Saturday, December 21, 2024

ကံသုံးပါးပြုလုပ်ရာတွင်အရေးအကြီးဆုံးဖြစ်တဲ့ “သတိတရား” အကြောင်း Food for Thought 838

ဒီနေ့ ကံသုံးပါးပြုလုပ်ရာတွင်အရေးအကြီးဆုံးဖြစ်တဲ့ “သတိတရား” အကြောင်းကို Food for Thought 838 အဖြစ်မျှဝေလိုက်ပါတယ်။

သတိတရား

သတိဟူသော ပါဠိဝေါဟာရနှင့် တရားဟူသော ပါဠိဝေါဟာရတို့ကို ပေါင်းစည်း၍ မြန်မာမှုပြုထားခြင်းဖြစ်သည်။ သတိဟူ သည် ‘အောက်မေ့ခြင်း အမှတ်ရခြင်း၊ တစ်စုံတစ်ခုသော အာရုံကို အစဉ်မပြတ် သိနေခြင်း’ ဟူ၍ဖြစ် သည်။ တရားဟူသည် ‘မှန်ကန်မျှ တခြင်း၊ အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်းဟူ၍ ဖြစ်သည်။ ထို့ကြောင့် သတိ တရားဟူသည် အတွေ့အကြုံများကို အသိဉာဏ် ဆင်ခြင်ဉာဏ်ပြည့်စုံစွာဖြင့်သိခြင်းဟူသော အနှစ်သာရ ပင် ဖြစ်သည်။

လူတို့သည် ကံသုံးပါးဖြစ်သော ကာယကံ၊ ဝစီကံ၊ မနောကံဟူသော ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူ အရာတို့ဖြင့် လူ့အသိုက်အဝန်း၊ လူ့ ပတ်ဝန်းကျင်၊ လူ့ဘဝသက်တမ်းကို ဖြတ်သန်းလျှောက်လှမ်းနေကြသူတို့ ဖြစ်သည်။ ကိုယ်အမူအရာဖြစ်သော ကာယကံမှုတို့ကို လက်တွေ့ပြုလုပ် ရာတွင်လည်းကောင်း၊ နှုတ်အမှုအရာ ဖြစ်သော ဝစီကံမှုဟူသော ပြောဆိုဆက်ဆံမှုကိုပြုရာတွင် လည်းကောင်း၊ စိတ်အမူအရာဖြစ်သော မနောကံ မှုကို ကြံစည်တွေးဆ မြော်မြင်ရာ တွင်လည်းကောင်း သတိတရားထားရန် အထူးလိုအပ်သည်။ လူသည် အသိဉာဏ် ကို အခြေခံ၍ မိမိ၏ အတ္တ အကျိုးစီးပွားနှင့် လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ပရအကျိုးစီးပွား တို့ကို မျှတညီညွတ်စွာ ဆောင်ရွက်ရမည်ဖြစ်သည်။

လူသားတိုင်းတွင် အသိဉာဏ်ရှိသော်လည်း အသိဉာဏ်ရှိသော လူသားတိုင်းသည် သတိတရား ရှိခဲတတ်လှသည်။ အသိဉာဏ် သက်သက်သာ ရှိပြီး သတိတရားမရှိသူသည် အနှစ်သာရ မပြည့်ဝသူဖြစ်သည်။ အသိ ဉာဏ်နှင့်သတိ တရားစွယ်စုံရှိသူသည် အနှစ်သာရ ပြည့်စုံသူဖြစ်သည်။ တစ်နည်းဆိုရသော် အသိဉာဏ်ဟူသည် အသိပညာ၊ အ တတ်ပညာစသည်တို့ကို လေ့လာရှာဖွေဖတ်ရှုမှုသက်သက်သာဖြစ်သည်။ သတိတရား မရှိသူဟူသည် ဖတ်ရှုလေ့ လာ၊ သိမြင်ထားသော အသိပညာ၊ အတတ်ပညာတို့ကိုအခြေခံ၍ ဘဝအသိသင်ခန်းစာရယူခြင်း၊ ဆင်ခြင်တုံ တ ရား ဖြင့် အကောင်းနှင့်အဆိုးကို ဝေဖန်သုံးသပ် မြော်မြင်ခြင်း၊လက်တွေ့ဘဝအကျိုးစီးပွားနှင့် နောင်သံသရာ အကျိုးစီးပွားအတွက် အကျိုးရှိအောင်ဆောင် ရွက်ခြင်းပင်ဖြစ်သည်။
လူသားတိုင်းအတွက် သတိတရားဟူသည် နေရာဒေသ အချိန်အခါမရွေး အသက်အရွယ်မရွေး အမြဲလိုအပ်နေ သောကြောင့် သတိတရားဟူသည် ပိုသည်မရှိ၊ လိုသည်သာရှိသည်ဟူ၍ ဆိုရိုးစကား ပြုထားခဲ့ခြင်းဖြစ်သည်။ မြန်မာမှုဆိုရိုးတစ်ရပ်တွင် ‘အလိမ္မာ စာမှာရှိသည်’ ဟူသော ဆိုရိုးသည် အသိပညာ၊ အတတ်ပညာများကို လေ့ လာရှာဖွေခြင်းဖြင့် စာကောင်းပေကောင်းများမှတစ်ဆင့် အလိမ္မာ၊ ကိုယ်ကျင့်တရားကောင်း၊ ဆင်ခြင်တုံ တရား၊ ဘဝအာ နိသင်တို့ကိုရရှိစေနိုင်သည်ဟု လမ်း ညွှန်ချက်ဖြစ်သည်။ ‘အလိမ္မာ စာမှာ ရှိသည်’ဟူသော ဆိုရိုးသည် လူတို့၏ ‘အသိဉာဏ်ရှင် သန်ဖွံ့ဖြိုးတိုးတက်စေ ရေးကို ဖော်ညွှန်းသည်။ ယင်းသို့သော စာပေဆိုင်ရာ အသိ၊ လမ်းညွှန် ဆုံးမမှုများကို အခြေခံလျက် ဆင်ခြင်တုံတရားဖြင့် ဘဝ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဝေဖန်ဆန်းစစ်ပိုင်းခြား သိမြင်ခြင်းဖြင့် အသိဉာဏ်မှသည် သတိတရားကိုဖြစ်စေသည်။

ထို့ကြောင့် မျက်မှောက်ခေတ် စာပေလောကနှင့် လူမှုရေးနယ်ပယ်တွင် ‘အလိမ္မာ စာမှာရှိ’ ဟူသော ဆိုရိုး စကား နှင့်အညီ ‘အလိမ္မာကိုယ်မှာရှိ’ ဟူသော သတိတရား၏ အနှစ်သာရကို ဖော်ကျူးသည့် ဆိုရိုးစကားကိုလည်း လမ်း ညွှန်ဖော်ထုတ် မိန့်ဆိုခဲ့ကြသည်။

အသိတရားကို အခြေခံလျက် သတိတရားကို ရစေနိုင်သည်။ အသိတရားရှိမှသာလျှင် သတိတရားကို ဖြစ်စေနိုင် သည်။ ရစေနိုင်သည်။ ဗုဒ္ဓ၏ အဆုံး အမ၊ တရားဓမ္မများကို နာယူရခြင်းဖြင့် ဓမ္မအသိတရား၊ အခြေခံများကို ရရှိ စေသည်။ ယင်းဓမ္မအသိတရားကို အခြေခံပြု၍ ကိုယ်ပိုင်အသိ တရား လက်ကိုင်ပြုလျက် ဝိပဿနာတရား၊ ကမ္မဋ္ဌာန်းတရားများ အားထုတ်ခြင်းသည် အသိတရားကို သတိတရားဖြင့် ပြုစုပျိုးထောင်ခြင်းဖြစ် သည်။ ထို့ကြောင့် အသိတရားနှင့် သတိတရားတို့သည် ကျိုးကြောင်းဆက်နွယ်လျက် ရှိနေသည်။ သတိတရားကို ပညာရှင်များက ‘သတိသမ္ပဇဉ် တရား’ဟု မိန့်ဆိုခဲ့ကြသည်။

သတိတရား၏ အရေးပါမှုကို ညောင်ရမ်းခေတ်စာဆိုကျော် တောင်ဖီလာဆရာတော်ကြီး၏’ ယ သဝဎဍနဝတ္ထု တော်ကြီးတွင် ‘သတိဟူသောတရား သည် အရာခပ်သိမ်းတွင် လိုအပ်သည်။ အရာခပ်သိမ်းသော အမှုကိစ္စများ တွင် သတိတရားဖြင့် လုံ့လပြုလျှင် အကျိုးကျေးဇူး ခံစားရတတ်သည်။ သတိတရားမရှိဘဲ ဖြစ်ကတတ်ဆန်း ပြုမူဆောင်ရွက်လျှင် အကျိုးမဲ့စေသည်။ အပြစ်ကိုဖြစ်စေသည်ဟူ၍ လမ်းညွှန်မိန့်ဆိုခဲ့သည်။

သတိတရားရှိခြင်း၏ အနှစ်သာရနှင့် သတိတရားမရှိခြင်း၏ ဆိုးကျိုးများကို ညဉ့်မိုက်လှသောအခါ၌ မညီမညွတ် သော ချောက်ကမ်းပါး၊ ချောင်း နား၊ မြစ်နား၊ တွင်းကျင်းအရပ်သို့ သွားသောသူသည် သတိတရား လက်ကိုင်ထား ၍ တောင်ဝှေး စသည်ဖြင့် စူးစမ်းလျက် ဖြည်းဖြည်းညင်ညင် သွားလျှင် လိုသောအရပ်သို့ ရောက်နိုင်၏။

သတိတရားမရှိဘဲ၊ မစူးမစမ်းသွားခဲ့လျှင် ချောက်ကမ်းပါးတွင်ကျ၍ သေနိုင်၏။ မသေသော်လည်း ဘေး အန္တ ရာယ်ကို တွေ့ကြုံရနိုင်၏။ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း စသည်တို့ကို ကြုံတွေ့စေသည်ဟူ၍ သိလွယ်၊ မြင်လွယ်သော ဥပမာအလင်္ကာဖြင့် တန်ဆာဆင်လျက် ယသဝဎဍနဝတ္ထုတော်ကြီး၌ ဖော်ပြခဲ့သည်။ သတိတရားနှင့် ပတ်သက်၍ ပညာရှင်များသည် အဆိုအမိန့်များ ပြုခဲ့ကြသည်။

‘သတိတရားမရှိပါက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံငါးပါးတို့ဖြင့် ကြုံတွေ့လျှင် ဒေါသထွက်စေသောအကြောင်း၊ စိုးရိမ်ထိတ်လန့်စေသောအကြောင်း၊ ဆင်းရဲသည်ကို မကြုံတွေ့ဖူးသူသည် ဆင်းရဲခြင်းကို ကြုံတွေ့ရလျှင် မရစဖူးသော စည်းစိမ်ဥစ္စာကိုရလျှင် ထိန်းချုပ်မှု ပြုနိုင်ခဲ့သည်။

ထိုသို့သော အချိန်အခါမျိုးတွင် သတိတရားကို မထိန်းချုပ်နိုင်လျှင် အကျိုးမဲ့ခြင်း၊ ပျက်စီးခြင်းကို ကြုံတွေ့ ရတတ်သည်။ ယင်းအချိန်မျိုးတွင် သတိ တရားဖြင့် ထိန်းချုပ်နိုင်စွမ်းရှိလျှင် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေ သည်ဟူ၍ မိန့်ဆို လမ်းညွှန်ခဲ့သည်။

သတိတရားမရှိဘဲ မစူးမစမ်းသွားခဲ့လျှင် ချောက်ကမ်းပါးတွင် ကျ၍သေနိုင်၏။ မသေသော်လည်း ဘေးအန္တ ရာယ် ကို တွေ့ကြုံရနိုင်၏။ ကိုယ်အင်္ဂါ ချို့တဲ့ခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးခြင်း စသည်တို့ကို ကြုံတွေ့စေသည်။‘ကြောက်လန့်တတ် သူတို့သည် ဘီလူး၊ ပြိတ္တာ၊ ခြင်္သေ့၊ ကျားသစ် စသည်တို့ကို မြင်လျှင်သော် လည်းကောင်း၊ အသံကြားရုံမျှဖြင့်သော် လည်းကောင်း၊ ကြောက်လန့်တုန်လှုပ်လျက် သတိတရား လက်လွတ်ဖြစ်၍ ပျက်စီး ဆုံးရှုံးခြင်းသို့ ရောက် စေသည်။ စစ်မြေပြင်အရပ်တွင် ဓား သွားဖွေးဖွေး၊ သွေးချင်းချင်း နီရဲသောမြင်ကွင်းကို မြင်ရလျှင် သတိတရားမရှိလျင် ရူးသွပ်သွားစေနိုင်သည်။ ဘုရင်မင်းမြတ်တို့၏ ရှေ့မှောက်တွင် စကား လျှောက်တင်သည့်အခါတွင် ကြောက်ရွံ့တုန်လှုပ်လျက် သတိတရားကင်းမဲ့စွာ လျှောက်တင်လျှင် အသက်ဆုံး ရှုံးစေနိုင်သည်။ ထိုသို့သော အကြောင်းကိစ္စများတွင် သတိတရား လက်ကိုင်ထား၍ ပြောဆိုပြုမူဆောင်ရွက်လျှင် ဘေးရန်ကင်းခြင်း၊ ကျော်စောခြင်း၊ စည်းစိမ်ချမ်းသာ ပြည့် စုံခြင်း တို့ကို ရရှိစေနိုင်သည်ဟူ၍ လမ်းညွှန် ဆုံးမခဲ့သည်။

သတိတရား၏ အရေးပါးမှုကို ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ‘သတိတရားရှိသူတို့သည် မကြောက်မရွံ့ တည်တံ့မှု၏။ အကျိုးကြောင့် ဘေး အန္တရာယ်မှ လွတ်ကင်းသည်။ စည်းစိမ်ချမ်းသာကိုလည်း ရကုန်သည်။ အမျက်ဒေါသထွက်လျှင် သတိတရားထားနိုင်ခဲ၏။

အမျက်ဒေါသထွက်သောအခါ၌ ပစ္စုပ္ပန်စီးပွား၊ သံသရာစီးပွား ပျက်သုဉ်းစေသည်။ သတိတရား လက်ကိုင်ထားခြင်းသည် အလွန်ပင်မြင့်မြတ်၏ ဟူ၍ ဟောကြားတော်မူခဲ့၏။

ထို့ကြောင့် သတိတရားရှိခြင်းသည် အကျိုးကျေးဇူးများစေကြောင်း၊ သတိတရားမရှိခြင်းသည် အကျိုးယုတ် စေကြောင်း အထင်အရှား သိမြင် လျက် လူမှုရေးရာကိစ္စအဖြာဖြာကို ဆောင်ရွက်ရာ၌ သတိတရားကို အမြဲ လက်ကိုင်ထား၍ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဘဝသင်ခန်းစာများကို ရရှိစေသည်။ သတိတရားသည် လောကီရေးရာအဖြာဖြာနှင့် လောကုတ္တရာရေးရာကိစ္စများ ဆောင်ရွက်ရာတွင် လွန်စွာ အရေးပါလှသည်။ သို့ဖြစ် ၍ ‘သွားသတိ၊ စားသတိ၊ နေသတိ၊ အိပ်သတိ၊ လုပ်သတိ၊ ပြောသတိ’ စသော ကံသုံးပါး၏ ကိစ္စအားလုံး၌ သတိတရား အမြဲထားရှိ လုပ်ဆောင်ရန် လိုအပ်သည်။ သတိတရားဟူသည် ပိုသည်မရှိ၊ လိုသည်သာရှိသည်ဟူသော ဆိုရိုးစကား။ ပညာရှိ သတိဖြစ်ခဲဟူသော စကားပုံတို့သည် အသိ ပညာထက် သတိတရားကို အလေးအနက်ထားသင့်ကြောင်း ဖော်ညွှန်းထားမှုဖြစ်သည်။

သံသရာမှလွန်မြောက်ဖို့အတွက် သတိကအရေးကြီးကြောင်းကို သစ္စာရွှေစည်းဆရာတော် ဟောကြားတော်မူ သော တရားကို အနှစ်ချု်ပ်အားဖြင့် ဆက်လက်တင်ပြချင်ပါတယ်။

ဟောပြောချက်တွင်မှတ်လို့လွယ်အောင် “ဒီဘက်၊ ဟိုဖက်၊ ရေလည်ချက်နှင့်၊ ကျွန်းထက်မတင်၊ လူတွေမဆယ်၊ နတ်မဆယ်တည့်၊ဝဲဝယ်မမြုပ်၊ဆွေးမပုတ်သော်၊ သမုဒ်ပင်လယ်ရောက်လိမ့်မည်”လို့ အချုပ်လမ်းပြထားပါ တယ်။
အဲဒီအနှစ်ချုပ်မှာအောက်ပါအတိုင်း ဆိုလိုခြင်းဖြစ်ပါတယ်။

၁။ ဒီဘက် =အတွင်းအာရုံ (၆) ပါးမှာအတင်မခံဖို့ သတိအစဥ်ရှိနေရန်လိုအပ်ပါတယ်။

၂။ ဟိုဖက် =အပြင်အာရုံ (၆)ပါးမှာတင်မနေအောင်သတိအစဥ် ရှိနေရန် လိုအပ်ပါတယ်။

၃။ ရေလည်ချက်= ရေလယ်ချက်နဲ့တူတဲ့လောဘ၊ တပ်မက်မောမှုကင်းအောင်သတိအစဥ်ရှိနေရန် လိုအပ် ပါ တယ်။

၄။ ကျွန်းထက်မတင်=မာနထောင်လွှားခြင်းဆိုတဲ့ကျွန်းမှာအတင်မခံရအောင်သတိအစဥ်ရှိနေရန် လိုအပ်ပါတယ်။

၅။ လူတွေမဆယ် =လူတွေနှင့်တန်ဖိုးမရှိတဲ့အလုပ်တွေမှာအချိန်ကုန်ခံလုပ်နေတာမျိုးမဖြစ်အောင် အစဥ်သတိရှိ နေဖို့ လို အပ်ပါတယ်။

၆။ နတ်မဆယ်တည့် =လှူတဲ့အခါ သံသယာမှလွန်မြောက်ဖို့မဟုတ်ဘဲ နတ်စည်းစိမ်ကို လိုချင်ပြီး လှူတာမျိုး မပြုလုပ်ရန်သတိအစဥ်ရှိနေရန် လိုအပ် ပါတယ်။

၇။ ဝဲဝယ်မမြုပ်=ကာမဂုဏ်အာရုံ (၅)ပါးနဲ့တူတဲ့ဝဲမှာမနစ်မြုပ်အောင်အစဥ်သတိရှိနေရန် လိုအပ်ပါတယ်။

၈။ ဆွေးမပုတ်သော်= ဆွေးပုတ်ခြင်းနှင့်တူတဲ့ကိုယ်ကျင့်တရားပျက်ပြားမှုကင်းအောင် အစဥ်သတိရှိရန် လိုအပ် ပါတယ်၊

အထက်ပါ (၈)ချက်ကိုသတိဖြင့် စောင့်ထိန်းရင် သမုဒ်ပင်လယ်ရောက်လိမ့်မည် = သံသယာမှလွတ်မြောက် လိမ့် မယ်ဖြစ်ကြောင်း ဟောပြောခဲ့တာဖြစ်ပါတယ်။ အချုပ်အားဖြင့်မှန်ကန်တဲ့အသိရှိနေအောင်အစဥ်သတိရှိရန် လို အပ်ကြောင်းအလေးအနက်တင်ပြခြင်းပင်ဖြစ်ပါတယ်။

(သတိတရားကိုအစဥ်ထားနိုင်အောင် လေ့ကျင့်သင့်တဲ့အကြောင်းတရာကိုနာနေရင်းဗိုက်ကဆာလာတဲ့အချိန်မှာ ထမင်းစားရအောင်လို့လာခေါ်တဲ့အခါ မိမိအပြုအမူကိုသတိမဝင်ဘဲ ချက်ခြင်းထသွားပြီးထမင်းစားပွဲရောက်လို့ ဇွန်းကိုကိုင်လိုက်တဲ့အချိန်မှ မျက်မှောက် အပြုအမူကိုသတိရှိရန် သတိဝင်လာမိတာကို တွေးမိရင်း သတိထား တဲ့အလေ့အကျင့် ကို လေ့ကျင့်ရန်များစွာလိုနေသေးကြောင်းမိမိကိုယ်မိမိနားလည်လာမိပါတယ်။)

မိတ်ဆွေများ သတိတရားလက်ကိုင်ထားပြီး တရားရှာနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...