Saturday, December 21, 2024

ကြင်နာပြီးပတ်ဝန်းကျင်နှင့်အဆင်ပြေအောင်နေတတ်တဲ့ကလေး Food for Thought 841

 ဒီနေ့ “ကြင်နာပြီးပတ်ဝန်းကျင်နှင့်အဆင်ပြေအောင်နေတတ်တဲ့ကလေး” များဖြစ်အောင်လေ့ကျင့်တဲ့နည်း (၁၀)မျိုးကို Food for Thought 841 အဖြစ်မျှဝေလိုက်ပါတယ်။

ကြင်နာတတ်ပြီးအများနှင့်အဆင်ပြေပြေနေတတ်တဲ့ကလေးတွေဖြစ်အောင်လိုအပ်တဲ့အလေ့အကျင့် (၁၀)မျိုး

ကြင်နာတတ်ပြီးအများနှင့်အဆင်ပြေပြေနေတတ်တဲ့ကလေးတွေဖြစ်အောင်လေ့ကျင်မှုမှာ မိဘများအတွက်ဦး စားပေးလုပ်ဆောင်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ကလေးတစ်ယောက်ရဲ့အကျင့်စရိုက်မှာ ငယ်စဥ်ကစပြီးလေ့ကျင့် ပေးတဲ့အလေ့အကျင့်နှင့်တန်ဖိုးထားမှူများအပေါ်မှာတည်ပါတယ်။ အောက်ဘက်မှာ ကြင်နာတတ်ပြီး အများနှင့် အဆင်ပြေပြေနေတတ်တဲ့ကလေးတွေဖြစ်ဖို့ လိုအပ်တဲ့အလေ့အကျင့် (၁၀)မျိုးကိုဖော်ပြလိုက်ပါတယ်။

၁။ အခြားသူများနေရာမှဝင်ကြည့်နားလည်တတ်မှု ရှိလာအောင်အားပေးခြင်း
အခြားသူများနေရာမှဝင်ကြည့်နားလည်တတ်မှု ရှိလာအောင်အားပေးခြင်းဆိုတာအခြားလူတွေရဲ့အမြင်နဲ့ခံစားမှု များကို နားလည်ပေးနိုင်စွမ်းပင်ဖြစ်ပါတယ်။ အဲဒီစွမ်းရည်က ကြင်နာမှုနဲ့စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဥာဏ်ရည် တိုးတက်ဖို့အတွက် အရေးပါပါတယ်။ အခြားလူတွေနေရာမှဝင်ကြည့်မြင်ခံစားပေးနိုင်သူတွေဟာ အခြားလူတွေ ကို ပိုကူညီတတ်ပြီး ပေါင်းသင်းဆက်ဆံရေးမှာလည်း ပိုအဆင်ပြေတတ်ကြပါတယ်။

အခြားသူများနေရာမှဝင်ကြည့်နားလည်တတ်မှု ရှိလာအောင်ဘယ်လိုအားပေးမလဲ။
• အခြားသူများနေရာမှဝင်ကြည့်နားလည်တတ်မှုကိုစံနမူနာပြပါ။ အခြားလူတွေနှင့် ဆက်သွယ်ပြောဆို ရာမှာဆက်သွယ်ပြောဆိုနေသူတွေနေရာမှဝင်မြင်အောင်ကြည့်ခြင်း၊ ခံစားပေးခြင်းတို့ကိုနမူနာပြပါ။ သင့်ကလေးတွေက သင်အဲဒီလို လုပ်ဆောင်နေတာကိုတွေ့မြင်ရပါက သူတို့ကိုယ်တိုင်မှာလဲ အဲဒီလို အပြုအမူများကို ဖြစ်လာအောင်နမူနာယူလာပါလိမ့်မယ်။
• စိတ်ခံစားမှုများအကြောင်းဆွေးနွေးပါ။ စိတ်ခံစားမှုများအကြောင်းပုံမှန်ပြောဆိုဆွေးနွေးပါ။ အ‌ခြေ အနေအမျိုးမျိုးတွင်အခြားလူတွေစိတ်မှာဘယ်လိုခံစားမှုများရှိမယ်ထင်သလဲလို့မေးကြည့်ပါ။
• အတူတူစာဖတ်ပါ။ အခြားလူတွေနေရာမှဝင်ကြည့်တတ်ခံစားတတ်မှုနှင့်ပတ်သက်တဲ့စာအုပ်များကို ရွေးဖတ်ပါ။ ပြီးတော့ ဇာတ်ကောင်တွေအကြောင်း နှင့်ဇာတ်ကောင်တွေမှာဖြစ်တဲ့စိတ်ခံစားမှုများ နှင့် လုပ်ဆောင်ချက်များအကြောင်းကလေးနှင့်ဆွေးနွေးပါ။ ဥပမာဇာတ်ကောင်က အပြုအမူတစ်ခုကို ပြုလုပ်လိုက်တာ ဘယ်လိုခံစားမှုရှိလို့ အဲဒီအပြုအမူကို ပြုလုပ်တာလဲလို့ကလေးကိုမေးကြည့်ပါ။

လက်တွေ့လုပ်ဆောင်ရန်အဆင့်များ

၁။ သရုပ်ဆောင်ပြခြင်း- သင့်ကလေးအနေဖြင့် အခြားလူများနေရာမှဝင်ကြည့်မြင်ခံစားတတ်အောင် ဖြစ်ရပ်များကိုဖန်တီးပေးပါ။ ဥပမာ အကူအညီလိုအပ်နေသူအဖြစ် ဟန်ဆောင်ကစားရတဲ့ကစား နည်း ကိုဖန်တီးပေးပါ။ အကူအညီလိုအပ်နေသူကို ဘယ်လိုကူညီမလဲလို့ကလေးကိုမေးကြည်ပါ။ တကယ်လို့ မိမိမှာအကူအညီလိုနေရင် ကူညီတဲ့လူကို ကျေးဇူးတင်မှာလားလို့မေးကြည့်ပါ။

၂။ ဝန်ဆောင်မှုပေးပါ။ မိသားစုအတွင်း အများအကျိုးသယ်ပိုးဆောင်ရွက်တဲ့အလုပ်များပြုလုပ်ပါ။ အဲဒီလုပ်ငန်း များမှ ကလေးများအနေဖြင့်အများအကျိုးသယ်ပိုးဆောင်ရွက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းအတွေ့အကြုံများနှင့် အ ခြားသူများ အပေါ် ထောက် ထားစာနာတဲ့ခံစားမှုများနှင့်ကူညီတတ်တဲ့အလေ့အကျင့်များကို ရရှိလာစေမှာဖြစ် ပါ တယ်။

၃။ အခြားလူများနေရာမှဝင်ကြည့်မြင်ခံစားတတ်မှုကိုချီးကျူးအသိအမှတ်ပြုပါ။ ကလေးအနေဖြင့် မိသားစု ဝင်တို့အပေါ်မှာထောက်ထားစာနာမှုပြတဲ့အခါမှာ အဲဒီအပြုသဘောဆောင်တဲ့အပြုအမူကို အားဖြည့်ပေးတဲ့ အနေဖြင့် ထိုသို့ထောက်ထားစာနာခြင်းမှာ ဘယ်လိုကောင်းကြောင်းပြောပြီးအသိအမှတ်ပြုပေးပါ။
၂။ ကျေးဇူးတရားသိတတ်မှု

ကျေးဇူးတရားသိတတ်မှုက ကလေးတွေအနေဖြင့်သူတို့မှာရှိတာအတွက်တန်ဖိုးထားတတ်စေပြီး၊ ကျေးဇူးတရား ကို အလေးမထားဘဲ “ငါတို့မှာရထိုက်လို့ ရတာ”ဆိုတဲ့ခံစားမှုများလျော့ကျလာစေပါတယ်။ ကျေးဇူးတရားသိ တတ်မှုက ပိုပျော်ရွှင်စေမှုနဲ့ နေထိုင်ကောင်းမွန်မှုတို့နှင့် ဆက်စပ်နေပါတယ်။
ကျေးဇူးတရားသိတတ်မှုကို ဘယ်လိုမြှင့်တင်ပေးမလဲ။
• ကျေးဇူးတင်ကြောင်းဂျာနယ်ရေးစေခြင်း- ကလေးတွေကိုဂျာနယ်တစ်ခုထားစေပြီးနေ့စဥ်နေ့တိုင်း ကျေးဇူးတင်ထိုက်တာတွေအကြောင်း ထိုဂျာနယ်မှာရေးမှတ်ထားတဲ့အလေ့အကျင့် ပြုလုပ်ပေးပါ။
• ကျေးဇူးတင်ပါတယ်ဆိုတဲ့မှတ်စုတိုရေးခြင်း - မိမိအပေါ်ကြင်နာတဲ့လုပ်ရပ်နှင့် လက်ဆောင်လေး များအတွက်ကျေဇူးတင်ကြောင်းစာတိုလေးရေးတဲ့အလေ့အကျင့် ပြုလုပ်ပေးပါ။
• နေ့စဥ်ကျေးဇူးတင်ကြောင်း ပုံမှန်ပြုလုပ်ပါ။ နေ့စဥ်လုပ်ငန်းမှာကျေးဇူးတင်ကြောင်း ပြောခြင်းကိုပုံ မှန်လုပ်တဲ့လုပ်ငန်းတစ်ခုဖြစ်အောင်စီစဥ်ပါ။ ဥပမာမိသားစုအတူတူအစာစားတဲ့အချိန်၊ သို့မဟုတ်မ အိပ်မှီအချိန်များတွင် ကျေးဇူးတင်ကြောင်းပြောတဲ့အစဥ်အလာကို ပြုလုပ်ပေးပါ။

လက်တွေ့လုပ်ဆောင်ရမဲ့အဆင့်များ

၁။ မိသားစုအတွင်းဆွေးနွေးခြင်း- မိသားစုအတွင်းကျေးဇူးတင်စရာအပေါ်ဆွေးနွေးမှုကိုပုံမှန်ပြုလုပ်ပါ။ အဲဒီအ လေ့အကျင့်က ကလေးတွေအနေဖြင့် သူတို့ဘဝမှာကြုံလာတဲ့အပြုသဘောဆောင်တာတွေအပေါ်မှာ ကျေးဇူး သိတတ်ပြီးကျေးဇူးတင်တဲ့ အလေ့အကျင့်ကို ဖြစ်လာစေမှာဖြစ်ပါတယ်။

၂။ ကြင်နာတဲ့လုပ်ရပ် -မိသားစုအတူတူကြင်နာတဲ့လုပ်ရပ်များပြုလုပ်ပါ။ ဥပမာ အိမ်နီးချင်းများအတွက် ကိတ် မုန့်ဖုတ်ခြင်း၊ ဖုတ်ထားတဲ့ကိတ်မုန့်ကိုအိမ်နီးချင်းများထံသွားရောက်ဝေငှခြင်း၊ မိဘမဲ့ကလေးများနှင့်အိမ်နီးချင်းမှ နွမ်းပါးတဲ့ကလေးများကလေးများအတွက်ကစားစရာများလှူခြင်းတို့ကိုကလေးများနှင့်အတူတူပြုလုပ်ပါ။

၃။ ကောင်းတာတွေကိုသတိထားပြီးသိနေပါစေ။ -ကလေးတို့အနေဖြင့် သူတို့ဘဝမှာရတဲ့ကောင်းတာတွေအပေါ် မှာ သတိဖြင့် သိနေပြီးအဲဒါတွေအတွက် ကျေးဇူးတင်‌ကြောင်း ဖော်ပြပါစေ။

၄။ တာဝန်သိတတ်မှု၊ တာဝန်ယူမှုတို့ကိုတိုက်တွန်းအားပေးခြင်း
တာဝန်သိတတ်မှုနဲ့တာဝန်ယူတတ်မှုဆိုတာ မိမိလုပ်ဆောင်ချက်များအတွက် တာဝန်ယူခြင်းနှင့် မိမိလုပ်ဆောင် ချက်များက အခြားလူတွေအပေါ်အကျိုးသက်ရောက်စေမှုများကို နားလည်းခြင်းပင်ဖြစ်ပါတယ်။ တာဝန်ယူ တတ်တဲ့စိတ်ကိုလေ့ကျင့်ပေးခြင်းဖြင့် ကလေးတို့အနေဖြင့်တာဝန်ယူတတ်မှုနှင့် အားထားနိုင်တဲ့သူများ ဖြစ်လာ စေပါတယ်။

တာဝန်ယူတတ်မှုကို ဘယ်လိုလေ့ကျင့်ပေးနိုင်ပါသလဲ။

• နေ့စဥ်လုပ်ငန်းများလုပ်ဆောင်ရန်တာဝန်ပေးခြင်း- ကလေးများကိုသူတို့အသက်အရွယ်နှင့် လိုက်ဘက် တဲ့ တာဝန်များကိုပုံမှန်ပြုလုပ်ရန်တာဝန်ပေးပါ။
• မျှော်မှန်ထားချက်များချမှတ်ထားပါ- မိဘအနေဖြင့် ကလေးတွေအပေါ်ထားတဲ့မျှော်လင့်ချက်များကို ချမှတ်ထားပြီးထိုမျှော်လင့်ချက်များထားရှိကြောင်း ကလေးတွေသိအောင်ရှင်းပြပါ။ အဲဒီမျှော်လင့် ချက်များကို ပြည့်ဝအောင်မလုပ်နိုင်ရင်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအကျိုးဆက်များကိုလည်းသိနေ အောင်ပြောပြထားပါ။
• စံနမူနာပြပြီးဦးဆောင်မှုပေးပါ- မိဘလူကြီးများအနေဖြင့် နေ့စဥ်လုပ်ဆောင်မှုများတွင် တာဝန်ရှိရှိ တာဝန်သိသိ လုပ်ဆောင်တဲ့အပြုအမူများကို ကလေးတွေနေ့စဥ်မြင်တွေ့နေပါစေ။

လက်တွေ့လုပ်ဆောင်ရမဲ့အဆင့်များ

• အခြေခံအားဖြင့် လုပ်ဆောင်ရမဲ့အလုပ်များဖော်ပြတဲ့ကားချပ်- ကလေးအနေဖြင့်နေ့စဥ်လုပ်ဆောင် ရမဲ့လုပ်ငန်းများဖော်ပြထားတဲ့ကားချပ်ကိုမြင်သာအောင်ကပ်ထားပြီး လုပ်ဆောင်ထားမှုအနေအ ထားကို ပြန်စစ်ဆေးပါ။ ကောင်းစွာပြီးမြောက်အောင်လုပ်ဆောင်ထားမှုများအတွက်အသိအမှတ် ပြုပါ။ အဲဒီလိုမြင်သာအောင်ကပ်ထားတဲ့အလုပ်ဇယားကကလေးတွေသူတို့ လုပ်ဆောင်ရမဲ့တာဝန် များကို သိလာစေပါတယ်။
• ဦးတည်ရည်မှန်းချက်များချမှတ်ထားပါ- သင့်ကလေးအားအသက်အရွယ်နှင့် ကိုက်ညီတဲ့ဦးတည် ရည်မှန်းချက်များချမှတ်နိုင်အောင်ကူညီပါ။ အဲဒီလုပ်ငန်းစဥ်မှာ ကြိုတင်ပြင်ဆင်ခြင်း၊ ဇွဲထက်သန်စွာ လုပ်ဆောင်တတ်ခြင်းနှင့် တာဝန်ရှိရှိ လုပ်ဆောင်တတ်ခြင်းတို့ကို သင်ပေးရန်လိုအပ်ပါတယ်။
• နောက်ဆက်တွဲအကျိုးဆက်များ -တာဝန်ရှိရှိလုပ်ဆောင်မှုအတွက် သဘာဝကျတဲ့နောက်ဆက်တွဲ အကျိုးဆက်များဖြစ်လာအောင် အကောင်အထည်ဖော်ပါ။ လုပ်ဆောင်စရာလုပ်ငန်းများသတ်မှတ် ချိန်မှာမပြီးရင် ရမဲ့အခွင်အရေးများဆုံးရှုံးစေခြင်း၊ ပြီးစီးပါက ထိုက်သင်တဲ့အခွင့်များရစေခြင်းစတာ မျိုးတွေဖြစ်လာအောင်စီစဥ်ပေးပါ။

၄။ ကိုယ်အားကိုကိုးလုပ်ဆောင်တတ်အောင် လေ့ကျင့်ပေးပါ။ -ကိုယ်အားကိုယ်ကိုးလုပ်ဆောင်ခြင်းက ကလေး တွေ မှာမိမိကိုယ်မိမိယုံကြည်မှုများကိုဖြစ်လာစေပါတယ်။ကြုံလာတဲ့ပြဿနာများကိုကိုယ်တိုင်ဖြေရှင်နိင်မှုဆိုင် ရာကျွမ်းကျင်မှုများတိုးတက်လာစေပါတယ်။ ဆန်းသစ်စွာစဥ်းစားတတ်လာစေပြီးကိုယ်ပိုင်ဆုံးဖြတ်ချက် များချ လာနိုင်စေပါတယ်။

ကိုယ်အားကိုကိုးလုပ်ဆောင်တတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။

• ရွေးချယ်စရာများပေးပါ၊ -နေ့စဥ်လုပ်ဆောင်နေရတဲ့အခြေအနေများများမှာ ကလေးအားရွေးချယ်နိုင် မှုများပေးပါ။
• ပြဿနာဖြေရှင်းတတ်အောင်အားပေးပါ။ -ကလေးအနေဖြင့်သူကြုံလာတဲ့ပြဿနာအတွက် သူကိုယ် တိုင် အဖြေရှာပါစေ။ ကလေးကြုံလာတဲ့ပြဿနာကိုမိဘက အားလုံးလိုက်ဖြေရှင်းပေးမနေပါနဲ့။
• မိမိကိုယ်မိမိစောင့်ရှောက်တတ်အောင်သင်ပေးပါ။ -မိမိကိုယ်ကို ဘယ်လိုစောင့်ရှောက်ရကြောင်း က လေးကိုသင်ပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးမှစပြီးအချိန်ကို စီမံခန့်ခွဲတတ်အောင်အထိ သင်ပေးပါ။

လက်တွေ့လုပ်ဆောင်ရမဲ့အဆင့်များ

၁။ ဆုံးဖြတ်ချက်ချနိုင်တဲ့အခွင့်အလမ်းများပေးပါ၊ -ကလေးကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့အခွင့်အလမ်းပေးပါ။ ဘယ်လိုအဝတ်ကို ဝတ်သင့်တယ်။ ဘယ်လို အလုပ်ကို လုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီးကလေးကိုယ်တိုင် ဆုံး ဖြတ်ချက်ချနိုင်တဲ့အခွင့်အလမ်းပေးပါ။

၂။ လမ်းညွှန်ပါ။ အသေးစိတ် ပြောပြမနေပါနဲ့ _ ကလေးအနေဖြင့် စိန်ခေါ်မှုတစ်ခုခုကြုံလာတဲ့အခါ တိုက်ရိုက်အ ဖြေပေးတာမျိုးမပြုလုပ်ဘဲ လမ်းပြပေးပါ။အဲဒီလိုအခွင့်အလမ်းပေးရင်ကလေးတွေဟာကိုယ်အားကိုယ်ကိုးစဥ်း စား တတ်လာစေပါတယ်။

၃။ အားထုတ်မှုကိုချီးကျူးအသိအမှတ်ပြပါ။ -ကလေးကိုယ်တိုင်ကိုယ့်အားကိုယ်ကိုး ကြိုးစားလုပ်ဆောင်မှုနှင့် အောင်မြင်စွာလုပ်ဆောင်နိုင်မှုတို့ကို အသိအမှတ်ပြုအားပေးချီးမြှင့်ပါ။ အဲဒီလို စီစဥ်ပေးရင် ကလေးတွေဟာမိမိ ကိုယ်မိမိယုံကြည်လာပြီး ကိုယ်အားကိုယ်ကိုးလုပ်ချင်စိတ်များပိုဖြစ်လာစေပါတယ်။

၅။ သင်ယူမှုကိုချစ်မြတ်နိုးအောင်လေ့ကျင့်ပေးပါ။

သင်ယူမှုကိုချစ်မြတ်နိုးခြင်းမှာ တစ်သက်တာလုံးအောင်မြင်ဖို့အတွက်အရေးကြီးပါတယ်။ အဲဒီလိုလေ့ကျင့်ပေး ရင် ကလေးတွေမှာစူးစမ်းလေ့လာလိုတဲ့စိတ်၊ ဝေဖန်ပိုင်းခြားစဥ်းစားတတ်တဲ့အလေ့အကျင့်၊ နှင့် အသိဗဟုသု တကို ရှာယူလိုတဲ့စိတ်များဖြစ်လာမှာဖြစ်ပါတယ်။

သင်ယူမှုကိုချစ်မြတ်နိုးအောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။

• သင်ဘူမှုကိုအားပေးတဲ့ပတ်ဝန်းကျင်ဖန်တီးပေးပါ။ စာအုပ်များ၊ ပညာပေးကစားစရာအရုပ်များ နှင့် အခြားသောသင်ယူမှုလုပ်ငန်းကိုအားပေးတဲ့ပစ္စည်းများကို ကလေးလက်လှမ်းမှီအောင်ထားပေးပါ။
• စူးစမ်းလေ့လာလိုမှုကိုအားပေးပါ။ -ကလေးစူးစမ်းသိလိုတဲ့အတွက်မေးတဲ့မေးခွန်းများကိုဖြေပေးပါ။ ကလေးစိတ်ဝင်စားတဲ့အကြောင်းအရာခေါင်းစဥ်များကို စူးစမ်းရှာဖွေလေ့လာရန်တိုက်တွန်းအားပေးပါ။
• သင်ယူလေ့လာမှုကိုစံနမူနာပြပါ။ မိဘများကိုယ်တိုင် သင်ယူတဲ့လုပ်ငန်းတွေမှာစိတ်ပါလက်ပါ လေ့လာ မှုကိုစံနမူနာအဖြစ်ပြသပါ။
လက်တွေ့လုပ်ဆောင်ရမဲ့အဆင့်များ

၁။ ကလေးနှင့်အတူတူစာဖတ်ပါ။စာဖတ်ခြင်းအလုပ်ကိုပုံမှန်နေ့စဥ်လုပ်တဲ့လုပ်ငန်းအစိတ်အပိုင်းဖြစ်အောင်စီ စဥ်ဖန်တီးပေးပါ။ အကြောင်းအရာအမျိုမျိုးနှင့်ပတ်သက်တဲ့စာအုပ်များကိုရွေးပြီးကလေးနှင့်အတူတူဖတ်ပါ။ ဒါမှကလေးအမှန်တကယ်စိတ်ဝင်စားတာ ဘာဆိုတာ လေ့လာခွင့်ရမှာဖြစ်ပါတယ်။

၂။ ပညာပေးလုပ်ငန်းများလုပ်ဆောင်ပါ။ -သင်ယူလေ့လာမှုကိုအားပေးတဲ့ပညာပေးလုပ်ငန်းများစီစဥ်ပေးပါ၊ ဥပမာ ပြတိုက်များ၊ သိပ္ပံဆိုင်ရာပြခန်းများ၊ သဘာဝထိန်းသိမ်းထားတဲ့နေရာများသို့သွားရောက် လေ့လာပါ။

၃။ စူးစမ်းလေ့လာမှုကိုချီးကျူးအားပေးပါ။ -ကလေးရဲ့စူးစမ်းလေ့လာလိုတဲ့စိတ်၊ အသစ်အဆန်းများကို ကြိုးစားလေ့လာမှုများကို အားပေးအသိအမှတ်ပြုပါ။

၆။ ကြံ့ခိုင်သောစိတ်မွေးပေးပါ။ -ကြံ့ခိုင်တဲ့စိတ်ထားဆိုတာ လဲကျတဲ့အခါ ပြန်ထနိုင်ပြီး စိန်ခေါ်မှုများကိုရင်ဆိုင် ကျော်လွှားနိုင်စွမ်းရှိခြင်းပင်ဖြစ်ပါတယ်။ အဲဒီကျွမ်းကျင်မှုက ဘဝမှာကြုံရမဲ့ အကောင်းအဆိုးလောကဒါဏ်များ ကိုရင်ဆိုင်ကျော်လွှားရာမှာအလွန်အရေးပါတဲ့ ကျွမ်းကျင်မှုဖြစ်ပါတယ်။

ကြံ့ခိုင်မှုအားကောင်းလာအောင် ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။

• ဖွံ့ဖြိုးတိုးတက်မှုအခြေခံတဲ့စိတ်ထားမွေးပေးပါ။ ခက်ခဲတဲ့အလုပ်တွေကိုကြိုးစားလုပ်ကိုင်ခြင်းဖြင့် စွမ်းဆောင်ရည်များတိုးတက်လာအောင်လေ့ကျင့်ယူနိုင်ကြောင်းကလေးကိုပြောပြပါ။
• ကြံ့ခိုင်မှုကိုစံနမူနာပြပေးပါ။ မိဘများနေ့စဥ်လုပ်ငန်းတွေမှာကြံ့ခိုင်မှုရှိကြောင်းစံနမူနာပြပေးပါ။ မိမိတို့ဘဝမှာကြံခဲ့ရတဲ့ကြံ့ခိုင်စွာလုပ်ဆောင်အောင်မြင်ခဲ့တဲ့ဖြစ်ရပ်များကိုမျှဝေပေးပါ။ အခြား အ လားတူအောင်မြင်မှုများအကြောင်းလည်းမျှဝေပေးပါ။
• အားပေးအထောက်အကူပေးပါ။ အခက်အခဲတွေတွေ့ကြုံလာတဲ့အခါများမှာ စိတ်အားတက်စေရန် အားပေးတိုက်တွန်းမှုနှင့်အထောက်အကူများပေးပါ။

လက်တွေ့လုပ်ဆောင်ရန်အဆင့်များ

၁။ပြဿနာဖြေရှင်နိုင်တဲ့ကျွမ်းကျင်မှုများလေ့ကျင့်ပေးပါ။ သင့်ကလေးကိုပြဿနာ‌ဖြေရှင်းမှုဆိုင်ရာ ကျွမ်း ကျင်မှုများသင်ပေးပါ။ တွေ့လာတဲ့စိန်ခေါ်မှုများကို ကိုင်တွယ်‌ဖြေရှင်းနိုင်တဲ့အစိတ်အပိုင်းများဖြစ်လာအောင် ခွဲခြမ်းစိတ်ပိုင်းလုပ်ဆောင်တတ်အောင်သင်ပေးပါ။

၂။ မိမိကိုယ်မိမိအပြုသဘောပြောဆိုနည်းသင်ပေးပါ။ သင့်ကလေးကိုမိမိကိုယ်မိမိအပြုသဘောပြောတဲ့နည်း သင်ပေးပါ။ “ငါလုပ်ဆောင်နိုင်တယ်။” “ငါအကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်မယ်”စတဲ့အပြုသဘော မိမိ ကိုယ်မိမိ ပြောတဲ့စကားများသင်ပေးပါ။

၃။ မိမိအတွေ့အကြုံများကို ပြန်လည်ထင်ဟပ်စဥ်းစားတတ်အောင်သင်ပေးပါ။ အတိတ်ကကြုံခဲ့တဲ့စိန်ခေါ်မှု များကို ပြန်ဆွေးနွေးပြီးအဲဒီစိန်ခေါ်မှုများကိုဘယ်လို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်းပြန်လည်ဆွေးနွေးပါ။ ကြုံ လာတဲ့အခက်အခဲနှင့်စိန်ခေါ်မှုများဆိုတာ ယာယီသဘောသာဖြစ်ပြီးရင်ဆိုင်ကျော်လွှားနိုင်ကြောင်း ကလေးသိ နားလည်အောင်ပြောပြပါ။

၇။ စိတ်ရှည်သည်းခံနိုင်စွမ်းရှိအောင်လေ့ကျင့်သင်ပေးပါ။ စိတ်ရှည်သည်းခံနိုင်စွမ်းဆိုတာအခက်အခဲများရင်ဆိုင်ကျော်လွှားပြီးနောက်ဆုံးကျေနပ်အားရမှုရရှိအောင်လုပ်ရာမှာမရှိမဖြစ်လိုအပ်တဲ့စွမ်းအားဖြစ်ကြောင်းကလေးနားလည်အောင်ပြောပြပါ။ အဲဒီစိတ်ထားရှိလာရင် စိတ်လှုပ် ရှား ခံစားမှုများကိုကောင်းစွာထိန်းနိုင်ပြီးဇွဲထက်သန်လာစေပါတယ်။

စိတ်ရှည်သည်းခံနိုင်စွမ်းတိုးတက်လာအောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။

• စိတ်ရှည်သည်းခံနိုင်စွမ်းကိုစံနမူနာပြပါ။ မိဘများအနေဖြင့် လုပ်ဆောင်စရာများပြုလုပ်တဲ့အခါ စိတ် ရှည်သည်းခံနိုင်မှုကိုပြပါ။ ဥပမာ ဖြေးဖြေးဖြစ်နေတဲ့ဖြစ်စဥ်တစ်ခုကိုစောင့်ဆိုင်းတဲ့အခါ၊ လူအများတန်း စီဝယ်နေတာကို မိမိအလှည့်ရောက်အောင်စိတ်ရှည်စွာစောင့်ဆိုင်းမှုများကိုစံမနမူနာအဖြစ်ပြပါ။
• စောင့်ဆိုင်းခြင်းကိုလေ့ကျင့်ပေးပါ။ ကလေးကို စောင့်ဆိုင်းလုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးပါ။ ဥပမာ ကစားရာတွင်မိမိအလှည့်ရောက်အောင်စိတ်ရှည်စွာသည်းခံစောင့်ဆိုင်းခြင်း၊ စားစရာများကို ဝေတဲ့အခါမိမိအလှည့်ရောက်အောင်သည်းခံစောင့်ခြင်းတို့ကိုလေ့ကျင့်ပေးပါ။
• စိတ်အပန်းပြေတဲ့နည်းများကိုကလေးအားသင်ပေးပါ။ စိတ်မရှည်နိုင်အောင်ဖြစ်တဲ့အခါမျိုးမှာ မိမိ ကိုယ်မိမိတည်ငြိမ်အေးချမ်းအောင်ပြုလုပ်တဲ့နည်းများကိုကလေးအားသင်ပေးပါ။

လက်တွေ့လုပ်ဆောင်ရန်အဆင့်များ

၁။ ကစားခြင်းနှင့် လုပ်ငန်းများ- ကလေးအနေဖြင့် သည်းခံစောင့်ဆိုင်ရတဲ့ကစားနည်းများနှင်လုပ်ငန်းမှာပါ ဝင်လုပ်ဆောင်နိုင်အောင်စီစဥ်ဖန်တီးပေးပါ။ အဲဒီလိုလေ့ကျင့်ပေးရင်ကလေးဟာ စိတ်ရှည်သည်းခံနိုင်မှုကို ပျော်စရာများလုပ်ဆောင်ရင်း သင်ယူလာပါလိမ့်မယ်။

၂။ ဖြစ်ရပ်များနှင့် လုပ်ဆောင်မှုများကိုရေတွက်စေတဲ့နည်း။ ဖြစ်ရပ်များနှင့်လုပ်ဆောင်နေတဲ့လုပ်ငန်းများကို လေ့လာမှတ်သားပြီးရေတွက်ခိုင်းခြင်းဖြင့် ကလေးကစောင့်ဆိုင်းရခြင်းသဘောကိုနားလည်လာပါလိမ့်မယ်။

၃။ သတိဖြင့်နေတတ်အောင်လေ့ကျင့်ပေးခြင်း။ စိတ်မရှည်ခြင်းနှင့် စိတ်အတည်မငြိမ်မှုများကို ထိန်းသိမ်းနိုင်ရန် မိမိစိတ်ကိုသတိဖြင့် သိနေအောင် ပြုလုပ်တဲ့နည်းကို သင်ပေးပါ။

၈။ ကောင်းစွာပြောဆိုဆက်သွယ်တတ်ခြင်း -လူတွေနှင့်ဆက်သွယ်အလုပ်လုပ်ရာနှင့် ပဋိပက္ခများကိုဖြေရှင်းနိုင် ရန် ကောင်းစွာပြောဆိုဆက်သွယ်နိုင်တဲ့ကျွမ်းကျင်မှုက အလွန်အရေးကြီးပါတယ်။ ကောင်းစွာပြောဆိုဆက် သွယ်နိုင်မှုတွင် မိမိစဥ်းစားထားတဲ့အတွေးစိတ်ကူး၊ ခံစားမှုများကိုရှင်းလင်းစွာဖော်ပြခြင်း နှင့် အခြားလူပြောနေ တာကိုကောင်းစွာနားထောင်ခြင်းတို့ပါဝင်ပါတယ်။
ကောင်းစွာနားထောင်တတ်မှုကို ဘယ်လိုလေ့ကျင့်ပေးနိုင်ပါသလဲ။
• ထိရောက်တဲ့ပြောဆိုဆက်သွယ်မှုကိုစံနမူနာပြပါ။ ကောင်းစွာပြောဆိုဆက်သွယ်တဲ့ကျွမ်းကျင်မှုများကို ကလေးမြင်အောင်ပြသပါ။ အခြားလူပြောတာကိုကောင်းစွာနားထောင်ခြင်း၊ မိမိစိတ်မှာဖြစ်နေတဲ့အ တွေးနှင့်ခံစားမှုများကိုရှင်းလင်းစွာဖော်ပြနည်းတွေကို နမူနာပြပေးပါ။
• တက်ကြွစွာနားထောင်မှုကိုသင်ပေးပါ။ အခြားလူပြောနေတာကိုကြားဝင်ဖြတ်ပြောတာမျိုးမပြုလုပ်ဘဲ ကောင်းစွာအလေးထားနားထောင်ခြင်းကိုပြသပါ။
• ပွင့်လင်းတဲ့အပြန်အလှန်ပြောဆိုမှုကိုအားပေးပါ။ ကလေးအနေဖြင့် သူမှာဖြစ်နေတဲ့အတွေးစိတ်ကူး များနှင့်ခံစားမှုများကို ပွင့်လင်းစွာထုတ်ပြောပြနိုင်တဲ့ပတ်ဝန်းကျင်မျိုးကိုဖန်တီးထားပါ။

လက်တွေ့လုပ်ဆောင်ရန်အဆင့်များ

• မိသားစုစည်းဝေးပွဲများပြုလုပ်ခြင်း - မိသားစုဝင်တိုင်းမိမိတို့အတွေးစိတ်ကူးများနှင့် မိသားစုမှာဖြစ်နေ တဲ့ကိစ္စများအကြောင်းပြောဆိုဆွေးနွေးနိုင်တဲ့မိသားစုစည်းဝေးပွဲများကိုပုံမှန်ပြုလုပ်ပေးပါ။
• သရုပ်ဆောင်လေ့ကျင့်မှုပြုလုပ်ပေးပါ။ မတူတဲ့မြင်ကွင်းဖြစ်ရပ်များကိုသရုပ်ဆောင်နိုင်စေရန်အပြန်အ လှန် ပြောဆိုဆက်သွယ်မှုကို လက်တွေ့လေ့ကျင့်ပေးပါ။
• အပြန်အလှန်ဆက်သွယ်ပြောဆိုရန်ကြိုးစားအားထုတ်မှုကို ချီးကျူးအသိအမှတ်ပြုပါ။ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်မှုအတွက် ကလေးများကိုချီးကျူးအသိအမှတ်ပြုပါ။

၉။ လေးစားတတ်အောင်သင်ပေးပါ။ လေးစားခြင်းဆိုတာ အခြားလူများရဲ့စိတ်ခံစားမှုများ၊ အခွင့်အရေးရပိုင် ခွင့်များ၊ ယဥ်ကျေးမှုအစဥ်အလာများ ကိုလေးစားတန်ဖိုးထားခြင်းများပါဝင်ပါတယ်။ အားလုံးမျှတညီညွတ်ပြီး အားလုံးအကျုံးဝင်တဲ့ပတ်ဝန်းကျင်ဖန်တီးပေးရာမှာ လေးစားခြင်းဟာ အခြေခံကျပါတယ်။

လေးစားခြင်းကိုဘယ်လိုလေ့ကျင့် ပေးမလဲ။

• လေးစားစွာဆက်ဆံခြင်းကိုစံနမူနာပြပါ။ မိဘများအနေဖြင့်အခြားလူများနှင့် ပြန်အလှန်ပြောဆိုဆက် ဆံရာမှာ လေးစားစွာဆက်ဆံမှုကိုစံနမူနာပြပါ။
• လေးစားတဲ့အမူအရာများကိုသင်ကြားပေးပါ။ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုလို့” စတဲ့ယဥ်ကျေး သိမ်မွေ့တဲ့စကားများသုံးပြီးပြောဆိုခြင်းက အရေးကြီးကြောင့် ကလေးများကို အလေးထားသင်ပေးပါ။
• မတူကွဲပြားခြားနားမှုများကိုဆွေးနွေးပေးပါ။ မတူကွဲပြားခြားနားတဲ့ယဥ်ကျေးမှုများ၊ အစဥ်အလာများ နှင့် ရှုထောင့်အမြင်များကို ကလေးနားလည်အောင်သင်ပေးပါ။

လက်တွေ့လုပ်ဆောင်ရန်အဆင့်များ

၁။ လေးစားတဲ့အပြုအမူများသင်ပေးပါ။ အိမ်နှင့် လူအများသွားလာတဲ့နေရာမှာလေးစားစွာပြုလုပ်တဲ့ အပြု အမူ များအကြောင်းကလေးတွေကိုသင်ပေးပါ။

၂။ မတူတဲ့ယဥ်ကျေးမှုများနှင့် ထိတွေ့ပေးပါ။ စာအုပ်များ၊ အစားအစာများ၊ လုပ်ငန်းများမှတစ်ဆင့် ကလေးကို မတူတဲ့ယဥ်ကျေးမှုအစဥ်အလာများနှင့် ထိတွေ့ပေးပါ။

၃။ ဆွေးနွေးမှုများကိုလေးစားစွာနားထောင်တတ်အောင်လေ့ကျင့်ပေးပါ။ လေးစားခြင်းအကြောင်းပုံမှန်ဆွေးနွေးပေးပါ။ လေးစားခြင်းဆိုတာ မတူတဲ့အခြေအနေမှာ ဘာကို ဆိုလို ကြောင်းကလေးများသိအောင်ပြောပြပါ။

၁၀။ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရန် တိုက်တွန်းအားပေးပါ။ ကိုယ်လက်လှုပ်ရှားတဲ့လုပ်ငန်းတွေဆိုတာ ကျန်းမာရေးနှင့် နေထိုင်ကောင်းမွန်ရေးတို့အတွက် လိုအပ်ပါတယ်။ အဲဒီလုပ်ငန်းတွေက ကိုယ်ကာယဖွံ့ဖြိုးတိုး တက် မှုကိုအထောက်အကူဖြစ်စေပြီး၊ စိတ်ဖိစီးမှုများကိုလျော့ကျစေလျက် အပြုသဘောစိတ်နေစိတ်ထားကို မြင့်မား တိုးတက်လာစေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရန် ဘယ်လို တိုက်တွန်းအားပေးမလဲ။
• အတူတကွကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါ။ မိသားစုအလိုက်ကိုယ်လက်လှုပ်ရှားမှုများအတူတူပြု လုပ်ပါ။ ဥပမာတောင်တက်ခြင်း၊ စက်ဘီစီးခြင်း၊ အားကစားများအတူတူပြုလုပ်ပါ။
• မှန်သားပြင်ကိုကြည့်တဲ့အချိန် သတ်မှတ်ကန့်သတ်ပေးပါ။ ပြင်ပမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင်မှုများ များ ပြုလုပ်နိုင်ရန် မှန်သားပြင်ကိုကြည့်တဲ့အချိန် ကိုလျော့ချကန့်သတ်ပေးပါ။
• ပျော်စရာကောင်းအောင်စီစဥ်ပါ။ ကိုယ်လက်လှုပ်ရှားမှုဟာ ပျော်စရာဖြစ်အောင် ကလေးတွေနှစ်သက် တဲ့ လုပ်ဆောင်မှုများကိုပုံမှန် ပြုလုပ်တဲ့အလုပ်ဖြစ်အောင် ရွေးချယ်လုပ်ဆောင်ပါ။
လက်တွေ့လုပ်ဆောင်ရန်အဆင့်များ

၁။ မိသားစုအလိုက်ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုပြုလုပ်ခြင်း။ ကိုယ်လက်လှုပ်ရှားမှုအမျိုးမျိုးပါဝင်တဲ့မိသားစု အလိုက် ပုံမှန် လုပ်ဆောင်တဲ့ကိုယ်လက်လှုပ်ရှားမှုရှိအောင်စီစဥ်ပါ။

၂။ သွက်လက်တဲ့ကစားနည်းကစားပါ။ သူငယ်ချင်းများ၊ မိသားစုအဖွဲ့ဝင်များနှင့်အတူတူ သွက်လက်တက်ကြွစွာ ကစားနိုင်တဲ့ကစားနည်းများကစားပါ။

၃။ ပြင်ပတွင် စွန့်စားလုပ်ဆောင်ရမှုများပြုလုပ်ပါ။ ပြင်ပတွင်ပုံမှန်လုပ်နိုင်တဲ့အလုပ်များစီစဥ်ပါ။ ဥပမာ ပျော်ပွဲ စားထွက်ခြင်း၊ လေ့လာရေးသွားခြင်း၊ ပန်းခြံသို့သွာရောက်လေ့လာအပန်းဖြေခြင်းစတာမျိုးတွေပုံမှန် ပြုလုပ်ပါ။

နိဂုံး

ကြင်နာတတ်ပြီး ပတ်ဝန်းကျင်နှင့်အဆင်ပြေပြေနေတတ်တဲ့ကလေးတွေဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေး တဲ့ အလုပ်ဟာ အခြားလူတွေနေရာမှ ဝင်စဥ်းစားကြည့်မြင်တတ်ခြင်း၊ ကျေးဇူးတရားသိတတ်ခြင်း၊ တာဝန်ယူ လုပ်ဆောင်တတ်ခြင်း၊ ကိုယ်အားကိုယ်ကိုး လုပ်ဆောင်တတ်ခြင်း၊ သင်ယူးမှုကိုချစ်မြတ်နိုးခြင်း၊ ကြံ့ခိုင်မှုရှိခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊ ကောင်းစွာအပြန်အလှန် ပြောဆိုဆက်သွယ်တတ်ခြင်း၊ လေးစား စွာပြုမူပြောဆိုတတ် ခြင်း၊နှင့် ကိုယ်လက်လှုပ်ရှားမှုလုပ်ငန်းများလုပ်ဆောင်ခြင်းတို့ကို ပေါင်းစပ်ပြီးလေ့ကျင့် ပေးမှုတို့ပါဝင်ပါတယ်။ ဖော်ပြပါလေ့အကျင့်များကိုနေ့စဥ်လုပ်ငန်းများတွင်ရှင်သန်နေအောင်ထည့်သွင်းလေ့ကျင့်ပေးခြင်းဖြင့် ကလေး တွေကိုကြင်နာပြီးအခြားသူများနေရာမှဝင်စဥ်းစားကြည့်မြင်တတ်သူများဖြစ်လာအောင်လေ့ကျင့် ပေးနိုင်မှာဖြစ် ပါတယ်။ ဟန်ချက်ညီတဲ့စီတ်ထားရှိသူများဖြစ်အောင်လေ့ကျင့်ပေးရာမှာ မိဘမျာရဲ့ စိတ်နေသဘောထားနဲ့လုပ် ရပ်များက အလွန်အားကောင်းတဲ့စံနမူနာပြများဖြစ်ပါတယ်။ မိဘများအနေဖြင့် ကလေးတွေမှာလေ့ကျင့်ပေး လိုတဲ့ တန်ဖိုးများကို အားပေးတဲ့ပတ်ဝန်းကျင်ဖန်တီးပေးရန်နှင့်အဲဒီတန်ဖိုးထားမှုများကလေးတွေမှာ တိုးတက် လာအောင်အလေးပေးလေ့ကျင့်ရင်း မိဘများကိုယ်တိုင်စံနမူနာပြမှုကအရေးကြီးလှပါတယ်။

မိတ်ဆွေများကြင်နာတတ်တဲ့ကလေးများလေ့ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...