Saturday, December 21, 2024

မြင်သာအောင်ကပ်ပြထားသင့်တဲ့စကားလုံးများ Food for Thought 843

 ဒီနေ့စာဖတ်စွမ်းရည်တိုးအောင် “မြင်သာအောင်ကပ်ပြထားသင့်တဲ့စကားလုံးများ” နှင့်ရင်းနှိးအောင်လုပ်ပေးတဲ့ နည်းများကို Food for Thought 843 အဖြစ်မျှဝေလိုက်ပါတယ်။
မြင်သာအောင်ကပ်ပြထားသင့်တဲ့စကားလုံးများ
သူငယ်တန်းအဆင့် ကလေးတွေမှာ ဘာသာစကားဆိုင်ရာကျွမ်းကျင်မှုတိုးလာစေရန် မြင်သာအောင်ကပ်ပြထားသင့်တဲ့စကားလုံးများ
မြင်သာအောင်ကပ်ပြထားသင့်တဲ့စကားလုံးများမှာ ပုံမှန်အားဖြင့် အင်္ဂလိပ်စာအပြောနှင့်အရေးတို့တွင်ပါဝင်ပါ တယ်။ အင်္ဂလိပ်ဘာသာစကားဖြင့် ကလေးတွေပြောဆိုဆက်သွယ်နိုင်ရန် အဲဒီမြင်သာအောင်ကပ်ပြာထား သင့် တဲ့စကားလုံးများနှင့်ရင်းနှီးနေရန် လိုအပ်ပါတယ်။ မြင်သာအောင်ကပ်ပြ ထားသင့်တဲ့စကားလုံးများမှာ အ‌ခြေခံ စကားလုံးများဖြစ်ကြပါတယ်။ အဲဒီစကားလုံးတွေနဲ့ရင်းနှီးတဲ့အခါ ကလေးတွေက ဘာသာစကားကို ထိ‌ရောက် လျင်မြန်စွာနားလည်လာစေပါတယ်။ အဲဒီစကားလုံးတွေကိုမကြာခဏမြင်တွေ့ကြားနေရတဲ့အတွက် ကလေး တွေ ဟာ အဲဒီစကားလုံးတွေကိုစာမှာတွေ့တဲ့အခါ ဘာစာလုံးတွေလဲဆိုတာ စဥ်းစားစရာမလိုအပ်တော့ပါဘူး။
မြင်သာအောင်ကပ်ထားသင့်တဲ့စကားလုံးတွေဆိုတာ ဘာတွေလဲ
မြင်သာအောင်ကပ်ပြထားသင့်တဲ့စကားလုံးဆိုတာကပင် အဓိပ္ပါယ်ရှင်းနေပါတယ်။ မြင်သာအောင်ကပ်ပြထား သင့်တဲ့စကားလုံးဆိုတာ မြင်မှုနဲ့ဆိုင်ပါတယ်။ အဲဒီစကားလုံးတွေကခဏခဏမြင်ဖန်များတဲ့အခါ ကလေးတို့ အ နေဖြင့်မှတ်မိနေအောင်အထောက်အကူပြုပါတယ်။ မြင်တွေ့နေကျစကားလုံးတွေကို ဖတ်တဲ့စာမှာတွေ့တဲ့အခါ အနက်ကောက်အဓိပ္ပါယ်ဖော်နေစရာမလိုအပ်ဘဲချက်ခြင်းမှတ်မိသိစေပါတယ်။
မြင်သာအောင်ကပ်ထားတဲ့စကားလုံးတွေကို တွေ့လိုက်တာနဲ့ချက်ခြင်းလျင်မြန်စွာမှတ်မိသူတွေဟာတွေ့တဲ့ စ ကားလုံး တိုင်းကိုဘယ်လိုဖတ်ရမလဲဆိုတာ စဥ်းစားစရာမလိုတော့တဲ့အတွက် ပိုပြီးသွက်လက်စွာဖတ်နိုင်သူ များဖြစ်လာနိုင်ကြောင်းလေ့လာချက်များကထောက်ပြထားပါတယ်။
မြင်သာအောင်ကပ်ပြထားတဲ့စကားလုံးတွေကို (၃)စက္ကန့်အတွင်း မှတ်မိသူတွေဟာ သူတို့ဖတ်နေတာကို ပို နား လည်နိုင်စေပါတယ်။ ဖတ်တဲ့စာမှာစကားလုံးတစ်လုံးခြင်းကို သိသူတွေဟာစာဖတ်ရာမှာမိမိကိုယ် မိမိ ပိုယုံကြည် မှုရှိသူတွေဖြစ်လာကြပါတယ်။ ဘာကြောင့် လဲဆိုတော့ မြင်သာအောင်ကပ်ပြထားတဲ့စကားလုံးများမှာ တွေ့နေ ကျ အင်္ဂလိပ်စာမှာ (၅၀-၇၀) ရာနှုန်းအထိပါဝင်နေတဲ့ အတွက်ဖြစ်တယ်လို့လေ့လာချက်များတွင်ဖော်ပြထားပါ တယ်။
သူငယ်တန်းကလေးတွေဟာမြင်သာအောင်ကပ်ထားတဲ့စကားလုံးတွေကိုဘာကြောင့် သင်ယူရန်လိုအပ်ပါသလဲ။
သူငယ်တန်းကလေးတွေဟာအောက်ပါအကြောင်းများကြောင့် မြင်သာအောင်ကပ်ပြထားတဲ့စကားလုံးများကို မှတ်မိအောင်သင်ယူသင့်ပါတယ်။
• အဲဒီစကားလုံးတွေကို သူတို့သိထားတဲ့ဝေါဟာရများနှင့် ပေါင်းစပ်သင်ယူရန်၊
• အဲဒီစကားလုံးတွေကိုသုံးပြီး ရိုးရှင်းတဲ့စကားစုများတည်ဆောက်ပြီး အခြားသူများနှင့်ဆက်သွယ်ပြော ဆိုရန်၊
• စာဖတ်မှုဆိုင်ရာကျွမ်းကျင်မှု တိုးတက်လာစေရန်၊
• မှန်ကန်တဲ့အသံထွက်သင်ယူရန် တို့ဖြစ်ပါတယ်။
သူငယ်တန်းကလေးတစ်ယောက်အနေဖြင့်မြင်သာတဲ့စကားလုံးအရေအတွက် ဘယ်လောင်သင်ယူသင့်ပါသလဲ။
ကလေးဟာသူငယ်တန်းပြီးဆုံးမဲ့နှစ်ရောက်လာတဲ့အချိန်မှာ ကလေးတွေဟာမြင်အောင်ကပ်ပြထားတဲ့ပထမ စကားလုံး (၅၀) ကိုပိုင်နိုင်စွာဖတ်နိုင်နေသင့်ပါတယ်။ ကျောင်း တွေမှာတော့ အများအားဖြင့် မြင်သာတဲ့စကား လုံး (၁၀၀) သင်ပေးတတ်ကြပါတယ်။ ယျေဘူယျအားဖြင့် မကြာ ခဏအတွေ့များတဲ့စကားလုံးများကိုသိသင့် တယ်လို့သာဖော်ပြကြပါတယ်။ သူငယ်တန်းမှာ သင်ရတဲ့မထမ စကားလုံး (၅၀) မှာပထမတန်းမှာပြန်လေ့ လာ ရပါတယ်။ ပြီးတော့ စကားလုံးအသစ် (၅၀) ကိုစတင်သင်ရပါ တယ်။ ဒုတိယတန်းမှစပြီ (၅)တန်းရောက်တဲ့အထိ တစ်နှစ်ကိုစကားလုံး (၁၀၀) သင်ယူရပါတယ်။
သူငယ်တန်းကလေးတွေအတွက်မြင်သာအောင်ကပ်ပြထားသင့်တဲ့စကားလုံးများစာရင်း
ဖော်ပြပါစကားလုံးများကို နေ့စဥ်မြင်တွေ့နေရတဲ့အတွက် သူတို့မှတ်မိနေကြပါတယ်။ ထပ်တလဲလဲထိတွေ့ နေမှု က သွက်လက်စွာဖတ်နိုင်မှုကိုဖြစ်စေပါတယ်။ ဆိုလိုတကတော့ ချောမွေ့စွာစာဖတ်နိုင်ပြီး ဖတ်နေစဥ်ရပ် သွား တာမျိုး နည်းနည်းသာဖြစ်ပါတယ်။ အောက်ဘက်မှာ သူငယ်တန်းအရွယ်ကလေးတွေကိုသင်ပေးတဲ့မြင်သာ အောင်ကပ်ပြထားသင့်တဲ့စကားလုံး (၁၀၀) ကိုဖော်ပြထားပါတယ်။ (အဲဒီစကားလုံး (၁၀၀) ကိုလည်း (၂၅)လုံးစီ တစ်စုစီခွဲပြထားပါတယ်။ အစောပိုင်း စကားလုံးတွေက သူငယ်တန်းအောက်ဆင်အတွက်နှင့် နောက်စကားလုံး တွေကသူငယ်တန်းအထက်ဆင့်အတွက်လျာထားပါတယ်။)
I At Is
To Like Me
It Am Come
And A This
In Here Up
Go See My
You Look The
Said We On
Can One Going
By His With
She For Went
Have He Will
They Yes Run
Was Big Not
Where No Out
From Little Who
Her Then Get
Away Came An
Could Why Again
First Do Eat
So To What
After There Make
Did Because All
Want Has When
Be Into Him
Saw Your But
Had If Just
Or That About
Been Some Now
Off Those Made
Our Their Them
Over Very Would
Only

သူငယ်တန်းကလေးများအတွက် မြင်သာအောင်ကပ်ထားသင့်တဲ့စကားလုံးများဖြင့်ဝါကျဖွဲ့ထားခြင်း

ကလေးအနေဖြင့်မြင်သာအောင်ကပ်ပြထားတဲ့စကားလုံးများကိုလေ့လာပြီးနောက် နောက်တစ်ဆင့် သင်ယူ ရမှာကတော့ ထိုစကားလုံးများသုံးပြီးရိုရှင်းတဲ့ဝါကျတိုများတည်ဆောက်ရန်သင်ယူဖို့ဖြစ်ပါတယ်။ ဝါကျများ ဘယ်လို တည်ဆောက်နိုင်ကြောင်း အောက်ဘက်မှာနမူနာ ဝါကျများပေးထားပါတယ်။ ရေးထားတဲ့ဝါကျထဲမှာ မြင်သာအောင်ကပ်ပြထားတဲ့စကားလုံးကိုကလေးက ထောက်ပြနိုင်တယ်ဆိုရင် ဆက်လက်လုပ်ချင်စိတ်ရှိအောင် လက်ဝါးချင်းရိုက်ပြီး ဟိုင်ဖိုင်လုပ်လိုက်ပါ။ (အင်္ဂလိပ်လို့ရေးရမှာဖြစ်တဲ့အတွက် အောက်ပါဝါကျများကိုမြန်မာလို မပြန်တော့ပါ။)
1. I have eaten some ice cream.
2. Daddy, please be on time!
3. Mummy gave tea and biscuits to all of them.
4. I love drinking milk very much.
5. Look at the Giraffe’s long neck.
6. This little sparrow chirps every day on my window.
7. Yesterday, I saw an elephant.
8. I am going to a temple.
9. I first eat my food; then I go to play outside.
10. We are best friends.
11. I would like to play in the snow.
12. You can win the race.
13. I went to Kerala during my summer vacation.
14. We played on the terrace during the holidays.
15. This is my pencil.

သူငယ်တန်းကလေးများအတွက် မြင်သာအောင်ကပ်ပြထားသင့်တဲ့စကားလုံးများသုံးထားတဲ့ပုံပြင်များ

အောက်ဘက်မှာ မြင်သာအောင်ကပ်ပြထားတဲ့စာလုံးများသုံးထားတဲ့ပုံပြင်တစ်ချို့ကိုနမူနာအဖြစ်ဖော်ပြ လိုက်ပါတယ်။

ကျက်တူရွေး Mr Russell ကိုတွေ့ပါ။ သူက သူ့ဇနီး Mrs Russel၊ သမီး Lilaတို့ နှင့်အတူ ညောင်ပင်ကြီးတစ်ပင် အထက်မှာနေပါတယ်။ သူတို့မှာမိသားစု သုံးဦးရှိပြီးပျော်ရွှင်စွာနေကြပါတယ်။ သူတို့အရောင်တွေမှာအစိမ်း ရောင်ဖြစ်ပြီးအနီရောင်အမြီးရှည်ကြီးတွေရှိကြပါတယ်။ သူတို့ကအတူတူစားကြပါတယ်။

Meet Mr Russell, the parrot. He lives on a big banyan tree with his wife Mrs Russel, and his daughter Lila. They are a family of 3 and live happily on a tree. They all are green in colour and have big red tails. They always eat together, fly together, and play together.

ဦးလေး Madhav မှာအစားအစာတွေချက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ နေ့စဥ်မနက် (၉) နာရီဆိုရင် သူကစား သောက်ဆိုင်ကိုသွားပါတယ်။ သူကကလေးတွေကိုချစ်ပြီး ချိုချဥ်နဲ့ချောကလက်များကို နေ့စဥ်ကျွေးမွေးတတ်ပါ တယ်။ သူကသူ့မိခင်နှင့်အတူနေပါတယ်။ ဒီနေ့သူက ရေခဲမုန့်ကိတ်မုန့်ကို လူတိုင်းအတွက်ယူလာမှာဖြစ်ပါ တယ်။ ကျွန်ုပ်တို့ဟာတနင်္ဂနွေနေ့တိုင်းအတူတူကစားကြပါတယ်။ သူကကျွန်တော်မှာရှိတဲ့အန်ကယ်တွေထဲမှာအကောင်း ဆုံးအန်ကယ်ဖြစ်ပါတယ်။

Uncle Madhav is a chef. He goes to his restaurant every day at 9 am. He is very sweet to children and gives them candies and chocolates daily. He lives with his mother. Today, he is going to bring ice cream cake for everyone. We play together every Sunday. He is the best uncle I have.

ကလေးတွေမြင်သာအောင်ကပ်ပြထားတဲ့စားလုံးများကို သင်ယူရာမှာအထောက်အကူရစေမဲ့လုပ်ငန်းများ

သင့်အနေဖြင့်တစ်ချို့ကစားနည်းနှင့် လုပ်ငန်းများပြုလုပ်တဲ့အခါ တီထွင်ဆန်းသစ်တဲ့စိတ်ကူးနည်းနည်းရှိမယ် ဆိုရင် ကလေးတွေကိုမြင်သာအောင်ကပ်ပြထားတဲ့စကားလုံးတွေသင်ပေးရတာ သိပ်မခက်ခဲပါဘူး။ အောက် ဘက်မှာ မြင်သာအောင်ကပ်ပြထားသင့်တဲ့စာလုံးများနှင့်ပတ်သက်တဲ့လုပ်ငန်းတစ်ချို့ကိုဖော်ပြထားပါတယ်။

၁။ ပလေးဒိုးနှင့်ရယ်ေမာစရာများပြုလုပ်ကစားခြင်း
ကတ်ပြားတချို့ကိုယူပါ။ ကတ်ပြားတစ်ခုမှာ မြင်သာအောင်ကပ်ပြသင့်တဲ့စာလုံးတစ်လုံးစီရေးပါ။ပြီးတော့ အဲဒီကပ်ပြားတွေကိုကလေးရှေ့မှာချထားပါ။ ကလေးကိုကတ်ပြားတစ်ခုကိုကောက်ယူစေပြီး ရေးထား တာ ကိုအသံထွက်ဖတ်ပါစေ။ ပြီးတော့ပလေးဒိုးကိုသုံပြီး ကပ်ပြားပေါ်ရေးထားတဲ့စာလုံးကိုပုံဖော်ပါစေ။ ဥပမာ ကလေးက ‘Those’, ဆိုတဲ့စာလုံးကိုကောက်ဖတ်လိုက်တယ်ဆိုပါစို့။ အဲဒါကိုဖတ်ရပါမယ်။ အက္ခရာများကို ထောက်ပြရပါမယ်။ ပြီးတော့ ပလေးဒိုးဖြင့် ထိုအက္ခရာများပုံတွေပြုလုပ်ပေးရန် လိုပါတယ်။ အဲဒီလိုပြုလုပ် ရန်အချိန်သတ်မှတ်ပေးနိုင်ပါတယ်။ စာလုံးတစ်ခုအတွက် အချိန် (၂)မိနစ်ဟုသတ်မှတ်ပေးနိုင်ပါတယ်။ အဲဒီ လိုသတ်မှတ်ပေးရင် လုပ်ဆောင်ရတဲ့လုပ်ငန်းဟာ ကလေးအတွကိစိန်ခါ်တဲ့လုပ်ငန်းဖြစ်လာပါတော့တယ်။

၂။ ကစားစရာကတ်ပြားများနှင့်ပုန်းလိုက်၊ လိုက်ရှာ လိုက်လုပ်တမ်းကစားခြင်း
ကစားရန်ကတ်ပြားလေးတွေပြုလုပ်ပြီး တပ်ပြားတစ်ခုမှာ မြင်သာအောင်ပြသသင့်တဲ့စာလုံးတစ်ခုစီရေးထားပါ။ အဲဒီကတ်ပြားတွေကိုအိမ်ထဲမှာဝှက်ထားပါ။ ကလေးအားထိုကပ်ပြားတွေကိုလိုက်ရှာခိုင်းပါ။ ကလေးအနေဖြင့်သူ ရှာတွေ့တဲ့ကတ်ပြားပေါ်မှာရေထားတဲ့မြင်သာတဲ့စာလုံးကိုဖတ်ပြီးတဲ့အခါမှသာ နောက်ကတ်ပြားတစ်ခုကိုဆက် လက်ရှာတဲ့ကစားနည်းဖြစ်ပါတယ်။ ဒီကစားနည်းကလည်းကလေးမှာ စာဖတ်စွမ်းရည်နှင့် လှုပ်ရှားရတဲ့ကျွမ်း ကျင် မှုများ တိုးတက်စေပါတယ်။

၃။ စာအုပ်များဖတ်ခြင်း
ပုံပြင်တိုတိုလေးတွေကိုကလေးကိုဖတ်ပြပြီး ဖတ်တဲ့စာမှာ သူတို့သိထားတဲ့မြင်သာတဲ့စာလုံးဘာတွေပါတယ် ဆို တာကို ထောက်ပြခိုင်းပါ။ အဲဒီလိုရှာဖွေထောက်ပြတဲ့အခါ ကလေးအနေဖြင့်ကျန်နေတာများရှိပါကကူညီပေးပါ။
အခုဆိုရင်စာဖတ်သူအနေဖြင့် မြင်သာအောင်ကပ်ပြထားသင့်တဲ့စာလုံးများကဘယ်လောက်အရေးကြီးကြောင်း၊ အဲဒီစာလုံးတွေကိုကလေးတို့နဲ့ဘယ်လိုမိတ်ဆက်ပေးနိုင်ကြောင်း သိပြီး အဲဒီလို လုပ်ဆောင်ပေးမှုကကလေးမှာ ဘာသာစကားဆိုင်ရာတိုးတက်လာဖို့အတွက် ဘယ်လောက်အရေးကြီးကြောင်းသိပြီဖြစ်ပါတယ်။

ကလေးတွေစာဖတ်နိုင်မှုစွမ်းရည်တိုးတက်အောင် မူကြီုအရွယ်မှစတင်ပြီး လေ့ကျင့်ပေးနိုင်ကြပါတယ်။ ကလေး တွေကို ဒိထက်စောပြီးစာတတ်စေချင်လွန်းလို့ စာတွေဖိသင်ရင် ကလေးတွေမှာ အဆင်သင့်မဖြစ်သေးတဲ့အ တွက် စာသင်ရတာ စိတ်ဝင်စားစရာမကောင်းဘဲ စိတ်ပျက်စရာကြောက်လန့်စရာလို့ထင်မြင်သွားနိုင်ပါတယ်။ ကစားသလိုနည်းကိုသုံးပြီးတွေ့နေကျအများဆုံးစာလုံးများနှင့်ရင်းနှိးအောင်လုပ်ပေးခြင်းမှာ စာဖတ်စွမ်းရည်တိုး တက် စေဖို့ အကောင်းဆုံးအစပျိုးလုပ်ဆောင်နည်းပင်ဖြစ်ပါတယ်။

မိတ်ဆွေများကလေးတွေမှာစာဖတ်စွမ်းရည်တိုးအောင် အထက်ပါနည်းများကိုသုံးပြီးသင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...