Saturday, December 21, 2024

ာရေးဆရာကြီးလီယိုတော်လ်စတွိုင်ရေးသားခဲ့တဲ့ “မေးခွန်း (၃)ခု” Food for Thought 839

 ဒီနေ့ မှာစာရေးဆရာကြီးလီယိုတော်လ်စတွိုင်ရေးသားခဲ့တဲ့ “မေးခွန်း (၃)ခု” အကြောင်းကို Food for Thought 839 အဖြစ်မျှဝေလိုက်ပါတယ်။

မေးခွန်း (၃)ခု

ဘဝမှာအရေးကြီးတဲ့အချိန်ဆိုတာ တစ်ချိန်သာရှိပါတယ်။ အဲဒီအချိန်မှာ အခုမျက်မှောက်အချိန်သာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမျက်မှောက်အချိန်မှာသာ လူသားတွေမှာ လုပ်နိုင်ကိုင်နိုင် စွမ်းအားရှိတဲ့အတွက်ဖြစ် ပါတယ်။

အနှစ်ချုပ်

မေးခွန်း (၃)ခုမှာရုရှားစာရေးဆရာကြီးလီယိုတော်လ်စတွိုင်ရေးသားခဲ့သော ပုံပြင်တိုလေးတစ်ခုဖြစ် ပါတယ်။ အဲဒီပုံပြင်တိုလေးကို ၁၉၀၀ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ ပုံပြင်လေးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘုရင်ကြီးတစ်ပါးက မေးခွန်း (၃) ခုရဲ့ အဖြေကိုရှာနေပါတယ်။ အဲဒီမေးခွန်း (၃) ခုတို့ကတော့ အောက် ပါအတိုင်း‌ဖြစ်ကြပါတယ်။

၁။ လုပ်စရာတွေကို ပြုလုပ်ဖို့အတွက်အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။

၂။ ဘယ်သူကအရေးအကြီးဆုံးလူလဲ။

၃။ လုပ်ရန်မှန်ကန်တဲ့အလုပ်ဆိုတာ ဘာအလုပ်လဲ။ တို့ဖြစ်ပါတယ်။

ဘုရင်ကြီးက ထိုမေးခွန်း (၃)ခုအတွက်ဖြေဆိုနိုင်သူတွေကို ဆုပေးရန်သတ်မှတ်ခဲ့ပြီး အကြံပေးပညာရှိ အမတ်တွေနှင့်အခြားပညာရှိတွေနှင့် ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ သူဆွေးနွေးမေးမြန်းခဲ့တဲ့အကြံပေး တွေ၊ ပညာရှိအမတ်တွေက သူ့ကိုကျေနပ်တဲ့အဖြေမပေးနိုင်ခဲ့ပါဘူး။ နောက်တော့ဘုရင်ကြီးဟာသူသိ ချင်တဲ့မေးခွန်း (၃) ခုရဲ့အဖြေကို သူ့ကိုယ်ပိုင်အတွေ့အကြုံများနှင့် လုပ်ဆောင်မှုများအပေါ်အခြေပြုပြီး ဖော်ထုတ်ရသွားပါတယ်။

အကြောင်းအရာ -မေးခွန်း (၃)ခုမှာမျက်မှောက်အချိန်မှာသာနေရန်အရေးကြီးကြောင်းနှင့် ကိုယ်တိုင် ထိတွေ့နေရသူများအကျိုးအတွက် အရေးယူဆောင် ရွက်ရန်အရေးကြီးကြောင်းကို အလေးပေးတဲ့အ ချက်ပင်ဖြစ်ပါတယ်။ အတိတ်တို့ အနာဂါတ်တို့အတွက် တွေးပူပင်နေခြင်းက အကျိုးမဲ့ကြောင်းနှင့်မျက် မှောက်ကာလကိုအပြည့်အဝ အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်းအလေးထား ဖော်ပြခြင်းဖြစ် ပါတယ်။

ပုံပြင်ကပေးတဲ့သင်ခန်းစာ -

ဘုရင်မေးတဲ့မေးခွန်း (၃)ခုအတွက်အဖြေမှာ စဥ်းစားတွေးတောခြင်းထက် ကိုယ်တိုင်တွေ့ကြုံ လုပ် ဆောင်မှုအပေါ်အခြေခံရန် လိုအပ်ကြောင်းသင်ခန်းစာပေးပါတယ်။ စာရေးဆရာကြီးလီယို တော်လ် စတွိုင်က အကောင်းဆုံးနေထိုင်တဲ့နည်းမှာ အခြားလူတွေအပေါ်ကြင်ကြင်နာနာ ဂရုဏာစိတ်မွေးပြီး နေခြင်းဖြစ်ကြောင်းအလေးထားတင်ပြပါတယ်။ အဲဒီလိုနေထိုင်ခြင်းဟာ အကောင်းဆုံးအလုပ်ဖြစ် ကြောင်း စာရေးဆရာကြီးလီယိုတော်စတွိုင်က ထောက်ပြခဲ့ပါတယ်။ စာဖတ်သူတွေကို အတိတ်တွေ၊ အနာဂါတ်တွေအတွက်စိတ်ပူပန်နေတာမျိုးမဖြစ်ကြဘဲ မျက်မှောက်အချိန်ကို သတိဖြင့် အကောင်းဆုံး အကျိုးရှိရှိအသုံး ပြုရန်လိုအပ်ကြောင်းအလေးအနက် ထောက်ပြခဲ့ပါတယ်။

မိတ်ဆွေများလည်းမျက်မှောက်အချိန်ကိုသတိခြင့် ကောင်းစွာနေနိုင်အောင်ကြိုးစားနိုင်ကြပါစေ။ မိမိနှင့် ထိတွေ့နေရသူများအပေါ်မှာမေတ္တာ၊ ဂရုဏာဖြင့် စိတ်စေတနာကောင်းဖြင့် ပြောဆိုလုပ်ကိုင်ပေးနိုင်ကြပါစေ၊ အဲဒီလိုနေထိုင်ခြင်းကအကောင်းဆုံးနေထိုင်ခြင်းဖြစ်ကြောင်း နားလည်လက်ခံပြီးရှင်သန်နေထိုင် နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...