Saturday, February 22, 2025

မြန်ပြည်က နှစ်100 တချို့ဘဝများ နန်းမေသဲအေး

 

မြန်ပြည်က နှစ်100 တချို့ဘဝများ
နန်းမေသဲအေး

လူ့ဘဝကို 10နှစ် တကြိမ် စီမံခွင့်ရှိရင်
သင် 9ကြိမ်တောင် အခွင့်အရေးအပြည့်မရှိပါ။

အသက် 0-20နှစ်အထိ
မိသားစု မိဘ စီမံသမျှ ခံကြရတာ
ဒီလိုနဲ့ ဘဝရဲ့ အခွင့်အရေး 2ကြိမ် က
ဘာမှန်းမသိလိုက်ကြဘူး

အသက်10-20-30နှစ် ကိုယ်ပိုင်ခံယူချက်မရှိရင်
ဘဝကသူများလက်ထဲရှိနေတုန်းပဲ
တချို့ မိဘအရိပ်အောက် ဘေဘီ လုပ်တုန်း ❌
တချို့ လုပ်ငန်းခွင်စတင် ရင်ဆိုင်ရင်း
လုပ်ငန်းပညာကို တတ်အောင်မသင်ယူပဲ
လုပ်ဖော်ကိုင်ဖက်ကသာ
တဘဝစာ အတူလက်တွဲရမယ့်သူတွေ
အောက်မေ့နေကြတုန်း❌
Smart ဖုန်းကိုင်ထားကြပြီး
ဘာနားကနေ smartဖြစ်အောင်နေရမှန်းမသိ💔
အသက်မွေး ပညာဆိုတာ
လက်မှတ်တခုမဟုတ်ဆိုတာမသိ
ဒီလိုနဲ့ 3ကြိမ်မြောက် ဘဝအခွင့်အရေးမရလိုက်။

အသက် 20-30-40နှစ်
တချို့သတိထားမိလာတာက
ကိုယ်တိုင်ဝင်‌ေငွရှာဖို့
အသက်မွေးပညာမလောက်တာ စသိလာတယ်
ပညာဆိုတာလည်း
အချိန်နဲ့ ပိုက်ဆံလိုတယ်ဆိုတာ သိလာကြတယ်။
ဒါပေမယ့် ငွေရှာဖို့ ပညာမလောက်၊
ဘာဖြစ်ချင်မှန်းမသိ ဘာဝါသနာပါလဲမသိ။

မိဘပေးတဲ့ အမွေဆိုတဲ့ ပညာဆိုတာကလည်း
ကိုယ်ပိုင်ခံယူချက် မပါ တွေး‌ေခါ်တတ်မှုမပါ
လူကြီးစကားနားထောင် လိမ်မာရင် ကောင်းတယ် ဆိုသော ဂျင်းထည့်ခံလာရတာ ကြာတော့
အလုပ်ထဲနေရင် အတွေအဆင့်တူ‌ေသာ
ဝန်ထမ်းအချင်းချင်းစကားနားထောင်
ပိုကောင်းအောင်လုပ်ဖို့ ပြောသူရန်သူပဲ
ပညာနည်း ခံစားမှုမထိန်းတတ်
ကျန်းမာစွာ နေထိုင်စားသောကါရမှန်မသိ
နေချင်သလို နေရင် ‌ဘဝအခွင့်အရေးတခါထပ်ရှုံး
ဘယ်အရွယ််မဆို ပညာရှာပါ မေတ္တာ သီလရှိပါ

မိသားစုဆီက
ကျောင်းတော်ကြီးဆီက
ရခဲ့ဖူးတဲ့ ပညာအ‌မှေထဲမှာ
Team work မပါ
Self discipline မပါ
AI Google ,coding မပါ
cognitive thinking မပါ
emotional and self regulation skill မပါ
စာအုပ် စာပေဖတ်တဲ့ အလေ့အကျင့်ပင်မပါ
သင်ယူလိုစိတ်မပါတဲ့ လူသားတွေအဖြစ်
မိမိဘဝကို ပြင်ခွင့် အခွင့်အရေး 4ကြိမ်ဆုံးရှုံးသွားပြီ
ဘယ်အရွယ််မဆို ပညာရှာပါ မေတ္တာ သီလရှိပါ

အသက်40-50-60နှစ် ဘဝရပ်တည်ဖို့ ခက်တုန်း
ဘယ်မြို့ ဘယ်ရွှာမှ တယောက်ထဲ
မသွားဖူး မရောက်ဖူး မသွားရဲ မနေရဲ
ငယ် ကတည်က ဘာမှ ကိုယ်တိုင်မဆုံးဖြတ်ရဲ
မမှားရဲ အမှန်လဲ မလုပ်ရဲ
သူများမျက်နှာကြည့်နေရတဲ့ ဘဝမှာ
သက်ကြီးရွယ်အို ဆက်ဘဝရှင်သန်ကြအုန်းမလား
ကိုယ့်မိဘကို ဘာမှ မစောင့်ရှောက်ကြပဲ
သားသမီးရှိကြီးရင်
ကိုယ့်လူအိုဘဝကို စောင့်ရှောက်မယ်ထင်ကြတယ်
ဘယ်အရွယ််မဆို ပညာရှာပါ မေတ္တာ သီလရှိပါ

အသက် 60-70-80ထိ
သူများက ဖန်းတီးပေးမယ့်
ကျေနပ်ပျော်ရွှင်မှုပဲ တောင်းတတုန်း
မိမိကိုယ်တိုင်အပေါ် ဘယ်လိုစိတ်ထားရမလဲ
မိမိကျုယျကို ဘယျလို မတ်ေတာထားရမလဲ
ဘယ်ခေတ်မှာ ဘယ်လို ဘဝရပ်တည်ရမလဲ
မလေ့လာချင်သေးရင်တော့
လူ့ဘဝရဲ့ 8ကြိမ်မြောက် အခွင့်အရေး ဆုံးရှုံးမယ်
ဘယ်အရွယ််မဆို ပညာရှာပါ မေတ္တာ သီလရှိပါ

အသက် 80-90-100 အထိ အသက်ရှင်တယ်ထားပါ
ဘဝကို နောက်ဆုံး 10-20နှစ် ကို
တရားမသိ အားမရှိ သီလမေတ္တာပါ မရှိကြရင်
ဘယ်နကြိမ် လူဖြစ်လိုက် ငရဲထဲ ပြန်နေလိုက်နဲ့
သံသရာမှာ ဆက်နေဖြစ်ကြမလဲ

ပညာကို အသက် 10နှစ်က စရှာပါ
ကျန်းမာခြင်းကို အသက် 20က စတည်ဆောက်ပါ
ငွေကြေးကို အသက် 30က စတင်စုဆောင်းပါ
အသက် 50 ကျော် ဘယ်လို ဘဝရနေချင်လဲ
အသက် 50အောက် တည်ဆောက်ပါ

ဘယ်အရွယ််မဆို ပညာရှာပါ
မေတ္တာ သီလရှိပါ
ဘာဝနာတရားကသာ
သင့်ကို လွတ်မြောက်စေမှာပါ

နောက်ဆုံးတကြိမ် သေချင်းအတွက်
အတူကြိုးစားကြပါမယ်

အောင်မြင်ကြပါစေ

နန်းမေသဲအေးMay be an image of prairie gentian, baby's-breath and text that says 'SKC Nurture Children Discover Puterho Develop People သင့်ဘဝကောင်းဖို့ သင်ကောင်းပါ။ သင်ကောင်းဖို့ သင်ပြောင်းပါ။ နန်းဒမသဲအေး'

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...