ကလေးတစ်ယောက်ရဲ့ချစ်စရာအပြုံးနဲ့ကြည်နူးဖွယ်ရာရယ်မောသံ
အသက်
(၈၀) ကျော်လာတဲ့ကျွန်တော်ရဲ့တစ်နေ့တာ
ဖြတ်သန်းမှုနဲ့ကလေးတွေရဲ့ချစ်စရာအပြုံးနှင့် ရယ်မော သံလေးတွေအကြောင်း
ကိုမိတ်ဆွေများအတွက် Food for Thought 677 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ညအိပ်တဲ့အခါ
မအိပ်ခင်ဘုရားကို အာရုံပြုရှစ်ခိုးပါတယ်။ ပြီးတော့ အရပ်
(၁၀)မျက်နှာမှာရှိသမျှဝေနေယျ သတ္တ ဝါတွေစိတ်ချမ်းသာပါ စေ၊
ဘေးရန်ကင်းဝေးကြပါစေဆိုပြီးမေတ္တာပို့ပြီး တော့ အိပ်ဖို့ပြင်ပါတယ်။
မအိပ်ခင် ဝင် လေထွက်လေကို ရှု မှတ်ပြီး
မိမိကိုယ်ခန္ဓာရဲ့ဖြစ်ပျက်နေတဲ့မမြဲခြင်း သဘော ကို သတိဖြင့်ဆင်ခြင်ရင်း
အိပ်ပျော် သွားတတ်ပါတယ်။ မနက်လင်း လို့ အိပ်ယာမှထလာတဲ့အခါ သတိ
ဖြင့်ဝင်လေထွက်လေကိုရှုမှတ်ပါတယ်။ မအိပ်ခင်ရှုမှတ်တဲ့အတိုင်းဖြစ်ပါတယ်။
မနက်ပိုင်း
အိမ်သာတက် မျက်နှာသစ်တဲ့အခါလည်း ၃၂
ကောဋ္ဌာသကိုဆင်ချင်ပြီးသတိဖြင့်ရှု့ကြည့် ပါ တယ်။ မနက်စာမစားခင်လည်း
ဝင်လေထွက်လေကိုရှုမှတ်တဲ့အလေ့အကျင့် ပြုလုပ်ပါတယ်။ မနက်ပိုင်းမှာတော့
အိပ်ယာထက်မှာပင်ထိုင်ပြီး (၁)နာရီခန့်လောက်တရားရှုမှတ်ပါတယ်။
မနက်စာစားသုံးတဲ့အခါမှာ လည်း အစာစားခြင်းနဲ့ပတ်သက်တဲ့
အမူအရာတွေကိုသတိဖြင့်ရှုမှတ်ပါတယ်။ စားတဲ့ အခါ အစာကိုယူခြင်း၊ ပါးစပ်
ထဲမှာဝါးခြင်း၊ ဝါးပြီးအစာတွေကို မြိုချခြင်းစတဲ့
စားခြင်းနှင့်ဆိုင်တဲ့အမူအရာများ ကို မှတ်နိုင်သလောက်ရှုမှတ်ပါ တယ်။
မဟာစည်ဆရာတော်ဘုရားကြီးလမ်းပြခဲ့တဲ့ ဝိပဿနာတရားရှုမှတ်နည်း
မှာပါသလောက်တော့အသေး စိတ် မမှတ်နိုင်ပါဘူး။
ဒါပေမဲ့အမှတ်မပါဘဲစားတာမျိုးတော့မဟုတ်တော့ဘဲ နိုင်သ လောက် ရှုမှတ်ပါတယ်။
မနက်စာစားပြီးတဲ့အခါ
သတင်းကို နားထောင်ခြင်းပြုလုပ်တတ်ပါတယ်။ ပြီးတော့ ဆရာတော်ကြီးများဟောတဲ့
တရားများကိုနာပါတယ်။ တရားတွေနာတဲ့အခါ အရင်ကနာပြီးသားတရားတွေကိုလည်း
ပြန်နာယူပါတယ်။ အဲဒီ တော့ အရင်တရားနာစဥ်က
လိုက်ရေးမှတ်ထားတဲ့တရားမှတ်စုတွေကို လည်း ပြန်လည် ဖတ်ရှုလေ့လာပါတယ်။
နာယူဘူးတဲ့တရားတွေကိုပြန်နာရတာလည်း အကျိုးရှိပါတယ်။
ပိုသိနားလည်ခွင့်ရလာစေပါတယ်။
ဥပမာ
ကိုယ် သာ နာပေမဲ့စိန်မနာစေရန် သတိထားရမဲ့တရားကို ထပ်ခါထပ်ခါနာတဲ့အခါ
ငါ-ဆိုတဲ့အစွဲကင်းမှသာ ကိုယ်နာပေမဲ့ စိတ်မနာတာမျိုးဖြစ်တယ်ဆိုတာကို
သဘောပေါက်နားလည်လာပါတယ်။ ငါစွဲရှိနေသမျှတော့ ငါ နာတယ် လို့ သိ မှတ်နေပြီး
ကိုယ်ရောစိတ်ရောနာနေမှာဖြစ်ကြောင်း နားလည်သဘော ပေါက်လာခဲ့ပါတယ်။
အရင်ကတော့ဒီရုပ်နဲ့ဒီစိတ်တို့ဟာ
တစ်ခုမှာဖြစ်ရင်နောက်တစ်ခုမှာ ထိခိုက်နာကျင်မှုဆိုတာ ဖြစ်တတ်တဲ့သဘော
လို့မြင်ထားခဲ့တဲ့အတွက် ကိုယ်နာရင်စိတ်ကနာမှာလို့ မှတ်ထားခဲ့မိပါတယ်။
ရုပ်ခန္ဓာကို “ငါ” လို့ ရှုမြင်မှတ်ယူထား
တဲ့အတွက်အဲဒီလိုနားလည်နေခဲ့တာဖြစ်နေမှန်းသဘောပေါက်လာပါတယ်။
တရားနာခြင်းကအလွန်အကျိုးများပါတယ်။
မှတ်စုလိုက်ထားတာကလည်း ပို မှတ်မိစေပါတယ်။ တရားနာရင် နှစ်
သက်တာလေးတွေတွေ့ရင် မိတ်ဆွေများကိုမျှဝေရင်ကောင်းမယ်လို့ထင်တာလေးတွေကို
မျှဝေနိုင်အောင် စာရေး တဲ့အလုပ်လည်းလုပ်ပါတယ်။ စာရေးတဲ့အလုပ်ဟာ
တရားရှုမှတ်တဲ့အလုပ်တော့မဟုတ်ပေမဲ့ မိတ်ဆွေ များ အ တွက်
စိတ်ကောင်းအရင်းခံပြီး လုပ်ရတဲ့အလုပ်ဖြစ်လို့ စိတ်မှာ ကြည်နူးဝမ်းသာရပါတယ်။
ဥပမာ
သူ များကမိမိ ကိုဒေါဖြစ်အောင်ပြောထားတာကို ကိုယ်က
မိမိနှစ်သက်တဲ့ပစ္စည်းလေးလို စိတ်ထဲမှာမှတ်ထားပြီး ခဏခဏဖွင့် ကြည့်နေရင်
စိတ်ဆင်းရဲ့ခြင်းတွေပိုဖြစ်လာမဲ့ကြောင်း မြတ်ဗုဒ္ဓရဲ့ဥပမာဖြင့်
လမ်းပြမှုဆိုရင် သိပ် သဘောကျမိ ပါတယ်။ အဲဒါမျိုးလေးတွေဆိုရင်မျှဝေဖြစ်အောင်
စာရေးပါတယ်။ ဖတ်သူများအတွက် အကျိုး ရှိစေဖို့ဖြစ် ပါ တယ်။ ကိုယ်တိုင်လည်း
အကျိုးရှိစေပါတယ်။
ဒေါသထွက်နေသူကို
ကိုယ်ကတွေ့နေပြီး ဒေါသ အဖြစ်ကိုကိုယ်တိုင်မြင်ထားပါလျက်
ကိုယ်ကပြန်ဒေါသထွက်ခြင်းဟာ ပထမမိမိကိုဒေါသထွက်အောင် လုပ်သူ ထက် ကိုယ်က
မိုက်မဲရာကျတယ် ဆိုတဲ့စကားမျိုးတွေကိုသိပ်သဘောကျမိပါတယ်။
ဒီလောက်
မခိုင်မာ ပုတ် သိုးတဲ့သဘောရှိတဲ့ခန္ဓာကြီးရှိပါလျက်
ဖြစ်စင်တဲ့စိတ်ကောင်းရှိလျှင် ပူးဇော်ထိုက်တယ် ဆိုတဲ့စကားမျိုးတွေ
ကိုနှစ်သက်သဘောကျမိပါတယ်။ ဒီလောက်
မခိုင်မာပုတ်သိုးတဲ့သဘောရှိတဲ့ခန္ဓာကြီးရှိပါ လျက်အဲဒီခန္ဓာကြီးကို ငါ
ငါ့ဟာ လို့ယူဆနေခြင်းမှာ အလွန်မိုက်မာရာကျတာမှလွဲလို့
ဘာမှမဖြစ်နိုင်တော့ပါဘူး စတဲ့လမ်းညွှန်ပြချက် များကိုအလွန်သဘော
ကျလို့မျှဝေခဲ့ပါတယ်။
ညနေဘက်ရောက်တဲ့အခါမှာတော့
ကျန်းမာရေးအတွက် လမ်းလျောက်ပါတယ်။ လမ်းလျောက်တဲ့အခါ အောက်
ပါလင်္ကာလေးကိုလည်းသတိဖြင့်ရွတ်ဖတ်ရင်းလမ်းလျောက်တတ်ပါတယ်။
ဒီလင်္ကာကတော့မင်းကွန်းဆရာတော် ကြီးဦးဝိစိတ္တသာရဘိဝံသ
ရေးစပ်ထားတာဖြစ်ပါတယ်။ သိပ်အလွတ်မရသေးခင်ကတော့ စာရွက်မှာရေးပြီးစာ ရွက်
ကိုလက်မှာကိုင်ထားရင်းလမ်းလျောက်ပါတယ်။ မေ့
သွားရင်စာရွက်ပြန်ကြည့်တဲ့နည်းကိုသုံးခဲ့ပါတယ်။ အခု တော့ ခဏခဏရွတ်ဖတ်တော့
အိပ်ယာကနိုးလိုက်တာနဲ့ ရွတ်ကြည့်လိုက်ရင်ပင်အဆင်ပြေနေပါပြီ။
“ရုပ်ဟုတွင်မည်၊
ခန္ဓသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။
ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒါဏ်ဖြင့်၊ တစ်ရံမဆဲ၊ လွန်ဆင်းရဲ၏၊
ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မျှော်ထောက်ရှုသော်၊ သူ့သဘာဝ၊
အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ ဖြစ်မြဲသာတည့်၊ ငါ ငါဥစ္စာ၊ ငါ့ လိပ်ပြာတို့
ဘာတစ်ခုမှမဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား”
တစ်ခါတစ်ရံကျတော့လည်းမဟာစည်ဆရာတော်ကြီးရေးခဲ့တဲ့အောက်ပါလင်္ကာလေးကိုလည်းစိတ်ထဲမှာရွတ်ဆိုရင်းလမ်းလျောက်ဖြစ်ပါတယ်။
“ကာမဘုံသား၊
နတ်လူများတို့၊ ကောင်းစားပြည့်ဝ၊ ဘေးရန်ပလို့၊ အေးမြချမ်းသာ၊
နေလိုပါလဲ၊ဣဿာမစ္စေ၊ သူရှုပ်ပွေလို့၊ ထင်လေမကျ၊ ဆင်းရဲရသည်၊ မူလရင်းမြစ်၊
အကြောင်းစစ်သော်၊ မုန်းချစ်အပ်သား၊ အာရုံများနှင့်၊ လိုလားတလီ၊
ကြံစည်တစ်တန်၊ ချဲ့ရန်မှတ်စွဲ၊ ခြေတည်လွဲလို့၊ ဖြစ်မြဲဆင့်ကာ၊
ဖြစ်ရိုးပါတည့်၊ ခြောက်ဖြာဒွါရ၊ ထင်သမျှကို၊ မှတ်ကြသဖြင့်၊ မမှီသင်ရှောင်၊
မှိသင့်ဆောင်လျက်၊ မှန်အောင်ပြင်မှ၊ လမ်းမှန်ကျမည်၊ မုချချမ်းသာ
ရေးပေတည်း။ ခြောက်ဖြာဒွါရ၊ ထင်သမျှကို ထင်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ရုပ်နာမ်နှစ်မျိုး၊ ကြောင်းကျိုးသိ မြင်၊ မမြဲဆင်းရဲ၊ ဥာဏ်ထဲပေါ် လွင်၊
အနိစ္စ၊သိရနိဗ္ဗာန်ဝင်။”
အဲဒီလင်္ကာကိုရွတ်ရင်းလမ်းကို
မှန်မှန်လျောက်ပါတယ်။ လမ်းလျောက်ရင်အဲဒီလင်္ကာတွေကိုရွတ်နေတဲ့အတွက် စိတ်က
ဟိုပြေးဒီပြေးတာတွေလျော့ပါးလာပြီး လင်္ကာမှာပါတဲ့သဘောတရားတွေကို
ဆင်ခြင်မိစေပါတယ်။
လမ်းလျောက်တဲ့နေရာမှာ
ကျွန်တော်အတွက် မိတ်ဆွေ တွေကတော့ ကလေးတွေဖြစ်ပါတယ်။ ကလေးတွေကို
တွေ့ရင်ကျွန်တော်က လက်ပြနှုတ်ဆက်ခြင်း၊ ပြုံးပြခြင်း၊ ပုခုန်းလေး၊ လက်ကလေး၊
ပါးကလေးကို ထိကိုင်ပြီး နှုတ်ဆက်ခြင်းတွေပြုလုပ်တဲ့အတွက် ကလေးလေးတွေက လည်း
အလွန်ချစ်စရာကောင်းလှတဲ့အပြုံးလေး တွေ ဖြင့်
လက်ဝှေ့ရမ်းနှုတ်ဆက်ပြတတ်ကြပါတယ်။ တစ်ချို့က စက်ဘီးလေးတွေစီးရင်
လက်ဝှေ့ရမ်းနှုတ်ဆက်ပါ တယ်။
ကလေးတစ်ယောက်ဆိုရင်
သူ့ကိုနှုတ်ဆက်တဲ့အခါ မျက်နှာကို လှည့်ကြည့်ပြီးပြုံးနှုတ်ဆက်တာ
သိပ်ချစ်စရာ ကောင်း လှပါတယ်။ သူ့မျက်လုံးလေးတွေက ချစ်စ ရာအပြုံးလေးနဲ့
အလွန်လိုက်ဖက်တောက်ပနေပါတယ်။ အဲဒီအချိန်မှာ ကောင်းကင်မှာ လေယာဥ်ပျံသွားတာ
ကိုမြင်လိုက်တော့အဲဒီကလေးက လေယာဥ်ကို လက်ပြနှုတ် ဆက်ပါတယ်။
တစ်ခါက
အိန္ဒိယအမျိုးသမီးကြီးချီထားတဲ့ကလေးလေးက ကျွန်တော့်ကို ကြည့်နေတာတွေ့တော့
ကျွန်တော့်က သူ့ကို လက်ပြရင်း သူ့ပါးလေးကို သာသာလေး ကိုင်ပြီး
ဟယ်လိုလို့နှုတ်ဆက်လိုက်ပါတယ်။ အဲဒီအချိန်မှာ က လေးက သူ့လက်ကလေးဖြင့်
ကျွန်တော့ ရင်ဘတ်ကို လာကိုင်ပါတယ်။ သူကိုင်နေတာက ကျွန်တော်ဝတ်ထား
တဲ့အင်္ကျီ မှာပါတဲ့အရုပ်လေးနှစ်ခုက ဝက်ဝံရုပ်လေးကို
လှမ်းကိုင်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ကသူ့လက်ကလေးကို
ကိုင်ပြီးဝက်ဝံရုပ်လေးကို ထိကိုင်ပေးတော့ ကလေးကသိပ်သဘောကျပြီး ပိုပြုံးလာ
ပါ တယ်။ ကလေးဆိုတာ သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း
အပြစ်ကင်းစင်စွာပြုလုပ်တတ်တာကို ပိုသိမြင်ခွင့်ရ လာစေ ပါတယ်။
ကလေးတို့ရဲ့အပြစ်ကင်းစင်မှုကို ပိုသိနားလည်ပြီးပိုချစ်ခင်လာစေပါတယ်။
အဲဒီတော့အပြစ်ကင်းတဲ့ကလေးတွေနှင့်မိတ်ဆွေဖွဲ့ရခြင်းမှာ
အလွန်ကြည်နူးစရာကောင်းပါလားဆိုပြီး ကလေး
တွေတွေ့တိုင်းချိုသာစွပြုံးနှုတ်ဆက်ပါတယ်။ ဒီတော့
ကလေးတွေရဲ့ချိုသာပြီးအပြစ်ကင်း စင် တဲ့အပြုံးလေးတွေ ကို ပြန်ရပါတယ်။
ချိုသာကြည်နူးစရာကောင်းလှပါတယ်။
အသားဖြူတဲ့ကလေးလည်းချစ်စရာကောင်းသလို
အသားမဖြူတဲ့ကလေးတွေကလည်း ချစ်စရာကောင်းတဲ့အ ပြုံး ပိုင်တာကတော့ အတူတူပါပဲ။
ကလေးမိတ်ဆွေတွေနှင့် ထိတွေ့ရတဲ့အတွေ့အကြုံလေးတွေကို နှစ်သက်သ ဘောကျမိလို့
အောက်ပါအတိုင်း ကလေးတို့ရဲ့အပြုံးနှင့်ရယ်မောသံလေးများအကြောင်းရေးမိပါတယ်။
ရေးတဲ့ အခါမှာ
ကလေးနှင့်ပတ်သက်တဲ့အဆိုအမိန့်အမြင်ရှုထောင့်များကိုအင်တာနက်မှာ
လိုက်ရှာပြီးနှစ်သက်တာ လေး တွေကို
ပါပေါင်းစပ်ပြီးမိတ်ဆွေများအားမျှဝေတာဖြစ်ပါတယ်။
• ကလေးတဏ်ယောက်ရဲ့အပြုံးဟာမြင်ရသူတိုင်းစိတ်ချမ်းသာပါတယ်။
• ကလေးတစ်ယောက်ရဲ့ကြည်နူးစရာချစ်စရာရယ်မောသံဟာ ကြားရသူတိုင်း နားဝင်ချိုလှပါတယ်။
• ဘာကြောင့်လဲဆိုတော့ကလေးတွေစိတ်ထားက ရိုသားဖြူစင်ပြီးအပြစ်ကင်းနေလို့ပါ။
• ကလေးတွေပြုံးနေတာတွေ့လိုက်ရင် တွေ့မြင်သူတိုင်းစိတ်မှာ ကြည်နူးစိတ်ချမ်းသာရပါတယ်။
•
ကလေးတစ်ယောက်ရဲ့အပြစ်ကင်းတဲ့အပြုံးနဲ့ချစ်စရာကောင်းလှတဲ့ရယ်မောသံဟာ
မြင်ရကြား ရသူတိုင်းရဲ့စိန်နှလုံးကို ကြည်နူးပြုံးရွှင်လာစေပါတယ်။
• ဘယ်လိုကြည်နူးစရာကောင်းသလဲဆိုတာကို ခံစားလို့သာသိန်ုင်ပါတယ်။ ကြည်နူးရတဲ့ခံစားမှုကို ပြည့်စုံအောင် စကားဖြင့်မဖော်ပြနိုင်ပါဘူး။
• ကလေးတွေရဲ့အပြုံးနဲ့ရယ်မောသံက မျက်စိမမြင်သူများနဲ့နားမကြားသူများပင် ခံစားသိနိုင်ပါတယ်။
• ကလေးအပြုံးကိုမြင်ရတဲ့နားမကြားသူဟာ၊ ရယ်မောသံမကြားရပေမဲ့ မြင်တွေ့ခံစားသိလို့လာပါတယ်။
•
ကလေးရဲ့ရယ်မောသံကို ကြားရတဲ့မျက်စိမမြင်သူကလည်း
ချိုသာတဲ့အပြုံးကိုမမြင်ရပေမဲ့ သာယာလှတဲ့ရယ်မောသံကြောင့်
ချိုသာလှတဲ့အပြုံးကို ခံစားသိနိုင်လာပါတယ်။
• ကလေးတွေရဲ့အပြုံးဟာ ကြည်လင်နေတဲ့ကောင်းကင်မှာ ထွက်လာတဲ့လှပတဲ့သက်တံ့ပမာ လှပနေပါတယ်။
• ကလေးတွေရယ်မောသံကိုကြားရတာဟာ ပင်ပန်းနေသူများလေနုအေးထိတွေ့လိုက်သလိုပါ။
• ဟန်ဆောင်မှုလုံးဝကင်းတဲ့ကလေးရဲ့အပြုံနဲ့ရယ်မောသံဟာ၊ ချစ်စရာအကောင်းဆုံးမြင်ကွင်းနဲ့ နှစ်သက်စရာအကောင်းဆုံးအသံပါ။
• မြင်ရသူတိုင်းစိတ်ချမ်းသာ။ ကြားရသူတိုင်း ကြည်နူးလာစေပါတယ်။
• ကလေးတစ်ယောက်ရဲ့ချိုသာလှတဲ့အပြုံးဟာ လှပမှုနှင် ပျော်ရွှင်မှုတို့ပေါင်းစပ်ထားတဲ့ရောင်ပြန်ဟပ် နေမှုဖြစ်ပါတယ်။
မိတ်ဆွေများ ကလေးတွေနှင့် မိတ်ဆွေဖြစ်အောင်နေထိုင်ကြည့်ပါ။ အပြစ်ကင်းစင်တဲ့ချစ်စရာကလေးတွေကို ပိုချစ်ခင်တန်ဖိုးထားလာကြမှာဖြစ်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
အသက် (၈၀) ကျော်လာတဲ့ကျွန်တော်ရဲ့တစ်နေ့တာ ဖြတ်သန်းမှုနဲ့ကလေးတွေရဲ့ချစ်စရာအပြုံးနှင့် ရယ်မော သံလေးတွေအကြောင်း Food for Thought 677
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment