ဒီနေ့ “ကလေးတွေကို လူတော်ဖြစ်ဖို့သင်ပေးသလို၊ လူကောင်းဖြစ်ဖို့လည်း သင်ပေးပါ။” ဆိုတာကို Food for Thought 842 အဖြစ်မျှဝေလိုက်ပါတယ်။
ကလေးတွေကို လူတော်ဖြစ်ဖို့သင်ပေးသလို၊ လူကောင်းဖြစ်ဖို့လည်း သင်ပေးပါ။
ကိုယ်တွေငယ်ငယ်ကတည်းက
ကြားဖူးခဲ့ပြီး ဘယ်တော့မဆို ပြောတတ်တဲ့စကားက “လူတော်လူကောင်း” ပါပဲ။
“လူကောင်းလူတော်” ရယ်လို့မရှိပါဘူး။ ဒါပေမယ့် ကိုယ်တိုင် အသက်အရွယ်တစ်ခုကို
ရောက်လာတဲ့အခါ မှာတော့ တော်တဲ့လူတိုင်းဟာ လူကောင်းမဖြစ်ကြဘူးဆိုတာ
သိလာခဲ့ပါတယ်။ အဲဒီ့မှာ
“လူတော်လူကောင်း”
ဆိုတဲ့စကားကို ပြန်သုံးသပ်မိလာတာပါပဲ။ လူ့ဘဝမှာ ကျင်လည်ကြတဲ့အခါ
တော်တဲ့လူကအရေးကြီးသလား၊ ကောင်းတဲ့လူက အရေးပိုကြီးသလားဆိုတာ
ကိုယ်တိုင်အတွက်စဥ်းစားစရာဖြစ်လာခဲ့ပါတယ်။
ကိုယ်တွေငယ်ငယ်ကတည်းက
မိဘအဖိုးအဖွားလူကြီးသူမတွေဆုံးမစကားကြားဖူးနေကျမှာ “တော်အောင်လုပ်
....တော်မှ လူရာဝင်မှာ” ရယ်လို့မဟုတ်လား။ တကယ်တမ်းကျတော့
တော်တဲ့လူတစ်ယောက်ဟာ လူကောင်း တစ်ယောက်မှာရှိတဲ့ ရိုးသားခြင်း၊
မှန်ကန်ခြင်း၊ ဘက်မလိုက်ခြင်း၊ စိတ်ကောင်းရှိခြင်း၊ လူသားချင်း စာနာ
တတ်ခြင်း စတဲ့ဂုဏ်ပုဒ်တွေအများကြီးကို
ပိုင်ဆိုင်ချင်မှပိုင်ဆိုင်မှာဖြစ်သလို၊ သူ့ရဲ့ပင်ကိုယ်အသိမှာကိုက
အဲဒီ့စိတ်ထားတွေ ကိန်းအောင်းချင်မှ ကိန်းအောင်းနေမှာဖြစ်ပါတယ်။
အဲဒါကြောင့်သာ လူတော်တိုင်းဟာ လူကောင်းမဖြစ်ကြပြန်ပါဘူး။ ဥပမာအားဖြင့်
ဟစ်တလာဆိုရင် အရမ်းတော်တဲ့လူတစ်ယောက်ဖြစ်ပေမယ့်
လူကောင်းတစ်ယောက်အဖြစ်သတ်မှတ်လို့မရပါဘူး။ အဲဒီ့သဘောတရားပါပဲ။
အခုကာလလတ်တလောဖြစ် ပျက်နေတာနဲ့ယှဥ်ကြည့်မယ်ဆိုရင်လည်း အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်ဟာ တော်တဲ့လူတစ်ယောက်ပါ။ သို့ပေမယ့် အခုနောက်တက်မယ့်သမ္မတကို
နေရာပေးချင်တာမျိုးမဖြစ်ဘဲ ပဋိပက္ခတွေဖြစ်နေတာကိုကြည့်ရင်
လူကောင်းတစ်ယောက်အဖြစ်သတ်မှတ်မလားဆိုတာပါပဲ။ တနည်းအားဖြင့်တော့
လူတော်တစ်ယောက်ဖြစ် ခြင်း ဟာ IQ နဲ့ပတ်သက်နေတာဖြစ်ပြီး EQ ပိုင်းမှာ
ပြည့်ဝချင်မှပြည့်ဝနိုင်မှာပါ။ လူကောင်းတစ်ယောက်ဖြစ်ခြင်း ဟာလည်း IQ
ကောင်းချင်မှကောင်းမှဖြစ်ပေမယ့် EQ ပြည့်ဝခြင်းနဲ့ဆက်စပ်နေပါတယ်လို့
ထင်ပါတယ်။
ကိုယ်တိုင်မိဘနေရာရောက်လာတဲ့အခါမှာ
ကိုယ့်ရဲ့ကလေးကို သူများထက် ဥာဏ်ရည်ပိုင်း၊ ခန္ဓာကိုယ်သန်စွမ်း မှုအပိုင်း
စသဖြင့်မှာ နောက်ကောက်ကျတာမျိုး မဖြစ်စေချင်မိတော့တာ မိဘမေတ္တာပါပဲ။
ဒါပေမယ့် ကိုယ့်ဘဝ တစ်လျှောက်လုံး ဖြတ်သန်းလာခဲ့တဲ့အခါမှာ
ရင်ဆိုင်ကြုံတွေ့ခဲ့ရသလောက် တော်ပေမယ့် မကောင်းတဲ့လူ အချို့ထဲမှာတော့
ကိုယ့်ကလေးကိုလည်း မပါစေချင်တဲ့စိတ်ဖြစ်လာမိပါတယ်။ ဘာကြောင့်လဲဆိုရင်
အရမ်းတော် ပေမယ့် မကောင်းတဲ့လူတစ်ယောက်ဟာ အတ္တအရမ်းကြီးပြီး
တစ်ကိုယ်ကောင်းဆန်ကာ အများအတွက် ထည့်မစဥ်းစားဘဲ ကိုယ့်အတွက်ချည်းသာ
ကိုယ်ကြည့်တတ်တဲ့လူဖြစ်လာနိုင်တဲ့အတွက်ပါပဲ။ အဲဒီ့အခါ ကိုယ်
ကောင်းစားဖို့အတွက်နဲ့ အများကိုထိခိုက်နစ်နာအောင်လုပ်ဖို့ဝန်မလေးတော့ဘူး။
ကိုယ့်တိုးတက်မှုအတွက် သူများကိုချနင်းဖို့ ဝန်မလေးတော့ဘူး၊ ကိုယ့်အတွက်
အခြားဘယ်သူ့ကိုမဆို ထိခိုက်နစ်နာအောင်လုပ်ဖို့ ဝန်မလေး
တဲ့အစွန်းရောက်သမားတွေဖြစ်လာနိုင်ပါတယ်။
အွန်လိုင်းမှာနာမည်ကြီးသွားသေးတဲ့
အင်တာဗျူးတစ်ခုမှာဆိုရင် “လူကောင်းဖြစ်အောင်မသင်ဘဲ လူတော်ဖြစ်
အောင်ပဲသင်တယ်” ဆိုတဲ့စကားကို နားထောင်မိလိုက်ကြမှာပါ။ အဲဒါတကယ်မှန်ပါတယ်။
မိဘတိုင်းက ကိုယ့်သားသမီးကို တော်စေချင်တယ်၊ သူများထက် သာစေချင်တဲ့အတွက်
လူတော်ဖြစ်အောင် ကြိုးစားရမယ်လို့ ကျွန်မတို့ငယ်ငယ်ကတည်းက ဆုံးမတတ်ကြပါတယ်။
ဒါပေမယ့် အချို့က ကောင်းအောင်နေဖို့ပါ သွန်သင်ရမှာကို
မေ့နေတတ်ကြပါတယ်(အားလုံးကိုမဆိုလိုပါဘူးနော်)။
လူသားတစ်ယောက်ရဲ့တာဝန်ကို
ကျေပွန်ဖို့ဆိုရင် လူတော်တစ်ယောက်ဖြစ်ရုံနဲ့မရပါဘူး။ လူကောင်းတစ် ယောက်
ဖြစ်မှသာ အခြားသူတွေအပေါ်ညှာတာမယ်၊ ကိုယ်ချင်းစာမယ်၊ ကူညီဖေးမမယ်၊
စာနာတတ်မယ်၊ အဲဒါမှသာ တဖက်သားဘဝကို
တန်ဖိုးထားလေးစားတတ်တဲ့လူသားတွေဖြစ်နိုင်မှာပါ။ အပြန်အလှန်တန်ဖိုးထားတတ်မှ
ပိုသာယာတဲ့လူမှုဝန်းကျင်ဖြစ်လာနိုင်မှာမို့ယောကျ်ား၊မိန်းမ ရယ်မှ မဟုတ်ဘဲ
အားလုံးဟာလူကောင်းတွေဖြစ်ဖို့ လိုပါတယ်။
တော်တဲ့လူသားတွေဟာ
ကိုယ့်ရဲ့တိုင်းပြည်ကို အဆပေါင်းများစွာတိုးတက်အောင်
စွမ်းဆောင်နိုင်မှာဖြစ်ပြီး ရိုးသား၊ ကြိုးစားပြီး ကိုယ်ချင်းစာတရားနဲ့
စိတ်ထားကောင်းတဲ့လူကောင်းလေးတွေဟာလည်း တိုင်းပြည်မှာ
တစ်ဦးနဲ့တစ်ဦးတန်ဖိုးထားတတ်လို့ ချစ်ခင်လေးစားမှုကြောင့်
တိုင်းပြည်သာယာစေမှာဖြစ်ပါတယ်။အဲဒီလို လူကောင်းလူတော်လေးတွေဖြစ်လာအောင်
ဆုံးမသွန်သင်ဖို့က မိဘတွေအပေါ်မှာ မူတည်နေပါတယ်။ မိဘတွေ ကိုယ်တိုင်က
လူတော်ဖြစ်ဖို့သာမက လူကောင်းဖြစ်ဖို့ပါ သားသမီးတွေ
ကိုသင်ပေးသင့်တယ်ဆိုတာလေး အတွေး ပွားမိသလောက်ဖော်ပြလိုက်ရပါတယ်။
မိတ်ဆွေများ
သားသမီးလေးများကို လူတော်လူကောင်းဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်ဒီနေ့ “ကလေးတွေကို လူတော်ဖြစ်ဖို့သင်ပေးသလို၊ လူကောင်းဖြစ်ဖို့လည်း သင်ပေးပါ။” ဆိုတာကို Food for Thought 842 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Saturday, December 21, 2024
ကလေးတွေကို လူတော်ဖြစ်ဖို့သင်ပေးသလို၊ လူကောင်းဖြစ်ဖို့လည်း သင်ပေးပါ။ Food for Thought 842
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment