ဒီနေ့မှာ ကလေးတွေပြောတဲ့စကားတွေကိုသေချာစဥ်းစားသင့်ကြောင်း Food for Thought 672 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
ကလေးတွေပြောတဲ့စကားများ
၁။ ဘုရားပုံရေးဆွဲနေတဲ့ကလေး
ကလေးတစ်ယောက်ကပုံတွေကိုစိတ်ဝင်တစားရေးဆွဲနေတာကိုတွေ့မြင်ရတဲ့
ဆရာမက “သမီးလေးက ဘာပုံ တွေရေးဆွဲနေတာလဲ”လို့ မေးလိုက်ပါတယ်။
အဲဒီတော့သမီးလေးက “ဘုရားသခင်ရဲ့ပုံကိုရေးနေတာ”လို့ ချက်ခြင်း
ပြန်ဖြေလိုက်ပါတယ်။ ဒီတော့ “ဘုရားသခင်ကို ဘယ်သူမှမြင်ဘူးတော့ သမီးက ဘယ်လို
ရေးဆွဲမှာလဲ” လို့ ဆရာမကပြန်မေး လိုက်ပါတယ်။ အဲဒီအခါမှာ
ပုံရေးဆွဲနေတဲ့သမီးလေးက သူလုပ်ဆောင်နေတဲ့အလုပ်ကို ယုံကြည်မှု အပြည့်နဲ့
ပြန်ဖြေလိုက်တာကတော့ “သမီးရေးဆွဲပြီးသွားရင် ဘုရားသခင်ဆိုတာ ကို
မြင်တွေ့ရပါ လိမ့်မယ်”လို့ ပြန်ဖြေ လိုက်ပါတယ်။ (ကလေးတွေဟာ
သူတို့စိတ်ကူးထဲမှာ လုပ်ဆောင်နေတာကို ယုံကြည်မှု အပြည့်ဖြင့် လုပ်
ဆောင်နေတတ်ကြောင်းကိုပြနေပါတယ်။)
၂။ ကျောက်တုံးကြီးထဲမှာသမ္မတကြီးလင်ကွန်းရှိနေတာ ဘယ်လိုသိတာလဲ၊
တစ်ခါကကလေးမလေးတစ်ယောက်ဟာ
ပြေးကစားနေရင်း အဆောက်အဦတစ်ခုအတွင်းဝင်သွားလိုက်တဲ့ အခါ
အသက်ကြီးကြီးအဖိုးတစ်ယောက်က ကျောက်တုံးကြီးကို
ပန်းပုထုနေတာကိုမြင်လိုက်ပါတယ်။ ပန်းပု ထုနေတာ
ကတစ်ဝက်တစ်ပိုင်းသာပြီးနေပြီး ကျောက်တုံးကြီးရဲ့ ထိပ်ပိုင်းမှာ
ဘီဘရာဟင်လင်ကွန်းရဲ့မျက်နှာကို တွေ့နေရပါ တယ်။
သမ္မတကြီးအီဗရာဟင်လင်ကွန်းရဲံဦးခေါင်းပိုင်းကိုကြည့်နေရင်း
အလွန်အံ့အားသင့်တဲ့အမူ အရာဖြင့် ပန်း ပုထုဆစ်နေတဲ့အဖိုးကို မေးလိုက်ပါတယ်။
“အဖိုး၊ သမ္မတကြီးလင်ကွန်းကအဲဒီကျောက်တုံးပြီးထဲ မှာ ရောက်နေ မှန်း အဖိုးက
ဘယ်လိုသိတာလဲ” လို့မေးလိုက်ပါတယ်။ ကလေးမလေးက ပန်းပုထုနေတယ်ဆိုတာမသိပါဘူး။
ကျောက်တုံးကြီးကို ထုရိုက်နေတာကိုသာတွေ့ပြီးကျောက်တုံထဲမှ
သမ္မတကြီးလင်ကွန်းရဲ့ မျက်နှာထွက် လာတာ ကိုမြင်ပြီး
ကျောက်တုံးထဲမှာသမ္မတကြီးရှိနေတာကို အဖိုးကသိလို့ ကျောက်တုံးကို
ထုခွဲပြီးသမ္မတကြီးကို ကျောက်တုန်းကြီးထဲမှထွက်လာနိုင်အောင်ထုတ်ပေး
နေတယ်လို့ထင်နေခြင်းသာဖြစ်ပါတယ်။ ဒီတော့ ပန်းပု ဆရာကြီးကလည်း သူ့လက်ရာက
ကလေးမျက်စိကိုတောင် ကောင်းစွာလှည့်စားနိုင်စေတယ်ဆိုပြီး ကျေနပ်
အားရဖြစ်နေပါသတဲ့။ ကလေးတွေဆိုတာ
မိမိစိတ်ထဲမှာရှိတဲ့အတိုင်းမေးတတ်ပြောတတ်ကြပါတယ်။ လူကြီး
အသိမျိုးမရှီရကောင်းလားဆိုတဲ့အမြင်မျိုး မထားသင့်ပါဘူး။
၃။ မေမေကမေမေမရှိဘူးလို့ ပြောလိုက်လို့ပြောနေပါတယ်။
မိခင်တစ်ယောက်မှာ
အလုပ်ပင်ပန်းနေတဲ့အတွက် အိမ်မှာ အနားယူနေပါတယ်။ အဲဒီအချိန်မှာ
တယ်လီဖုန်းသံက ထွက်လာပါတယ်။ သမီးလေးက တယ်လီဖုန်းအနီးအနားမှာကစားနေပါတယ်။
ဒီတော့ မိခင်ဖြစ်သူက “သမီးရေ တယ်လီဖုန်း ကိုင်လိုက်ပါ။
မေမေ့ကိုမေးတယ်ဆိုရင် မေမေ မရှိဘူးလို့ ပြောလိုက်ပါ”လို့ သတိပေးပြီး တယ်လီ
ဖုန်းကို ကောက်ကိုင်ခိုင်း လိုက်ပါတယ်။ တစ်ဘက်ကတယ်လီဖုန်းပြောတဲ့ လူက
တယ်လီဖုန်းကို ကိုင်လိုက်ပြီး ဟယ်လို လို့ပြောတာက
ကလေးအသံမှန်းသိတဲ့အတွက်”မေမေရှိသလား”လို့မေးလိုက်ပါတယ်။ အဲဒီတော့
ကလေးကလည်းသူ့အမေမှာထားတဲ့အတိုင်း
“မေမေကမေမေမရှိဘူးလို့ပြောလိုက်ပါလို့ပြောနေပါတယ်” လို့ ပြန်
ဖြေလိုက်ပါတယ်။ ဒီတော့
တယ်လီဖုန်းဆက်သူကလည်းအခြေအနေကိုသဘောပေါက်သွားတဲ့အတွက် တယ်လီ
ဖုန်းချသွားပါတယ်။ သမီးလေးက
သူပြောတဲ့အတိုင်းဖြေလိုက်တာကိုအနားယူနေတဲ့မိခင်ကကြားပြီး “အဲဒီလို
ပြောခိုင်းတာကသမီး သိဖိုသာပြောတာ။ အခုအဲဒီအတိုင်းပြောလိုက်တော့မေမေက
မကောင်းဖြစ်သွား ပြီပေါ့” “မေမေမရှိပါဘူးရှင်”လို့ပြောလိုက်ရမှာ
လို့မိခင်ကပြောတဲ့အခါ “သမီးကမေမေပြောခိုင်းတဲ့အတိုင်းပြောတာပါ”
မေမေရှိနေတာကိုမေမမရှိပါဘူးရှင်လို့ပြောလိုက်ရင်သမီးကလိမ်ပြောတာဖြစ်နေမှာပေါ့။
မေမေကပြောထား တယ်လေ လိမ်ညာမပြောရဘူးဆိုတာ”
လို့သမီးလေးကပြန်ဖြေလိုက်ပါသတဲ့။ ဒါကြောင့် ကလေးတွေကို မမှန်
တာပြောခိုင်းတာမျိုးမပြုလုပ်မိရန် မိဘများအနေဖြင့်အထူးသတိရှိရန်
လိုအပ်ပါတယ်။
၄။ ဖွားဖွားဆံပင်တွေဘာကြောင့် ဖြုနေတယ်ဆိုတာ သမီးသိသွားပြီ
ကစားနေတဲ့သမီးလေးက
သူ့မိခင်ဆံပင်မှာ တစ်ချို့ဆံပင်တွေကဖြူနေတာကိုသတိထားမိတဲ့အတွက် “မေမေ
မေ့မေ့ဆံပင်တစ်ချို့က ဘာကြောင့် ဖြူနေတာလဲ”လို့
စူးစမ်းသိလိုတဲ့အတွက်မေးလိုက်ပါတယ်။ သမီးလေး မေး လိုက်တာကိုကြားရတဲ့မိခင်က
အဲဒါသမီးလေးကို ဆုံးမဖို့ ကောင်းတဲ့အခါအခွင့်လို့နားလည်လိုက်ပြီး” မေမေ
ခေါင်းကဆံပင်တစ်ချို့ဖြူနေရတာက သမီးလေးကို ပြောလို့ဆိုလို့မရတဲ့အခါ
မေမေစိတ်တွေပင်ပန်းလို့ ဆံပင် တစ်ချို့ ဖြူနေတာပါ”လို့ ပြန်ဖြေလိုက်ပါတယ်။
မိခင်ဖြေလိုက်တဲ့စကားကိုကြားပြီးခဏ အကြာမှာ သမီးက
သူ့မိခင်ကိုပြန်ပြောတဲ့စကားက “မေမေဖွားဖွားဆံပင်တွေဘာကြောင့်
အားလုံးဖြူနေရတယ်ဆိုတာသမီး သိသွား ပြီ” လို့ဖြစ်ပါတယ်။ ကလေးတွေဆိုတာ
သူ့အဆင့်နှင့်သူ ကျိုးကြောင်းဆက်စပ်စဥ်းစားနိုင်ကြပါတယ်။ ဖွားဖွား
ဆံပင်တွေဖြူကုန်ရတာ သူ့မိခင် (ဖွားဖွားသမီး) ရဲ့
ပြောရဆိုရခက်ခဲမှုတွေကြောင့်ဖွားဖွား စိတ်တွေ ပင်ပန်းပြီး
ဆံပင်တွေဖြူကုန်တယ်လို နားလည်သွားစေပါတယ်။
ကလေးတွေရဲ့ကိုးကြောင်းညီစွာစဥ်းစားပြောဆိုနိုင်မှုကို ပုအားကောင်းလာအောင်
လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
၅။ ကမ္ဘာအံ့ဖွယ် (၇)မျိုးအကြောင်း
ဆရာကအတန်းထဲမှာ
ကမ္ဘာအံ့ဖွယ် (၇) မျိုးအကြောင်း ကလေးတို့သိကြလားလို့မေးပြီးကလေးတို့ သိထား
တာ တွေစာအုပ်ထဲမှာ ရေးကြပါလို့ ကျောင်းသားများကို တာဝန်ပေးလိုက်ပါတယ်။
ကျောင်းသူကျောင်းသား များရေးထားတာတစ်ချို့မှာ အောက်ပါ
ကမ္ဘာအံ့ချီးဖွယ်ရာတွေပါတာကိုဆရာကတွေ့နေပါတယ်။ အံ့ဖွယ်တစ်ချို့
နှင့်ပတ်သက်ပြီးအငြင်းအခုန်ဖြစ်နေပေမဲ့ အောက်ပါ တို့ထွက်လာခဲ့ပါတယ်။
၁။ အီဂျစ်ကပိရမစ်ကြီးများ
၂။ အိန္ဒယရှိ တပ်းဂျ်မဟာ
၃။ ဘရာဇီးနိုင်ငံမှာရှိတဲ့ Christ the Redeemer
၄။ မက်ဆီကိုမှာရှိတဲ့ Chichen Itza
၅။ အမေရိကားမှာရှိတဲ့ဂရင်းကင်ညောင်
၆။ အီတလီရှိ Colosseum
၇။ တရုပ်ပြည်မှမဟာတံတိုင်းကြီး
အားလုံးကသူတို့သိထားတဲ့ကမ္ဘာ့အံ့ဖွယ်များကို
ထုတ်ပြောပြနေတဲ့အချိန်မှာ ကျောင်းသူလေးတစ်ဦးမှာ သူသိထား တဲ့ကမ္ဘာ့
အံ့ဖွယ်များကိုစဥ်းစားရေးနေဆဲဖြစ်တာကိုဆရာက သတိထားလိုက်ပါတယ်။ ဒါကြောင့်
လိုအပ်ရင်အကူ အညီပေးနိုင်အောင်
စဥ်းစားရေးနေတဲ့ကျောင်းသူလေးကိုသမီးရေးထားတာတွေအားလုံးကြားအောင်ဖတ်ပြပါလို့
မေတ္တာရပ်ခံလိုက်ပါတယ်။ ဒီတော့ကျောင်းသူလေးက
ကမ္ဘာ့အံ့ဖွယ်တွေကသိပ်များလွန်းနေလို့စဥ်းစားရတာ သိပ်
ကြာသွားကြောင်းပြောရင်းသူရေးထားတာတွေကိုအားလုံးကြားအောင်အောက်ပါအတိုင်းဖတ်ပြလိုက်ပါတယ်။
၁။ မြင်ခြင်း
၂။ ကြားခြင်း
၃။ ထိတွေ့ခြင်း
၄။အရသာခံကြည့်ရခြင်း
၅။ ခံစားကြည့်ရခြင်း
၆။ ရယ်မောလိုက်ရခြင်း
၇။ ချစ်ခင်ရခြင်း
ကျောင်းသူလေးဖတ်ပြလိုက်တာကို
နားထောင်နေသူများမှာအလွန်အံ့အားသင့်နေပြီး အပ်ကျသံတောင်ကြား
လောက်အောင်အတန်းထဲမှာတိတ်ဆိပ်ငြိမ်သက်နေပါတယ်။မြင်ကြားထိတွေ့ခံစားခြင်းစတဲ့လူတိုင်းနေ့စဥ်ထိတွေ့
နေ ရ တာက ရိုးစင်းသလောက်အံ့အားသင့်စရာကောင်းတာကို လူတွေကမေ့နေတတ်ကြပါတယ်။
တကယ်တော့ အဲဒီမြင်မှု ကြားမှု ထိတွေ့ခံစားမှုချစ်ခင်မှုစတာတွေက အလွန်
အံ့အားစရာကောင်းလှပါတယ်။ ဘဝမှာ အံ့အားသင့်စရာ အကောင်းဆုံးတွေက
လူတွေလက်ဖြင့် တည်ဆောက်လို့မရပါဘူး။ လူတွေမှာရှိတဲ့ငွေကြေးပေး ဝယ်လို့လည်း
မရပါဘူး။ ကလေးတစ်ယောက်ရဲ့ သိမြင်မှုက ဘယ်လောက်အားကောင်းပါသလဲ။ ဖော်ပြခဲ့
တဲ့အာရ့ုခံတွေကိုသုံးပြီးစူးစမ်းလေ့လာတတ်တဲ့ကလေးသဘာဝကို
ပိုသိနားလည်စေတဲ့အဖြေများဖြစ်ပါတယ်။
၆။ သားမှာလိမ္မော်သီး ဘယ်နှစ်လုံးရှိသလဲ
ဆရာမက
မူကြိုကလေးတစ်ယောက်ကို ကိန်းအရေအတွက်သင်ပေးရင်း သားကိုဆရာမက
လိမ္မော်သီးပေးမယ်။ သားလိမ္မော်သီးအရေအတွက် ဘယ်လောက်ရသလဲဆိုတာ
ပြောရမယ်နော်လို့ ပြောပြီး လိမ္မော်သီးပေးတဲ့ဟန် ဖြင့် “ရော့ တစ်လုံး”၊
“ရော့ နောက်တစ်လုံး”၊ “ရော့နောက်တစ်လုံး”၊ “ရော့နောက်တစ်လုံး”၊ “
ကဲအခုသားမှာ လိမ္မော် သီး ဘယ်နှစ်လုံးရှိသွားပြီလဲ”
လို့ဆရာမကကလေးကိုမေးလိုက်ပါတယ်။ ကလေးက ဆရာမပေးတဲ့ လိမ္မော်သီးအရေအတွက်ကို
လက်ချိုးရေတွက်လိုက်ပြီး (၅) လုံးပါဆရာမလို့ ပြန်ဖြေလိုက်ပါတယ်။ ဒီတော့
ဆရာမက အံ့အားသင့်သွားပါတယ်။ သေသေချာချာမှတ်ပြီးပြန်ဖြေရန် သတိပေးရင်း
အထက်ပါအတိုင်း “ရော့တစ်လုံး”၊ “ရော့နောက်တစ်လုံး”၊ “ရော့နောက်တစ်လုံး”၊
“ရော့နောက်တစ်လုံး”ဆိုပြီး လေးလုံးကို ပေးပြီး တဲ့အခါ အခုသားမှာလိမ္မော်သီး
ဘယ်လောက်ရှိသလဲ လို့မေးလိုက်ပြန်ပါတယ်။ ဒီတော့ကလေးက ဆရာမ
ပေးတဲ့လိမ္မော်သီးကို လက်ချိုးရေတွက်ပြီး (၅) လုံးပါလို့
ပြန်ဖြေပြန်ပါတယ်။ ဒီတော့ ဆရာမက “သား ဘယ်လိုရေတွက်သလဲဆိုတာ
ရေတွက်ပြပါ”လို့ ပြောတော့ ဆရာမပေးတာလိမ္မော်သီးက (၄) လုံးပါ။ မေမေက
သားစားဖို့ လိမ္မော်သီးတစ်လုံးလွယ်အိပ်ထဲမှာထည့်ပေးထားပါတယ်။ ဒါကြောင့်
သားမှာရှိတာ လိမ္မော်သီးအားလုံး (၅) လုံးဖြစ်ပါတယ်”လို့ပြောလိုက်တော့မှ
ဆရာမပြုံးရင်း သက်ပြင်းချနိုင်ပါတော့တယ်။ ကလေးက
သူ့မှာလိမ္မော်သီးဘယ်လောက်ရှိသလဲလို့မေးတော့ သူ့မှာရှိတာကို
ပြောခြင်းသာဖြစ်ပါတယ်။ ဆရာမပေးတဲ့ လိမ္မော်သီးအရေအတွက်ကို
သာပြောခြင်းမဟုတ်ပါ။ ဆရာမပေးတဲ့လိမ္မောသီးဘယ် လောက် ရှိသလဲလို့
မေးရင်အဖြေမှန်ထွက်လာမှာဖြစ်ပါတယ်။
၇။ ကိုကိုပြန်လာမှပန်းသီးခွဲခိုင်းတော့မယ်
တစ်ခါက
ဧည့်သည်တစ်ယောက်ကအိမ်ကို လာလည်ရင်းပန်းသီးကြီးတစ်လုံးကို
လက်ဆောင်ယူလာပေးပါ တယ်။ သမီးလေးက
အဲဒီပန်းသီးကိုတွေ့မြင်လိုက်တာနဲ့စားချင်စိတ်ဖြစ်နေပါတယ်။
ဧည့်သည်ပြန်သွားတဲ့အခါ မိခင်အားပန်းသီးစားချင်ကြောင်းပြောပါတယ်။ ဒီတော့
မိခင်က “ပန်းသီးကတစ်လုံးတည်းဖြစ်နေပြီး သမီးနဲ့သမီး အစ်ကို တို့
ညီညီမျှမျှခွဲစားဖို့လိုပါတယ်”လို့ ပြောလိုက်ပါတယ်။ “ဒါပေမဲ့ကိုကိုက
ကျောင်းသွားနေတော့ သမီးကိုယ် တိုင်ပန်းသီးကို ညီအောင်ခွဲစားနိုင်ရင်
ခွဲစားပါ” လို့ ခွင့် ပြုလိုက်ပါတယ်။ ဒါပေမဲ့ သမီးက ကိုကို ကျောင်းမှာတက်
နေတဲ့အချိန် ပန်းသီးကိုခွဲတာဆိုတော့ ခွဲတာမညီရင် ခွဲတဲ့လူဆိုတာ
ငယ်တဲ့အပိုင်းကို ယူပြီးကြီးတဲ့အပိုင်းကို
ကျောင်းတက်နေတဲ့ကိုကို့အတွက်ချန်ထားရပါမယ်” လို့ သတိပေးပြောလိုက်ပါတယ်။
ဒီတော့ ပန်းသီးစားချင်နေတဲ့သမီးလေးက ခဏပြန်စဥ်းစာပြီး အဲဒီလိုဆိုရင်
ကိုကိုကျောင်ကပြန်ရောက်မှာ ကိုကို့ကိုပန်း
သီးခွဲခိုင်းတော့မယ်လို့မိခင်အားပြန်ပြောလိုက်ပါတယ်။ ဆိုလိုတဲ့သဘောကတော့
ကိုကိုခွဲလို့ ပန်းသီး နှစ်ခြမ်းက မညီဘူးဆိုရင် သူက ကြီးတဲ့အပိုင်းကို
ယူမယ်လို့ပြောလိုက်ခြင်းဖြစ်ပါတယ်။ (ကလေးစိတ်ထဲမှာ တကယ်လို့
ကိုကိုခွဲလိုက်လို့ ပန်းသီးနှစ်ခြမ်းက ညီနေမယ်ဆိုရင်
ပန်းသီးနှစ်ခြမ်းကိုသေသေချာချာ ယှဥ်ကြည့် ပြီးကိုကို့ကို
ပေးမဲ့ပန်းသီးအခြမ်းမှာတစ်ကိုက်ကိုက်လိုက်ပြီးမှ
အဲဒီပန်းသီးအခြမ်းကိုကိုကိုကိုပေးမယ်လို့ ပြော ချင်တာများ ဖြစ်မနေဘူးလို့
ဘယ်သူမှမပြောနိုင်ပါ။) ကလေးတွေဆိုတာ မိမိတို့လိုချင်တာကိုသာ အလေး
ထားတတ်ပါသေးတယ်။ ဘက်မျှပြီးမတွေးတတ်သေးတော့
ဘက်မျှတွေးတတ်အောင်အလေ့အကျင့်များ စွာ ပြုလုပ်ပေးရန် လိုအပ်ပါတယ်။
မိတ်ဆွေများ
ကလေးသဘာတနှင့်ပတ်သက်ပြီး စိတ်ဝင်တစားရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
နမူနာလေး တွေ ကိုကြည့်ပြီးကလေးတွေကိုလိမ်ညာပြောစေတာမျိုးမခိုင်းရန်၊
ဘက်မျှစဥ်းစားတတ်အောင် လေ့ကျင့်ပေးရန် အလေးအနက်တိုက်တွန်းချင်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
ကလေးတွေပြောတဲ့စကားများ Food for Thought 672
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment