Saturday, December 21, 2024

သစ်ပင်လိုအကျိုးပြုတဲ့လူသားတွေလား Food for Thought 840

 ဒီတစ်ပတ် “သစ်ပင်လိုအကျိုးပြုတဲ့လူသားတွေလား” ဆိုတာကို Food for Thought 840 အဖြစ်မျှဝေ လိုက်ပါတယ်။

သစ်ပင်လိုအကျိုးပြုတဲ့လူသားတွေလား

သစ်စေ့လေးမှစတင်အပင်ပေါက်လာတဲ့အခါ ရွက်သစ်လေးနှစ်ခုမှာ မိခင်သစ်စေ့မှမကွာသေးဘဲ ရွက်သစ် လေး နှစ်ခုထိပ်ဘက်မှာ သစ်စေ့ခွံလေးကကပ်ပါနေပါသေးတယ်။ ထွက်သစ်စရွက်ငယ်လေးတွေကို ပတ်ဝန်းကျင်သစ် နဲ့ထိတွေ့တဲ့အခါ ဖြစ်လာတဲ့စိန်ခေါ်မှုများကိုအတတ်နိုင်ဆုံးအကာအကွယ်ပေးထားခြင်းဖြစ်ပါတယ်။

တဖြည်းဖြည်းအပင်ကြီးလာတဲ့အခါ စိမ်းလန်းတဲ့အရွက်များဖြင့် မြင်ရသူတိုင်းစိတ်မှာအေးချမ်းစေပါတယ်။ လေ တိုက်တိုင်းရွက်စိမ်းများလှုပ်ရမ်းနေတာကတော့ ပတ်ဝန်းကျင်ကိုချစ်ခင်ရင်းနှီးစွာ လက်ဝှေ့ရမ်းနှုတ်ဆက်နေတာ နဲ့တူပါတယ်။ အကိုင်းအခက်အရွက်တွေထွက်လာတာနဲ့သစ်ပင်က စိမ်းလန်းခြင်းအပြင်အေးမြတဲ့ အရိပ်အာဝါသ လည်း ကောင်းလာတဲ့အတွက် ဖြစ်သွားဖြတ်လာသူလူများခဏနားခိုရန်နေရာဖြစ်လာပါတယ်။ နေပူမှာလမ်း လျောက်လာရင်း သစ်ရိပ်ကို ဝင်နားခိုလိုက်တာနဲ့အေးချမ်းတဲ့အရသာကိုပေးပါတယ်။ ကျေးငှက်ကလေးတွေ ကိုလည်း အရိပ်အာဝါသရယ် နားခိုရန်နေရာတို့ကိုသစ်ပင်တွေကပေးပါတယ်။ ကျေးငှက်လေးတွေ နေထိုင်ရန် အတွက် အသိုက်လေးတွေတည်ဆောက်နိုင်စေရန် နေရာနှင့်အကိုင်းအခက်အလက်လေးများကိုလည်း သစ်ပင် တွေကပေးပါ တယ်။

သက်ရှိတွေရှင်သန်နိုင်ဖို့အတွက်အောက်စီဂျင်ကိုသစ်ပင်တွေက ထုတ်လုပ်ပေးပြီး သက်ရှိတို့အတွက် မလိုအပ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကိုသစ်ပင်တွေက စုပ်ယူပေးပါတယ်။ သက်ရှိတို့အတွက် အဲဒီလောက် ကောင်း ကျိုးပြု တာသစ်ပင်တွေဖြစ်ပါတယ်။

တဖြည်းဖြည်းကြီးလာတာနဲ့အမျှ သစ်ရွက်တွေဟာရင့်ဝါလာပြီး လေအတိုက်မှာအပင်မှကျွေကျရပါတယ်။ အဲဒီ လို ကျွေကျတဲ့ယော်ရွက်ဝါတွေဟာ မူလအပင်ဝန်းကျင်နှင့် ပတ်ဝန်းကျင်မှာရှိနေတဲ့အပင်တွေနားမှာ ကျပြီး သူ တို့ကျရောက်တဲ့နေရာနှင့်နီးတဲ့အပင်တွေရှင်သန်ကြီးထွားအားကောင်းရေးအတွက်မြေသြဇာအဖြစ်အကျိုးပြုပါတယ်။ အပင်မှကျွေကျပြီးသော်လည်း ပတ်ဝန်းကျင်ကို ဆက်လက်အကျိုးပြုနေပါတယ်။

အပင်တွေကအရွက်တွေဖြင့် လူသားတွေနှင့်အခြားသက်ရှိတွေကိုအကျိုးပြုတဲ့အပြင် သူတို့မှအသီးအပွင့်များဖြင့် လည်းသက်ရှိတို့အလှဆင်နိုင်အောင်ပန်းတွေပေးပြီးအစားအစာအဖြစ်အသီးတွေကိုလည်းပေးပါတယ်။ ပန်းလေး တွေကလှပတဲ့ပန်းတွေရှိသလို မွှေးလည်းမွှေးပြီးယနံ့လည်း ကောင်းတဲ့ပန်းတွေလည်းရှိပါတယ်။ အသီး တွေက ပုံပန်းအရွယ်အမျိုးမျိုးဖြစ်ပြီးအရသာမှာလည်းအမျိုးမျိုးဖြစ်ပါတယ်။ စားသုံးသူများအနေဖြင့်မိမိနှစ်သက်တဲ့အ ရသာကိုရွေးချယ်စားသောက်နိုင်စေပါတယ်။ လူသားတွေအတွက်အာဟာရဖြစ်စေပြီး ကျန်းမာရေး ကိုအထောက် အကူဖြစ်စေပါတယ်။

လူတွေကချက်ပြုတ်ရန်ထင်းအဖြစ် အကိုင်းအခက်အလက်များကို သစ်ပင်မှခုတ်ယူတဲ့အခါမှာလည်းသစ်ပင်တွေ က မကြာမှီခုတ်သွားတဲ့သစ်ကိုင်းအခက်အလက်များအနီးတဝိုက်မှာ အခက်အလက်သစ်များထပ်ထွက်လာပြီး ဆက်လက် ရှင်သန်ကြပါတယ်။

အိမ်စတဲ့အဆောက်အဦများတည်ဆောက်ရန် အပင်ရဲ့ပင်မပင်စည်ကို လူတွေကခုတ်လှဲဖြတ်တဲ့အခါမှာလည်း သစ်ပင်ကြီးတွေက အပင်ကြီးမြေသို့လဲမကျမခြင်း ခုတ်လှဲနေသူကို အရိပ်ပေးနေပါတယ်။ ပြီးတော့ ကျန်နေတဲ့ အမြစ်နဲ့ဖြတ်ခံထားရတဲ့ပင်စည်အပြတ်နေရာမှ သစ်ကိုင်းသစ်များပြန်ထွက်လာပြန်ပါတယ်။ ဒီလိုနဲ့ အပင်က ဆက်လက်ကြီးထွားလာပြီး မိမိအပါအဝင်ပတ်ဝန်းကျင်အကျိုးပြုတဲ့လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပါတယ်။

သစ်ပင်တွေက လူသားတွေကို ဘယ်လိုရှင်သန်နေထိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း လက်တွေ့နမူနာ ပြနေခြင်းပင်ဖြစ်ပါတယ်။

ဒါပေမဲ့တစ်ချို့လူသားတွေက မိမိတို့ရဲ့ အလိုလောဘကြီးလွန်းမှုအတွက် နမူနာကောင်းပြနေတဲ့သစ်ပင်တွေကို အလွန်အမင်းခုတ်ပြီး ကိုယ်ကျိုးစီးပွားရှာနေကြပါတယ်။ မိမိတို့အတွက်အကျိုးပြုနေတဲ့သစ်ပင်တွေကို အမျိုးမျိုး ဒုက္ခပေးနေကြပါတယ်။ သစ်ပင်တွေကိုအများကြီခုတ်ပြီး အမျိုးမျိုးသုံးနေကြပါတယ်။ အဲဒီအထဲမှာ သစ်တွေကို ကျိတ်ခွဲပြီးစက္ကူပြုလုပ်တာလည်းပါပါတယ်။ အဲဒီလိုစက္ကူဖြစ်လာတဲ့အခါ သစ်ပင်ခုတ်သူတွေက စက္ကူပေါ်မှာ သစ်ပင်မခုတ်ရလို့ စာတမ်းရေးပါတယ်။ ပြီးတော့ ကိုယ်တိုင်ရေးတဲ့စာတမ်းကို ကိုယ်တိုင် ချိုးဖောက်နေတာ လူသားတွေသာဖြစ်ပါတယ်။

စာရေးသူကံပိုင်တီ‌‌ဒေသဘက် ရောက်စဥ်ကတော့ လမ်းဘေး တွေမှာ ခုတ်လှဲထားတဲ့သစ်ပင် အပိုင်းပြတ် တွေပုံထားတာ တောင်ပုံရာပုံအများကြီးတွေ့ဘူးပါတယ်။ အလားတူပင် မြန်မာပြည့်နယ်စပ်ကော့သောင်နှင့် တစ်ဘက်ကမ်း ကမ်းစပ်ပန်ချန်မြစ်ကို ဖြတ်လိုက်ရင် မျက်နှာချင်းဆိုင်တခြားနိုင်ငံ‌‌ခြားမြေမှာ မြန်မာဘက်မှ သစ်လုံးတွေကို ပုံထားတာ တောင်ပုံကြီးအလား တွေ့ဘူး ပါတယ်။ ကော့သောင်ဘက်ကမ်းမှာ ဝါးပိုးတွေကို ဖောင်လိုလုပ်ပြီး ဆိပ်ကမ်းမှာ ကပ်ထားတာတွေ့တော့ ဘာလုပ်ထားမှန်းအစကမသိပါဘူး။ ပန်ချန်မြစ်တစ်ဘက် ကမ်းကိုရောက်တော့မှ ဝါးပိုဖောင်တွေနဲမြန်မာသစ်လုံးတွေကို တင်သယ်ပြီးခိုးထုတ်နေတာကိုသဘောပေါက် ခဲ့ပါတယ်။ ပန်းချန်မြစ်ကကျဥ်းတော့ ဝါးဖောင်ပေါ်ဖြတ်ထားတဲ့သစ်လုံးတွေကိုတင်ပြီး တစ်ဘက်ကမ်းဘက် ကနေ ကြိုးနဲ့ဆွဲယူနေတာဖြစ်ကြောင်း နောက်ပိုင်းသိခဲ့ရပါတယ်။ ကံပိုင်တီဘက်မှာတော့ သစ်ပင်ပင်စည်တွေကို ခပ်တိုတိုတွေဖြတ်ပြီးကားပေါ်မှာကန့်လန့်ဖြတ်တင်သယ်ကြပါတယ်။ (အောက်ဘက်ပုံမှာတွေ့မြင်ရတဲ့အတိုင်း ဖြစ်ပါတယ်။) ပန်ချန်မြစ်တစ်ဘက်ကမ်းမှာတော့ ခုတ်လှဲထားတဲ့အပင်တွေကို အလျား လိုက် အရှည်ကြီး အတိုင်းသစ်ဖောင်တွေနဲ့သယ်ပြီး ကွင်းပြင်ထဲမှာပုံထားတာတွေ့ခဲ့ဘူးပါတယ်။

မြန်မာ့သစ်တွေကိုအမျိုးမျိုးခုတ်ယူနေတဲ့အခြားနိုင်ငံမှာတော့ သစ်ပင်သစ်တောတွေမခုပ်ရလို့ စည်းကမ်းထုတ် ထား ပြီးသစ်ပင်တွေကိုတောင်ကုန်းတွေမှာစိုက်ထားတာကို လေ့လာမိခဲ့ပါတယ်။

လူသားဆန်စွာနေတတ်အောင်သစ်ပင်တွေက အကောင်းဆုံးသင်ပေးနေပေမဲ့ လူစိတ်မရှိတဲ့လူတွေကတော့ သစ်ပင်တွေကိုအမျိုးမျိုးခုတ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးအောင် လုပ်နေကြပါတယ်။ သစ်ပင်တွေကိုအမျိုး မျိုးခုတ်လှဲပြီး စက္ကူအပါအဝင်အမျိုးမျိုး ထုတ်လုပ်သုံးနေပြီး ထုတ်လုပ်ထားတဲ့စက္ကူပေါ်မှ သစ်ပင်မခုတ်ရလို့ စာရေးနေကြတာအတော်ရယ်စရာကောင်းတဲ့လူမဆန်တဲ့လုပ်ရပ်ကို လုပ်နေတာဖြစ်ပါတယ်။ ကချင်ဒေသဘက် ကို ရပ်ရွာအခြေပြုကွင်းဆင်းလေ့လာရေးရောက်စဥ်ကလည်း မြစ်ကြီးနားအလွန် တရုပ်ပြည်ဘက်သွားတဲ့ လမ်းမှာ (၁၀) မိုင်လောက်ရှိတဲ့လမ်းကို ခင်းပေးထားတာကတော့ ဖြူးနေတာပဲ။ ဒါပေမဲ့ လမ်းတစ် လျောက် မှာပေါက်နေတဲ့သစ်ပင်ကြီးတွေအားလုံးတော့ ပြောင်ကုန်အောင်ခုတ်ယူသွားကြပါတယ်။ ဒေသခံတွေတောင် သစ်ပင်တွေကိုအားကိုးပြီးသာကောင်ဖမ်းစားလို့တောင်မရတော့ဘူးလို့ပြောကြပါတယ်။

ရပ်ရွာအခြေပြုကွင်းဆင်းလေ့လာရေးလုပ်စဥ်ပရမ်အောင်ဆိုတဲ့ရွာမှာ ဆယ်ရက်ခန့်နေထိုင်ခဲ့ စဥ်က ကြိမ်တွေ၊ သစ်ဝါးတွေကို ထရော်လာဂျီတွေ၊ ကားတွေနဲ့သယ်နေတာ တစ်နေ့ကို အစီးပေါင်း (၅၀) (၆၀) လောက် တောင်တွေ့ခဲ့ပါတယ်။ နောက်ရှင်အစ်ခုဆိုတဲ့ဘက်ရောက်တော့လည်း တောင်ပေါ်မှာသစ်ပင်ကြီးတွေကို ခုတ် ယူပြီး ရွာအတွက် ကျောင်းငယ်လေးတစ်ကျောင်းဆောက်လုပ်ပေးတဲ့လော်ပန်တွေရဲ့လုပ်ရပ်ကိုလည်း တွေ့ခဲ့ ရပါတယ်။ သစ်ပင်ကြီးတွေဖြတ်တောက်သယ်ပြီးကျန်တဲ့အမြစ်အကိုင်းအခက်တွေကိုတော့မီးသွေးဖုတ် ပြီး လားတွေနဲ့သယ်လာတာကိုကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။ အဲဒီအချိန်က လော်ပန်ဆောက်ပေးတဲ့ကျောင်းလေး မှာ အင်ကထေခင်း ဝါးထရံကာသွတ်မိုး သေသေသပ်သပ် ကျောင်းလေးဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် သိန်း (၅ဝ) ဝန်းကျင်လောက်ရှိပါတယ်။ သစ်တွေ၊ဝါးတွေခုတ်ပြီးယူသွားတာကတော့ ကျောင်း အတွက်ကုန်ကျစာရိတ်ထက် အဆပေါင်း (၁၅) ဆလောက်များကြောင်း သိခဲ့ရပါတယ်။

လူသားစိတ်တွေမွေးနိုင်သူတွေဖြစ်ကြပါစေ။
မေတ္တာဖြင့်
ဒေက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...