
ဒီနေ့
သစ္စာရွှေစည်ဆရာတော်တရားထဲမှ “မဟာသတိပဌာနသုတ္တံဟောခဲ့တဲ့ဒေသမှ
လူတွေနှုတ်ဆက်ပုံ” ကိုသဘောကျတဲ့အတွက် မိတ်ဆွေများအတွက် Food for Thought
675 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
မဟာသတိပဌာနသုတ္တံဟောခဲ့တဲ့ဒေသမှ လူတွေနှုတ်ဆက်ပုံ
မဟာသတိပဌာနသုတ္တံတရားတော်ကိုမြတ်စွာဘုရားကကုရုတိုင်းကမ္မသဓမ္မံနိဂုံးရွာမှာ
ဟောကြားခဲ့ပါတယ်။ အဲဒီ ရွာပတ်လည်မှာ ရာသီဥတုကကောင်းပြီး
နေထိုင်ကြသူတွေကလည်း ကျန်းမာလျက် စဥ်းစားသင်ယူ နိုင်မှု ကောင်းတဲ့အတွက်
မဟာသတိပထဦနသုတ္တံကို အဲဒီဒေသမှာဟောတယ်လို့သိရပါတယ်။ အဲဒီဒေသက ယခု
အခါမှာနယူးဒေလီနားမှာရှိပါတယ်။ ဗုဒ္ဓဂါယာဘုရားဖူးသွားစဥ်က
အဲဒီနေရာကိုလည်းရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့
အဲဒီမှာနေကြတဲ့လူတွေအချင်းချင်းတွေ့ရင် ဘယ်လိုနှုတ်ဆက်ကြမှန်းမသိခဲ့ပါဘူး။
သစ္စာ ရွှေစည်ဆရာတော်တရားကိုနာရင်း ဆရာတော်က
အဲဒီဒေသကလူတွေအချင်းချင်းတွေ့တဲ့အခါနှုတ်ဆက် တာ ကိုပါထည့် ဟောတဲ့အတွက်
စိတ်ဝင်စားစရာကောင်း လို့ မိတ်ဆွေများကို ပြန်လည်မျှဝေတာဖြစ်ပါတယ်။
ကုရုတိုင်းကမ္မသဓမ္မံ
နိဂုံးရွာမှာနေထိုင်ကြတဲ့လူတွေဟာ တစ်ယောက်နှင့်
တစ်ယောက်အလွန်ချစ်ခင်ရင်းနှီး ကြ ပါသတဲ့။
တွေ့ကြတဲ့အခါမှာလည်းရင်းရင်းနှီးနှီးနှုတ်ဆက်တတ်ကြပါသတဲ့။
နှုတ်ဆက်တဲ့အခာမှာလည်း သတိ ပဌာန်တရားပွားများအားထုတ်မှုကို
အခြေခံပြီးနှုတ်ဆက်ကြပါသတဲ့။
တွေ့ဆုံတဲ့အခါ
သတိပဌာန်တရားကို အားထုတ်ဖြစ်ပါသလား လို့အချင်းချင်းနှုတ်ဆက်ကြပါသတဲ့။
တကယ်လို့ သတိပဌာန်တရားကို အားထုတ်ဖြစ် ကြောင်း
ပြန်ဖြေရင်တော့အသိအမှတ်ပြပါသတဲ့၊ ဘယ်လိုအသိအမှတ်ပြုသလဲဆိုရင် “
သင်အသက်ရှင်ခြင်းဟာ အလွန်ကောင်းတဲ့အသက်ရှင်ခြင်းဖြစ်ပါတယ်။
သင်ဟာလူဖြစ်ပြီ။ လူအဖြစ်ရောက်ပြီ။ လူဖြစ်ပြီ။ အရည်အသွေး
ပြည့်စုံတဲ့လူ၊လူ့အဆင့်အတန်းမှိတဲ့လူ၊ လူ့အသိဥာဏ်ကိုအခြေခံတဲ့လူဖြစ်ပြီ၊
ဘုရားပွင့်တာမင်းအကျိုးစီးပွား အတွက်ပွင့်လာတာပါ။
သတိပဌာန်တရားအားထုတ်မှသာမြင့်မြတ်တဲ့လူအနေဖြင့်နေခြင်းဖြစ်ပါတယ်လို့ အသိ
အမှတ်ပြုချီး မွန်းနှုတ်ဆက်ကြပါသတဲ့။
တကယ်လို့နှုတ်ဆက်တဲ့အခါ
သတိပဌာန်တရားကို အားမထုတ်ဖြစ်ဘူးဆိုရင်တော့ သင်အသက်ရှင်နေတာ
ဟာရွံစရာ၊စက်ဆုတ်စရာကောင်းလေစွ။ သင်ဟာရှင်လျက်သေနေတာပဲ။ လူသေနဲ့တူတယ်။
တိုးတက်မှုရပ်ဆိုင်း နေတဲ့လူသေနဲ့တူနေတယ်။
တိုးတက်မှုမရှိတော့တဲ့သစ်ပင်အသေနှင့်တူနေတယ်လို့ ပြောပါသတဲ့။ အဲဒီလို
ပြောပြီးသတိပဌာန်တရားကို အားထုတ်ပါလို့သတိပေးနှိုးဆော်ပါသတဲ့။
သတိပဌာန်တရားကို အားထုတ်ပွား များတတ်အောင်အားပေးသင်ပေးကြပါသတဲ့။
အခုအခါ
လူတွေတော်တော်များများက လက်ကိုင်ဖုန်းကို လမ်းသွားရင်းတောင် ကြည့်ခြင်း၊
ပွတ်ခြင်းတွေ များနေတဲ့အတွက်ရှေ့ဘက်မှလာနေသူကိုပင် သတိမထားတော့ဘဲ
ဝင်တိုက်မလိုဖြစ်နေတာကို မျက်နှာချင်းဆိုင် လာနေသူက သတိထားရှောင်နေရပါတယ်။
အခုခေတ်လူတော်တော်များများကိုအဲဒီလိုနှုတ် ဆက်မယ်ဆိုရင် လက်
ကိုင်ဖုန်းပွတ်ကြည့်နေရလို
သတိပဌာန်တရားအားမထုတ်နိုင်ကြောင်းပြန်ဖြေကြမလားတော့မသိပါ။
အဲဒီ
ကမ္မသဓမ္မံနိဂုံးရွာသားတွေအချင်းချင်း နှုတ်ဆက်တာမျိုး
နှုတ်ဆက်နိုင်ကြမယ်ဆိုရင် မြတ်ဗုဒ္ဓရဲ့ လမ်းညွှန် ပြတဲ့အတိုင်း
လိုက်နာကျင့် ကြံသူတွေဖြစ်လာနိုင်ပါတယ်။ ဘုရားလမ်းညွှန်ပြတာကို
အပေါ်ယံသဘောမဟုတ်ဘဲ ယောဆရာတော်ကြီးအမိန့်ရှိသလို နှလုံးသားမှာအမှန်တကယ်
ဘုရာတည်သူတွေဖြစ်လာကြမှာဖြစ်ပါတယ်။
မိတ်ဆွေများနှလုံးသားမှာအမှန်ဘုရားတည်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
မဟာသတိပဌာနသုတ္တံဟောခဲ့တဲ့ဒေသမှ လူတွေနှုတ်ဆက်ပုံ Food for Thought 675
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment