ဒီနေ့
ကလေးတွေကို မလိမ်မညာမှန်တာကိုပြောတတ်အောင် သင်ပေးရမဲ့အစားမိဘများက သူတို့
အတွက်ကလေးတွေကို လိမ်ညာခိုင်းနေသလိုမျိုးဖြစ်အောင် လုပ်နေတဲ့
ဖြစ်ရပ်တွေရှိနေကြောင်း၊ အဲဒါမျိုးတွေမရှိအောင်ရှောင်ရှားနိုင်စေရန်
“မေမေမရှိဘူးလို့ပြောလိုက်” ဆိုတဲ့ဖြစ်ရပ်လေးကို Food for Thought 853
အဖြစ်မျှဝေလိုက်ပါတယ်။
မေမေမရှိဘူးလို့ပြောလိုက်
မိဘတွေဆိုတာ
သားသမီးတွေကို နမူနာကောင်းတွေပေးရန် အလွန်အရေးကြီးပါတယ်။ ဥပမာလိမ်ပြော တာ
ညာပြောတာမနှစ်သက်ဘူးဆိုရင် ကလေးတွေကိုလည်းလိမ်ညာမပြောရန် သင်ပေးဖို့
လိုအပ်ပါ တယ်။ မှန်တာ ကိုပြောတာကိုလည်း အားပေးရန်လိုအပ်ပါတယ်။
စကားကိုညင်ညင်သာသာပြောတာ နှစ်သက်ရင် ကလေးတွေကို ပြောတဲ့အခါ
ညင်ညင်သာသာပြောရန် လိုအပ်ပါတယ်။ ကလေးကစကား ပြောတာကျယ်တဲ့အတွက်
စကားကိုတိုးတိုးသာသာပြောရန် အသံအကျယ်ကြီးအော်ဟောက်ပြောပြီးဟန့်တားတဲ့
လူမျိုးတွေကိုတွေ့ဘူးပါတယ်။ အောက်ပါဖြစ်ရပ်လေးကိလေ့လာကြည့်ပါ။
တစ်ခါကမိခင်တစ်ယောက်က
အလုပ်မှပြန်လာပြီးမောတဲ့အတွက် အနားယူနေပါတယ်။အဲဒီအချိန်မှာ တယ်လီ
ဖုန်းသံကိုကြားရတော့ မိခင်က သမီးငယ်လေးကို တယ်လီဖုန်းသွားကိုင်ရန်
ပြောလိုက်ပါတယ်။ ပြီးတော့ သမီးလေးကိုလည်းမှာလိုက်ပါသေးတယ်။ တကယ်လို့
တယ်လီဖုန်းဆက်သူက မေမေရှိလား လို့မေးရင်
မေမေမရှိဘူးလို့ပြောလိုက်လို့လည်းမှာ လိုက်ပါတယ်။
သမီးလေးကတယ်လီဖုန်းကောက်ကိုင်လိုက်ပြီးဟယ်လိုလို့ပြောလိုက်တဲ့အချိန်မှာ
အခြားတစ်ဘက်မှ တယ်လီဖုန်း ဆက်နေသူက ကလေးအသံမှန်းသိတဲ့အတွက် “သမီးရေ
မေမေရှိလား” လို့မေးလိုက်ပါတယ်။ ဒီတော့ကလေးက
အောက်ပါအတိုင်းပြန်ဖြေလိုက်ပါတယ်။ “မေမေကပြောထားပါတယ်။ မေမေမရှိဘူးလို့
ဖြေလိုက်လို့မှာထားပါတယ်” လို့ပြန်ဖြေလိုက်ပါတယ်။
တစ်ဘက်မှတယ်လီဖုန်းဆက်နေသူက အခြေအနေကို
သိသွားတဲ့အတွက်တယ်လီဖုန်းကိုချသွားပါတယ်။
မိခင်ကသမီးလေးပြန်ဖြေတာကိုကြားတဲ့အတွက်
သမီးကို “အဲဒီလိုမပြောရဘူး" လို့ သင်ပေးပြန်ပါတယ်။ "သမီးကအဲဒီလို
ပြန်ဖြေလိုက်တော့မေမေကမကောင်းတော့ဘူးပေါ့။
မေမေအိမ်မှာရှိနေပေမဲ့မရှိဘူးလို့ ပြန်ဖြေ လိုက်တော့ မကောင်းဘူးပေါ့”
လို့ကလေးကိုသင်ပေးပါသတဲ့။ အဲဒီတော့သမီးလေးက “သမီးက
မေမေပြောတဲ့အတိုင်းပြောလိုက်တာပါ”လို့ပြန်ပြောတဲ့အခါ
“မေမေပြောလိုက်တာကိုသမီးသိအောင်သာ ပြောတာ။
မေမေမရှိဘူးလို့သမီးကဖြေရင်ပြီးတာပေါ့။ အခုတော့ မေမေကပြောပါတယ်။
မေမေမရှိဘူး တဲ့ ဆိုတော့ မေမေက လိမ်ညာနေတာသိသွားတာပေါ” လို့ပြောပါတယ်။
မိခင်ကအဲဒီလိုပြောနေတဲ့အခါ သမီးလေးက
“မေမေကရှိနေပါလျက်မရှိဘူးလို့ပြောတာကကော သမီးကလိမ်ညာပြောရာမရောက်ဘူးလား”
လို့ မိခင်ကိုပြန်မေးပါသတဲ့။ ဒီတော့မိခင်က ဘာပြန်ပြောရမှန်းမသိအောင်
ဖြစ်သွားပါတော့တယ်။
အခုဖြစ်ရပ်မှာမိခင်က
အနားယူချင်တဲ့အတွက် ကလေးကိုအလိမ်အညာခိုင်းတာဖြစ်ပါတယ်။ ကလေး တွေ ဆိုတာ
မိခင်ကမှာထားတဲ့အတိုင်းပြန်ပြောတတ်ကြပါတယ်။
မိတ်ဆွေများ ကလေးတွေကို လိမ်ညာမပြောအောင်၊ မှန်တာကိုပြောတတ်အောင် နမူနာကောင်းပြသင် ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်ဒီနေ့

ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Saturday, December 21, 2024
“မေမေမရှိဘူးလို့ပြောလိုက်” ဆိုတဲ့ဖြစ်ရပ်လေးကို Food for Thought 853
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment