Wednesday, February 26, 2025

ထိန်းချုပ်တဲ့နည်းကိုကျင့်သုံးတဲ့မိဘအုပ်ထိန်းသူများပြောတဲ့စကား (၅၀) Food for Thought 680 ဒေါက်တာသိန်းလွင်

 No photo description available.


ဒီနေ့မှာ သားသမီးများကို လေ့ကျင့်ပျိုးထောင်ပေးတဲ့အခါ သိပ်ထိန်းချုပ်တတ်တဲ့ မိဘအုပ်ထိန်းသူတွေ ပြောတတ်တဲ့စကား (၅၀) ကို Food for Thought 680 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

 

ထိန်းချုပ်တဲ့နည်းကိုကျင့်သုံးတဲ့မိဘအုပ်ထိန်းသူများပြောတဲ့စကား (၅၀)
ထိန်းချုပ်တဲ့နည်းကိုကျင့်သုံးတဲ့မိဘတွေဆိုတာ ရုပ်သေးရုပ်ကြိုးဆွဲသူလိုပင် ကလေးကိုရုပ်သေးရုပ် သဘော ထားပြီး သူကစေချင်သလို ကြိုးကိုင်လှုပ်ရှားစေပါတယ်။ မိသားစုဝင်တိုင်းရဲ့လုပ်ဆောင်မှုတွေ ဟာ ရုပ်သေးဆ ရာရဲ့ကြိုးဆွဲတဲ့အတိုင်း လှုပ်ရှားနေရပါတယ်။

အဲဒီလိုကျင့်သုံးတဲ့မိဘတွေဆိုတာ သူတို့ကိုယ်သူတို့ မိသားစုအတွင်းမှာအာဏာအရှိဆုံးလို့ယူဆပြီ တစ်ချက်လွှတ်အမိန့် တွေပေးတတ်ကြပါတယ်။ သူတို့ဟာအသိဆုံး၊ အကောင်းဆုံးသိတာသူတို့သာ ဖြစ်တယ်၊ ဒါကြောင့် သူတို့ပြောရင်အားလုံးဘာမှပြန်မမေးနဲ့နားထောင်တာကိုသာလိုလား တတ်ကြပါ တယ်။
ကလေးတစ်ယောက်ဘဝမှာ နေ့စဥ်ဝတ်တဲ့အဝတ်မှစပြီးဘယ်လိုသူငယ်ချင်းများနှင့်ပေါင်း ဆိုတဲ့ ဘယ် လိုဆုံးဖြတ် ချက်မျိုးမဆို မိဘရဲ့ဦးစားပေးမှုနှင့် စိတ်ဆန္ဒကိုသာရောင်ပြန်ဟပ်နေစေတဲ့မိဘမျိုးတွေတွေ့ ဘူးပါသလား။ အဲဒီ လိုမိဘမျိုးကိုစိတ်ကူးကြည့်လိုက်ပါ။ အဲဒီလို မိဘရဲ့ အုပ်ထိန်းမှုအောက်မှာနေ့စဥ် ကြီးပြင်းနေရတဲ့ကလေး တွေဘဝဟာ ဘယ်‌လောက်စိတ်ဖိစီးမှုတွေများလိုက်မလဲ။ အဲဒီကလေးမျိုး တွေမှာသူကိုယ်တိုင်လုပ်နိုင်ခွင့် ဘာမှ မရှိတဲ့အတွက် ကိုယ်ပိုင်စွမ်းဆောင်လုပ်ဆောင်နိုင်မှုတွေ ကင်းလာ စေပါတယ်။

အဲဒီမိဘတွေက ကလေးရဲ့အပြုအမူများနှင့် စိတ်ပိုင်းဆိုင်ရာများကို ထိန်းချုပ်ကြပါတယ်။ ကလေး အတွက်လို အပ် တဲ့ဆုံးဖြတ်ချက်မှန်သမျှကို သူတို့ကသာချမှတ်ပေးတတ်ကြပါတယ်။ ကလေးအတွက် နေ့စဥ်လိုက်နာလုပ် ဆောင်ရမဲ့လုပ်ငန်းအစီအစဥ်ကိုအလွန်တင်းကျပ်စွာချမှတ်ထားတတ်ကြပါတယ်။

ကလေးဘာကိုစိတ်ဝင်စား ရမယ်ဆိုတာကိုလည်းမိဘကသာဆုံးဖြတ်ပေးပါတယ်။ ကလေးအိမ်စာတွေ လုပ်တဲ့အခါမှာ လည်း အပေါ်ဘက် မှစီးကြည့်နေတာမျိုးပြုလုပ်တတ်ပါတယ်။ တစ်ချက်လေးမှား သွား ရင် မှားသွားပြီ ဒါလေးတောင်မလုပ်တတ် ဘူးလား စသဖြင့် အပြစ်တင်တတ်ပါတယ်။ ပါးစပ်ကသာ အပြစ်တင်တာအပြင် လက်ကလည်း ကလေးလက်၊ တင်ပါးကိုဖြတ်ကနည်းရိုက်လိုက်တတ် ကြပါ တယ်။ မိဘကဝတ်စေချင်တဲ့အဝတ်ကိုသာဝတ်ဆင်စေပါတယ်။

အဲဒီမိဘမျိုးတွေက ကလေးကို အော်ခြင်း၊ ဆူခြင်း၊ နာကျင်အောင်ရိုက်နှက်ခြင်းစတဲတာမျိုးတွေ ကိုသုံး ပြီး ကလေးကိုလေ့ကျင့်ပေးတတ်ကြပါတယ်။ သူတို့ဟာ လိုတာထက် ကလေးကိုအကာအကွယ် ပေးထားတတ် ကြပါတယ်။ ကလေးကိုအမျိုးမျိုးချုပ်ချယ်အနိုင်ယူတတ်ကြပါတယ်။

အောက်ဘက်မှာ အဲဒီလို ထိန်းချုပ်တတ်တဲ့မိဘတွေက သူတို့ကလေးတွေကိုပြောတတ်တဲ့စကား (၅၀) ကို တင်ပြထားပါတယ်။

ထိန်းချုပ်တဲ့နည်းကိုကျင့်သုံးတဲ့မိဘတွေက သူတို့ကလေးအတွက်ဆုံးဖြတ်စရာတွေကိုသူတိုကသာဆုံးဖြတ်ပေးကြပါတယ်။ ဒါကြောင့်အဲဒီလိုမိဘအုပ်ထိန်းမှုအောက်မှာကြီးပြင်းလာရတဲ့ကလေးတွေမှာ မိမိကိုယ်မိမိ လေးစား တန်ဖိုးထားမှုနိမ့်ကျအားနည်းကြပါတယ်။

၁။ ငါပြောနေတယ်။ ဒါကြောင့် လိုက်နာရမယ်။
၂။ မအေဆိုတာ အသိဆုံးဖြစ်တယ်။
၃။ နင်တို့ကြီးလာရင်သိလာလိမ့်မယ်။ အခုတော့ ငါပြောတာအတိုင်း လိုက်နာလုပ်ဆောင်ပါ။
၄။ နင်တို့အတွက်အကောင်းဆုံးက ဘာဆိုတာငါကသိတယ်။
၅။ နင်တို့ကိုနင်တို့သိတာထက် နင်တို့အကြောင်းငါကပိုသိတယ်။
၆။ ဒါကိုနားလည်ဖို့နင်က ငယ်ပါသေးတယ်။ ဒါကြောင့်ငါပြောတဲ့အတိုင်း လုပ်ပါ။
၇။ ငါကနင့်မိဘဖြစ်တယ်။ ငါ့အုပ်ထိန်းတဲ့အမိုးအောက်မှာနေတဲ့အချိန်မှာ ငါချမှတ်ထားတဲ့စည်းကမ်းကို သာလိုက်နာပါ။
၈။ ဒီကိစ္စမှာနင်ဘာမှဝင်မပြောနေနဲ့။ နင့်အတွက် ငါဆုံးဖြတ်ထားပြီးပြီ။
၉။ နင့်အတွက်ငါကတာဝန်ယူနေရတဲ့အချိန်မှာ ငါသတ်မှတ်ထားတဲ့စည်းကမ်းကိုသာလိုက်နာပါ။
၁၀။ ဒီဆုံးဖြတ်ချက်နင့်အတွက်လုပ်ပေးတာကို နောက်မှငါ့ကိုကျေးဇူးတင်လာလိမ့်မယ်။
၁၁။ ဒါလုပ်ခိုင်းတာနင်ကောင်းဖို့အတွက်ဖြစ်တယ်။ ဘာမှာလာမေးမနေပါနဲ့။
၁၂။ ငါကမိဘဖြစ်တယ်။ ဒါကြောင့် ငါပြောတယ်ဆိုရင်ပြောတဲ့အတိုင်းလုပ်ပါ။ ဘာမှာလာရှာမရှည်နဲ့။
၁၃။ ငါ့ကိုယ် ယုံပါ၊ ငါကနင့်ထက်ပိုသိပါတယ်။ ငါပြောတဲ့အတိုင်သာလုပ်ပါ။
၁၄။ ငါကနင်အမေပါ။ နင့် သူငယ်ချင်းမဟုတ်ပါဘူး။ နင်ငါစကားကို နားထောင်ရပါမယ်။

ထိန်းချုပ်တတ်ပတဲ့အလေ့အကျင့်ရှိတဲ့မိဘတွေက ကလေးတွေကို အနိုင်ကျင့်တတ်ပါတယ်။

ထိန်းချုပ်တဲ့အလေ့အကျင့်ရှိတဲ့မိဘတွေကကလေးတွေကို အပြစ်ရှိတယ်လို့ခံစားလာရအောင် ပြုလုပ် တတ် ကြပါတယ်။ ကလေးကိုအရှက်ရအောင်လည်းပြုလုပ်တတ်ကြပါတယ်။ မချစ်တော့ဘူးဆိုပြီး လည်းပြော တတ် ကြပါတယ်။ ဒါကြောင့် အဲဒီလိုမိဘမျိုးလက်အောက်မှာကြီးပြင်းလာရတဲ့ ကလေး တွေဟာပစ်ပယ်ခံရတယ်လိ့စိတ်မှာခံစားရပါတယ်။အဲဒီကလေးမျိုးတွေမှာမိဘတွေအပေါ်မှာမကျေမ နပ်ခံစားမှုတွေဖြစ်စေတတ်ပါတယ်။

၁၅။ သားသမီးကမေမေကိုတကယ်ချစ်တယ်ဆိုရင် မေမေပြောတဲ့အတိုင်း လိုက်လုပ်ပါ။
၁၆။ မေမေပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်တော့ မေမေသိပ်စိတ်ပျက်မှာဖြစ်ပါတယ်။
၁၇။ မေမေက သားသမီးအတွက်အစစပေးခဲ့ပြီ။ အခု ဟာက နင်က ပြန်ပေးနေတာလား။
၁၈။ ငါသေသွားတဲ့အခါမှ ဒီကိစ္စအတွက်နောင်တရလိမ့်မယ်။
၁၉။ ကောင်းတဲ့သားဆိုတာ သူ့ဖခင်ကို ဘယ်တော့မှအခုလိုမဆက်ဆံရဘူး။
၂၀။ မင်းကမေမေဖေဖေကေိုမယုံကြည်ဘူးလား။ မေမေဖေဖေပြောနေတဲ့အတိုင်းလုပ်ပါ။
၂၁။ မင်းအနေနဲ့မေမေဖေဖေတို့မသိအောင် ဘာမှလျို့ဝှက်ထားခွင့်မပေးပါဘူး။
၂၂။ မင်းကအရှုံးသမားမဖြစ်ချင်ဘူးမို့လား။ ဖြစ်ချင်သလား။ အဲဒီလိုဆိုရင် ငါပြောတဲ့အတိုင်း လုပ်ပါ။
၂၃၊ မေမေဖေဖေပြောတာနားမထောင်ဘူးဆိုရင် မင်းဘဝကိုမင်းဘာသာတာဝန်ယူထိန်းကျောင်းပါ။
၂၄။ သာသမီးအတွက်မေမေဖေဖေတို့ လုပ်ပေးခဲ့တာတွေအတွက် သားသမီးက ဒါကို ပြန် လုပ်ပေး ရပါမယ်။
၂၅။ သားသမီးကဒါကိုမလုပ်ဘူးဆိုရင် မေမေတို့မိသားစုတစ်ခုလုံးနိမ့်ကျအောင်လုပ်လိုက်တာ ဖြစ် ပါတယ်။
၂၆။ မေမေလမ်းညှန်မှုမပါရင်သားသမီးဘယ်ကိုမှ ကောင်းတာဖြစ်လာမှာမဟုတ်ပါဘူး။
၂၇။ မေမေဖေဖေအခု လုပ်ခိုင်းနေတာက သားသမီးကိုချစ်လို လုပ်ခိုင်းနေတာဖြစ်ပါတယ်။
၂၈။ လူတွေကသားသမီးအတွက်ဆိုးတာလုပ်စေချင်သလား။ မလုပ်စေချင်ဘူးဆိုရင်မေမေပြောတာကို လုပ်ပါ။
၂၉။ မေမေသားအတွက်လုပ်ပေးခဲ့တဲ့စွန့်လှတ်စွန့်စားမှုတွေအတွက်နောင်တရအောင်မလုပ်ပါနဲံ။ မေမေ သားအတွက် လုပ်ပေးခဲ့တာအများကြီးပါ။ မေမေပြောတဲ့အတိုင်း လိုက်နာပါ။

ထိန်းချုပ်တဲ့မိဘတွေကကလေးတွေကိုခြိမ်းခြောက်တတ်ကြပါတယ်။ ပြောတဲ့အတိုင်း လုပ်ဆောင်ရန် ခြိမ်းခြောက် တတ်ပါတယ်။ ဒါကြောင့် အဲဒီလိုမိဘအုပ်ထိန်းမှုအောက်မှာကြီးပြင်းလာရတဲ့ ကလေး တွေမှာ စိတ်မလုံခြုံမှုများ ဖြစ်တတ်ပါတယ်။

၃၀။ ငါပြောတဲ့အတိုင်း လိုက်နာပါ။ မလိုက်နာရင်တော့ -------------
၃၁။ ငါ့ကိုနင်က ပြန်ပြောနေတာလား။ နင်ဘာဖြစ်သွားမယ်ထင်သလဲ။
၃၂။ ဒါကငါအိမ်၊ ငါသတ်မှတ်တဲ့စည်းကမ်းကို လိုက်နာရမယ်၊ ဒါပဲ။
၃၃။ ဒါကငါ့လမ်းစဥ်ပဲ။ ငါ့အိမ်မှာနေရင်ငါချမှတ်ထားတဲ့လမ်းစဥ်ကို လိုက်နာပါ။
၃၄။ ငိုနေတာရပ်လိုက်ပါ။ မတိတ်ရင်ထပ်ငိုစရာကိုငါကထပ်ပေးရလိမ့်မယ်။
၃၅။ ဒါကို လုပ်ပါ၊ မလုပ်ရင် တစ်လ အပြင်ထွက်ကစားတာကိုပိတ်မယ်။ ကစားခွင့်မပေးဘူး။
၃၆။ မေမေပြောတဲ့အတိုင်း လုပ်မှာလား။ မလုပ်တဲ့အတွက်နောက်ဆက်တွဲအကျိုးဆက်ကို ခံမှာလား။
၃၇၊မေမေကိုလာစမ်းမနေနဲ့၊ မေမေပြောတာမနာခံရင် ဖြစ်လာမှာကိုမကြိုက်ရင် အခုလုပ်ပါ။
၃၈၊ နင်လူဖြစ်အောင်ဒီလောကထဲရောက်အောင်ငါလုပ်ထားတာ၊ ဒါကြောင့်နင့်မှာရှိတာ ဘာမဆိုငါက ယူပြစ်နိုင်တယ်။
၃၉။ ငါပြောနေတာကို နားမထောင်ဘူးဆိုရင်နောင်မှနောင်တရလိမ့်မယ်။
၄၀။ ငါပြောတာကိုမလုပ်ဘူးဆိုရင် နင်းဝမ်းနည်းရလိမ့်မယ်။
၄၁။ ငါနင်ကိုမေတ္တာရပ်နေတာမဟုတ်ဘူး၊ ပြောနေတာ။ အခုချက်ခြင်း လုပ်ပါ။ မလုပ်ရင် ------

ကလေးတွေကိုအလွန်ထိန်းချုပ်တဲ့မိဘတွေဟာ ကလေးတွေရဲ့စိတ်ခံစားမှုတွေနှင့် သဘောထားအမြင် များကို မမှန်ကန်ဘူးလို့ ပြစ်ပယ်တတ်ကြပါတယ်။ အလေးမထားကြပါဘူး။ ကလေးတို့ကို သေးသိမ် အောင်လုပ်တတ်ကြပါတယ်။ ကလေးရဲ့စိတ်လှုပ်ရှားခံစားမှုများနှင့် အမြင်ရှုထောင့်များကိုပြစ်ပယ် တတ် ကြပါတယ်။ ကလေးတို့ရဲ့စဥ်းစားမှုနှင့်သဘောထားအမြင်များကို လစ်လျူရှုတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေစိတ်မှာ သူတို့ကို ပြစ်ပယ်ခံထားရတယ်လို့ ခံစားလာကြရပါတယ်။ သူတို့ကို မိဘတွေကအလေးမထား အရေးမပါသူတွေအဖြစ်သဘောထားတယ်လို့ခံစားလာရတတ်ပါတယ်။

၄၂။ မေမေဖေဖေပြောတာကိုယုံပါ။ အဲဒါက သားသမီးထင်သလောက်မဆိုးပါဘူး။
၄၃။ သိပ်ပြီးအကဲပိုမနေစမ်းပါနဲ့။
၄၄။ အဲဒီကိစ္စက အရေးမကြီးပါဘူး။
၄၅။ သာမီးအနေနဲ့ပျော်သင့်ပါတယ်။
၄၆။ သားသမီးအနေနဲ့အဲဒါအတွက်ကျေးဇူးတရားသိတတ်ဖို့ကောင်းတယ်။
၄၇။ သားသမီးက ကိုယ်တိုင်ဘာလိုတယ်ဆိုတာ သိဖို့ သိပ်ငယ်ပါသေးတယ်။
၄၈။ သားသမီးက လိုတာထက် ပိုကဲနေတယ်။ မငိုစမ်းနဲ့တိတ်။
၄၉။ ဟေးသိပ်ဆိုးမနေပါနဲ့။ အဲဒါအတွက် ဒီလောက်ဝမ်းနည်းနေစရာမလိုပါဘူး။
၅၀။ သိပ်ပြီး ဟန်ဆောင်မနေပါနဲ့။

မိတ်ဆွေများအနေဖြင့် လူသားတွေဖြစ်တဲ့ကလေးတွေကို လေ့ကျင့် ပျိုးထောင်ပေးတဲ့အခါ လူသား ဆန်ဆန် သိမ်သိမ်မွေ့မွေ့လေ့ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။ ပေးထားတဲ့နမူနာတွေက ရှောင်နိုင်ရန် အတွက်သာဖြစ်ပါတယ်။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...