Wednesday, February 26, 2025

သားသမီးများကိုလေ့ကျင့်ပျိုးထောင်ပေးရမည့် နယ်ပယ် (၆) ရပ် Food for Thought 676

 No photo description available.


ဒီနေ့သားသမီးများကိုလေ့ကျင့်ပျိုးထောင်ပေးတဲ့အခါ မိဘအုပ်ထိန်းသူတိုင်း သတိထားပြီး လေ့ကျင့်ပေး ရမဲ့နယ်ပယ် (၆) ရပ်အကြောင်းကို Food for Thought 676 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။


သားသမီးများကိုလေ့ကျင့်ရာ

1. တန်ဖိုးထားမှုနှင့်အညီပြုကျင့်မှု။ (စဥ်းစား ပြောဆို လုပ်ကိုင်ရာ။)

မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတန်ဖိုးထားမှုများနှင့်အညီ စဥ်းစားမှု၊ ပြောဆိုမှု၊ လုပ်ကိုင်မှုများကို ပြုလုပ်ရန်အရေးကြီးပါတယ်။ ဥပမာ မိမိက စကားချိုချိုသာသာပြောတာကို နှစ်သက်တယ်ဆိုရင် ကလေး တွေကို လေ့ကျင့်ပျိုးထောင်ပေးတဲ့အခါ ချိုချိုသာသာစကားပြောပါ။

2. ကောင်းမွန်တဲ့အပြုအမူများတိုးပွားလာမှု၊

ကောင်းမွန်တဲ့အပြုအမူတွေဆိုတာ ယဥ်ကျေးသိမ်မွေ့စွာပြောဆိုနေထိုင်တတ်မှု၊ အခြားလူများကို ကူညီတတ်မှု၊ မိမိတာဝန်ကိုကျေပြွန်စွာလုပ်ဆောင်တတ်မှု၊ စကားကိုမှန်ကန်စွာပြောဆိုတတ်မှု၊ အများနှင့် သင့်မြတ်စွာပေါင်းသင်းဆက်ဆံတတ်မှု၊ ပူးပေါင်း လုပ်ဆောင်တတ်မှု၊ သတ်မှတ်ထား တဲ့စည်းကမ်းများနှင့်အညီနေထိုင်တတ်မှု၊ ကျေးဇူးတရားသိတတ်မှု၊ မျှမျှတတစိတ်ထားရှိမှု စတာ တွေပါဝင်ပါတယ်။

3. မသင့်တဲ့အပြုအမူများလျော့ကျလာမှု။

မသင့်တဲ့အပြုအမူတွေဆိုတာ သူတစ်ပါးကို အနိုင်ကျင့်မှု၊ ကြမ်းတမ်းတဲ့စကားဖြင့် ပြောဆိုတတ်မှု၊ တာဝန်မကျေမှု၊ လိမ်ညာပြောဆိုတတ်မှု၊ မျှတမှုမရှိဘဲမိမိအတွက်သာကြည့်တတ်မှု၊ တစ်ကိုယ်ကောင်း ဆန်မှု၊ ကျေးဇူးတရားမသိတတ်မှု၊ ဆဲရေးပြောဆိုတတ်မှု၊ စတဲ့မကောင်းတဲ့အပြုအမူများပါဝင်ပါတယ်။ အဲဒီမကောင်းတဲ့အပြုအမူတွေလျော့ကျလာအောင်သတိထားလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။

4. ဘေးထွက်ဆိုးကျိုးများကင်းမှု။

ဘေးထွက်ဆိုးကျိုးတွေဆိုတာ မိမိပြုလိုက်တဲ့အပြုအမူကြောင့် နောင်မှာနောင်တရစေတဲ့အပြုအမူများ ဖြစ်ပါတယ်။ ကလေးကို လေ့ကျင့်ပျိုးထောင်ရာမှာ စိတ်မထိန်းနိုင်ဘဲ ဆူခြင်းအော်ခြင်း ရိုက်နက်ခြင်း စတာတွေကြောင့် မိဘနှင့် သားသမီးဆက်ဆံရေးကွားသွားတာမျိုး၊ ကလေးမှာ ကိုယ်စိတ်ဒါဏ်ရရသွား တာမျိုး၊ မိဘအပေါ် မကျေမနပ်ဖြစ်ပြီး အိမ်မှထွက်ပြေးသွားတာမျိုးစသဖြင့် မသင့်တဲ့အကျိုးဆက်များ ပါဝင်ပါတယ်။ ကောင်းစေလိုလို့ ပြုပြင်ပေးတာ ပြုပြင်ပေးမှုမမှန်တဲ့အတွက်ဆေးအတွက်ကြောင့် လေး ဆိုတာမျိုးဖြစ်ကုန်တတ်ပါတယ်။ လေ့ကျင့်ပေးနည်းမမှန်ရင် မိဘရောကလေးပါ ရင်နာရတာမျိုးတွေ မ ဖြစ်ဖို့ အထူးသတိထားရပါမယ်။

5. သားသမီးကမိဘများကိုချဥ်းကပ်ရဲလာမှု။

သားသမီးများကိုမိဘအုပ်ထိန်းသူများက လေ့ကျင့်ပျိုးထောင်ပေးတယ်ဆိုတာ ကောင်းစေချင်တဲ့စေတ နာ ဖြင့် သာပြုလုပ်ကြတာဖြစ်ပါတယ်။ စေတနာကောင်းသလို လုပ်ရပ်ကောင်းဖို့လည် လိုပါတယ်။ စေ တနာကောင်း လုပ်ရပ်ကောင်းမှ အကျိုရလဒ်ကောင်းတွေဖြစ်လာမှာဖြစ်ပါတယ်။ လေ့ကျင့်ပျိုးထောင်‌ ပေးမှုကြောင့် သားသမီးများကမိဘအနားမကပ်ရဲတော့တာမျိုးတွေမဖြစ်သင့်ပါဘူး။ မိဘကိုချဥ်းကပ်ရဲ မှု၊ လိုအပ်တာကို အကူအညီတောင်းခံရဲမှုများရှိရန် လိုအပ်ပါတယ်။ ဒါမှ သားသမီးများမှာ ဘာတွေဖြစ် နေတယ်ဆိုတာ မိဘအုပ်ထိန်းသူများသိနေပြီး လိုအပ်သလို ကူညီပေးနိုင်မှာဖြစ်ပါတယ်။

6. ရေတိုရေရှည်မိဘနှင့်သားသမီးဆက်ဆံရေးကောင်းလာမှု။

ကလေးတွေကမိဘတွေကိုကြောက်နေပြီး လိုက်နာတာမျိုးမဟုတ်ဘဲ ချစ်ခင် ရိုသေပြီးကိုယ်တိုင်သိနား လည်မှုမျိုးရှိလာရန်ဦးတည်လေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ပါတယ်။ အခုလက်ငင်းအချိန်မှာ လည်း ကောင်းပြီးနောင်မှာလည်းကောင်း မိဘနှင့်သားသမီးဆက်ဆံရေးကောင်းဖို့ လိုအပ်ပါတယ်။

အထက်ပါအရေးကြီးတဲ့တိုင်းတာရမဲ့နယ်ပယ် (၆) ရပ်ကို မှတ်မိလွယ်အောင် အောက်ါပါအတိုင်း ‌ရေးသားမျှဝေ လိုက်ပါတယ်။

သားသမီးများကိုလေ့ကျင့်ရာ

 စဥ်းစား ပြောဆို လုပ်ကိုင်ရာ၊ တန်ဖိုးထားမှုနှင့်အညီလေ့ကျင့်ပါ။
 ကောင်းမွန်တဲ့အပြုအမူများ၊ တိုးတက်လာရေးအလေးထား၊
 မသင့်တဲ့အပြုအမူများလျော့ကျဖို့ရာ၊ အလေးထားလို့ လေ့ကျင့်ပေးပါ။
 ဘေးထွက်ဆိုးကျိုးများကင်းဖို့အရေး၊ ဦးစားပေးပြီးရှောင်ရှားပေး။
 မိဘများကိုချဥ်းကပ်ရဲဖို့ရာ၊ ချစ်ခင်လေးစားတန်ဖိုးထားမှုများတည်ဆောက်ပါ ။
 မိဘနှင့်သားသမီးဆက်ဆံရာ၊ ရေတိုရေရှည်ကောင်းဖို့ရာ၊ ဦးတည်ချက်ထားလို့လေ့ကျင့်ပါ။

မိတ်ဆွေများ သားသမီးများကိုအကောင်းဆုံးလေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...