သစ္စာရွှေစည်ဆရာတော်၏
စိတ်တို့၏အစွမ်းဆိုတဲ့တရာတော်နှင့် စိတ်ကို ညစ်နွမ်းစေတဲ့ကိလေသာတရား
(၁၇)ပါး တရား တော်များကိုနာယူပြီး မိတ်ဆွေများအတွက်
ပြန်လည်မျှဝေလိုက်ပါတယ်။ မိမိတို့စိတ်ကို ကိ လေသာမိုးရေတွေလုံအောင်၊
မိမိတို့စိတ်ကို ညစ်နွမ်းစေတဲ့ ကိလေသာအညစ်အကြေားတွေကင်းစင်အောင်
ပြုလုပ်နိုင်ဖို့နှင့် စိတ်ကိုမှန်ကန်တဲ့အသိအမြင်များမရအောင်
တားဆီးပိတ်ပင်တတ်တဲ့ နီဝရဏတရားကင်းပြီး
ကြည်လင်နေအောင်လေ့ကျင့်ရာတွင်အထောက်အကူဖြစ်စေရန်မျှ Food for Thought 673
အဖြစ်မျှ ဝေ လိုက်ခြင်းဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
စိတ်ကိုလုံအောင်၊ ဖြူအောင်၊ ကြည်အောင်ထားပါ။
မြတ်ဗုဒ္ဓက
စိတ်ကို လုံအောင်၊ ဖြူအောင်နှင့်
ကြည်လင်အောင်ထားဖို့အတွက်အရေးကြီးကြောင်းကို အလေး အနက်
လမ်းညွှန်ပြခဲ့ပါတယ်။ ထင်သာမြင်သာတဲ့ဥပမာများပေးပြီး လမ်းပြခဲ့ပါတယ်။
အိမ်ကိုအမိုးစပ်အောင်
အကြားအပေါက်မရှိအောင် သေချာမိုးထားရင် မိုးရေတွေဟာ အမိုးမှယိုပြီး
မကျနိုင်သလို တစ်အိမ်လုံး မိုးရေးမယိုဘဲလုံနေမှာြဖစ်ကြောင်းဥပမာဖြင့်
ပြခဲ့ပါတယ်။ ထို့အတူပင်စိတ်ကိုလုံအောင်ထားဖို့ ဆို တာ စိတ်ကို သမထ
ဘာဝနာပွားများခြင်း၊ ဝိပဿနာဘာဝနာပွားများခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊
အသုဘ ဘာဝနာပွားများခြင်း၊ သတိပဌာန်တရားပွားများခြင်းစတဲ့တရားဘာဝနာများကို
ပွားများပြီး ကိလေသာကြားမခို အောင်နေခြင်းဟာ စိတ်ကို
လုံအောင်မိုးထားခြင်းနှင့်တူကြောင်း၊ စိတ်မှာ မကောင်းတဲ့တရာများ အတွေးများ
ဝင် မလာနိုင်အောင် လုံအောင် ပြုလုပ်ထားခြင်းနှင့် တူကြောင်း
လမ်းညွှန်ပြခဲ့ပါတယ်။ လျောင်းထိုင်ရပ်သွား လှုပ်ရှား မှုများပြုတိုင်း
စိတ်ကို လွှတ်မထားဘဲ သတိဖြင် စောင့် ကြည့်ပြီး ပကတိဖြစ်ပျက်နေမှုများကို
အပိုအလိုမရှိဘဲ
ကြည့်ရှုမှတ်သားနေခြင်းမှာအမိုးကိုကိလေသာမိုးရေတွေမယိုစိမ့်အောင်
ထိစပ်မိုးထားခြင်းနှင့် တူပါတယ်။
စိတ်ကိုကိလေသာမိုရေတွေမယိုကျအောင်
လုံအောင်မိုးထားရန် လိုအပ်သလို စိတ်ကို မကောင်းတဲ့တရားများ ကြောင့်
ညစ်ညမ်းမှုမရှိစေဘဲဖြူစင်အောင်
ထိန်းသိမ်းထားရန်လည်းအရေးကြီးကြောင်းလမ်းညွှန်ခဲ့ပါတယ်။
စိတ်ကိုဖြူစင်အောင်ထိန်းသိမ်းဖို့အတွက်လည်း သမထ ဘာဝနာပွားများခြင်း၊
ဝိပဿနာဘာဝနာပွားများခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ အသုဘ
ဘာဝနာပွားများခြင်း၊ သတိပဌာန်တရားပွားများခြင်းစတဲ့တရားဘာဝနာ
များကိုပွားများပြီး ဖြူစင်နေအောင် ထိန်းသိမ်းရန် လမ်းညွှန်ခဲ့ပါတယ်။
အဲဒီလို ထိန်းသိမ်းထားတဲ့စိတ်ဟာ ဖြူ စင်နေတဲ့အတွက် ဖြူတဲ့အဝတ်ကို
ကြိုက်နှစ်သက်ရာအရောင် တင်ပေးဆိုးပေးနိုင်စေပါတယ်။ အဝတ်က ညစ်
ပေတာတွေများနေရင် နှစ်သက်ရာအရောင် တင်လို့ဆိုးလို့ မရနိုင်တော့ပါ။
ပကတိဖြူစင်နေတဲ့စိတ် ဟာ ဘယ် အချိန်တွေမှာ ညစ်လာသလဲဆိုရင် အောက်ပါဆိုးတဲ့
ကိလေသာတရားစိတ်ထားများကြောင့် ဖြစ်ရကြောင်းကို လမ်းညွှန်ပြခဲ့ပါတယ်။
• အဘိဇ္ဇာ ဆိုတဲ့မိမိပစ္စည်းကို မထိပါးအောင်အရမ်းမက်မောလိုလားနေခြင်းဆိုတဲ့စိတ်တွေများနေခြင်း၊
• ဝိသမလောဘ ဆိုတဲ့မလိုလားထိုက်တာတွေကို အရမ်းလိုချင်ပြီးလောကအလွန်များခြင်းဆိုတဲ့ စိတ်တွေ များနေခြင်း၊
• ဗျာပါဒဆိုတဲ့စိတ်ထဲမှာ စိတ်တိုင်းမကျမကျေမနပ်မှုတွေများနေခြင်းဆိုတဲ့ စိတ်တွေများနေခြင်း၊
• ကောဒ ဆိုတဲ့စိတ်ကို အနေအထိုင်မကျစေတဲ့ဒေါသအသေးစားဖြစ်နေတဲ့စိတ်တွေရှိနေခြင်း၊
•
ဥပနာဟ ဆိုတဲ့သူတစ်ပါးကိုရန်ညှိုးဖွဲ့လိုခြင်း၊ သူတစ်ပါးမှာရှိတဲ့ဂုဏ်ကို
အသိအမှတ်မပြုနိုင်ခြင်းဆိုတဲ့ မကောင်းစိတ်များများနေခြင်း၊
• မက္ခ ဆိုတဲ့သူတစ်ပါးကျေးဇူးတရားကိုမသိတတ်ခြင်း၊ကျေးဇူးတရားကိုချေဖျက်တတ်ခြင်းဆိုတဲ့ စိတ် ယုတ်စိတ်ပုတ်တွေများနေခြင်း၊
• ပလာသ ဆိုတဲ့အခြားသူများနှင့် ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်နေတဲ့ အပြိုင်စိတ်တွေများနေခြင်း၊
• ဣဿ ဆိုတဲ့ သူတစ်ပါးကမိမိထက်သာတာကို မနာလိုခြင်း၊ ဝမ်းမမြောက်က်နိုင်ခြင်း၊ မကြားလို ခြင်း ဆိုတဲ့ မကောင်းစိတ်တွေများနေခြင်း၊
•
မစ္ဆရိယ ဆိုတဲ့မိမိမှာကောင်းနေတာမျိုးကို သူတစ် ပါးမရစေချင်တဲ့စိတ်၊
ကောင်းတာကိုမဝေမျှလိုတဲ့ စိတ်၊
မိမိသာကောင်းချင်တဲ့စိတ်ဆိုတဲ့စိတ်ယုတ်စိတ်ပုတ်များများနေခြင်း၊
• မာယာ ဆိုတဲ့မိမိမှာရှိတဲ့အပြစ်ကို အခြားလူတွေမသိအောင်ဖုံးကွယ်လှည့်ပတ်ထားလိုခြင်းဆိုတဲ့ စိတ် များများနေခြင်း၊
• သာဌေးယျ ဆိုတဲ့ မမှန်မကန် ကောက်ကျစ်စဥ်းလဲတတ်တဲ့ စိတ်များများနေခြင်း၊
• ထမ္ဘ ဆိုတဲ့ ဆက်ဆံရေးမှာ မပြောမလည် ခက်ထန်မာကျောတဲ့စိတ်တွေများနေခြင်း၊
• သာရမ္ဘ ဆိုတဲ့မဆိုင်ပါဘဲလျက် ဝင်ရောက်စွက်ဖက်လိုခြင်း၊ချုပ်ချယ်လိုခြင်းစတဲ့စိတ်တွေ များ လွန်းနေခြင်း၊
• မာန ဆိုတဲ့လူအချင်းချင်းဆက်ဆံရာမှာ မတူသလိုမတန်သလို သဘောထားခြင်းဆိုတဲ့မောက်မာတဲ့စိတ် တွေများနေခြင်း၊
• အတိမာန ဆိုတဲ့ မြင်လိုက်တာနဲ့အလွန်မောက်မာ တဲ့အသွင်အပြင်များများနေခြင်း၊
• မဒ ဆိုတဲ့ မိမိကောင်းတယ်လို့ထင်နေတာတွေမှ အကောင်းဆုံးလို့ထင်တာကို ကြိုက်နှစ်သက်သလောက် ခံစားယစ်မူးနေတဲ့စိတ်တွေများနေခြင်း၊
• ပမာဒ ဆိုတဲ့ ကုသိုလ်တရားကိုမေ့မေ့လျော့လျော့နေခြင်း၊ ကောင်းတယ်ထင်တာကို ကြိုက်နေခြင်း၊ မကြိုက်ရင်ဒေါသထွက် တတ်မှုများများနေခြင်း
ဖော်ပြပါ
စိတ်ကို ညစ်နွမ်းစေတဲ့တရားများကင်းအောင် တရားဘာဝနာများကို ကျင့်
ကြံအားထုတ်လေ့ကျင့် ရန် လိုအပ်ကြောင်း မြတ်ဗုဒ္ဓကလမ်းညွှန်ပြသခဲ့ပါတယ်။
ထိုသို့ ကျင့်ကြံအားထုတ်ခြင်းမှာ စိတ်ကို ဖြူစင်အောင် ပြု
လုပ်နေခြင်းပင်ဖြစ်ပါတယ်။
စိတ်ကို
ကြည်နေအောင် လေ့ကျင့် ဖို့ကို လည်း မြတ်ဗုဒ္ဓက လမ်းပြခဲ့ပါတယ်။
လှိုင်းလေမထန်၊ အနယ်အမှိုက် ကင်းနေတဲ့ ရေပြင်ကို ကြည့် လိုက်ရင်
ရေမျက်နှာပြင်မှ အောက်ခြေအထိ တိုးယိုပေါက် အားလုံးရှိနေတာတွေကို
ထင်ရှားစွာတွေ့နိုင်ပါတယ်။ ငါးလေးတွေကူးနေတာ၊ အောက်ခြေမှာ
ရှိနေတဲ့ကျောက်စရစ်ခဲလေးတွေ၊ခရုခွံလေး တွေ အားလုံးကို
မြင်နေသလိုပင်ကြည်နေတဲ့စိတ်မှာဆိုရင် ထိုးထွင်းသိမြင်နိုင်စေပါတယ်။
စိတ်ကိုမကြည်မလင် ဖြစ်အောင် တားဆီးနေတဲ့တရားတွေကတော့ အောက်ပါနီဝရဏ
တရားများဖြစ်ကြောင်းမြတ်ဗုဒ္ဓက လမ်းညွှန်ပြ ခဲ့ပါတယ်။
•
ကာမစ္ဆန္ဒနီဝရဏ = လိုချင်တပ်မက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍
ကန့်ကွက်ခြင်း။ အာရုံငါးပါး အဆင်း အသံ အနံ့ အရသာ အထိအတွေ့ စတဲ့
အာရုံတွေကိုလိုခြင်တပ်မက်ခြင်းများ။
•
ဗျာပါဒနီဝရဏ = ဒေါသအမျက်ထွက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍
ကန့်ကွက်ခြင်း။မကျေနပ်မှု ဒေါသ ထွက်ခြင်း၊ စိုးရိမ်ကြောင့်ကြမှု ဗျာပါဒ။
• ထိနမိဒ္ဓနီဝရဏ = ငိုက်မြည်းခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။ အလုပ်ကိုစမလုပ်ခြင်း၊ လမ်း ခုလပ်၌ ရပ်တန့်ခြင်း။
• ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = စိတ်ပျံ့လွင့်ခြင်း၊ နောင်တတဖန်ပူပန်ခြင်းဖြင့် နိဗ္ဗာန်ကိုဖုံးကွယ်၍ကန့်ကွက်ခြင်း။
• ဝိစိကိစ္ဆာနီဝရဏ = သံသယရှိခြင်း၊ ယုံမှားခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
ဘုရားရှင်က သိင်္ဂါရဝပုဏ္ဏားအား နီဝရဏတရား များကိုရှင်းပြတဲ့အခါ အောက်ပါဥပမားပေးပြီးရှင်းပြခဲ့ပါတယ်။
• ကာမစ္ဆန္ဒနီဝရဏ = ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေကြောင့် အရောင်တွေပြောင်းကုန်ခြင်း
• ဗျာပါဒနီဝရဏ = ဆူနေသောရေနွေးအိုးထဲမှရေကြောင့် ရေထဲမှာ ဘာရှိနေတယ်ဆိုတာ မမြင်နိုင်ခြင်း
• ထိနမိဒ္ဓနီဝရဏ = မှော်ဖတ်၊ မှော်ရိပ်တွေဖုံးနေရင် ရေထဲမှာ ဘာရှိမှန်မြမင်နိုင်ခြင်း
• ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = သစ်ပင်ရိပ်၊ လေတိုက်၍ရေပြင်မငြိမ် ဖြစ်တဲ့အခါ ရေအောက် ပိုင်းမှာ ဘာရှိတာကိုမမြင်နိုင်ခြင်း
• ဝိစိကိစ္ဆာနီဝရဏ = အနယ်ဖတ်များကျနေရင်ရေကနောက်ကျူနေတဲ့အတွက် ရေထဲမှာရှိနေတာတွေကို မမြင်နိုင်ခြင်း
ဘုရားရှင်က အဇာတသတ်မင်းကြီးအားနီဝရဏတရား (၅)ပါးအကြောင်းရှင်းပြတဲ့အခါ အောက်ပါ ဥပမာပေး ရှင်းပြခဲ့ ပါတယ်။
• ကာမစ္ဆန္ဒနီဝရဏ = ကြွေးတင်နေသောသူ(ကြွေးပေးထားသူကိုတွေ့နေရင် စိတ်ထဲမှာ ထိပ်လန့်နေရ)
• ဗျာပါဒနီဝရဏ = သည်းခြေရောဂါရှိနေသောသူ (ရောဂါဒါဏ်ကို ခံစားနေရ)
• ထိနမိဒ္ဓနီဝရဏ = ထောင်ကျနေသာသူ (ထောင်းထဲမှာ လွတ်လပ်မှုကင်း)
• ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = ကျွန် (ကျွန်ဖြစ်နေတဲ့အတွက် သခင်ခိုင်းရာလုပ်ပေးနေရ)
• ဝိစိကိစ္ဆာနီဝရဏ = လမ်းခွဆုံရောက်နေသောသူ (ဘယ်လမ်းလိုက်ရမှန်းမသိဝေခွဲမရဖြစ်နေ)
နီဝရဏတရားများကင်းအောင်
သမထ၊ ဝိပဿနာ၊ မေတ္တာ၊အသုဘဘာဝန်ာများကိုရှုမှတ်ပွားများရင်
အလွန်ကြီးမြတ်တဲ့ကောင်းကျိုးချမ်းသာ (၄) မျိုးကိုရစေကြောင်းမြတ်ဗုဒ္ဓက
လမ်းညွှန်ပြခဲ့ပါတယ်။ အဲဒီအကျိုးများကအောက်ပါတို့ဖြစ်ပါတယ်။
၁။ မိမိအတွက် ကောင်းကျိုးများဖြစ်စေခြင်း၊
၂။ သူတစ်ပါးတို့အတွက်ကောင်းကျိုးများဖြစ်စေခြင်း၊
၃။ မိမိသူတစ်ပါး နှစ်ဦးသားတို့အတွက် ကောင်းကျိုးများဖြစ်စေခြင်းနှင့်
၄။ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်းဆိုတဲ့ကောင်းကျိုးများဖြစ်ပါတယ်။
မိတ်ဆွေများ စိတ်ကို လုံအောင်၊ ဖြူအောင်၊ ကြည်အောင် ထိန်းသိမ်းစောင့်ထိန်းနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment