှိပါတယ်။”
“သားတို့အိမ်ဝန်းထဲမှာဆိုရင်ရေကူးကန်တစ်ခုသာရှိပါတယ်။သူတို့မှာတော့
သူတို့ပိုင်ထားတဲ့ လယ်ကွက်တွေကိုဖြတ်သန်းစီးဆင်းနေတဲ့မြစ်ကြီးတစ်ခုရှိပြီး
အဲဒီမြစ်ကြီးကအဆုံး အထိ မမြင်နိုင်လောက်အောင်ရှည်ပါတယ်။”
“သားတို့အိမ်အပြင်ဘက်မှာဆိုရင်ညအခါမှောင်နေရင်မြင်နိုင်စေတဲ့မီးအိမ်တွေရှိပါတယ်။
သူတို့မှာတော့အလွန်ကျယ်ပြန့်တဲ့ကောင်းကင်ကြီးနဲ့သိပ်လှပတဲ့ကြယ်တွေရှိပြီးလင်း
လက် နေပါတယ်။”
“သားတို့အိမ်မှာဆိုရင်ပြေးကစားနိုင်တဲ့ပေါ်တီကိုတစ်ခုသာရှိပါတယ်။
သူတို့မှာတော့ ပြေး လွှားဆော့ကစားနိုင်တဲ့ ကွင်းပြင်အကျယ်ကြီးရှိပါတယ်။ “
“သားတို့မှာဆိုရင်စားစရာလိုချင်ရင်
စျေးဆိုင်ကိုသွားပြီးတန်းစီဝယ်ရပါတယ်။ သူတို့က တော့
သူတို့စားဖို့အသီးအရွက်တွေကိုကိုယ်တိုင်ခြံထဲမှာစိုက်နိုင်ကြပါတယ်။ ကြက်တွေ
လည်းအိမ်မှာပင်မွေးထားနိုင်ကြပါတယ်။”
“သားတို့အိမ်မှာဆိုရင်သားတို့ပိုင်တဲ့အိမ်နဲ့ပစ္စည်းတွေကိုအကာအကွယ်ပေးဖို့အတွက်ဝန်း
ထရံအမြင့်ကြီးနဲ့ကာထားရပါတယ်။ သူတို့မှာတော့ အဲဒီလို ကာထားစရာမလိုအပ်
ပါဘူး။ သူတို့ အိမ်နီးချင်မိတ်ဆွေတွေက အကာအကွယ်ပေးထားကြပါတယ်။”
အထက်ပါအတိုင်းသားကသူ့အမြင်ကို ပြောပြတဲ့အခါမှ ဖခင်ဖြစ်သူမှာဘာမှမပြောနိုင်ဘဲ ပါးစပ်ဟောင်းလောင်းဖြစ်နေပါတယ်။
နောက်ဆုံးအနေနဲ့သားက
“နွမ်းပါးတဲ့လူတွေဘယ်လိုနေထိုင်ရကြောင်း လိုက်ပြပေးတဲ့ ဖေဖေ
ကိုကျေးဇူးတင်ပါတယ်။ သူတို့က သိပ်ကံကောင်းကြပါတယ်ဖေဖေ” လို့ပြော
လိုက်ပါတယ်။
သင်ခန်းစာ
စစ်မှန်တဲ့ချမ်းသာဆိုတာ
ပစ္စည်းဥစ္စာတို့ဖြင့် မတိုင်းတာနိုင်ပါဘူး။ မိမိချစ်ခင်မြတ်နိုးတဲ့
လူတွေနှင့်အတူတူနေထိုင်ရခြင်း၊ လှပတဲ့သဘာဝပတ်ဝန်းကျင်မြင်ကွင်းတွေကိုတွေ့
မြင် ခံစားနိုင်ခြင်း၊ ပြီးတော့လွတ်လပ်
မှုရှိခြင်းတို့မှာအလွန်တန်ဖိုးကြီးလှပါတယ်။
မိတ်ဆွေများလည်း ကလေးတွေမြင်သလိုအလှအပကို မြင်ကြည့်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်ဒီနေ့ “ကလေးအမြင်ရှုထောင့်” အကြောင်းကို Food for Thought 837 အဖြစ်မျှဝေ လိုက်ပါတယ်။

ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Saturday, December 21, 2024
ကလေးအမြင်ရှုထောင့် Food for Thought 837
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment