ဒီနေ့ "သားသမီးပြုစုပျိုးထောင်ရာတွင် မိဘတို့ လုပ်မိလေ့ရှိသည့် အမှားများ" အကြောင်းကို Food for Thought 845 အဖြစ်မျှဝေလိုက်ပါတယ်။
"သားသမီးပြုစုပျိုးထောင်ရာတွင် မိဘတို့ လုပ်မိလေ့ရှိသည့် အမှားများ"
ကလေးတစ်ယောက်ကို
ပြုစုပျိုးထောင်၊ ပဲ့ပြင်ဆုံးမရတာဟာ လုံးဝမလွယ်တဲ့ အလုပ်ပါ။
သားသမီးပြုစုပျိုး ထောင်ရေး သင်တန်းကျောင်းရယ်လို့လည်း မရှိတာကြောင့်
မိဘတွေဟာ ကိုယ်သိသလောက်၊ မှတ်သလောက်၊ ကိုယ်ကောင်းမယ် ထင်တာတွေနဲ့ပဲ
ကလေးတွေကိုကြိုးစားပဲ့ပြင်ဆုံးမနေကြရပါတယ်။ ကလေးပြုစုပျိုး ထောင်
ရေးကျွမ်းကျင်သူတွေ ပို့ချတဲ့သင်တန်းကျောင်းတွေ မရှိပေမယ့် ကျွမ်းကျင်သူတွေ
ရေးသားထုတ်ဝေထားတဲ့ အကြံပြုဆောင်းပါးတွေတော့ အများကြီး ရှိပါတယ်။
၁။ ကလေးကို နေရာတကာ လိုက်ချုပ်ချယ်တာ။
မိဘတွေဟာ
ကိုယ့်သားသမီး ဘယ်လောက်ပဲ အသက်ကြီးလာ၊ ကြီးလာသူတို့မျက်စိထဲမှာတော့
ကလေးလို့ပဲ မြင်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကလေးက ၁ဝ နှစ်အရွယ်လောက်
ရောက်လာလည်း သူ့ကို ကလေးသေး သေး လေးလိုပဲထင်ပြီး
နေရာတကာလိုက်ချုပ်ချယ်မိတတ်ကြပါတယ်။ ကလေးက ဘောလုံးကန်လို့၊ လဲကျလို့
ပွန်းရာပဲ့ရာ ရသွားမှာကို မိဘတွေက အစိုးရိမ်လွန်ပြီး
ကလေးကိုဘောလုံးမကန်နဲ့၊ အမြင့် မတက်နဲ့၊ ရေမကူးနဲ့ စသဖြင့်
လိုက်ချုပ်ချယ်မိတတ်ကြတာပါ။ မိဘက ဒီလို နေရာတကာ လိုက်ပိတ်ပင်နေရင်ကလေးက
အသစ်အ ဆန်းမှန်သမျှ ဘာမှလိုက် မစူးစမ်းချင်တော့တာမျိုး၊ သူ့အမှားကနေ
သင်ခန်းစာမယူတတ်တော့တာမျိုး ဖြစ်သွား တတ်ပါတယ်။ ဒါကြောင့် ကလေးကို
သူ့အရွယ်အလိုက် လွတ်လပ်ခွင့်ချိန်ဆ ပြီး ပေးသင့်ပါတယ်။
၂။ ကိုယ့်ကလေးကို သူတပါးနဲ့ အမြဲလိုက် နှိုင်းယှဉ်နေတာ။
ကိုယ့်ကလေးကို
တခြား ကလေးနဲ့ ဒါမှမဟုတ် တခြားမောင်နှမ အကြီး၊ အငယ်တွေနဲ့
အမြဲလိုက်နှိုင်းယှဉ်တာမျိုး မလုပ်သင့်ပါဘူးလို့ ပညာရှင်တွေက
အကြံပြုထားပါတယ်။ ကျောင်းမှာ ကိုယ့်ကလေး အမှတ်မကောင်းဘူးဆိုရင် ဒါကိုအပြစ်
မတင်ဘဲ သူ ဘာကြောင့် စာကို စိတ် မဝင်စားသလဲ၊ ကျောင်းမှာ
ဘာအဆင်မပြေတာတွေရှိသလဲ ဆို တာကို ကလေးကိုသေသေချာချာ မေးကြည့်သင့်ပါတယ်။
၃။ ကလေးကို စည်းကမ်းတွေ ချမှတ်ပြီး ကိုယ်တိုင်ကျတော့ အဲဒီစည်းကမ်းတွေကို မလိုက်နာတာ။
မိဘအများစုဟာ
ကလေးကို ဖုန်း ၊ ကွန်ပျူတာ အကြာကြီးမကြည့်ဖို့၊ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့
အစားအစာ တွေ မစားဖို့၊ ဆေးလိပ် ၊ အရက်မသောက်ဖို့ ၊ ဆဲဆိုတာတွေ မလုပ်ဖို့
ရှည်လျားထွေပြား ဆုံးမသြဝါဒခြွေလေ့ ရှိပေမယ့် ကိုယ်တိုင်က တော့
အဲဒါတွေကိုလိုက်နာလေ့မရှိပါဘူး။ အတုမြင်အတတ်သင်ဆိုတဲ့စကားအတိုင်း ပဲ
ကလေးတွေဟာ မိဘကိုပဲအတု့ယူလေ့ရှိတာပါ။ ဒါကြောင့် ကိုယ့်သားသမီးကို
စည်းကမ်းတွေ ချမှတ်ထားတယ် ဆိုရင် ကိုယ်ကိုယ်တိုင်က စံနမူနာဖြစ်အောင် ကြိုး
စားရပါမယ်။
၄။ ကိုယ့်တုန်းက မဖြစ်ခဲ့ရသမျှ ကိုယ့်သားသမီးအလှည့်မှာဖြစ်လာအောင် အတင်း တွန်းတာ။
မိဘတွေဟာ
ကိုယ့်တုန်းက မဖြစ်ခဲ့ရသမျှ ကိုယ့်သားသမီးအလှည့်မှာ ဖြစ်လာအောင်
အတင်းတွန်းလေ့ရှိပါ တယ်။ ကလေးတွေဟာထူးချွန်တဲ့ နယ်ပယ်ချင်း
တစ်ယောက်နဲ့တစ်ယောက် မတူတတ်တာမို့ ကိုယ်ဖြစ်စေ ချင်တာကိုချည်းပဲ ဇွတ် အတင်း
ပုံမသွင်းဘဲ သူ့ဝါသနာ၊ ဗီဇ နဲ့ ကိုက်ညီတာကိုပဲ အားပေးသင့်ပါတယ်။
၅။ ကလေးကို အသက် သုံးလေးနှစ်အရွယ်ကတည်းက စာတွေ အတင်းသင်ပေးတာ။
ကလေးဘဝကို
လူတိုင်းတစ်ကြိမ်ပဲ ဖြတ်သန်းခွင့် ရကြတာပါ။ ဒါကြောင့် ကိုယ့်ကလေးကို
ပညာရေးဘက်မှာ ထူးချွန်စေချင်ဇောနဲ့အသက် သုံးလေးနှစ်အရွယ်ကတည်းက စာအတင်း
မသင်သင့်ပါဘူး။ ဒီအရွယ်လေးတွေဟာ လွတ်လွတ်လပ်လပ်
ပျော်ပါးဆော့ကစားရမယ့်အရွယ်လေးတွေ ဖြစ်တာကြောင့်မို့ စာတွေအတင်း မရေးခိုင်း
သင့်ပါဘူး။ သူတို့ကို စာလုံးတွေနဲ့ မျက်စိယဉ်လာအောင် ပုံပြင်
ကာတွန်းစာအုပ်လေးတွေ ပေးကိုင် တာ၊ စာ လေး၊ ကဗျာလေးတွေဖွင့်ပြပြီး စာတွေ
နားယဉ်လာအောင် လုပ်ပေးတာလောက်ပဲ အဆင်ပြေပါတယ်။
၆။ ကလေးရှေ့မှာ ရန်ဖြစ်တာ။
ကိုယ့်အိမ်ထောင်ဘက်နဲ့
အော်ဟစ်ရန်ဖြစ်စရာ ရှိလာတယ်ဆိုရင် ကလေးမမြင်နိုင်၊ မကြားနိုင်တဲ့
အခန်းထဲမှာပဲ ရန်ဖြစ်သင့်ပါတယ်။ ကလေးရှေ့မှာ မိဘတွေ ခဏခဏ
အော်ဟစ်ရန်ဖြစ်တာဟာ ကလေးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေလို့ပါ။
ရန်ပွဲတွေကို မြင်ရဖန်၊ ကြားရဖန် များလာတဲ့အခါ ကလေးဟာကြီးလာတဲ့အခါ
အဲဒီလိုမျိုးပဲဖြစ် လာပါလိမ့်မယ်။
၇။ ကလေးကို အော်တာ။
ကလေးကို
အော်ဟစ်ငေါက်ငမ်းတာ၊ ရိုက်နှက်ဆုံးမတာဟာလည်း အနိုင်ကျင့်မှုတစ်မျိုးပါပဲ။
ကိုယ် စိတ်အခန့်မ သင့်တိုင်း ကလေးကို အော်ဟစ်နေမယ်ဆိုရင် ကလေး စိတ်
ထိခိုက်ရပါလိမ့်မယ်။ ကလေးကို ပဲ့ပြင်ဆုံးမချင် တယ်ဆိုရင် ပုံမှန်လေသံနဲ့ပဲ
နားဝင်အောင်ပြောပြသင့်ပါတယ်။
၈။ ကလေးကို အလိုလိုက်လွန်းတာ။
တချို့မိဘတွေကတော့
ကလေးကို အလိုလိုက်ပြီးကလေး ပူဆာတာ မှန်သမျှအကုန် ဝယ်ပေး၊ ကလေးကို အစစအရာရာ
လိုက်လုပ်ပေးနေတတ်ကြပါတယ်။ အလို လိုက်လွန်းရင် ကလေးဆိုးတတ်သလို မိဘက
အစစအရာရာ လိုက်လုပ်ပေးနေတော့သူ့ဘာသာသူ ဘာမှမလုပ်ချင်တော့ဘဲ ကြီးလာတဲ့အထိ
အကျင့်ပါ သွားတတ်ပါတယ်။ ဒါကြောင့် ကလေးကို ပြုစုပျိုးထောင်တဲ့အခါ
အစွန်းနှစ်ဖက်ကို ရှောင်နိုင်ဖို့ အရေးကြီး ပါတယ်။
၉။ စည်းကမ်းကို တသမတ်တည်း မထားတာ။
စည်းကမ်းကို
တမတ်တည်းထားမှ ကလေးက တိတိကျကျမှတ်မိမှာပါ။ ဥပမာအားဖြင့် ညစာ မစားခင်
ရေခဲမုန့် မစားရဘူးလို့ ကလေးကို စည်းကမ်းထုတ်ထားပေမယ့်
အိမ်မှာဧည့်သည်တွေရောက်နေတဲ့အခါမှာတော့ ရေခဲ
မုန့်စားခွင့်ပြုလိုက်တာမျိုးပါ။ ဒါကြောင့် စည်းကမ်းချမှတ်ထားရင် တသမတ်တည်း
ကျင့်သုံးရပါမယ်။
၁ဝ။ ကလေး ပြောတာကို စိတ်ပါလက်ပါ နားမထောင်ပေးတာ။
ကလေးတွေမှာလည်း
မိဘတွေကို ပြောစရာရှိပါတယ်။ ဒါကြောင့်သူတို့လေးတွေ ပြောတာကို သေသေချာချာ
အာရုံစိုက်ပြီး နားထောင်ပေးဖို့လည်း လိုပါတယ်။ ဒါမှသာ သူတို့
ခံစားနေရတာတွေ၊ သူတို့ အခက်အခဲတွေကို သိလာပြီး နားလည်ပေးလာနိုင်မှာပါ။
ဒီလိုမှမဟုတ်ဘဲ ဖုန်း၊ ကွန်ပျူတာ၊ တီဗီကိုပဲ ကြည့်နေပြီး ကလေး ပြော တာ
ဘာမှသေသေချာချာမကြားလိုက်ဘဲ အင်းပဲ လိုက်နေတာမျိုးက ကလေးအတွက်မကောင်းပါဘူး။
၁၁။ ကလေးကို ဖုန်းအကြာကြီး ကြည့်ခွင့်ပေးတာ။
ဒါကတော့
ဒီနေ့ခေတ်မှာ ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ကလေးငြိမ်နေရင် ပြီးရော ဆိုပြီး
ဖုန်းကိုနာရီတွေနဲ့ချီပေး ကြည့်ထားတာမျိုးဟာ ကလေးအတွက် မကောင်းပါဘူး။ ကလေးက
တောင်းဆိုလာတိုင်း ဖုန်းပေးကြည့်တာ ဟာလည်း အလိုလိုက်တာပါပဲ။
ဖုန်းအလွန်အကျွံ ကြည့်တာဟာ ကလေးရဲ့ကျန်းမာရေးအတွက် လုံးဝမ ကောင်း လို့
ဖုန်းကြည့်ချိန်ကို အတိအကျ ကန့်သတ်ပေးထားသင့်ပါတယ်။
မိတ်ဆွေများ သားသမီးများကိုမှန်ကန်စွာအကောင်းဆုံးလေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ဒီနေ့ "သားသမီးပြုစုပျိုးထောင်ရာတွင် မိဘတို့ လုပ်မိလေ့ရှိသည့် အမှားများ" အကြောင်းကို Food for Thought 845 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment