Wednesday, February 26, 2025

SMART Goal and HEART Approach Food for Thought 679 ဒေါက်တာသိန်းလွင်

No photo description available.

ဒီနေ့ ဘဝမှာ လိုအပ်တဲ့” SMART Goal and HEART Approach” ဆိုတဲ့ချဥ်းကပ်နည်းအကြောင်းကို မိတ်ဆွေများအတွက် Food for Thought 679 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။


SMART Goal and HEART Approach

ရည်မှန်းချက်များကိုချမှတ်တဲ့အခါ SMART Goal ဖြစ်ရန် လိုအပ်ပါတယ်။ SMART Goal ဖြစ်ဖို့အတွက်ဆိုရင် အောက်ပါအတိုင်း ချမှတ်တဲ့ရည်မှန်းချက်များနှင့် ညီညွတ်ရန် ပထမအဆင့်အနေဖြင့် လိုအပ်ပါတယ်။

SMART ဆိုတာမှာအောက်ပါလက္ခဏာများနှင့် အညီဖြစ်ရန် လိုအပ်ပါတယ်။

S = Specific = တိကျမှုရှိခြင်း

M = Measurable = တိုင်းတာနိုင်ခြင်း

A = Attainable = ကြိုးစားလုပ်ဆောင်ရင် ရရှိနိုင်ခြင်း

R = Relevant = သဘာဝကျခြင်း၊ ဆီလျော်လိုက်ဖက်ခြင်း

T = Timebound = ကန့်သတ်ထားတဲ့အချိန်တစ်ခုအတွင်းမှာရရှိနိုင်ခြင်း

SMART Objective နမူနာ

ဦးတည်ရည်မှန်းချက် - အချိန် (၂) လယူပြီးလေ့ကျင့်ပြီးတဲ့အခါ တစ်မိနစ်မှာကွန်ပျူတာဖြင့် စာလုံး (၆၀) အမှားကင်းစွာရိုက်နှိုင်ရန်

S = Specific = တိကျမှုရှိခြင်း (လက်တော့ကွန်ပျူတာကိုသုံးပြီး စာရိုက်ခြင်းအလုပ်ဖြစ်ပါတယ်။)

M = Measurable = တိုင်းတာနိုင်ခြင်း (အွန် လိုင်းမှာစာစီစာရိုက်တဲ့စစ်ဆေးလှဦများကို သုံးနိုင်ပြီးစစ်ဆေးကြည့် နိုင်ပါတယ်။)

A = Attainable = ကြိးစားလုပ်ဆောင်ရင် ရရှိနိုင်ခြင်း (လက်ရှိတစ်မိနစ်ကို စာလုံး (၅၀) ရိုက်နိုင်ပါတယ်။ ဒါကြောင့် တစ်မိနစ်မှာ စကာလုံး (၆၀) ဆိုတာ ကြိုးစားလေ့ကျင့်ရင် ရိုင်ပါတယ်။)

R = Relevant = ဆီလျော်သဘာဝကျခြင်း( ကွန်ပျူတာကို ပိုမြန်အောင်ရိုက်နိုင်ရင် ကျောင်းသားတစ်ဦးအနေဖြင့် အလုပ်လုပ်ရာမှာ ပိုထိရောက်မြန်ဆန်လာနိုင်ပါတယ်။)

T = Timebound = ကန့်သတ်ထားတဲ့ (အချိန်တစ်ခုအတွင်းမှာရရှိနိုင်ခြင်း အခု (၁)မိနစ်မှာ စာလုံး (၅၅) လုံးရိုက် နိုင် ပြီး နောက်ထပ် (၂) လလေ့ကျင့် ပြီးတဲ့အခါ (၁)မိနစ်ကို စာလုံး (၆၀) မှန်ကန်စွာရိုက်နိုင်လာမှာဖြစ်ပါတယ်။)

ဦးတည်ရည်မှန်းချက်ကိုအထက်ပါနည်းအတိုင်း SMART ဖြစ်အောင် ချထားလိုက်တာနဲ့ရည်ရွယ်ချက်တွေပြည့်ဝ လာ မှာမဟုတ်ပါဘူး။ ရည်ရွယ်ထားတဲ့အတိုင်းဖြစ်လာဖို့ အတွက် HEART acronym နှင့်အညီမိမိကိုယ်မိမိ တိုးတက်နေအောင် လေ့ကျင့်မှသာ ဘဝဟာဟန်ချက်မိပြီးရည်မှန်းချက်ပန်းတိုင်ကလည်း လမ်းကျောင်းမှန်ပေါ် ရောက်လာမှာဖြစ်ပါတယ်။ HEART acronym မှာအောက်ပါအတိုင်းသတ်မှတ်ပါတယ်။

HEART acronym အောက်ပါအတိုင်းအဓိပ္ပါယ်ဆောင်ပါတယ်။

H =Help yourself = မိမိကိုယ်တိုင်ကူညီအားထားရမယ်။

E = Empower yourself =မိမိကိုယ်တိုင်စွမ်းရည်မြင့်လာအောင် လုပ်ရမယ်။

A = All your people = မိမိနှင့် ဆက်စပ်သူတိုင်းအတွက်အကျိုးပြုနိုင်ရမယ်။

R = Resources and Responsibilities =ရင်းမြစ်အားလုံးနှင့် တာဝန်ယူမှုအားလုံးကိုသုံးရမယ်။

T = Trade and Talent =စွန်းဆောင်ရည်လက္ခဏာများအားလုံးကိုသုံးရမယ်။
HEART acronym ကမိမိတို့ရဲ့အခြေခံလိုအပ်ချက်များနှင့်တူပါတယ်။ အဲဒီလိုအပ်ချက်များပြည့်လာအောင် နေ့စဥ်၊ သီတင်းအပတ်စဥ်၊ လစဥ် သို့မဟုတ်နှစ်စဥ် ရည်မှန်းချက်နှင့် ကိုက်ညီတဲ့ လုပ်ဆောင်အားထုတ်မှု တွေပြုလုပ်နေရန် လိုအပ်ပါတယ်။

HEART Approach ကို အောက်ပါအတိုင်း နားလည်ကျင့် သုံးရန် လိုအပ်ပါတယ်။

H – Help Yourself: HEART Approach တွင် ပထမ H မှာ မိမိကိုယ်မိမိကူညီပေးရန်ဖြစ်ပါတယ်။ မိမိကိုယ် မိမိ ကူညီပေးတယ်ဆိုတာ မိမိရဲ့ကိုယ်ခန္ဓာကျန်းမာအောင်နေထိုင်ရန် လိုအပ်ပါတယ်။ မိမိခွက်ထဲမှာ ဘာမှမရှိရင် အခြားလူတွေအတွက် ဘာမှမပေးနိုင်ပါဘူး။ မိမိကိုယ်မိမိကျန်းမာအောင်စောင့်ရှောက်ခြင်းဟာ လုပ်ဆောင်တဲ့ လုပ်ငန်းတွေအားလုံးမှာစိတ်အားကိုယ်အားထက်သန်စွာလုပ်ဆောင်နိုင်ဖို့အတွက်အရေးကြီးပါတယ်။

E – Empower Yourself: HEART Approach တွင် ဒုတိယ E မှာမိမိကိုယ်ပိုင်စွမ်းဆောင်ရည်မြင့်မားလာအောင် မြှင့်တင်ရန်ဖြစ်ပါတယ်။ မိမိရဲ့စိတ်လှုပ်ရှားခံစားမှု၊ သိမှုပိုင်းတိုးတက်နေမှု၊ စိတ်ပိုင်းကြံ့ခိုင်အားကောင်းနေမှုရှိ အောင် လေ့ကျင့်မြှင့်တင်နေရန် လိုအပ်ပါတယ်။ အဲဒီလိုမိမိစွမ်းဆောင်ရည်များတိုးတက်နေအောင်မြှင့် တင်ခြင်း ဖြင့် ဘဝမှာကြီးမားတဲ့စွမ်းဆောင်နိုင်မှုများကို လုပ်နိုင်လာစေပါတယ်။ မိမိတို့မှာ အစဥ်တိုးတက်မှုကိုရှေ့ရှုတဲ့ စိတ် နေစိတ်ထားကိုလည်း မွေးမြူဓပးရန် လိုအပ်ပါတယ်။ မိမိမျှော်မှန်ထားတဲ့ပန်းတိုင်ကိုရောက်အောင် စွမ်း ဆောင်နိုင်တဲ့စွမ်းရည်များမိမိမှာရှီတယ်လို့ ယုံကြည်မှုရှိရန်လည်း လိုအပ်ပါတယ်။ ကြုံတွေ့ရတဲ့အခက်အခဲ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ကျော်လွန်နိုင်စွမ်းရှိတယ်လို့မိမိကိုယ်မိမိယုံကြည်မှုရှိရန် လည်း လိုအပ်ပါတယ်။

HEART Approach တွင် တတိယ A မှာ လူအားလုံးနှင့် အားကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးရှိဖို့ လိုအပ် ကြောင်း ထောက်ပြနေပါတယ်။ မိမိအိမ်ထောင်ဘက်၊ မိသားစုဝင်များ၊ မိမိသားသမီးများ၊ မိတ်ဆွေသူငယ်ချင်း များ၊ ရပ်ရွာရှိ လူများနှင့် အားကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးရှိအောင်ထူထောင်ထားရန် လိုအပ်ပါတယ်။

HEART Approach တွင် စတုတ္ထ R မှာ ရင်းမြစ်များနှင့် တာဝန်ယူမှုများ အားလုံးကိုကောင်းစွာစီမံခန့်ခွဲနိုင်ရန် အရေးကြီးကြောင်း ရည်ညွှန်းထားခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံးဟာအချိန်၊ ငွေကြေးနှင့် ပိုင်ဆိုင်ထားမှု များ အားလုံးကို တာဝန်ရှိရှိစီမံခန့်ခွဲပြီး အကျိုးအရှိဆုံသုံးနိုင်အောင် စီမံရန် လိုအပ်ပါတယ်။

HEART Approach တွင် ပဥ္စမ T မှာ ကိုယ်ပိုင်စွမ်းဆောင်ရည်လက္ခဏာများအားလုံးကိုရည်ညွှန်းပါတယ်။ မိမိတို့ မှာရှိတဲ့ စွမ်းဆောင်နိုင်မှုများနှင့် အားကောင်းချက်များကို အခြားသူများအကျိုးအတွက်အသုံပြုနိုင်အောင် အလေးထားရန်လိုအပ်ပါတယ်။ လူတွေအနေဖြင့်မိမိတို့မှာရှိတဲ့ကျွမ်းကျင်မှုများနှင့်စွမ်းဆောင်ရည်များကိုသုံးပြီး ပတ်ဝန်းကျင် လောကအတွက်အပြု သဘောဆောင်တဲ့အကျိုးသက်ရောက်မှုိအောင် အသုံးပြုနိုင်ရပါမယ်။

ဒီတော့ SMART Goal and HEART Approach ဟာ ဘဝမှာအစွမ်းဆောင်နိုင်ဆုံးအကျိုးပြုမှုများကိုပြုလုပ်ချင်သူ တိုင်း အတွက် လိုအပ်တဲ့ချဥ်းကပ်နည်းဖြစ်ပါတယ်။

မိတ်ဆွေများ SMART Goal and HEART Approach ကိုကျင့်သုံးပြီး လူသားများအကျိုးကို အများဆုံးနှင့် အထိ ရောက် ဆုံးအကျိုးပြုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

 

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...