ဒီနေ့
လူတွေကကလေးတွေအပေါ်မှာထားတဲ့သဘောထားကို စူးစမ်းလေ့လာသုံးသပ်နိုင်စေရန်
“ကလေးတွေ အပေါ် ထားတဲ့သဘောထား” အကြောင်းစဥ်းစားမိတာလေးကို Food for
Thought 674 အဖြစ်မျှဝေလိုက်ပါတယ်။
ကလေးတွေအပေါ်ထားတဲ့သဘောထား
(၁)
မော်တော်ကားပေါ်မှ လူ (၅) ယောက်နဲ့ ကလေး(၁)ယောက်ဆင်းလာတာတွေ့ရတယ်
လို့ပြောရင် လူကြီးတွေ ကိုတော့
လူလိုသဘောထားသတ်မှတ်ပြီးကလေးကိုတော့လူလိုသဘောထားမသတ်မှတ်ရာရောက်နေပါတယ်။
(၂)
မော်တော်ကားပေါ်မှ လူကြီး (၅) ယောက်နဲ့ကလေး (၁)
ယောက်ဆင်းလာတာတွေ့ရတယ်ပြောရင်ကလေးကို လည်း
လူလိုသဘောထားပြောဆိုရာရောက်ပါတယ်။ လူကြီးနဲ့ကလေးမတူတာကိုသာ
ခွဲခြားပြောနေခြင်းဖြစ်ပါ တယ်။
အဲဒီတော့
ကလေးတွေကို လူတွေက ဘယ်လိုသဘောထားနေကြပါသလဲ။ လူသားတွေအဖြစ်သဘောထားကြပါ
သလား။ အဲဒီလိုမေးကြည့်လိုက်ရင်တော့ ကလေးတွေကို လူလိုသဘောထားကြောင်း
ဖြေကြမှာဖြစ်ပါတယ်။ ဒါ ပေမဲ့ လက်တွေ့ဘဝမှာ ပြောဆိုသုံးနှုန်းနေတဲ့စကားတွေ၊
ဝေါဟာရတွေကို လေ့လာကြည့်ရင် လုပ်ရပ်အပြုအမူ
တူပေမဲ့ရည်ညွှန်းပြောဆိုချက်များမှာအလွန်ကွာခြားနေတာကိုတွေ့နိုင်ပါတယ်။
အပြန်အလှန်ထိတွေ့ပြောဆိုရင်မကျေနပ်တာတစ်ခုခုကြောင့်
ဥပမာ ကလေးကြောင့် ရေထည့်ထားတဲ့ခွက် ကလေးကိုတိုက်မိပြီးရေခွက်ကွဲသွားခြင်း၊
လူကြီးကြောင့် ရေထည့်ထားတဲ့ရေခွက်တိုက်မိပြီးကွဲသွားခြင်း မျိုးဖြစ်တဲ့အခါ
အမျိုးမျိုးတုံ့ပြန်လုပ်ဆောင်ကြပါတယ်။ တုံ့ပြန်မှုများမှာ
အမျိုးမျိုးအဓိပ္ပါယ်ထွက်စေပါတယ်။
• လူကြီးကကလေးကို လက်ဖြင့် နာအောင်ရိုက်လိုက်တဲ့အခါ စည်းကမ်းပေးတယ်လို့သတ်မှတ်ကြ ပါတယ်။
• ကလေးအချင်းချင်း လက်ဖြင့် နာအောင်ရိုက်လိုက်တဲ့အခါ ကြမ်းတမ်းရန်လို တဲ့အပြုအမူလို့သတ် မှတ်ကြပါတယ်။
• လူကြီးကိုကလေးက လက်ဖြင့် နာအောင် ရိုက်လိုက်တဲ့အခါ ရိုင်းပြတဲ့အပြုအမူလို့သတ်မှတ်ကြပါ တယ်။
• လူကြီးအချင်းချင် လက်ဖြင့်နာအောင်ရိုက်တာကိုတော့ စော်ကားတဲ့အပြုအမူလို့သတ်မှတ်ကြပါတယ်။
အထက်ပါအတိုင်းဖြစ်ရပ်တူအခြေအနေတူတွေမှာ
လုပ်ဆောင်ပြုမူသူရဲ့အသက်အရွယ်အရကလေး၊ သို့မဟုတ်
လူကြီးဖြစ်မှုအပေါ်မူတည်ပြီး မတူတဲ့သဘောထားမှတ်ချက်တွေသတ်မှတ်နေတာ တွေ့ရှိ
နေပါတယ်။ အဲဒီလို ရှုထောင့်မတူတာတွေက ကလေးတွေအပေါ် သက်ရောက်မှု
ဘာတွေဖြစ်နိုင်မယ်လို့ မိတ်ဆွေများထင်မြင်ယူဆပါသလဲ။
မိတ်ဆွေများ စဥ်းစားပြီး သုံးသပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ဒီနေ့
လူတွေကကလေးတွေအပေါ်မှာထားတဲ့သဘောထားကို စူးစမ်းလေ့လာသုံးသပ်နိုင်စေရန်
“ကလေးတွေ အပေါ် ထားတဲ့သဘောထား” အကြောင်းစဥ်းစားမိတာလေးကို Food for
Thought 674 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ကလေးတွေအပေါ်ထားတဲ့သဘောထား
(၁)
မော်တော်ကားပေါ်မှ လူ (၅) ယောက်နဲ့ ကလေး(၁)ယောက်ဆင်းလာတာတွေ့ရတယ်
လို့ပြောရင် လူကြီးတွေ ကိုတော့
လူလိုသဘောထားသတ်မှတ်ပြီးကလေးကိုတော့လူလိုသဘောထားမသတ်မှတ်ရာရောက်နေပါတယ်။
(၂)
မော်တော်ကားပေါ်မှ လူကြီး (၅) ယောက်နဲ့ကလေး (၁)
ယောက်ဆင်းလာတာတွေ့ရတယ်ပြောရင်ကလေးကို လည်း
လူလိုသဘောထားပြောဆိုရာရောက်ပါတယ်။ လူကြီးနဲ့ကလေးမတူတာကိုသာ
ခွဲခြားပြောနေခြင်းဖြစ်ပါ တယ်။
အဲဒီတော့
ကလေးတွေကို လူတွေက ဘယ်လိုသဘောထားနေကြပါသလဲ။ လူသားတွေအဖြစ်သဘောထားကြပါ
သလား။ အဲဒီလိုမေးကြည့်လိုက်ရင်တော့ ကလေးတွေကို လူလိုသဘောထားကြောင်း
ဖြေကြမှာဖြစ်ပါတယ်။ ဒါ ပေမဲ့ လက်တွေ့ဘဝမှာ ပြောဆိုသုံးနှုန်းနေတဲ့စကားတွေ၊
ဝေါဟာရတွေကို လေ့လာကြည့်ရင် လုပ်ရပ်အပြုအမူ
တူပေမဲ့ရည်ညွှန်းပြောဆိုချက်များမှာအလွန်ကွာခြားနေတာကိုတွေ့နိုင်ပါတယ်။
အပြန်အလှန်ထိတွေ့ပြောဆိုရင်မကျေနပ်တာတစ်ခုခုကြောင့်
ဥပမာ ကလေးကြောင့် ရေထည့်ထားတဲ့ခွက် ကလေးကိုတိုက်မိပြီးရေခွက်ကွဲသွားခြင်း၊
လူကြီးကြောင့် ရေထည့်ထားတဲ့ရေခွက်တိုက်မိပြီးကွဲသွားခြင်း မျိုးဖြစ်တဲ့အခါ
အမျိုးမျိုးတုံ့ပြန်လုပ်ဆောင်ကြပါတယ်။ တုံ့ပြန်မှုများမှာ
အမျိုးမျိုးအဓိပ္ပါယ်ထွက်စေပါတယ်။
• လူကြီးကကလေးကို လက်ဖြင့် နာအောင်ရိုက်လိုက်တဲ့အခါ စည်းကမ်းပေးတယ်လို့သတ်မှတ်ကြ ပါတယ်။
• ကလေးအချင်းချင်း လက်ဖြင့် နာအောင်ရိုက်လိုက်တဲ့အခါ ကြမ်းတမ်းရန်လို တဲ့အပြုအမူလို့သတ် မှတ်ကြပါတယ်။
• လူကြီးကိုကလေးက လက်ဖြင့် နာအောင် ရိုက်လိုက်တဲ့အခါ ရိုင်းပြတဲ့အပြုအမူလို့သတ်မှတ်ကြပါ တယ်။
• လူကြီးအချင်းချင် လက်ဖြင့်နာအောင်ရိုက်တာကိုတော့ စော်ကားတဲ့အပြုအမူလို့သတ်မှတ်ကြပါတယ်။
အထက်ပါအတိုင်းဖြစ်ရပ်တူအခြေအနေတူတွေမှာ
လုပ်ဆောင်ပြုမူသူရဲ့အသက်အရွယ်အရကလေး၊ သို့မဟုတ်
လူကြီးဖြစ်မှုအပေါ်မူတည်ပြီး မတူတဲ့သဘောထားမှတ်ချက်တွေသတ်မှတ်နေတာ တွေ့ရှိ
နေပါတယ်။ အဲဒီလို ရှုထောင့်မတူတာတွေက ကလေးတွေအပေါ် သက်ရောက်မှု
ဘာတွေဖြစ်နိုင်မယ်လို့ မိတ်ဆွေများထင်မြင်ယူဆပါသလဲ။
မိတ်ဆွေများ စဥ်းစားပြီး သုံးသပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
ကလေးတွေအပေါ်ထားတဲ့သဘောထား Food for Thought 674
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment