စိတ်လှုပ်ရှားခံစားမှုကိုထိခိုက်အောင် ပွစိပွစိ ခဏခဏပြောတတ်တဲ့မိဘများ
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Child
Focused Network အဖွဲ့အစည်းနှင့် အလုပ်လုပ်နေတဲ့အဖွဲ့အစည်း (၁၃) ခုကို
လေ့လာခဲ့တဲ့အတွေ့အကြုံ အရ ဖြစ်ခဲ့တဲ့ကိစ္စကိုမပြီးနိုင်မစီးနိုင်
ပွစိပွစိပြောနေခြင်းကလည်း ကလေးတွေစိတ်မှာအလွန်အနှောက် အယှက် ဖြစ်စေကြောင်း
လေလာတွေ့ရှိထားခဲ့ပါတယ်။ အဲဒီမိဘအုပ်ထိန်းသူတွေကကလေးတွေကို ရိုက်ခြင်း၊
အော်ခြင်း တော့မပြုလုပ်ကြပါ။ ဒါပေမဲ့အဲဒီမိဘတွေက သူတို့ပြောနေမှုတွေက
ကလေးတွေစိတ်လှုပ်ရှားခံစားမှုအပေါ် ဘယ်လောက်
အကျိုးသက်ရောက်မှုရှိစေကြောင်းမသိဘဲ
ပွစိပွစိမပြီးနိုင်မစီးနိုင်ပြောနေတတ်ကြပါတယ်။ အဲဒီ
လိုပြောဆိုနေခြင်းကလည်းကလေးတွေကို ထိန်းချုပ်တဲ့နည်း ပင်ဖြစ်ပါတယ်။
ကလေးတွေနှင့်ပတ်သက်လာရင် ကိုယ်လက်အင်္ဂါပိုင်းနှင့်လိင်ပိုင်း
ဆိုင်ရာမသင့်တဲ့လွဲမှားစွာပြုကျင့်မှုများအကြောင်းတော်တော်များများက သိကြ
ပါတယ်။ဒါပေမဲ့ကလေးတွေရဲ့စိတ်လှုပ်ရှားခံစားမှုအပိုင်းနဲ့ပတ်သက်ပြီးမသင့်တဲ့အမူအကျင့်တွေအကြောင်း၊လွဲမှားတဲ့အမူအကျင့်တွေအကြောင်းတော့
သိသူနည်းကြပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားခံစားမှုအပိုင်းကိုလွဲမှား
စွာကျင်တဲ့အကြောင်းကို Food for Thought 696 အဖြစ်မျှဝေလိုက်ပါတယ်။
စိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင်ရာလွဲမှားစွာပြုကျင့်မှုဆိုတာ ဘယ်လိုပြုမူမှုလဲ။
စိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင်ရာလွဲမှာစွပြုကျင့်မှုဆိုတာကလေးအပေါ်မှာ
စိတ်လှုပ်ရှားခံစားမှုမကောင်းအောင် ပြောဆိုနေခြင်းပင်ဖြစ်ပါတယ်။ အဲဒီလို
လုပ်ဆောင်တာကို ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာလွဲမှားတဲ့အပြု အမူ
လို့လည်းခေါ်ကြပါတယ်။ အဲဒီလိုလုပ်ဆောင်မှုက
ကလေးစိတ်လှုပ်ရှားခံစားမှုဆိုင်ရာကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုး
တက်ရေးမှာများစွာအနှောက်အယှက်ဖြစ်စေပါတယ်။
စိတ်လှုပ်ရှားခံစားမှုကိုသုံးပြီးကလေးကိုထိန်းချုပ်ရန် အား
ထုတ်ခြင်းပင်ဖြစ်ပါတယ်။
စိတ်လှုပ်ရှားခံစားမှုကိုသုံးပြီး
ကလေးကိုထိန်းချုပ်တဲ့နည်း အမျိုးမျိုးရှိတဲ့အနက် အောက်ဘက်မှာ နည်းလမ်း
(၁၄) မျိုးကိုတင်ပြဆွေးနွေးထားပါတယ်။ အဲဒီနည်းတွေကို 'EMOTIONAL
ABUSE'.ဆိုတဲ့အသုံးအနှုန်းက
ကိုယ်စားပြုတဲ့အက္ခရာအလိုက်အဓိပ္ပါယ်ဖွင့်ဆိုချက်များအတိုင်းတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။
၁.E = ပထမ E
မှာကလေးအပေါ်တစ်ချိန်လုံးထိန်းချုပ်မှုပြုလုပ်နေခြင်းဖြစ်ပါတယ်။ (Emotional
control) ကလေးစားတာ၊ အဝတ်ဝတ်တာ၊ ဘယ်သူတွေနဲ့ပေါင်းသင်းတာစသဖြင့်
အရာရာတိုင်းကို လိုက်ပြောနေခြင်းပင်ဖြစ်ပါ တယ်။ သင့်အနေဖြင့်အဲဒီလို
လုပ်ဆောင်နေမိသလားဆိုတာပြန်စဥ်းစား ကြည့်ပါ။ အဲဒီလို လုပ်မိနေရင်
ဘာကြောင့်အဲဒီလို လုပ်နေမိတာလဲဆိုတာ မိမိကိုယ်မိမိမေးကြည့်ရန် လိုအပ်ပါတယ်။
အဲဒီလိုအလုပ် ခံရတဲ့ကလေးတွေဟာ အစစလိုက်ထိန်းချုပ်နေတဲ့မိဘတွေအပေါ်မှာ
သာလုံးဝ မှီနေရပါတယ်။ အဲဒီက လေးမျိုးတွဟာ သူတို့ကိုယ်တိုင်
ဘာကိုမှမဆုံးဖြတ်နိုင်ကြပါ။ တာဝန် ယူလုပ်ဆောင်နိုင်တာလည်း မရှိ တော့ပါ။
အဲဒီမိဘမျိုးတွေကကလေးပြောတဲ့ဖုန်းတွေ၊ လူမှုကွန်ယက်မှ သတင်းအချက်အလက်တွေ၊
အီးမေးတွေ ကိုလည်း မကြာ ခဏစစ်ဆေးတာမျိုးတွေပြုလုပ်တတ်ကြ ပါ တယ်။
ကလေးအခန်းထဲ မှာထားတဲ့ ကလေး ဒိုင်ယာယီ၊ ဂျာနယ်၊ စတာတွေကိုပင်စစ်ဆေးတတ်
ပါတယ်။ အဲဒီလို ပြုလုပ်ခြင်း ဖြင့် ကလေးရဲ့
ကိုယ်ပိုင်လွတ်လပ်မှုကိုချိုးဖောက်နေခြင်းဖြစ်ပါတယ်။ အဲဒီလို
လုပ်ဆောင်မှုကြောင့် ကလေးအနေဖြင့် သူ့ကို
အုပ်ထိန်းသူတွေအပေါ်မှာမယုံကြည်တော့ တာ မျိုးတွေဖြစ်လာစေနိုင်ပါတယ်။
၂.M
= M ကတော့ကလေးအပေါ် ရယ်စရာဖြစ်အောင်အစဥ်အမြဲလို လုပ်တတ်ခြင်းပင်ဖြစ်ပါတယ်။
(Making fun of the child) ကလေးကိုအရှက်ရအောင်လုပ်ခြင်း။
ချိုးနှိမ်ခြင်းများမှာရက်စက်စွာ ပြုလုပ်တဲ့စိတ်လှုပ်ရှားခံစားမှုကို
လွဲမှားစွာပြုလုပ်ခြင်းပင်ဖြစ်ပါတယ်။ အဲဒီလို လုပ်တာအခြားမိသား စုဝင်များ၊
သူငယ်ချင်းများရှေ့
မှောက်မှာပြုလုပ်ရင်ပိုဆိုးတဲ့အကျိုးသက်ရောက်မှုဖြစ်စေတတ်ပါတယ်။
အဲဒီလိုပြောပြီး ရယ်စရာ လုပ်တာပါလို့ပြောတတ်ကြပြန်ပါတယ်။
ကလေးမှာတော့အခံရခက်ပါတယ်။ အစဥ်သဖြင့်
အဲဒီလိုနှိမ်ချအရှက်ရအောင်ပြုလုပ်နေခြင်းမှာ ကလေးအပေါ်အဖျက်သဘောဆောင် တဲ့ အ
ကျိုး သက်ရောက်မှုများ ဖြစ်စေပါတယ်။ မိမိကိုယ်မိမိ တန်ဖိုးမရှိသူ၊
အရေးမကြီးသူအဖြစ် ကလေး တွေစိတ်မှာဖြစ်လာစေပါတယ်။ အဲဒီလို
ပြုကျင့်ခံရတဲ့ကလေးတွေဟာ အများနှင့်မရောနှောတော့ဘဲ တစ်ယောက်တည်း
နေလာတတ်ကြပါတယ်။
၃.O = O ကတော့
ကလေးကို လိုက်လုပ်ဆောင်စေရန်အမျိုးမျိုးအမိန့်တွေပေးနေတတ်ကြရပါတယ်။
(ordering to do this and that
)အဲဒီကလေးမျိုးတွေစိတ်ထဲမှာသူတို့ကိုယ်သူတို့ မိဘတွေကို ကူညီ
ပေးနေရသူအစေအပါးအဖြစ်သာမြင်လာကြပါ တယ်။ ဒါကြောင့်
မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှု များကျဆင်း လာပါ တယ်။ အဲဒီကလေးမျိုးတွေဟာ
သူတစ်ယောက်တည်း လုပ်ဆောင်ဖို့ ကြောက်နေ တတ်ပါတယ်။
ဖြစ်ပါမလားဆိုတဲ့သံသယစိတ် တွေ ဝင်လာတတ်ပါတယ်။ သူတို့အနေဖြင့်မိဘပေးတဲ့
အမိန့်ကိုလိုက်နာ လုပ်ဆောင်မှုသာ လုပ်ဆောင်နေ ထိုင်တဲ့နည်းဖြစ်တယ်လို့
မြင်လာကြပါတယ်။
၄.T = T ကတော့
ကလေးကိုအမျိုးမျိုးခြိမ်းခြောက်နေခြင်း (Threatening the
child)ပင်ဖြစ်ပါတယ်။ ကလေးကမိမိပြောတာကို
လိုက်နာလာစေရန်ခြိမ်းခြောက်နေကြပါတယ်။ကလေး (၁)နှစ်(၂) နှစ်သား
အရွက်လောက်မှာစတင်ခြိမ်းခြောလေ့ကျင့်ပေးခဲ့ပါတယ်။
မသင့်တဲ့အပြုအမူတွေလုပ်ရင်ရဲသား ကြီး ကလာဖမ်းလိမ့်မယ်။ သူရဲ့ကြီးက
လာဖမ်းစားလိမ့်မယ်စသဖြင့် ခြိမ်းခြောက်တတ်ကြပါတယ်။ ကလေး အသက်ကြီးလာတဲ့အခါ
ခြိမ်းခြောက်မှုတွေကအမျိုးမျိုးပြုလုပ်တတ်ကြပါတယ်။ နင့် ကိုအမှောင်ခန်း
ထဲမှာထည့် ထားလိုက်မယ်။ အိမ်ပြုတင်းပေါက်ကနေလွှတ်ပစ်လိုက်မယ်။ ခြေလက်
တွေကိုချိုးပစ် လိုက်မယ်စသဖြင့်အမျိုးမျိုးခြိမ်းခြောက်ကြပါတယ်။
အဲဒီမိဘမျိုးတွေက မသင့်တဲ့ အ ပြုအမူပြု လုပ်တဲ့ကလေးကိုအစာမကျွေးဘဲထားခြင်း၊
ပြောတဲ့စကားနားမထောင်ရင် ရိုက်ဆုံးမခြင်း စတာမျိုး
တွေလည်းပြုလုပ်တတ်ကြပါတယ်။
၅.I = I
ကတော့ ကလေးကိုသီးခြားခွဲထားခြင်း Isolating the child ပင်ဖြစ်ပါတယ်။
ဥပမာကလေးကို ပြေးလွှားဆော့ကစားခွင့်ပိတ်ပင်ခြင်း၊
ကလေးပြောချင်တာကိုပြောခွင့်ပိတ်ပင်ခြင်း၊ ကလေးကိုအခြား လူ
တွေနှင့်စကားပြောဆိုတာကိုပိတ်ပင်ခြင်းစတာမျိုးတွေပြုလုပ်တတ်ကြပါတယ်။
အဲဒီလို သီးခြားခွဲ
ထားခြင်းခံရတဲ့ကလေးတွေမှာပေါင်းသင်းဆက်ဆံရေးဆိုင်ရာပြဿနာများဖြစ်လာတ်ပါတယ်။
ကြီး လာတဲ့အခါ အခြားလူတွေနှင့်
အဓိပ္ပါယ်ရှိတဲ့အပြန်အလှန်ဆက်ဆံရေးမျိုးကိုမပြုလုပ်တတ်တော့ပါ။
၆.O
= O ကတော့ကလေးမိမိကိုယ်မိမိယုံကြည်မှုကို အလွန်အမင်း လျော့နည်းအောင်
လုပ်တတ်ကြပါ တယ်။ Overtly undermining the child's confidence ဥပမာ
ကလေးရဲ့သဘောထားမှတ်ချက်အမြင်ကို အလေးမထားခြင်း၊ ပြစ်ပယ်ထားခြင်း၊
ကလေးရဲ့သဘောထားမှာရယ်ဖွယ်ဖြစ်တယ်လို့ သဘောထား ခြင်းများပြုလုပ်တတ်ပါတယ်။
တစ်ခါတစ်ရ့မှာကလေးကသူအမြင်ကိုထုတ်ပြေလာတတ်ပါတယ်။ အဲဒီ အခါမျိုးများမိဘက
ကလေးအမြင်ကို ငြင်းထုတ်လိုက်ခြင်း၊ သို့မဟုတ် သူ့အမြင်ကို ပယ်ချလိုက်ပြီး
ကလေးကိုကောင်းစွာဆက်ဆံခြင်းစတာမျိုးတွေပြလုပ်တဲ့အခါ ကလေးအနေဖြင့်
သူ့ကိုယ်သူ သံသယ အမျိုးမျိုးဖြစ်လာစေပါတယ်။
အဲဒီလိုကလေးမျိုးတွေကသူတို့အတွေ့အကြုံနှင့်ယုံကြည်မှုများအပေါ်
မေးခွန်းတွေအမျိုးမျိုးထုတ်လာစေတတ်ပါတယ်။အဲဒီလိုဆက်ဆံခံရတဲ့ကလေးမျိုးတွေဟာနောက်ပိုင်းမိဘကို
လိမ်ညာပြောခြင်း၊ လှည့်စားခြင်း၊ များပြုလုပ်ပြီးလာတတ်ကြပါတယ်။
၇.N
= N မှာ ကလေးပြောတာကိုနားမထောင်ခြင်း ဖြစ်ပါတယ်။ Not listening when the
child speaks: ဥပမာ ကလေးကမိဘကိုစကားပြောနေတဲ့အချိန်မှာမိဘက ဖုန်းနှင့်
အလုပ်များနေတာမျိုး၊ သတင်းစာ ကို ဖတ်နေတာမျိုးတွေပြုလုပ်နေတတ်ကြပါတယ်။
အဲဒီအပြုအမူတွေကြောင့် ကလေးစိတ်မှာ သူ့၏ မိဘတွေအတွက်သူဟာအရေးမပါဘူးလို့
နားလည်လာစေပါတယ်။ အစဥ်အမြဲလိုမိဘက လစ်လှုရှုခံ နေရတဲ့
ကလေးတွေဟာမိမိကိုယ်မိမိ လေးစားတန်ဖိုးထားမှုအပေါ် များစွာဆိုးကျိုးတွေသက်
ရောက် စေပါ တယ်။
၈.A = A
ကတော့ကလေးကို ချိုးနှိမ်ပြီးဝေဖန်တိုက်ခိုက်တဲ့စကားတွေသာပြောနေတတ်ကြပါတယ်။
Always criticizing the child or using put-downs
ငါကနင်အတွက်ဒီလောက်လုပ်ပေးပေမဲ့နင်က ကျေးဇူးတရားလုံးဝမသိတတ်ဘူး။
ငါနင့်ကိုပြောနေတာ ဘယ်လောက်တောင်ပြောနေရမှာလဲ။ နင်ဟာ သိပ်ထုံအတာပဲ၊ ငါတော့
နင့် ကို ဘာမှမပြောချင်တော့ ဘူး စတဲ့စကားမျိုးတွေသုံးပြီးချိန်းနှိမ်တတ်ပါ
တယ်။ ကလေးတွေဆိုတာ သူတို့မိဘကို ကျနပ်အောင် လုပ်ပြီးမိဘရဲ့အသိအမှတ်ပြုတာကို
လိုချင်ကြ ပါတယ်။ အဲဒါကတော့ ကလေးသဘာဝဖြစ်ပါတယ်။ ဒါပေမဲ့တစ်ချိန်လုံးလိုလို
ချိုးနှိမ်ပြောတာမျိုးသာ ခံနေရတဲ့အခါ ကလေးစိတ်မှာ ငါက အရှုံးသမားသာ
ဖြစ်တယ်လို့စိတ်မှာခံစားလာရပြီး အသစ်အဆန်း တစ်ခုခုကို ပြုလုပ်ဖို့
စိတ်ပူပင်သောကရောက်နေတတ်ပါတယ်။ အဲဒီလိုစိတ်မျိုးဖြစ်လာရတာကတော့ မိဘက
အစဥ်သဖြင့် စိတ်ပျက်စရာဝေဖန်အပြစ်တင်နေတဲ့အတွက်ဖြစ်ပါတယ်။
၉.L
= L ကတော့ကလေးတွေကိုအမည်ဆိုးအမျိုးမျိုးပေးခေါ်တတ်ခြင်း Labeling the
child and name-calling တွေပြုလုပ်ခြင်းဖြစ်ပါတယ်။ ဥပမာ ငပြင်း၊
သုံးမရတဲ့အကောင်၊ သိပ်ခေါင်းမာတဲ့အကောင် စ တဲ့အမည်ဆိုးတွေပေးပြီး
ခေါ်တတ်ကြပါတယ်။ အဲဒီလို အမည်ဆိုးတွေပေးခံရတဲ့ကလေးတွေဟာ နောက်ပိုင်း
အပေးခံရတဲ့အမည်ဆိုးအတိုင်း ဖြစ်လာတတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ ငပြင်း၊
သုံးမ ရတဲ့အကောင်၊ ခေါင်းမာတဲ့အကောင် စသဖြင့် နေထိုင်ကျင့်
ကြံလာတတ်ကြပါတယ်။
၁၀.A = A ကတော့
ကလေးကို စွတ်ဆွဲအပြစ်တင်ခြင်း Accusing or blaming the child ပင်ဖြစ်ပါ
တယ်။ ကလေးတွေဟာပြဿနာကောင်ဖြစ်တယ်လို့ ထင်မြင်လာအောင်ပြုလုပ် တတ်ကြ ပါတယ်။
တစ်ချို့မိဘတွေက သူတို့မှာရှိနေတဲ့အားနည်းချက်များနှင့်
ကျရှုံးနေမှုများအတွက် ကလေး များကို အပြစ်တင်နေတတ်ကြပါတယ်။
တစ်ခါကမိခင်တစ်ယောက်က သူ့သားမွေးလာတဲ့အတွက် သူ့ လုပ်ငန်း
ကိုစွန့်လွှတ်လိုက်ရကြောင်း ပြောမိတဲ့အတွက် ကလေးဟာ
နောက်ပိုင်းသူ့ကိုယ်သူသတ်သေရန် ကြိုး စားမှုပင်ဖြစ်ခဲ့ကြောင်း
ဝန်ခံပြောခဲ့ပါတယ်။ အဲဒီလို လုပ်တဲ့ကလေးက အသက် (၉) နှစ်သာရှိပါ သေး တယ်။
နောက်ပိုင်းအဲဒီကလေးကို လိုအပ်တဲ့ကုသပေးမှုတွေပြုလုပ်တဲ့အခါ ကလေးက သူဟာသူ့
မိခင် မပျော်ရွှင်အောင်လုပ်မိမှုအတွက် တာဝန်ရှိတယ်လို့
ယုံကြည်ကြောင်းထုတ်ပြောလာပါတယ်။ဒါကြောင့် ကလေးတွေကို အပြစ်ရှိတယ်လို
အပြစ်တင်တဲ့စကားတွေပြောခြင်းဖြင့် ကလေးတွေဟာ မိမိကိုယ်မိမိ
ဘေးဖြစ်အောင်လုပ်ဆောင်တာမျိုးတွေအထိဖြစ်လာစေတတ်ပါတယ်။
၁၁.B
= B ကတော့ ကလေးကို အနိုင်ကျင့်ခြင်း Bullying or intimidating the child
ပင်ဖြစ်ပါတယ်။ အနိုင်ကျင့်တယ်ဆိုရာမှာ ကြမ်းတမ်းစွာအော်ခြင်း၊
ရန်လိုတဲ့အပြုအမူပြုလုပ်ခြင်း၊ ခိုင်းတာကို ကလေး လုပ်လာ
အောင်ခြောက်လှန့်ခြင်းစတာတွေပါဝင်ပါတယ်။ အဲဒီလိုလုပ်တာကတော့ကလေးစိတ်မှာ
သူ့ ဘာသာရပ် တည်နိုင်မှုမရှိအောင်၊ သိမ်ငယ်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။
မိဘကအနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ တက်ကြွစွာမလုပ်ဆောင်နိုင်တော့ဘဲ
အခြားကလေးများရဲ့အနိုင်ကျင့်မှုကိုလည်းခံလာ ရတတ် ပါတယ်။
တစ်ချို့ကလေးတွေကတော့ အခြားကလေးတွေအပေါ်မှာ အနိုင်ကျင့်တာမျိုးတွေ
လည်းဖြစ်လာတတ်ပါတယ်။
၁၂.U = U
ကတော့ မိဘတွေက ကလေးတွေအပေါ်မှာ ကျိုကြောင်းမညီတဲ့တာင်းဆိုမှုတွေပြုလုပ်ပြီး
သူတို့တောင်းဆိုချက်အတိုင်းကလေးကို လက်ခံသဘောတူခိုင်းပါတယ်။ (Unreasonable
demands) အခြအနေကထိန်းမနိုင်သိမ်း မရဖြစ်လာတဲ့အခါ အဲဒီမိဘတွေက
ကလေးတွေအပေါ် ထေ့လုံးငေါ့လုံး တွေသုံးပြီးအပြစ်တင် တတ်ကြပါတယ်။
ငယ်တဲ့ကလေးတွေကတော့ အဲဒီလိုအပြစ်တင်ခံရတဲ့အခါ စိတ်ထဲမှာ မသက်မသာခံစား
ရပါတယ်။ ကြီးလာတဲ့ကလေးတွေကတော့ နာကျင်မှုခံစားရပြီးမိဘက
အဲဒီလိုအပြစ်တင်တာကို အ လေး အနက်တန်ဖိုးမထားကြပါဘူး။ အဲဒီလို
ပြုကျင့်ခံရတဲ့ကလေးတွေ ဟာစိတ်မှာနာကျင်ပြီးသူတို့မှာ
အပြစ်ရှိတယ်လို့ခံစားရစေပါတယ်။ အငြှိုးကြီးစွာထားတတ်သူများ
ဖြစ်လာစေနိုင်ပါတယ်။ လူတွေအ ပေါ် မယုံကြည်နိုင်သူများဖြစ်လာစေတတ်ပါတယ်။
၁၃.S
= S ကတော့ စတင်အငြင်းပွားပြီးကလေးကိုအပြစ်တင်တတ်ခြင်း Starting arguments
and blaming them on the child ပင်ဖြစ်ပါတယ်။ ဒီမိဘတွေက အခြေအမြစ်မရှိဘဲ
ငြင်းဆိုအပြစ်တင် တတ်ခြင်းပင်ဖြစ်ပါတယ်။ အဲဒီလို
ငြင်းခုန်အပြစ်တင်ပြီးနောက်ဆုံးတော့ကလေးကသာရှုံးသွားပြီး
စိတ်ပျက်တာမျိုးခံစားရအောင်လုပ်တတ်ကြပါတယ်။ ပိုဆိုးတဲ့အချက်ကတော့
အခုလိုဖြစ်တာ က လေးအနေဖြင့်
သူကစခဲ့တဲ့အတွက်ဖြစ်တာကို့ယုံကြည်သွားစေခြင်းပင်ဖြစ်ပါတယ်။ ကလေးက သူ
ကစတာမဟုတ်ကြောင်းပြောရင်လည်း နားမထောင်ပေးပါ။ ဒါကြောင့်
ကလေးအနေဖြင့်သူ့အမြင်ကို သူပြန်မေးခွန်းထုတ်ရတာမျိုးသာဖြစ်လာစေပါတယ်။
၁၄.
E = E ကတော့ ကလေးကိုစိတ်လှုပ်ရှားခံစားမှုမကောင်းအောင်
ခြိမ်းခြောက်အကျပ်ကိုင်ခြင်း Emotionally blackmailing the child
ပင်ဖြစ်ပါတယ်။ မိဘတွေပျော်ရွှင်စေဖို့အတွက် ကလေးတွေမှာ တာဝန်ရှိတယ်လို့
ကလေးကိုမိဘကပြောနေခြင်းမျိုးဖြစ်ပါတယ်။ အဲဒါကို ငါ့အတွက်မလုပ်ဘူးလား။
နင်ငါပြောတာကိုမလုပ်ဘူးဆိုရင်ငါနင့်ကိုဘာမှပြောတော့ဘူး။
နင်ကအဲဒီလိုပြုမူနေမယ်ဆိုရင် ငါ က
ဘယ်လိုလုပ်ပျော်နိုင်တော့မှာလဲဆိုတာမျိုးတွေပြောပြီးကလေးကို
ထိန်းချုပ်ပါတယ်။ ထို့ကြောင့် ကလေးက မိဘကိုကျေနပ်အောင်လုပ်နေရပါတယ်။
ဘယ်လိုပင်ကြိုးစားပေမဲ့ မိဘပျော်အောင်၊ မိဘ
လိုအပ်ချက်ပြည့်အောင်မလုပ်နိုင်ကြပါ။ အဲဒီတော့
မိဘကခြိမ်းခြောက်လာပြန်ပါတယ်။ အဲဒီလို အနိုင်
ကျင့်ခံရတဲ့ကလေးတွေဟာသူတို့ကိုယ်သူတို့အနိုင်ကျင့်တတ်တဲ့အပြင်အခြားလူတွေအပေါ်မှာလည်းအနိုင်ကျင့်လာတတ်ပါတယ်။
သူတို့အလိုပြည့်အောင်အနိုင်ကျင့်တာမျိုးတွေပြုလုပ်လာတတ် ကြပါတယ်။
စာဖတ်သူများအနေဖြင့်
ကလေးတွေကိုစိတ်လှုပ်ရှားခံစားမှုမကောင်းအောင် လုပ်တတ်တဲ့မိဘတွေရဲ့ အပြုအမူ
များ ကို ကြားပြီးဖြစ်ပါတယ်။ အဲဒီအပြုအမူမျိုးမိမိမှာရှီနေသလားဆိုတာ
ပြန်လည်စစ်မေးရန် လိုလာပါတယ်။ တကယ်လို့အဲဒီလိုအပြုအမူတွေရှိနေတယ်ဆိုရင်
မိမိကိုယ်မိမိပြန်လည်ပြုပြင်ခြင်းဖြင့်စတင်ရန်လိုအပ်ပါတယ်။
အရင်ဆုံးသင့်ကလေးကသင့်အတွက်
ပျော်အောင်လုပ်ပေးရန် ဘာတာဝန်မှမရှိဘူးလို့ စတင်စဥ်းစားပါ။ အဲဒီလို
စဥ်းစားရင် မိမိဒေါသနှင့်အခပ်မသင့်မှုများကြောင်း ကလေးအပေါ်အမျိုမျိုး
စိတ်လှုပ်ရှားခံစားမှုများဖြစ်အောင် လုပ်မိနေတာကိုသဘောပေါက်လာမှာဖြစ်ပါတယ်။
လူသားဖြစ်တဲ့ကလေးကို သူတို့ ထိုက်တန်တဲ့ မိမိကလေးကို
ချစ်ခင်စွာတန်ဖိုးထားလေးစားမှုဖြင့်ဆက်ဆံရန်စတင်ပြုပင်ပါ။
မိတ်ဆွေများသားသမီးများကို စိတ်လှုပ်ရှားခံစာမှုကောင်းအောင်လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment