ဒီလိပ်ကလေးနဲ့ကလေးမလေးရဲ့ဖြစ်ရပ်လေးက
ကလေးတွေကို သူတို့ပျော်တဲ့ပတ်ဝန်းကျင်မှာချစ်ခင်စွာ လေ့ ကျင့် ပေးရန်
လိုအပ်ကြောင်းကို သိပ်ပေါ်လွင်စေတဲ့အတွက် အရင်ကမျှဝေခဲပြီးဖြစ်ပေမဲ့ Food
for Thought 855 အဖြစ်နောက်တစ်ကြိမ်ထပ်မံမျှဝေလိုက်ပါတယ်။
တစ်ခါက
သားအဖနှစ်ယောက် ပင်လယ်ကမ်းစပ်မှာ အတူလမ်းလျောက်နေကြပါတယ်။ အဲဒီလို
လမ်းလျောက် နေစဉ် ပင်လယ်ကမ်းစပ်မှာ လိပ်ကလေး
တစ်ကောင်လမ်းလျောက်နေတာကိုသမီးလေးက တွေ့ပါတယ်။ သမီး လေးကစိတ်ဝင်စားပြီး
လိပ်ကလေးကို ကိုင်ကြည့်ခြင်တဲ့အကြောင်းသူ့ဖခင်ကိုပြောပါတယ်။ ဖခင်ကလည်း
ကလေးသဘာ၀ စူးစမ်းချင်တာကို နားလည်ပြီးဘေး အန္တရာယ်မဖြစ်စေနိုင်တဲ့အတွက်
သမီးလေးပြောတာကို ခွင့်ပြုပြီးလိပ်ကလေးကို ကိုင်ကြည့်ခွင့်ပေးလိုက်ပါတယ်။
ဖခင်ကခွင့်ပြုတဲ့အတွက်သမီးလေးကသိပ်ပျော်သွားပြီး ကမ်းစပ်မှာထခုန်ပါတယ်။
ကလေးက
လိပ်ကလေးကိုကိုင်ပြီး သူ့လက်လေးပေါ်တင်ကြည့်လိုက်ပါတယ်။ ရုတ်တရက်
သူ့ကိုကောက် ကိုင် လိုက်တဲ့အတွက် သူ့ခြေတွေကသဲပြင်နဲ့လွတ်သွားတဲ့အတွက်
လိပ်ကလေးက လန့်သွားပြီး ငြိမ်သွားပါတယ်။ ဘာဖြစ်တာလဲဆိုတာ အကဲခပ်နေပါတယ်။
ကလေးကလိပ်ကလေးကိုသာသာလေးကိုင်ထားတော့ ခဏအကြာ မှာ လိပ်ကလေးက
သူ့ပုံမှန်အတိုင်း ခေါင်း ကလေးပြူပြီး အပြင်ကိုကြည့်နေပါတယ်။
မျက်လုံးလေးနှစ်လုံးက လည်း ဟိုကြည့်ဒီကြည့်လုပ်ရင်းလှုပ်ပြီး အ
ရောင်လေးကတောက်ပနေပါတယ်။ လျှာလေးကလည်း ပြူတစ် ပြူတစ် ထုတ်လိုက်
ပြန်ဝင်သွားလိုက် ဖြစ်နေပါ တယ်။
လိပ်ကလေးရဲ့ဦးခေါင်းပိုင်းက
လှုပ်ရှားပြီးနေတဲ့အတွက် ကလေးက လိပ်ကလေးဦးခေါင်းကိုစိတ်ဝင်စား ပြီး သူ့
လက်ကလေးနဲ့သာသာလေးတို့ကြည့်လိုက်ပါတယ်။ သာသာလေးတို့ကြည့်
လိုက်တော့လိပ်ကလေးက သူ့ခေါင်း လေးကို မလှုပ်တော့ဘဲငြိမ်သွားပါတယ်။
ဒီတော့ကလေးက လိပ်ကလေးခေါင်းလေးကို ချစ်လို့ ထပ်တို့ ကြည့် ပြန်ပါတယ်။
ထပ်တို့ကြည့် လိုက်တိုင်း လိပ်ကလေးက သူ့ခေါင်းလေးကို သူ့ကိုယ်လုံး ထဲပိုပု
ဝင်သွားပါ တယ်။ နောက်တော့ ခေါင်းလေးကို မထွက်ရဲတော့ဘဲ
သူ့ကိုယ်လုံးထဲမှာသာထားပါတော့တယ်။
ဒီတော့ကလေးကလိပ်ကလေးခေါင်းပေါ်ထွက်ပြီး
လျာလေးတလှုပ်လှုပ်နဲ့ ဟိုကြည့်ဒီကြည့်လုပ်တာကို တွေ့လို တဲ့အတွက်
လိပ်ကိုယ်လုံးထဲမှာထည့်ထားတဲ့လိပ်ခေါင်းလေးကို သူ့လက်ချောင်းလေးနဲ့
ထိုးကြည့်ပါတယ်။ ဒီ တော့ လိပ်ကလေးက ပိုကြောက်ပြီး ခေါင်းကို
သူ့ကိုယ်လုံးထဲပိုဝင်နေအောင်ထည့်ထားပါတယ်။ ဒီတော့ ကလေး မလေးက
လိပ်ခေါင်းလေးအပြင်ထွက်လာပြီး ဟိုကြည့်ဒီကြည့်ကြည့်နေတာကို
တွေ့ချင်တဲ့အတွက် အနီးအနား မှာရှိတဲ့တုတ်ချောင်းလေးတစ်ခုကိုကောက်ပြီး
လိပ်ကလေးဦးခေါင်းကို ထိုးပါတယ်။ ခေါင်းလေး ထွက်ခဲ့လို့ လည်း အော်ပြောပါတယ်။
ကလေးမလေးက လိပ်ကိုနာစေချင်တာမဟုတ်ပါ။ ခေါင်းကလေးပြူပြီး လျာလေး ထုတ်တာကို
တွေ့မြင်လိုတဲ့အတွက် တုတ်ဖြင့်ထိုးတာ၊ ပါးစပ်မှအော်တာဖြစ်ပါတယ်။ ဒါပေမဲ့
လိပ်အတွက် တုတ်နဲ့ထိုးတာနာတဲ့အတွက် လိပ်ကလေးက ခေါင်းကိုအပြင်မထုတ်ရဲ
တော့ပါ။အသံကလည်း ကျယ်တဲ့အတွက် လိပ်ကလန့်ပြီး ခေါင်းမထွက်ရဲတော့ပါ။
အဲဒီလို
ဖြစ်နေတာကို ဖခင်ကကြည့်နေရင်း သီမီးက လိပ်ကလေးကို ဘာကြောင့်
တုတ်နဲ့ထိုးတာလဲ လို့မေးကြည့် ပါတယ်။ ဒီတော့သမီးလေးက
လိပ်ကလေးခေါင်းလေးပြုထွက်ပြီးလျာလေးထုတ်နေတာကို တွေ့မြင်ချင်လို့ထိုး
ကြောင်းပြောတဲ့အခါ ဖခင်က တုတ်နဲ့ထိုးတော့
လိပ်ကလေးကကြောက်ပြီးသူ့ခေါင်းမထွက်ရဲတာဖြစ်ကြောင်း၊
သူ့ခေါင်းလေးထွက်လာစေချင်ရင် ဒီဇလုံထဲမှာပင်လယ်ရေတွေထည့်လိုက်ပါ။
ဖေဖေကလိပ်ကလေးကို ခဏ ကိုင်ထားပေးမယ်လို့ပြောလိုက်ပါတယ်။
ရေတွေထည့်ထားတဲ့ရေဇလုံကိုသမီးက ပြန်ယူလာတဲ့အခါ ကမ်း စပ်
သဲပြင်ပေါ်မှာရေဇလုံးကိုချထားခိုင်းပြီး
လိပ်ကလေးကိုသမီးအားပြန်ပေးလိုက်ပါတယ်။ သမီးက လိပ်က လေးကို
ရေဇလုံးထဲသာသာလေးချလိုက်ပါလို့ပြောလိုက်ပါတယ်။
သမီးလေးက
သူ့ဖခင်ပြောတဲ့အတိုင်း လိပ်ကလေးကို
ရေဇလုံးထဲသာသာလေးချလိုက်တဲ့အခါလိပ်ကလေးဟာ
သူ့သဘာဝပတ်ဝန်းကျင်ဖြစ်တဲ့ရေနဲ့ထိလိုက်တာနဲ့ ခေါင်းကလေးက ပြူထွက်လာပြီး
ရေထဲကူးသွားပါတော့ တယ်။ သမီးလေးက လိပ်ကလေးခေါင်းလေးပြုထွက်လာပြီး
ရေဇလုံထဲမှာ ကူးနေတာကိုကြည့်ရင်း သိပ်သ ဘောကျနေပါတယ်။ ပြီးတော့ ဖေဖေ သမီးက
ခေါင်းကလေးထွက်လာစေချင်လို့ လက်နဲ့ထိတော့၊ ထိုးတော့ ခေါင်းကမထွက်လာဘူး။
အခုကျတော့ ဘာမှမလုပ်ရဘဲ ခေါင်းလေးက ဘာကြောင့် ထွက်လာတာလဲ လို့ သူ့ဖခင်
ကိုမေးကြည့် လိုက်ပါတယ်။
ဒီတော့သူ့ဖခင်ကအောက်ပါအတိုင်း
သမီးလေးနားလည်အောင် ရှင်းပြပါတယ်။ သမီးလေးက လိပ်ကလေး
ခေါင်းလေးပြူလာပြီးလျာလေးထုတ်တာကို ကြည့်ချင်တဲ့အတွက် လက်နဲ့ထိုး၊
တုတ်နဲ့ထိုးတော့ လိပ်ကလေး ကကြောက်သွားတယ်၊ သမီးကတော့
သူ့ကိုနာစေချင်တာမဟုတ်ဘူး။ ကြောက်အောင်လုပ်နေတာလဲ မ ဟုတ် ဘူး။
လိပ်ကလေးပျော်ပြီး ခေါင်းလေးပြူ၊ လျာလေးလှုပ်နေတာကိုမြင်တွေ့ချင်တာ။
လိပ်ကလေးက သူ့ကိုလက် နဲ့ ထိုး၊ တုတ်နဲ့ထိုးလုပ်တော့ သူက ကြောက်ပြီး
အပြင်ကိုခေါင်ပြူမကြည့်ရဲတော့ဘူး။ သူ့ကိုလက်တုတ်တို့ဖြင့် ထိုးတဲ့အခါ
သူ့ကိုနာစေတဲ့အတွက် ကြောက်နေတာပေါ့။ ဒါကြောင့်လိပ်ကလေးကခေါင်းလေးပြုထွက်
မလာရဲ ဘူး။
ဒါပေမဲ့ သမီးက
လိပ်ကလေးကို သာသာ လေးရေထဲချလိုက်တော့ ချက်ခြင်း ခေါင်းလေးပြုထွက်လာပြီး
ရေထဲ ကူးသွားပါတယ်။ ရေဆိုတာ လိပ်ကလေး တို့ပျော်တဲ့သဘာဝဖြစ်ပါ တယ်။
သူပျော်တဲ့သဘာဝပတ်ဝန်း ကျင် ကိုဖန်တီးပေး လိုက်တော့ လိပ်ကလေးက ချက် ခြင်း
ခေါင်းလေးပြု၊ လျာလေးထုတ်ပြီး ရေမှာကူးသွားတာ ဖြစ် ပါတယ်လို့
ရှင်းပြလိုက်ပါတယ်။
သင်ခန်းစာ -
လိပ်ကလေးပျော်ပြီးခေါင်းလေးပြူ လျာလေးထုတ်လာစေချင်တဲ့စိတ်နဲ့လက်နဲ့ထိုး၊
တုတ်နဲ့ထိုး၊ အော်လိုက်တော့ လိပ်က ကြောက်လန့်ပြီး ခေါင်းမပြူရဲတော့ဘူး။
အလားတူပင်
ကလေးတွေကို ဆူတယ်၊အော် တယ်၊ ရိုက်တယ်၊ ထိုးတယ်ဆိုရင်
ခေါင်းမပြုရဲတဲ့လိပ်ကလေးလို အစွမ်းတွေထွက်မလာအောင် လုပ်ရာ ရောက် စေ
ပါတယ်။လိပ်ကလေးပျော်တဲ့သဘာဝမှာ လိပ်ကလေးကိုသာသာလေးထားလိုက်တော့ လိပ်ကလေး
ကခေါင်း ပြု လျာထုတ်ပြီးပျော်ပျော်ရွှင်ကူးသွားပါတယ်။
ကလေးတွေဆိုရင်လည်းသူတိုသဘာဝနှင့် ကိုက်တဲ့ပတ်ဝန်းကျင်
မှာနေစေပြီးးညင်ညင်သာသာချစ်ချစ်ခင်ခင်ကြင်ကြင်နာနာပြုစုစောင့်ရှောက်ပေးရင်အစွမ်း
ကုန် ဖွံ့ဖြိုးတိုးတက် လာ စေပါတယ်။
လိပ်ကလေးပျော်တဲ့သဘာဝရေနဲ့ထိတွေ့ခွင့်ပေးလိုက်တဲ့အခါ
လိပ်ကလေးခေါင်းပြုလျာထုတ်ပြီးပျော်ရွှင်စွာ ရေမှာ ကူးသလိုပင်
ကလေးတွေဆိုတာလည်းသူတို့ပျော်တဲ့ချစ်ခင်တန်ဖိုးထားပြီး
ကောင်းမွန်ချိုသာစွာပြောဆို တဲ့ ပတ်ဝန်းကျင်မှာဆိုရင်
ရွှင်လန်းတက်ကြွနေပြီးအစွမ်းအစတွေအကောင်းဆုံးပြသနိုင်စွမ်းရှိကြပါတယ်။
ဒါကြောင့်
ကလေးတွေမှာရှိတဲ့အစွမ်းအစတွေထွက်လာစေချင်ရင် ဆူတာအော်တာဟောက်တာရိုက်တာတွေ
မလုပ်ဖို့နဲ့ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ တန်ဖိုးထားပြီး
သူတို့ပျော်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်းဖြင့် သာ
ကလေးတို့အစွမ်းအစတွေအများဆုံးထွက်လာမှာဖြစ်ပါတယ်။
မိတ်ဆွေများ
လိပ်ကလေးရေမှာပျော်ရွှင်စွာကူးသွားသလိုကလေးတွေစိတ်မှာပျော်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်းဖြင့်
ကလေးတွေအစွမ်းကုန်ဖွံဖြိုးတိုး တက်ခွင့်ကို ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်ဒီလိပ်ကလေးနဲ့ကလေးမလေးရဲ့ဖြစ်ရပ်လေးက

ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Saturday, December 21, 2024
လေးတွေကို သူတို့ပျော်တဲ့ပတ်ဝန်းကျင်မှာချစ်ခင်စွာ လေ့ ကျင့် ပေးရန် လိုအပ်ကြောင်း Food for Thought 855
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment