Wednesday, February 26, 2025

စိတ်နှလုံးလှတဲ့စစ်သည်တော်လေး Food for Thought 675

No photo description available.

ဒီနေ့ ကြုံတုန်းကြုံခိုက်ကြင်ကြင်နာနာ ဆက်ဆံပေးကြဖို့ လိုအပ်ကြောင်း “စိတ်နှလုံးလှတဲ့စစ်သည် တော်လေး” အကြောင်းကို Food for Thought 675 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။


စိတ်နှလုံးလှတဲ့စစ်သည်တော်လေး

သူနာပြုဆရာမကပင်ပန်းနွမ်းနယ်ပြီး စိတ်ပူပန်နေတဲ့ ရေတပ်စစ်သည်တော်တစ်ယောက်ကို လူနာ ကု တင်နားသို့ ခေါ်လာပါတယ်။ ပြီးတော့ ကုတင်ပေါ်မှာလဲလျောင်းနေတဲ့လူနာကိုကြည့်ပြီး “ရှင့်သားက ဒီ မှာရောက်လာပါပြီ”လို့ပြောလိုက်ပါတယ်။ သူနာပြုဆရာမမှာအဲဒီစကားကို အကြိမ်များစွာထပ်တလဲ လဲပြောရပါတယ်။ လူနာကမျက်လုံးကိုဖွင့် လာတဲ့အထိ အကြိမ်ကြိမ်ပြောပေးရပါတယ်။လူနာမှာ နှလုံး ရောဂါခံစားထားရတဲ့အတွက် တစ်ကိုယ်လုံးကောင်းစွာမလှုပ်ရှားနိုင်ပါ။ သူမျက်လုံးတွေကိုဖွင့် ကြည့်တဲ့ အခါ ရေတပ်စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့လူငယ်ကို သူအသက်ရှုကောင်းအောင်သုံးနေရတဲ့ အောက် စီဂျင်အိုးတွေနားမှာရပ်နေတာကိုမှုမှန်းဝါးဝါးတွေနေရပါတယ်။

ရေတပ်သားလေးမှာသူ့လက်နှင့် လူနာရဲ့ရဲ့လက်ချောင်းများကို ဆုပ်ကိုင်ထားပါတယ်။ လက်ကဆုပ် ကိုင်ထားရင်း ချစ်ခင်မှုပြတဲ့သဘော အားပေးတဲ့သဘောဖြင့် လက်ကို ညင်ညင်သာသာ ဆုပ်နှိပ်ပေး နေပါတယ်။

သူနာပြုဆရာမက ရေတပ်သား လေးထိုင်နိုင်ရန်ထိုင်ခုံတစ်လုံးယူလာပေးပြီးလူနာကုတင်ဘေးနားမှာ ချပေးလိုက်ပါတယ်။ ညဘက်တစ်ညလုံးမီးရောင်မှန်မှိန်အောက်မှာ ရေတပ်သားလေးဟာ သူနာပြု ဆရာမ စီစဥ်ပေးတဲ့ထိုင်ခုံမှာထိုင်ရင်း လူနာရဲလက်ကို ဆုပ်ကိုင်ထားရင်းနှိပ်နယ်ပေးပါတယ်။ ချစ်ခင် စွာလူနာကိုစကားတွေပြောရင်း လူနာအားတက်လာအောင် အားပေးစကားတွေပြောနေပါတယ်။ သူနာ ပြုဆရာမက စစ်သားလေး ကို ခဏအနားယူရန်သတိပေးပြောကြားပါတယ်။ ဒါပေမဲ့စစ်သားလေးက အနားလုံးဝမယူပါ။ သူနာပြု ဆရာမ အခန်းထဲဝင်လာတဲ့အခါတိုင်း စစ်သားလေးကဆရာမလာတာကို ကောင်းကောင်းသိနေပါတယ်။ ဆေးရုံမှာကြားနေရတဲ့အသံတွေကိုလည်းကောင်းစွာကြားနေရပါတယ်။ လူနာအသက်ရှုကောင်း အောင်အောက်စီဂျင်အိုးကိုပြုပြင်ပေးနေတဲ့အသံတွေကိုလည်းကြားနေပါ တယ်။ ညဘက်မှာတာဝန်ကျတဲ့ သူ နာပြုဆရာမတွေအချင်းချင်းနှုတ်ဆက်သံတိုးတိုးသာသာရယ် မော သံတွေကိုလည်းကြားနေပါတယ်။ အခန်းထဲမှာရှိနေ ကြ တဲ့လူနာတွေနာကျင်မှုကြောင့် ငြီးညူနေတဲ့အ သံတွေကိုလည်းကြားနေရပါတယ်။

မကြာခဏဆိုသလိုပင် စစ်သည်တော်လေးက လူနာကို ချစ်ခင်စွာစကားတွေပြောနေတာကိုလည်းသူနာ ပြု ဆရာမကကြားနေရပါတယ်။ လူနာကတော့ ဘာစကားမှပြန်မပြောနိုင်ပါ၊ သူသားရဲ့လက်ကိုသာ သူ့ လက်ဖြင့် ဆုပ်ကိုင်ထားပါတယ်။ လူနာမှာဘာစကားမှမပြောနိုင်ပါ။ သူ့သားလက်ကိုသာ တစ်ညလုံး ကိုင်ထားပါတယ်။ အာရုံတက်တဲ့အချိန်ရောက်လာတဲ့အခါ လူနာအဖိုးကြီးမှာဆုံးသွားပါတယ်။ အဲဒီ အခါမှာ ရေတပ်သားလေးဟာ ကိုင်ထားတဲ့လူသေရဲ့လက်ကို လွတ်လိုက်ပါတယ်။ ပြီးတော့အခြေ အ နေကိုသူနာပြုဆရာမအားသွားပြောလိုက်ပါတယ်။ သူနာပြုဆရာမက သေသွားသူအတွက်လုပ်စရာ တွေလုပ်ပေးနေတဲ့အချိန်မှာ ရေတပ်သားလေးဟာ စောင့်နေပါတယ်။ နောက်ဆုံးသူနာပြုဆရာမ ကအခန်းထဲပြန်ဝင်လာပြီး သူ့အတွက်အလွန်စိန်မကောင်းဖြစ်မိကြောင်း ပြောတဲ့အခါ ရေတပ်သား စစ်သည်လေးကသူနာပြုဆရာမပြောနေတာကို ကြားဖြတ်ပြီး “အဲဒီ လူနာက ဘယ်သူလဲ” လို့စကား ဖြတ်ပြီးနေးလိုက်ပါတယ်။ အဲဒီလိုမေးလိုက်တံအခါ သူနာပြုဆရာမမှာတော် တော်ကြောင်အန်းအန်း ဖြစ်သွားပါတယ်။ “သူကရှင်ရဲအဖေလေ”လို့သူနာပြုဆရာမကပြန်‌ဖြေ လိုက်ပါ တယ်။

“ဟင့်အင်း သူကကျွန်တော်အဖေမဟုတ်ပါဘူး။ ကျွန်တော်သူ့ကိုအရင်ကတစ်ခါမှမမြင်ဘူးပါဘူး။” လို့ ပြောတဲ့အခါ သူနာပြုဆရာမက “အဲဒီလိုဆိုရင်ရှင်ကရှင့်ကိုကျွန်မသူထံခေါ်လာတဲ့အချိန်က အဲဒီအ ကြောင်း ဘာလို့မပြောတာလဲ” လို့ မေးလိုက်ပါတယ်။ အဲဒီအခါ စစ်သားလေးက “အဲဒီအချိန်မှာ တစ်ခုခု တော့လွဲမှားနေပြီဆိုတာ ကို သိလိုက်ပါတယ်။ အဖိုးကြီးကြည့်ရတာသူ့သားကိုသိပ်တွေ့ချင်နေ ပုံရ ပါတယ်။သူ့သားကအနားမှာလည်းမရှိဖြစ်နေပါတယ်။ ကျွန်တော်ကသူ့သားမဟုတ်ဘူးလို့ပြောဖို့ ပါး စပ်ကမထွက်ရက်ပါဘူး။ ဘာကြောင့်လဲဆိုတာတော့ သူကအလွန်ဖျားနာနေပြီးအင်အားတွေကုန် ခန်းနေပါတယ်။ သူသားကိုသူဘယ်လောက်တွေ့ချင်နေကြောင်း ခံစားနားလည်တဲ့အတွက်သူ့သားအဖြစ် အနားမှာနေပေးလိုက်တာဖြစ်ပါတယ်” လို့ စစ်သားလေးကပြန်ပြောပြလိုက်ပါတယ်။

နောင်မှာ တစ်ယောက်ယောက်က သင့်ကို လိုအပ်နေတဲ့အခါဆိုရင် မေတ္တာဖြင့်အနားမှာနေပေးလိုက်ပါ။

မိတ်ဆွေများ ကြုံရခဲတဲ့အနေအထားမှာ တစ်ယောက်ယောက်ကို ကူညီခွင့်ရတဲ့အချိန်မှာ အကောင်းဆုံးစေတနာ မေတ္တာထားပြီးကူညီပေးကြဖို့ လိုအပ်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...