Saturday, December 21, 2024

ထူးခြားထက်မြက်တဲ့လူတစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ပေးနိုင်တဲ့ဆရာမ Food for Thought 854

 ဒီနေ့မှာ “ထူးခြားထက်မြက်တဲ့လူတစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ပေးနိုင်တဲ့ဆရာမ” တစ်ယောက် အကြောင်းကို Food for Thought 854 အဖြစ်မျှဝေလိုက်ပါတယ်။

ထူးခြားထက်မြက်တဲ့လူတစ်ယောက်ဖြစ်အောင် လေ့ကျင့်သင်ပေးနိုင်တဲ့ဆရာမ

ပဉ္မတန်းရှေ့မှာရပ်နေရင်း ပထမနေ့မှာဆရာမက မမှန်တာတစ်ခုကို ပြောလိုက်ပါ တယ်။ အခြား ဆရာအများစုလိုပင် ဆရာက သွန်မဆင်ကကလေးတွေကိုကြည့် ရင်း “သူက ကလေးတွေအားလုံးကို အတူတူချစ်ကြောင်း” ပြောလိုက်ပါတယ်။ ဆရာမကအဲဒီလိုပြောလိုက်တာမဖြစ်နိုင်ပါ။ ဘာကြောင့် လဲဆိုတော့ ရှေ့ဘက် ထိုင်ခုံတန်းမှာ တက်ဒီလို့ ခေါ်တဲ့ကလေးတစ်ယောက်ရှိနေတဲ့အတွက်ဖြစ်ပါ တယ်။

ဆရာမသွန်မဆင်ဟာတက်ဒီကို အရင်နှစ်ကတည်းကစောင့်ကြည့်နေခဲ့ပါတယ်။ သူက အခြားကလေး တွေနှင့်လည်းကောင်းကောင်းမကစားပါ။ သူ့အဝတ်တွေကလည်း ညစ်ပေနေတတ်ပြီးသူ့ကြည့်ရတာ ရေချိုးရန်လိုအပ်နေပါတယ်။ ဒါ့အပြင်တက်ဒီအနေဖြင့် နေထိုင်ရတာမကောင်းသလိုအမူအရာလည်း ပြတတ်ပါတယ်။ အဲဒီအခြေအနေတွေကြောင့် ဆရာမသွန်မဆင်ဟာတက်ဒီရဲ့စာရွက်ကိုယူလိုက်ခါ မင်အနီရောင်ဖြင့် ကြက်ခြေခပ်အကြီးကြီးကိုရေးလိုက်ပြီး စာရွက် ထိပ်ပိုင်းမှာ ကျရှုံးတယ် ဆိုတဲ့စကား F ကိုရေးပေးလိုက်ပါတယ်။

ဆရာမသွန်မဆင်အလုပ်လုပ်တဲ့ကျောင်းမှာဆိုရင် ကျောင်းသားတစ်ယောက်ချင်းရဲ့အရင်က ပညာ သင်ယူခဲ့မှုမှတ်တမ်းတွေကိုလေ့လာရန် လိုအပ်ပါတယ်။ ဆရာမက တက်ဒီရဲ့ ပညာသင်ယူမှုမှတ်တမ်း တွေကိုလေ့လာရန် နောက်ဆုံးမှာထားလိုက်ပါတယ်။ ဒါပေမဲ့ တက်ဒီရဲ့ ပညာသင်ယူမှုမှတ်တမ်းတွေကို ပြန်လည်လေ့လာတဲ့အခါ အံ့အား သင့်စရာတွေ့လာခဲ့ပါတယ်။

တက်ဒီရဲ့ပထမတန်းဆရာကအောက်ပါအတိုင်းသဘောထားမှတ်ချက်ပေးခဲ့ပါတယ်။ “တက်ဒီဟာဉာဏ် ထက်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ ရယ်ရယ်မောမော ပျော်ရွှင်စွာလည်းနေ တတ်ပါတယ်။ သူကအလုပ်တွေကိုသေသေသပ်သပ် လုပ်တတ်ပြီးကောင်းတဲ့အမူအကျင့်လည်းရှိ ပါတယ်။ ဒါကြောင့် တက်ဒီအနားမှာရှိနေရင် ပျော်စ ရာကောင်းပါတယ်” လို့ရေးထားပါတယ်။

ဒုတိယတန်းဆရာကလည်းတက်ဒီနှင့် ပတ်သက်ပြီးအောက်ပါအတိုင်းသဘော ထားမှတ်ချက်ရေးထား ပါတယ်။ “တက်ဒီဟာအလွန်ထက်မြက်တဲ့ကလေး တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုအတန်းသားတွေက နှစ်သက်သဘောကျပါတယ်။ ဒါပေမဲ့သူ့မိခင်ကနာတာရှည်ရောဂါခံစားနေရသူဖြစ်နေတဲ့အတွက် တက် ဒီမှာ အခက်အခဲတွေရှိ နေပါတယ်။ သူ့အိမ်အခြေအနေမှာ ရုန်းကန်နေရတဲ့အနေ အထားဖြစ်ပါတယ်” လို့ရေးခဲ့ပါတယ်။

တတိယတန်းဆရာကလည်း တက်ဒီနဲ့ပတ်သက်လို့ သဘောထားမှတ်ချက်ကို အောက်ပါအတိုင်းရေးခဲ့ပါ တယ်။ “ တက်ဒီရဲ့မိခင် သေဆုံးသွားမှုက တက်ဒီအတွက် အလွန်စိတ်ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ တက်ဒီက အကောင်းဆုံးကြိုးစား ရင်ဆိုင်ပါတယ်။ ဒါပေမဲ့ သူ့ဖခင်က တက်ဒီပညာရေးနဲ့ ပတ်သက်ရင် များများ စိတ်မဝင်စား ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ လုပ်ဆောင်မှုတွေမလုပ်ရင် တက်ဒီဟာ သူ့မိသားစု ဘ၀အနေအထားကြောင့် သူ့ပညာသင်ကြားရေးအပေါ် ဆိုးတဲ့သက်ရောက်မှုရှိ လာပါလိမ့် မယ်။” လို့ရေးထားပါတယ်။

တက်ဒီရဲ့စတုတ္ထတန်းဆရာကလည်း တက်ဒီနဲ့ပတ်သက်လို့သဘောထားမှတ်ချက် ကိုအောက်ပါအတိုင်း ရေးခဲ့ပါတယ်။ “တက်ဒီဟာပေါင်းသင်းဆက်ဆံတဲ့အခါ တွန့်ဆုတ်တဲ့ အနေအထားရှိပါတယ်။ ကျောင်း မှာပညာသင်တဲ့လုပ်ငန်းကိုလည်း များများစိတ်ဝင်စားမှုမပြပါဘူး။ အတန်းထဲမှာသူငယ်ချင်းလည်း များ များမရှိပါဘူး။ တစ်ခါ တစ်ရံ အတန်းထဲမှအိပ်ငိုက် နေတတ်ပါတယ်” လို့ရေးထားပါတယ်။

ဆရာမသွန်မဆင်မှာ တက်ဒီရဲ့ အရင်ကဆရာများရဲ့ သဘောထားမှတ်ချက်များကို လေ့လာလိုက်တော့ တက်ဒီတွေ့နေရတဲ့အခက်အခဲပြဿနာကိုသဘော ပေါက် နားလည်လာပြီး မိမိစိတ်ထဲမှာ ဖြစ်နေမိတာ တွေအတွက် ရှက်မိပါတယ်။

သူ့တပည့် တွေက ခရစ္စ်မတ်လက်ဆောင်လေးတွေယူလာတဲ့အခါ ပိုတောင်စိတ်မကောင်းဖြစ်ခဲ့ ရပါတယ်။ လက်ဆောင်လေးတွေမှာ တက်ဒီရဲ့ လက်ဆောင်မှလွဲပြီး အခြား လက်ဆောင်တွေကိုအရောင် တောက်တောက် လှပတဲ့စာရွက်လေးတွေဖြင့် ထုပ်ထားကြပါတယ်။ တက်ဒီရဲ့လက်ဆောင်ကတော့ စာရွက်အညိုရောင်ထပ်ထူထူဖြင့် ထုပ်ထားပါတယ်။ အဲဒီ စာရွက်မှာ ဈေးဆိုင်တွေမှ ဝယ်တဲ့ပစ္စည်းကို ထုပ်ပေးတဲ့စာရွက်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဆရာမ သွမ်ဆင်ဟာ တက်ဒီပေးတဲ့လက်ဆောင်ကို အများပေးတဲ့ လက်ဆောင်တွေရှေ့မှာဖွင့် ကြည့်ရ မှာစိတ်ထဲမှာ နာကျင် နေမိပါတယ်။ ဒါပေမဲ့အများရှေ့မှာပင် ဖွင့်ကြည့်လိုက်ပါတယ်။ အထဲမှစိန် အတုဖြင့် ပြုလုပ်ထား တဲ့လည်ဆွဲထွက်လာတဲ့အခါ မြင်တဲ့ကလေးတွေက ရယ်မောလှောင်ပြောင် ကြပါတယ်။ အဲဒီအထဲမှာ စိန်အတု ကျောက်တုံးတစ်ချို့မှာ ပြုတ်ထွက်နေပါ သေးတယ်။ နောက်ပါတာတစ်ခုကတော့ ပုလင်းရဲ့ လေးပုံတစ်ပုံ လောက်သာ ပြည့်နေတဲ့ရေမွှေး ပုလင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ဆရာမသွန်မ်ဆင်က အခြားကလေးတွေလှောင်ပြီးရယ်မောနေတာကို အာရုံ ပြောင်းသွားစေရန် အတွက် တက်ဒီပေးတဲ့ လက် ဆောင်လေးကို ကြည့်လိုက်ပြီး “ အိုး လှလိုက်တဲ့ လည်ဆွဲလေး လို့ပြောရင်းလည်ဆွဲကို သူ့လည် ပင်းမှာ ဝတ်ဆင်လိုက်ပါတယ်။ ပြီးတော့ တက်ဒီပေးတဲ့ ရေမွှေးကိုလည်း သူ့ လက်ကောက်ဝတ်မှာ စွတ်လိုက်ပါတယ်။

အဲဒီနေ့ကတက်ဒီဟာ ညနေဘက်အိမ်ပြန်တဲ့အခါ အနည်းငယ်နောက်ကျပြီးမှ ပြန်ပါ တယ်။ အိမ်မပြန်မှီ “ဆရာမ ရေ။ ဒီနေ့ဆရာမက မေမေလို မွှေးတဲ့အမွှေးနဲ့ကို ဆရာမထံမှရပါတယ်”လို့ ပြောသွားပါတယ်။

ကလေးတွေပြန်သွားတဲ့အခါ ဆရာမသွမ်ဆင်ဟာအနည်းဆုံးတစ်နာရီလောက်ငို ပါတယ်။ အဲဒီနေ့က စပြီးဆရာမသွန်မ်ဆင်ဟာကလေးတွေကိုစာဖတ်၊စာရေး၊ သင်္ချာတွေကိုမသင် တော့ပါ။ ဆရာမက ကလေးတွေကိုအလေးထားသင်ပါတော့တယ်။ ဆရာမသွမ်ဆင်က အထူးသဖြင့် တက်ဒီကို အလေး ထားလေ့လာ သင်ပါတယ်။ အဲဒီလို အလေးထား သင်လာတဲ့အတွက် တက်ဒီဟာပိုသက် ဝင်တက်ကြွ လာပါတယ်။ ဆရာမက သူ့ကို အားပေးလေလေ သူက ပိုလျင်မြန်စွာတုံ့ပြန်လာ လေလေဖြစ် ပါတယ်။ နှစ်ကုန်တဲ့အခါမှာ တက်ဒီမှာ အတန်းထဲမှာ စမတ်အကျ ဆုံးကျောင်းသား တွေထဲမှ စမတ်အကျဆုံး ဖြစ်လာခဲ့ပါတယ်။ ဆရာမသွန်ဆင်က အတန်းထဲမှာရှိတဲ့ကလေး တွေအားလုံးကို တန်းတူချစ်ပါတယ်လို့ မမှန်တာပြောခဲ့ ပေမဲ့ တက်ဒီဟာ ဆရာမချစ်ခင်လေးစား တဲ့ ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပါ တယ်။

တစ်နှစ်အကြာမှာတက်ဒီထံမှာမှတ်စုတိုလေးတစ်ခုကို သူ့အိမ်တံခါးအောက်ဘက်နားမှာ တွေ့လိုက် ပါတယ်။ စာမှာဖော်ပြထားတာကတော့ “ဆရာမဟာသူ့ဘဝတစ် လျောက် တွေ့ဘူးတဲ့ ဆရာတွေထဲမှာ အကောင်းဆုံးဆရာမဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

နောက်ထပ် (၆) နှစ်ကြာတဲ့အချိန်မှာ တက်ဒီထံမှ စာတိုလေးတစ်ခုကို ဆရာမ သွမ်ဆင်က ထပ်မံလက်ခံရပြန်ပါတယ်။ အဲဒီစာထဲမှာတော့ “သူဟာအထက် တန်းကျောင်းကို ပြီးပြီဖြစ် ကြောင်း၊ အတန်းထဲမှာ တတိယအဆင့်မှအောင်မြင်ကြောင်းဖော်ပြထားပါတယ်။ ဆရာမသွမ်ဆင်ဟာ သူ့ဘဝ တစ်လျောက်တွေ့ဘူးတဲ့ဆရာတွေထဲမှာ အကောင်းဆုံးဆရာမဖြစ်ကြောင်း”လည်းဖော်ပြထားပါတယ်။

နောက်ထပ် (၄) နှစ်ကြာတဲ့အခါမှ ဆရာမသွမ်ဆင်ဟာ တက်ဒီထံမှာစာတစ်စောင်ထပ်ရပြန်ပါတယ်။ အဲဒီစာထဲမှာတော့ “သူ့ဘဝမှာ ခက်ခဲတာတွေကြုံနေပေမဲ့ သူဟာကျောင်းကို ဆက်လက်တက်နေ ကြောင်း၊မကြာတော့တဲ့အချိန်မှာ ကောလိပ်မှအမြင့်ဆုံးဂုဏ်ထူးဖြင့် အောင်မြင်ပြီးမြောက်တော့မှာ ဖြစ်ကြောင်း” ပါပါတယ်။ “တစ်ချိန်တည်းမှာပင် ဆရာမ သွမ်ဆင်ဟာ သူ့ ဘဝတစ်လျောက် တွေ့ဘူး သမျှဆရာများတွင် အကောင်းဆုံးဆရာဖြစ်ကြောင်း” အသိအမှတ်ပြုတဲ့စာလည်းပါပါတယ်။

နောက်ထပ်လေးနှစ်ကြာတဲ့အခါ တက်ဒီထံမှ စာတစ်စောင်ထပ်ရောက်လာပြန်ပါတယ်။ အဲဒီစာထဲ မှာတော့ သူဟာ “ဝိဇ္ဖာဘွဲ့ကိုရပြီဖြစ်ကြောင်း၊ ဒီထက်ဆက်လက်ပညာသင်ရန် ဆုံးဖြတ်ထား ကြောင်း ပါပါတယ်။ တစ်ချိန်တည်းမှာပင် ဆရာမ သွမ်ဆင်ဟာ သူ့ ဘဝတစ်လျောက်တွေ့ဘူး သမျှဆရာများတွင် အကောင်းဆုံး ဆရာဖြစ်ကြောင်း” အသိအမှတ်ပြုတဲ့ စာလည်းပါပါတယ်။ ဒီအချိန်မှာ သူ့အမည်မှာ အနည်းငယ်ရှည်လာပါတယ်။Theodore F. Stoddard, MD. လို့ လက်မှတ်ရေးထိုး ထားပါတယ်။

ဖြစ်ရပ်လေးကအဲဒီမှာပင်အဆုံးသတ်မသွားသေးပါဘူး။ ဆောင်းဦးပေါက်ရောက်တဲ့ အခါ တက်ဒီထံမှ နောက်စာတစ်စောင် ရောက်လာပြန်ပါတယ်။ အဲဒီစာထဲမှာတော့ “တက်ဒီက သူချစ်တဲ့မိန်းကလေး တစ်ယောက်ကိုတွေ့ပြီး လက်ထပ်ရန်ဆုံးဖြတ်ထား ကြောင်းပါပါတယ်။ သူ့ဖခင်မှာ လွန်ခဲ့တဲ့ (၂) နှစ် လောက်ကဆုံးသွားသဖြင့် လက်ထပ်ပွဲမှာ သူ့ မိခင်နေရာတွင် ဆရာမသွမ်ဆင်အနေဖြင့် ထိုင်ပြီးသူ့ကို ချီးမြှောက်ပေးဖို့သဘောတူလိမ့်မယ်လို့ ယုံကြည် ကြောင်း”သူ့စာမှာပါပါတယ်။ ဆရာမ သွမ်ဆင်ကလည်း တက်ဒီပြောတာကို သဘောတူပါတယ်။

မင်္ဂလာပွဲနေ့မှာ ဆရာမသွမ်ဆင်က တက်ဒီငယ်စဉ်က ပေးထားတဲ့ခရစ္စမတ်လက်ဆောင် စိန်အတု လည်စွဲကိုဝတ်ဆင်ပါတယ်။ စိန်တုတစ်ချို့ပြုတ်နေတာကို ပြုတ်နေတဲ့အတိုင်းပင် ထားပါတယ်။ တက်ဒီအနေဖြင့် သူ့မိခင်ကို ပြန်လည်သတိရစေရန် တက်ဒီ ပေးထားတဲ့ ရေမွှေးကို လည်းစွတ်သွားပါတယ်။

ဆရာမသွမ်ဆင်နှင့် တက်စီတို့ဟာ တွေ့တဲ့အခါ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်စွာပွေ့ဖက်ကြ ပါတယ်။ တက်ဒီကဆရာမနားနားမှာကပ်ပြီး တိုးတိုးလေးလေ သံဖြင့် “ဆရာမကို ကျေးဇူးတင်ပါတယ်။ သားကို ယုံကြည်ခဲ့တဲ့အတွက် ဆရာမကို ကျေဇူးတင်ပါတယ်။ သားဟာအရေးပါတဲ့လူတစ်ယောက် ဖြစ်တယ်လို့ခံစားရအောင်၊ အခုလို ထူးခြားတဲ့လူ တစ်ယောက်ဖြစ်လာအောင်လေ့ကျင့် ပေးခဲ့တဲ့အတွက် ဆရာမကိုကျေးဇူးတင်ပါတယ်” လို့ပြောလိုက်ပါတယ်။
ဆရာမသွမ်ဆင်မှာ မျက်ရည်များပြည့်နေတဲ့မျက်လုံးများဖြင့် တိုးတိုးလေး တက်ဒီကိုပြန်ပြော လိုက် ပါတယ်။ “သားတက်ဒီ။ သားပြောတာကမှားနေပါတယ်။ ဆရာမက ခြားနားမှုဖြစ်အောင် လုပ်နိုင်ကြောင်း အမှန်တကယ်သင်ပေးတာက သားဖြစ်ပါတယ်။ ဆရာမအနေဖြင့် သားကိုမတွေ့မီကအထိ ဘယ်လိုသင်ရမှန်း မသိခဲ့ပါဘူး” လို့ ပြောလိုက်ပါတယ်။

မိတ်ဆွေဆရာများအနေဖြင့် တပည့်များကို နားလည်အောင်အလေးထားလေ့လာပြီး အကောင်းဆုံးတိုးတက်အောင် လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...