ဒီနေ့” မိမိအမြင်ပြောင်းရန်လိုအပ်ခြင်း”အကြောင်းကိုFood for Thought 844 အဖြစ်မျှဝေလိုက် ပါတယ်။
မိမိအမြင်ပြောင်းရန်လိုအပ်ခြင်း
တစ်ခါကအလွန်ကြွယ်ဝချမ်းသာသူတစ်ယောက်ရှိပါတယ်။သူ့မှာမျက်စိကအလွန်နာကျင်တဲ့ဝေဒနာခံစားနေရပါတယ်။
မျက်စိဆရာဝန်အမျိုးမျိုးကိုပြပြီးကုသမှုခံခဲ့ပါတယ်။
ဆေးတွေလည်းအမျိုးမျိုး စား ပါတယ်။ ဒါပေမဲ့မျက်စိနာတဲ့ဝေဒနာမှာမသက်သာပါ။
မျက်စိနာမှာပိုဆိုးလာပါတယ်။
နောက်ဆုံးအဲဒီလို
လူနာတွေကိုကုသပေးတဲ့ရဟန်းတစ်ပါးထံသွားပြပါတယ်။ ရဟန်းကလူနာရဲ့ပြဿနာ ကို
နားလည်ပါတယ်။
ဒါကြောင့်လူနာအနေဖြင့်အခြားအရောင်တွေကိုလုံးဝမကြည့်ဘဲအစိမ်းရောင်ကို သာ
ကြည့်ရန်လိုအပ်ကြောင်း ပြောလိုက်ပါတယ်။
ရဟန်းတော်လမ်းညွှန်ချက်မှာထူးခြားနေပါတယ်။ အခြား
ကုသပေးသူတွေပြောတာနဲ့မတူပါ။ ဒါကြောင့်မျက်စိနာနေသူမှာ
သူ့မျက်စိနာသက်သာဖို့ရဟန်း တော် ညွှန်ကြားချက်ကို လိုက်နာဖို့
စိတ်အားထက်သန်နေပါတယ်။
ပစ္စည်းဥစ္စာအလွန်ချမ်းသာသူကဆေးရောင်အစိမ်းတွေခြယ်နိုင်ရန်ဆေးခြယ်တဲ့ပန်းချီဆရာတွေအများကြီးစုပါတယ်။
ဆေးစိမ်းပုန်းတွေလည်း အများကြီးဝယ်စေပါတယ်။ ပြီးတော့သူ့မျက်စိဖြင့်မြင်
နိုင်နေ တာမှန်သမျှကိုဆေးအစိမ်းရောင်သုတ်စေပါတယ်။
ညွှန်ကြားထားတဲ့ဘုန်းတော်ကြီးကလူနာကို
လာ ကြည့်တဲ့အခါ ဘုန်းတော်ကြီးဝတ်ထားတဲ့အဝတ်မှာ အနီရောင်ဖြစ်နေတဲ့အတွက်
စောင့်ရှောက်နေသူ များက ဘုန်းကြီးကို အစိမ်းရောင်ဆေးတွေဖြင့်
လောင်းချကြပါတယ်။ သူတို့သူဌေးအနေဖြင့်အခြား
အရောင်ကိုကြည့်မိရင်မျက်စိပြန်နာမှာကိုစိုးရိမ် တဲ့အတွက်ဖြစ်ပါတယ်။
အဲဒီအခြေအနေကိုသိလိုက်တဲ့ရဟန်းတော်က
သဘောကျခါရယ်မောပြီးအောက် ပါအတိုင်းပြောလိုက် ပါတယ်။ “ခင်ဗျားတို့အနေဖြင့်
အစိမ်းရောင်မျက်မှန်တစ်လက်ကို သာဝယ်ရန် လိုအပ်ပါတယ်။ အဲဒီအ တွက်
ပိုက်ဆံဒေါ်လာအနည်းငယ်သာကုန်ကျမှာဖြစ်ပါတယ်။ အခုလို နံရံတွေ၊
အဆောက်အဦးတွင်း မှာ ရှိရှိသမျှပစ္စည်းတွေကို အစိမ်းရောင်
သုတ်နေစရာမလိုအပ်ပါဘူး။ အဲဒီလိုဆိုရင် ကုန်ကျစာရိတ်တွေ အ
များကြီးသက်သာသွားမှာဖြစ်ပါတယ်။ သင်တို့အနေနဲ့တကမ္ဘာလုံးကို
အစိမ်းဖြစ်အောင် ဆေးမသုတ် နိုင်ပါဘူး” လို့ပြောလိုက်ပါတယ်။
ကျွန်ုပ်တို့တတွေလည်း
မိမိအမြင်ကိုပြောင်းနိုင်မယ်ဆိုရင် မြင်နေရတဲ့ကမ္ဘာကလည်းပြောင်းလာမှာ
ဖြစ်ပါတယ်။ ကမ္ဘာကြီးကို မိမိဖြစ်စေချင်သလိုပုံဖော်ချင်တာက
မိုက်မဲရာကျပါတယ်။ အရင်ဆုံး မိမိကိုယ်မိမိ ပုံဖော်ကြည့်ကြပါ။
မိမိအမြင်ကိုအရင်ပြောင်းရန်လိုအပ်ပါတယ်။
မိတ်ဆွေများ မိမိအမြင်ကိုအရင်ပြောင်းကြည့်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်ဒီနေ့” မိမိအမြင်ပြောင်းရန်လိုအပ်ခြင်း”အကြောင်းကိုFood for Thought 844 အဖြစ်မျှဝေလိုက် ပါတယ်။

ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Saturday, December 21, 2024
မိမိအမြင်ပြောင်းရန်လိုအပ်ခြင်း Food for Thought 844
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment